Premier League Transfer News

ပိုက်ဆံရှိရင် လာခေါ်လိုက်တော့လို့ အာဆင်နယ်ကို အနံ့ပေးလိုက်တဲ့ တိုနီ

ဘရန့်ဖို့ဒ်အသင်းရဲ့ တိုက်စစ်မှူး အိုင်ဗန် တိုနီကတော့ ပွဲပယ်ပြစ်ဒဏ်အပြီး ပထမဆုံး ပြန်လည်ကစားခွင့်ရခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပွဲထွက်ကစားပြီး တစ်ဂိုးသွင်းယူပြခဲ့သလို သူ့ကို လိုချင်နေတဲ့ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ်အသင်းကြီးတွေကို ပိုက်ဆံရှိရင် လာခေါ်ကြတော့လို့ အနံ့ပေးလိုက်ပြီ ဖြစ်ပါတယ်။

တိုနီအနေနဲ့ တိုက်ဆိုင်စွာပဲ သူ့ရဲ့ ပွဲမပယ်ခင် နောက်ဆုံးပွဲစဉ်ဖြစ်ခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလ ၂၉ ရက်နေ့က ကစားခဲ့တဲ့ ပွဲမှာလည်း တူညီတဲ့ ပြိုင်ဘက်အဖြစ် ဖောရက်စ်ကိုပဲ ရင်ဆိုင်ခဲ့တုန်းက ပွဲချိန် ၈၂ မိနစ်မှာ ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းယူနိုင်ခဲ့တာဖြစ်သလို ၂၅၉ ရက်အကြာမှာတော့ သူတို့နဲ့ပဲ ထပ်မံတွေ့ဆုံခဲ့စဉ်မှာလည်း ပွဲချိန် ၁၉ မိနစ် ဖရီးကစ်နဲ့ ဂိုးရယူခဲ့တာပါ။

တရားဝင်ပွဲစဉ်တွေက နောက်ဆုံးဂိုးနဲ့ ပထမဆုံး ပြန်ရတဲ့ ဂိုးဖြစ်ခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကြားမှာ ၂၇ မိနစ်သာ ကြာမြင့်ခဲ့ပြီး ဒါက သူ့ရဲ့ ကွင်းပြင်ပ ရောက်နေစဉ်မှာ အလကား အချိန်ဖြုန်းမနေတတ်မှုနဲ့ စဉ်ဆက်မပြတ် လေ့ကျင့်နေမှုတွေကို သက်သေပြနိုင်ခဲ့တာဖြစ်သလို ရှစ်လကြာ မြက်ခင်းစိမ်းတွေနဲ့ မတွေ့ခဲ့ရတဲ့နောက် အရင်လိုပဲ ခြေစွမ်းပြနိုင်ပါ့ဦးမလားဆိုတဲ့ သံသယတွေကိုလည်း ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ခရစ္စတယ်လ်ပဲလေ့စ်နဲ့ အိမ်ကွင်းပွဲစဉ်ကို အာဆင်နယ်တို့ ငါးဂိုးပြတ် အနိုင်ရရှိခဲ့ပေမယ့် သူတို့ရဲ့ သွင်းဂိုးအားလုံးက ပဲလေ့စ်တို့ အငိုက်မိရာကနေ သွင်းယူနိုင်ခဲ့တာဖြစ်နေခဲ့ပြီး သာမန် တိုက်စစ်တွဲလုံးနဲ့ ကစားနေချိန်တွေမှာ ဂိုးမသွင်းတတ်ခဲ့တာဖြစ်လို့ တိုက်စစ်မှူးကောင်းတစ်ဦးတော့ လိုအပ်နေတုန်းပဲဆိုတာ ဝန်ခံရဦးမှာပါ။

ဒါကြောင့် ဆက်ဆံရေးကောင်းတွေ ရှိထားတဲ့ ဘရန့်ဖို့ဒ်နဲ့ တိုနီကို အငှားစာချုပ်နဲ့ စတင်ခေါ်ယူပြီး အဆင်ပြေတဲ့ အချိန်တစ်ခုမှာ ငွေချေဖို့ ကမ်းလှမ်းလာခဲ့မယ်ဆိုရင် မထူးဆန်းဘူးလို့ပဲ ဆိုရမှာဖြစ်သလို အသင်းရဲ့ ရည်မှန်းချက်တွေကို အခွင့်ကောင်းရနေတုန်းမှာ ဆုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးဖို့ အမြဲတမ်း ပျက်ကွက်ခဲ့တဲ့ အာဆင်နယ်တို့ ဒီတစ်ခါမှာရော ဘာလုပ်မှာလဲဆိုတာ ပရိသတ်တွေ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘရန႔္ဖို႔ဒ္အသင္းရဲ႕ တိုက္စစ္မႉး အိုင္ဗန္ တိုနီကေတာ့ ပြဲပယ္ျပစ္ဒဏ္အၿပီး ပထမဆုံး ျပန္လည္ကစားခြင့္ရခဲ့တဲ့ ေနာ့တင္ဟမ္ေဖာရက္စ္နဲ႔ အိမ္ကြင္းပြဲစဥ္မွာ ပြဲထြက္ကစားၿပီး တစ္ဂိုးသြင္းယူျပခဲ့သလို သူ႔ကို လိုခ်င္ေနတဲ့ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္အသင္းႀကီးေတြကို ပိုက္ဆံရွိရင္ လာေခၚၾကေတာ့လို႔ အနံ႔ေပးလိုက္ၿပီ ျဖစ္ပါတယ္။

