Match Report Premier League

ဘူနေတဲ့ ပရိသတ်တွေကို ပဲလှော်ငါးလုံးကျွေးပြီး နှစ်သိမ့်ပေးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ ထရော့ဆတ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ ဂိုးသမား ဟန်ဒါဆန်၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီနဲ့ ရစ်ချတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လားမား၊ ဟယူးချ်၊ ကလိုင်းန်နဲ့ မစ်ချဲလ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အီဇီ၊ ရှလု(ပ်)နဲ့ မာတက်တာတို့ကို တွဲဖက်ပေးလာခဲ့တာပါ။

ဟာဗတ်ဇ်နဲ့ ထရော့ဆတ်တို့ကို ကွင်းလယ်နဲ့ ဘယ်တောင်ပံမှာ Interchange ကစားခိုင်းထားခဲ့တဲ့ အာဆင်နယ်တို့ရဲ့ ကစားပုံနဲ့ တိုက်စစ်ဆင်ပုံတွေက အားရစရာ မရှိခဲ့သလို တွဲလုံးတွေနဲ့ ပုံဖော်မှုတွေကလည်း ညံ့နေခဲ့ပြီး ညာခြမ်းက ဘန်ဝှိုက်ကလည်း တောင်ပံကနေ အလွတ်တွေ ဖြတ်တင်ခွင့် ရနေတာကိုတောင်မှ ဝတ်ကျေတန်းကျေ ပေးနေခဲ့လို့ အလဟဿဖြစ်နေခဲ့ပါတယ်။

လူမစွမ်း နတ်မတဲ့ အာဆင်နယ်တို့အနေနဲ့ ပွဲချိန် ၁၁ မိနစ်မှာတော့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ထရော့ဆတ်ကြောင့် ရရှိခဲ့တဲ့ ဘယ်ထောင့်ကန်ဘောကို ရိုက်စ်က ဂိုးရှေ့ကို ဖြတ်ပို့ပေးရာမှာ ပဲလေ့စ်နောက်ခံလူတွေကြားထဲကနေ အခုန်ဦးခဲ့တဲ့ ဂါဘရီယယ်လ်က ခပ်ပြင်းပြင်း ခေါင်းတိုက်ချက်နဲ့ ရယူသွားခဲ့တာပါ။

အိမ်ရှင်တွေအနေနဲ့ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် ခံစစ်မှာ အမြဲတမ်း ရှစ်ယောက် ရှစ်ယောက်လုပ်နေတဲ့ ပဲလေ့စ်တို့ကို ထိုးဖောက်ဖို့ ခက်နေခဲ့သလို အော်ဒီဂွါဒ်၊ ဆာကာတို့ရဲ့ ဖန်တီးမှုတွေနဲ့ ဂျေဆူးစ်၊ ထရော့ဆတ်တို့ရဲ့ တိုးဝင်မှုတွေကြားမှာ နားလည်မှု နည်းလွန်းနေခဲ့ချိန်မှာ ဧည့်သည်တွေ တိုက်စစ်က အဖြစ်မရှိခဲ့လို့သာ သက်သာနေခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၇ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို ဆာကာက ကန်တင်ပေးရာမှာ ပါးပါးနပ်နပ် ပြေးထွက်နိုင်ခဲ့တဲ့ ဂါဘရီယယ်လ်ကပဲ ခေါင်းတိုက်သွင်းခွင့်ရရှိခဲ့ရမှာ ဘန်ဝှိုက် ကာထားခဲ့လို့ လှုပ်မရခဲ့တဲ့ ဂိုးသမား ဟန်ဒါဆန်ရဲ့ ခေါင်းကို မှန်ပြီး ဝင်သွားခဲ့တာကြောင့် ပထမပိုင်းမှာတော့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အာဆင်နယ်တို့ ဖိကစားခဲ့ပေမယ့် ပဲလေ့စ်တို့ကို တိုက်စစ် Build-up နဲ့ ဂိုးသွင်းဖို့ ခက်နေခဲ့ပြီး အဘိုးကြီး ရွိုင်းဟော့ဆန်ရဲ့ ဖင်ပိတ်ကစားတဲ့ Technique ကို မကျော်နိုင်ဘဲဖြစ်နေခဲ့တာကြောင့် ကွင်းလယ်ကို တစ်ကိုယ်တော်စွမ်းရည်နဲ့ လိုက်တွဲပြီး ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အီဇီရဲ့ ဖိအားပေးမှုတချို့ကို ပြန်လည်ရင်ဆိုင်ခဲ့ရပါတယ်။

