Premier League

ဆာလားဒဏ်ရာအတိမ်အနက်ကို အီဂျစ်အက်ဖ်အေဆီကနေ သိလိုက်ရပြီဖြစ်တဲ့ လီဗာပူးလ်

လီဗာပူးလ်ဟာ အီဂျစ်နဲ့အတူ အာဖရိကဖလားကစားပေးနေရင်း ရရှိခဲ့တဲ့ မိုဟာမက် ဆာလားရဲ့ တံကောက်ကြောဒဏ်ရာ အတိမ်အနက်နဲ့ပတ်သက်ပြီး နောက်ဆုံးသတင်း ရရှိခဲ့ပါတယ်။

ဆာလားဟာ အိုင်ဗရီကို့စ်မှာ ဂါနာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်အတွင်း ၄၄ မိနစ်မှာ တံကောက်ကြောကို ကိုင်ပြီး လဲကျသွားခဲ့တာဖြစ်ပြီး သောကြာနေ့နံနက် သတင်းစာရှင်းလင်းပွဲမှာ လီဗာပူးလ်နည်းပြ ကလော့ပ်က အီဂျစ်ကြယ်ပွင့်ရဲ့ ဒဏ်ရာအတိုင်းအတာကို မသိရသေးဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကလော့ပ်က အသင်းရဲ့ ဆေးဝန်ထမ်းတွေဟာ ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ဒဏ်ရာကို အကဲဖြတ်ဖို့အတွက် အိုင်ဗရီကို့စ်ကို ထွက်ခွာနိုင်ခြေရှိတယ်ဆိုတာကိုတော့ ငြင်းပယ်ခြင်းမရှိခဲ့ဘဲ လက်ရှိမှာတော့ နောက်ဆုံးအခြေအနေကို သိခဲ့ရပြီဖြစ်ပါတယ်။

မိုဟာမက် ဆာလားရဲ့ တံကောက်ကြောဒဏ်ရာဟာ အစပိုင်းတုန်းက ကြောက်ရွံ့ခဲ့ရသလောက် ဆိုးရွားတဲ့ပုံမပေါ်ဘဲ ဂျာနယ်လစ် အီစလမ် မက်ဂ်ဒီက “အီဂျစ်ဘောလုံးအဖွဲ့ချုပ်က မိုဟာမက် ဆာလားရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး လက်ရွေးစင်အသင်းခေါင်းဆောင်ဟာ တံကောက်ကြောကြွက်သားမှာ ဒဏ်ရာရခဲ့တာကြောင့် ကိပ် ဗာဒီနဲ့ ကစားရမယ့် အာဖရိကဖလားနဲ့ နောက်တဆင့်တက်ခဲ့မယ်ဆိုရင် ၁၆ သင်းရှုံးထွက်အဆင့် ၂ ပွဲကို လွဲချော်မယ်လို့ ကြေညာခဲ့ပါတယ်”လို့ X မှာ ရေးသားခဲ့ပါတယ်။

ဒီနောက်ဆုံးရသတင်းဟာ လီဗာပူးလ်အတွက် သတင်းကောင်း ဖြစ်လာတဲ့ပုံပေါ်ပြီး အာဖရိကဖလား ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့မတိုင်မီအထိ ကျင်းပသွားမှာမဟုတ်တာဖြစ်ပါတယ်။

ဆာလားဟာ အီဂျစ်သာ အာဖရိကဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် လီဗာပူးလ်အသင်းရဲ့ပွဲစဉ် ၆ ပွဲအထိ လွဲချော်မယ်ဆိုတာ သိထားပြီးသားဖြစ်ပြီး ကလော့ပ်ရဲ့အသင်းဟာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ဘန်လေနဲ့ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆာလားအနေနဲ့ အာဖရိကဖလားပြိုင်ပွဲအပြီး ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ကစားရမယ့် ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်အတွက် ပထမဆုံးအကြိမ် ပြန်လည်ပါဝင်ကစားပေးဖို့ အချိန် ၄ ပတ် နားရက်ရရှိမှာဖြစ်ပါတယ်။ မိုဟာမက် ဆာလားဟာ ပရီးမီးယားလိဂ်မှာ ယခုရာသီ လီဗာပူးလ်အတွက် ပွဲ ၂၀ မှာ ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး မာဆေးဆိုဒ်ကလပ်အတွက် အဓိကကစားသမားအဖြစ် ဆက်လက် ပါဝင်ကစားပေးနေတဲ့ ကစားသမားဖြစ်ပါတယ်။

လီဗာပူးလ်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာကြောင့် ပရိသတ်တွေအနေနဲ့ မိုဟာမက် ဆာလား တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာပြီး အသင်းကို ၄ နှစ်အတွင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားရရှိအောင် ကူညီပေးဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ အီဂ်စ္နဲ႔အတူ အာဖရိကဖလားကစားေပးေနရင္း ရရွိခဲ့တဲ့ မိုဟာမက္ ဆာလားရဲ႕ တံေကာက္ေၾကာဒဏ္ရာ အတိမ္အနက္နဲ႔ပတ္သက္ၿပီး ေနာက္ဆုံးသတင္း ရရွိခဲ့ပါတယ္။