တိုနီအေနနဲ႔ တိုက္ဆိုင္စြာပဲ သူ႔ရဲ႕ ပြဲမပယ္ခင္ ေနာက္ဆုံးပြဲစဥ္ျဖစ္ခဲ့တဲ့ ၂၀၂၃ ခုႏွစ္ ဧၿပီလ ၂၉ ရက္ေန႔က ကစားခဲ့တဲ့ ပြဲမွာလည္း တူညီတဲ့ ၿပိဳင္ဘက္အျဖစ္ ေဖာရက္စ္ကိုပဲ ရင္ဆိုင္ခဲ့တုန္းက ပြဲခ်ိန္ ၈၂ မိနစ္မွာ ဖရီးကစ္ကို တိုက္႐ိုက္ကန္သြင္းယူႏိုင္ခဲ့တာျဖစ္သလို ၂၅၉ ရက္အၾကာမွာေတာ့ သူတို႔နဲ႔ပဲ ထပ္မံေတြ႕ဆုံခဲ့စဥ္မွာလည္း ပြဲခ်ိန္ ၁၉ မိနစ္ ဖရီးကစ္နဲ႔ ဂိုးရယူခဲ့တာပါ။

တရားဝင္ပြဲစဥ္ေတြက ေနာက္ဆုံးဂိုးနဲ႔ ပထမဆုံး ျပန္ရတဲ့ ဂိုးျဖစ္ခဲ့တဲ့ သြင္းဂိုးႏွစ္ဂိုးၾကားမွာ ၂၇ မိနစ္သာ ၾကာျမင့္ခဲ့ၿပီး ဒါက သူ႔ရဲ႕ ကြင္းျပင္ပ ေရာက္ေနစဥ္မွာ အလကား အခ်ိန္ျဖဳန္းမေနတတ္မႈနဲ႔ စဥ္ဆက္မျပတ္ ေလ့က်င့္ေနမႈေတြကို သက္ေသျပႏိုင္ခဲ့တာျဖစ္သလို ရွစ္လၾကာ ျမက္ခင္းစိမ္းေတြနဲ႔ မေတြ႕ခဲ့ရတဲ့ေနာက္ အရင္လိုပဲ ေျခစြမ္းျပႏိုင္ပါ့ဦးမလားဆိုတဲ့ သံသယေတြကိုလည္း ေခ်ဖ်က္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ခရစၥတယ္လ္ပဲေလ့စ္နဲ႔ အိမ္ကြင္းပြဲစဥ္ကို အာဆင္နယ္တို႔ ငါးဂိုးျပတ္ အႏိုင္ရရွိခဲ့ေပမယ့္ သူတို႔ရဲ႕ သြင္းဂိုးအားလုံးက ပဲေလ့စ္တို႔ အငိုက္မိရာကေန သြင္းယူႏိုင္ခဲ့တာျဖစ္ေနခဲ့ၿပီး သာမန္ တိုက္စစ္တြဲလုံးနဲ႔ ကစားေနခ်ိန္ေတြမွာ ဂိုးမသြင္းတတ္ခဲ့တာျဖစ္လို႔ တိုက္စစ္မႉးေကာင္းတစ္ဦးေတာ့ လိုအပ္ေနတုန္းပဲဆိုတာ ဝန္ခံရဦးမွာပါ။

ဒါေၾကာင့္ ဆက္ဆံေရးေကာင္းေတြ ရွိထားတဲ့ ဘရန႔္ဖို႔ဒ္နဲ႔ တိုနီကို အငွားစာခ်ဳပ္နဲ႔ စတင္ေခၚယူၿပီး အဆင္ေျပတဲ့ အခ်ိန္တစ္ခုမွာ ေငြေခ်ဖို႔ ကမ္းလွမ္းလာခဲ့မယ္ဆိုရင္ မထူးဆန္းဘူးလို႔ပဲ ဆိုရမွာျဖစ္သလို အသင္းရဲ႕ ရည္မွန္းခ်က္ေတြကို အခြင့္ေကာင္းရေနတုန္းမွာ ဆုပ္ကိုင္ႏိုင္ေအာင္ ပံ့ပိုးေပးဖို႔ အၿမဲတမ္း ပ်က္ကြက္ခဲ့တဲ့ အာဆင္နယ္တို႔ ဒီတစ္ခါမွာေရာ ဘာလုပ္မွာလဲဆိုတာ ပရိသတ္ေတြ ေစာင့္ၾကည့္ရဦးမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.