ပွဲချိန် ၅၉ မိနစ်မှာတော့ အာဆင်နယ်တို့ တတိယဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ပဲလေ့စ်တို့ရဲ့ ဖြတ်တင်မှုကို အမိဖမ်းနိုင်ခဲ့တဲ့ ဂိုးသမား ရာယာက ကောင်တာ စတင်ဖို့ ညာတောင်ပံကို အလျင်အမြန် ပစ်ပေးခဲ့တဲ့ ဘောလုံးကို ဂျေဆူးစ်က ဂိုးရှေ့ကို ဖြတ်ချိုးပေးရာမှာ ထရော့ဆတ်က တိကျတဲ့ ထိန်းသိမ်းမှုနဲ့ တစ်ဖက်နောက်ခံလူ ကလိုင်းန်ကို ချော်လဲစေပြီးမှ အပိုင်ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဂိုးသမား ဟန်ဒါဆန် လက်မှိုင်ချခဲ့ရတာပါ။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က ထရော့ဆတ်၊ ရိုက်စ်၊ ဟာဗတ်ဇ်၊ ဂျေဆူးစ်နဲ့ ဂါဘရီယယ်လ်တို့အစား မာတီနယ်လီ၊ စမစ်ရိုး၊ ဂျော်ဂျင်ညို၊ နကီးတီးယားနဲ့ ကီဗီယာတို့ကို လဲကစားခဲ့ကြပြီး ပဲလေ့စ်တို့ကတော့ ဟယူးချ်၊ ရှလု(ပ်)၊ ကလိုင်းန်နဲ့ ဂေးဟီတို့အစား အိုဇိုး၊ ဖရန်ကာ၊ အာဟာမာဒါနဲ့ ထွန်းခင်တို့ကို ထည့်ကစားခဲ့တာဖြစ်ပါတယ်။

လူစားဝင်သူတွေထဲက စမစ်ရိုးရဲ့ ပေးပို့မှုတွေ တစ်ချက်တစ်လေ ကောင်းခဲ့ပေမယ့် အလုပ်မဖြစ်ခဲ့သလို ဘယ်တောင်ပံက ဆူပါမန်း လုပ်ချင်နေတဲ့ မာတီနယ်လီနဲ့ ဘောလုံးဆွဲပြေးတိုင်း အလုခံရတဲ့ နကီးတီးယားတို့ကလည်း ဆဲစရာဖြစ်နေခဲ့ရပြီး အာဆင်နယ်တို့အနေနဲ့ ပွဲပြီးခါနီးမှာ ကွင်းလယ်မှာပဲ ထိန်းကစားဖို့ ကြိုးစားနေခဲ့ချိန်မှာ ပဲလေ့စ်တို့ရဲ့ တိုက်စစ်ဆင်မှုတွေကတော့ သူတို့ခံစစ်ကြောင်းကို ဟပေးသလိုဖြစ်လာခဲ့တာပါ။