ဆာလားဟာ အိုင္ဗရီကို႔စ္မွာ ဂါနာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ပြဲစဥ္အတြင္း ၄၄ မိနစ္မွာ တံေကာက္ေၾကာကို ကိုင္ၿပီး လဲက်သြားခဲ့တာျဖစ္ၿပီး ေသာၾကာေန႔နံနက္ သတင္းစာရွင္းလင္းပြဲမွာ လီဗာပူးလ္နည္းျပ ကေလာ့ပ္က အီဂ်စ္ၾကယ္ပြင့္ရဲ႕ ဒဏ္ရာအတိုင္းအတာကို မသိရေသးဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ကေလာ့ပ္က အသင္းရဲ႕ ေဆးဝန္ထမ္းေတြဟာ ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ဒဏ္ရာကို အကဲျဖတ္ဖို႔အတြက္ အိုင္ဗရီကို႔စ္ကို ထြက္ခြာႏိုင္ေျခရွိတယ္ဆိုတာကိုေတာ့ ျငင္းပယ္ျခင္းမရွိခဲ့ဘဲ လက္ရွိမွာေတာ့ ေနာက္ဆုံးအေျခအေနကို သိခဲ့ရၿပီျဖစ္ပါတယ္။

မိုဟာမက္ ဆာလားရဲ႕ တံေကာက္ေၾကာဒဏ္ရာဟာ အစပိုင္းတုန္းက ေၾကာက္႐ြံ႕ခဲ့ရသေလာက္ ဆိုး႐ြားတဲ့ပုံမေပၚဘဲ ဂ်ာနယ္လစ္ အီစလမ္ မက္ဂ္ဒီက “အီဂ်စ္ေဘာလုံးအဖြဲ႕ခ်ဳပ္က မိုဟာမက္ ဆာလားရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ဟာ တံေကာက္ေၾကာႂကြက္သားမွာ ဒဏ္ရာရခဲ့တာေၾကာင့္ ကိပ္ ဗာဒီနဲ႔ ကစားရမယ့္ အာဖရိကဖလားနဲ႔ ေနာက္တဆင့္တက္ခဲ့မယ္ဆိုရင္ ၁၆ သင္းရႈံးထြက္အဆင့္ ၂ ပြဲကို လြဲေခ်ာ္မယ္လို႔ ေၾကညာခဲ့ပါတယ္”လို႔ X မွာ ေရးသားခဲ့ပါတယ္။

ဒီေနာက္ဆုံးရသတင္းဟာ လီဗာပူးလ္အတြက္ သတင္းေကာင္း ျဖစ္လာတဲ့ပုံေပၚၿပီး အာဖရိကဖလား ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္ဟာ ဇန္နဝါရီ ၂၇ ရက္ေန႔မတိုင္မီအထိ က်င္းပသြားမွာမဟုတ္တာျဖစ္ပါတယ္။

ဆာလားဟာ အီဂ်စ္သာ အာဖရိကဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့မယ္ဆိုရင္ လီဗာပူးလ္အသင္းရဲ႕ပြဲစဥ္ ၆ ပြဲအထိ လြဲေခ်ာ္မယ္ဆိုတာ သိထားၿပီးသားျဖစ္ၿပီး ကေလာ့ပ္ရဲ႕အသင္းဟာ ေဖေဖာ္ဝါရီ ၁၀ ရက္ေန႔မွာ ဘန္ေလနဲ႔ ရင္ဆိုင္သြားရမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဆာလားအေနနဲ႔ အာဖရိကဖလားၿပိဳင္ပြဲအၿပီး ေဖေဖာ္ဝါရီ ၁၇ ရက္ေန႔မွာ ကစားရမယ့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္အတြက္ ပထမဆုံးအႀကိမ္ ျပန္လည္ပါဝင္ကစားေပးဖို႔ အခ်ိန္ ၄ ပတ္ နားရက္ရရွိမွာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားဟာ ပရီးမီးယားလိဂ္မွာ ယခုရာသီ လီဗာပူးလ္အတြက္ ပြဲ ၂၀ မွာ ၁၄ ဂိုးအထိ သြင္းယူေပးထားၿပီး မာေဆးဆိုဒ္ကလပ္အတြက္ အဓိကကစားသမားအျဖစ္ ဆက္လက္ ပါဝင္ကစားေပးေနတဲ့ ကစားသမားျဖစ္ပါတယ္။

လီဗာပူးလ္ဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ မိုဟာမက္ ဆာလား တတ္ႏိုင္သမွ် အျမန္ဆုံး ျပန္လာၿပီး အသင္းကို ၄ ႏွစ္အတြင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဖလားရရွိေအာင္ ကူညီေပးဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.