နာကျင်အချိန်ပို ၄ မိနစ်မှာ အာဆင်နယ်တို့ စတုတ္ထဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လူငယ်ဘဝအသင်းဟောင်းကို ကွင်းလယ်မှာ လိမ်ခေါက်ဖို့ ကြိုးစားခဲ့တဲ့ အီဇီဆီကနေ ဆာကာက လုယူပြီး တိုက်စစ်ကို ခင်းပေးရာမှာ နကီးတီးယားက ဘယ်တောင်ပံကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့ ပေးပို့နိုင်ခဲ့တဲ့ ဘောလုံးကို အစောပိုင်းက အဆဲတောင်းနေခဲ့တဲ့ မာတီနယ်လီက အွန်နရီစတိုင် ကန်ချက်နဲ့ အဝေးတိုင်ဘက်ကို အသာအယာ ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် တစ်မိနစ်အကြာမှာတော့ အာဆင်နယ်တို့ ပဉ္စမဂိုး ထပ်မံရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်မှာ ပြန်ရခဲ့တဲ့ ဂျော်ဂျင်ညိုက ပဲလေ့စ်ခံစစ်ပေါ်ကနေ ဘယ်တောင်ပံကို ကျော်တင်ပေးလိုက်ရာမှာ မာတီနယ်လီက တစ်ယောက်တည်း လွတ်ထွက်သွားခဲ့ရာမှာ ဧရိယာထဲကို ချိုးဝင်ပြီးမှ သူ့ရဲ့ ပထမဂိုးနဲ့ ခပ်ဆင်ဆင်ပဲ အဝေးတိုင်ဘက်ကို အနိမ့်ဘောကန်သွင်းယူခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ခရစ္စတယ်လ်ပဲလေ့စ်တို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီး အဆင့် ၃ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြသလို ရှေ့က ရှုံးပွဲတွေကြောင့် ဒေါသနဲ့ စိတ်ပျက်မှုရောပြီး ဘူနေခဲ့တဲ့ ပရိသတ်တွေကို အတိုင်းအတာတစ်ခုအထိ နှစ်သိမ့်ပေးနိုင်ခဲ့ကြချိန်မှာ တိုက်စစ်ပိုင်းကတော့ ဘယ်လိုပဲဖြစ်ဖြစ် အထောင်တစ်ဦးကို လိုအပ်နေဆဲဆိုတာကိုလည်း တွေ့မြင်ခဲ့ရပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ ထေရာ့ဆတ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခရစၥတယ္လ္ပဲေလ့စ္အသင္းကေတာ့ ဂိုးသမား ဟန္ဒါဆန္၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီနဲ႔ ရစ္ခ်တ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လားမား၊ ဟယူးခ်္၊ ကလိုင္းန္နဲ႔ မစ္ခ်ဲလ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အီဇီ၊ ရွလု(ပ္)နဲ႔ မာတက္တာတို႔ကို တြဲဖက္ေပးလာခဲ့တာပါ။

ဟာဗတ္ဇ္နဲ႔ ထေရာ့ဆတ္တို႔ကို ကြင္းလယ္နဲ႔ ဘယ္ေတာင္ပံမွာ Interchange ကစားခိုင္းထားခဲ့တဲ့ အာဆင္နယ္တို႔ရဲ႕ ကစားပုံနဲ႔ တိုက္စစ္ဆင္ပုံေတြက အားရစရာ မရွိခဲ့သလို တြဲလုံးေတြနဲ႔ ပုံေဖာ္မႈေတြကလည္း ညံ့ေနခဲ့ၿပီး ညာျခမ္းက ဘန္ဝႈိက္ကလည္း ေတာင္ပံကေန အလြတ္ေတြ ျဖတ္တင္ခြင့္ ရေနတာကိုေတာင္မွ ဝတ္ေက်တန္းေက် ေပးေနခဲ့လို႔ အလဟႆျဖစ္ေနခဲ့ပါတယ္။

လူမစြမ္း နတ္မတဲ့ အာဆင္နယ္တို႔အေနနဲ႔ ပြဲခ်ိန္ ၁၁ မိနစ္မွာေတာ့ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ထေရာ့ဆတ္ေၾကာင့္ ရရွိခဲ့တဲ့ ဘယ္ေထာင့္ကန္ေဘာကို ႐ိုက္စ္က ဂိုးေရွ႕ကို ျဖတ္ပို႔ေပးရာမွာ ပဲေလ့စ္ေနာက္ခံလူေတြၾကားထဲကေန အခုန္ဦးခဲ့တဲ့ ဂါဘရီယယ္လ္က ခပ္ျပင္းျပင္း ေခါင္းတိုက္ခ်က္နဲ႔ ရယူသြားခဲ့တာပါ။

အိမ္ရွင္ေတြအေနနဲ႔ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့ေပမယ့္ ခံစစ္မွာ အၿမဲတမ္း ရွစ္ေယာက္ ရွစ္ေယာက္လုပ္ေနတဲ့ ပဲေလ့စ္တို႔ကို ထိုးေဖာက္ဖို႔ ခက္ေနခဲ့သလို ေအာ္ဒီဂြါဒ္၊ ဆာကာတို႔ရဲ႕ ဖန္တီးမႈေတြနဲ႔ ေဂ်ဆူးစ္၊ ထေရာ့ဆတ္တို႔ရဲ႕ တိုးဝင္မႈေတြၾကားမွာ နားလည္မႈ နည္းလြန္းေနခဲ့ခ်ိန္မွာ ဧည့္သည္ေတြ တိုက္စစ္က အျဖစ္မရွိခဲ့လို႔သာ သက္သာေနခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို ဆာကာက ကန္တင္ေပးရာမွာ ပါးပါးနပ္နပ္ ေျပးထြက္ႏိုင္ခဲ့တဲ့ ဂါဘရီယယ္လ္ကပဲ ေခါင္းတိုက္သြင္းခြင့္ရရွိခဲ့ရမွာ ဘန္ဝႈိက္ ကာထားခဲ့လို႔ လႈပ္မရခဲ့တဲ့ ဂိုးသမား ဟန္ဒါဆန္ရဲ႕ ေခါင္းကို မွန္ၿပီး ဝင္သြားခဲ့တာေၾကာင့္ ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အာဆင္နယ္တို႔ ဖိကစားခဲ့ေပမယ့္ ပဲေလ့စ္တို႔ကို တိုက္စစ္ Build-up နဲ႔ ဂိုးသြင္းဖို႔ ခက္ေနခဲ့ၿပီး အဘိုးႀကီး ႐ြိဳင္းေဟာ့ဆန္ရဲ႕ ဖင္ပိတ္ကစားတဲ့ Technique ကို မေက်ာ္ႏိုင္ဘဲျဖစ္ေနခဲ့တာေၾကာင့္ ကြင္းလယ္ကို တစ္ကိုယ္ေတာ္စြမ္းရည္နဲ႔ လိုက္တြဲၿပီး ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ အီဇီရဲ႕ ဖိအားေပးမႈတခ်ိဳ႕ကို ျပန္လည္ရင္ဆိုင္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ အာဆင္နယ္တို႔ တတိယဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ပဲေလ့စ္တို႔ရဲ႕ ျဖတ္တင္မႈကို အမိဖမ္းႏိုင္ခဲ့တဲ့ ဂိုးသမား ရာယာက ေကာင္တာ စတင္ဖို႔ ညာေတာင္ပံကို အလ်င္အျမန္ ပစ္ေပးခဲ့တဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ဂိုးေရွ႕ကို ျဖတ္ခ်ိဳးေပးရာမွာ ထေရာ့ဆတ္က တိက်တဲ့ ထိန္းသိမ္းမႈနဲ႔ တစ္ဖက္ေနာက္ခံလူ ကလိုင္းန္ကို ေခ်ာ္လဲေစၿပီးမွ အပိုင္ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဂိုးသမား ဟန္ဒါဆန္ လက္မႈိင္ခ်ခဲ့ရတာပါ။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က ထေရာ့ဆတ္၊ ႐ိုက္စ္၊ ဟာဗတ္ဇ္၊ ေဂ်ဆူးစ္နဲ႔ ဂါဘရီယယ္လ္တို႔အစား မာတီနယ္လီ၊ စမစ္႐ိုး၊ ေဂ်ာ္ဂ်င္ညိဳ၊ နကီးတီးယားနဲ႔ ကီဗီယာတို႔ကို လဲကစားခဲ့ၾကၿပီး ပဲေလ့စ္တို႔ကေတာ့ ဟယူးခ်္၊ ရွလု(ပ္)၊ ကလိုင္းန္နဲ႔ ေဂးဟီတို႔အစား အိုဇိုး၊ ဖရန္ကာ၊ အာဟာမာဒါနဲ႔ ထြန္းခင္တို႔ကို ထည့္ကစားခဲ့တာျဖစ္ပါတယ္။

လူစားဝင္သူေတြထဲက စမစ္႐ိုးရဲ႕ ေပးပို႔မႈေတြ တစ္ခ်က္တစ္ေလ ေကာင္းခဲ့ေပမယ့္ အလုပ္မျဖစ္ခဲ့သလို ဘယ္ေတာင္ပံက ဆူပါမန္း လုပ္ခ်င္ေနတဲ့ မာတီနယ္လီနဲ႔ ေဘာလုံးဆြဲေျပးတိုင္း အလုခံရတဲ့ နကီးတီးယားတို႔ကလည္း ဆဲစရာျဖစ္ေနခဲ့ရၿပီး အာဆင္နယ္တို႔အေနနဲ႔ ပြဲၿပီးခါနီးမွာ ကြင္းလယ္မွာပဲ ထိန္းကစားဖို႔ ႀကိဳးစားေနခဲ့ခ်ိန္မွာ ပဲေလ့စ္တို႔ရဲ႕ တိုက္စစ္ဆင္မႈေတြကေတာ့ သူတို႔ခံစစ္ေၾကာင္းကို ဟေပးသလိုျဖစ္လာခဲ့တာပါ။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာ အာဆင္နယ္တို႔ စတုတၳဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လူငယ္ဘဝအသင္းေဟာင္းကို ကြင္းလယ္မွာ လိမ္ေခါက္ဖို႔ ႀကိဳးစားခဲ့တဲ့ အီဇီဆီကေန ဆာကာက လုယူၿပီး တိုက္စစ္ကို ခင္းေပးရာမွာ နကီးတီးယားက ဘယ္ေတာင္ပံကို ေကာင္းမြန္တဲ့ ဖန္တီးမႈနဲ႔ ေပးပို႔ႏိုင္ခဲ့တဲ့ ေဘာလုံးကို အေစာပိုင္းက အဆဲေတာင္းေနခဲ့တဲ့ မာတီနယ္လီက အြန္နရီစတိုင္ ကန္ခ်က္နဲ႔ အေဝးတိုင္ဘက္ကို အသာအယာ ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ထပ္ တစ္မိနစ္အၾကာမွာေတာ့ အာဆင္နယ္တို႔ ပၪၥမဂိုး ထပ္မံရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္မွာ ျပန္ရခဲ့တဲ့ ေဂ်ာ္ဂ်င္ညိဳက ပဲေလ့စ္ခံစစ္ေပၚကေန ဘယ္ေတာင္ပံကို ေက်ာ္တင္ေပးလိုက္ရာမွာ မာတီနယ္လီက တစ္ေယာက္တည္း လြတ္ထြက္သြားခဲ့ရာမွာ ဧရိယာထဲကို ခ်ိဳးဝင္ၿပီးမွ သူ႔ရဲ႕ ပထမဂိုးနဲ႔ ခပ္ဆင္ဆင္ပဲ အေဝးတိုင္ဘက္ကို အနိမ့္ေဘာကန္သြင္းယူခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ခရစၥတယ္လ္ပဲေလ့စ္တို႔ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ၿပီး အဆင့္ ၃ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ၾကသလို ေရွ႕က ရႈံးပြဲေတြေၾကာင့္ ေဒါသနဲ႔ စိတ္ပ်က္မႈေရာၿပီး ဘူေနခဲ့တဲ့ ပရိသတ္ေတြကို အတိုင္းအတာတစ္ခုအထိ ႏွစ္သိမ့္ေပးႏိုင္ခဲ့ၾကခ်ိန္မွာ တိုက္စစ္ပိုင္းကေတာ့ ဘယ္လိုပဲျဖစ္ျဖစ္ အေထာင္တစ္ဦးကို လိုအပ္ေနဆဲဆိုတာကိုလည္း ေတြ႕ျမင္ခဲ့ရပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.