Premier League

ဒီဘရိုင်းနားက ဖိနပ်အသစ်ရထားတဲ့ ကလေးငယ်တစ်ယောက်လိုပဲလို့ ပြောခဲ့တဲ့ ဖာဘရီဂတ်စ်

ဖာဘရီဂတ်စ်က ကီဗင် ဒီဘရိုင်းနားဟာ ဒဏ်ရာကြောင့် ကာလရှည် အနားယူပြီး ပြန်လည်ပါဝင်ကစားပေးနိုင်ခဲ့ပြီးနောက် မန်စီးတီးအတွက် ကစားသမားသစ်ခေါ်ယူမှုလိုပဲ ဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။

ဒီဘရိုင်းနားဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲကတည်းက တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့သူဖြစ်ပြီး ရာသီတစ်ဝက်လောက်အထိ အနားယူခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့အပတ်မှာ မန်ချက်စတာစီးတီးအတွက် ပြန်လည်ပါဝင်ကစားပေးခဲ့ပြီး နယူးကာဆယ်ကို အံ့အားသင့်ဖွယ် နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တဲ့ပွဲစဉ်မှာ အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးဟာ လက်ရှိမှာတော့ ဒီဘရိုင်းနားအနေနဲ့ ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့အတွက် ဆက်လက်လုပ်ဆောင်သွားဖို့ မျှော်လင့်နေမှာဖြစ်ပြီး ပရီးမိးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက လီဗာပူးလ်ကို အမီလိုက်ဖို့ ကြိုးပမ်းရာမှာ ဘယ်လ်ဂျီယမ်ကြယ်ပွင့်က အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်နေတာဖြစ်ပါတယ်။

ဖာဘရီဂတ်စ်က ဒီဘရိုင်းနားဟာ အရေးကြီးတဲ့ အကျိုးသက်ရောက်မှု ပြုလုပ်နိုင်လိမ့်မယ်လို့ လုံးဝ ယုံကြည်နေပြီး ကမ္ဘာ့ဖလားချန်ပီယံဟောင်းက ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ဖိနပ်အသစ်ရထားတဲ့ ကလေးတစ်ယောက်လိုမျိုး ဖြစ်နေလိမ့်မယ်လို့ ခန့်မှန်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဂန္တဝင်က ကာလရှည်ကြာ အနားယူခဲ့ရတဲ့ ဒီဘရိုင်းနားကို အဆင်သင့်မဖြစ်မီ အလျင်စလို ပြန်လည်အသုံးမပြုဖို့အတွက် ဂွါဒီယိုလာကို သတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။

“ကီဗင်က အခုအချိန်မှာ ခင်ဗျားရဲ့ မိဘတွေ ခင်ဗျားကို ဝတ်စုံအသစ် ဖိနပ်အသစ် ပေးတဲ့အခါမှာ ပျော်ရွှင်မြူးတူးနေတဲ့ ကလေးငယ်တစ်ယောက်လိုမျိုး ဖြစ်နေပါတယ်။ သူ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်။ သူ အသက်ဝင်နေတယ်။ သူ မိနစ် ၂၀ လောက်ပဲ ကစားခဲ့တယ်။ သူ ဆာလောင်မှုတွေ အများကြီးနဲ့ ဝင်ကစားခဲ့တယ်။ အခု သူက မိနစ် ၉၀ ပြီး ၉၀ စ ကစားဖို့ ဘယ်လိုလုပ်သွားမလဲဆိုတာကိုပဲ ကြည့်ရတော့မယ်။ ဒါက သူတို့တွေ စီမံခန့်ခွဲရမယ့် တစ်ခုတည်းသော အရာပါ။ သူတို့တွေက လူစာရင်းထဲမှာ ဖိအားတွေ ရှိမနေတာ အရမ်းကို ကံကောင်းပါတယ်”

“သူတို့တွေ သူ မပါဘဲ ဒီရာသီမှာ ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်။ သူတို့တွေက ပြိုင်ပွဲတိုင်းမှာ ထိပ်ဆုံးနေရာမှာ ရှိနေခဲ့တယ်။ အဲဒီတော့ သူတို့တွေ သူ့ကို ဖြည်းဖြည်းချင်း စီမံခန့်ခွဲသွားလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ အထူးသဖြင့် ကီဗင်ပေါ့။ သူ ပြန်လာပါလိမ့်မယ်။ သူ့အကြောင်း ကျွန်တော်သိတယ်။ သူ ကစားတဲ့ပုံစံကိုလည်း သိတယ်။ ရုပ်ပိုင်းဆိုင်ရာကစားတတ်တဲ့ပုံစံပေါ့။ သူ ဘောလုံးရတဲ့အခါမှာ သူ စပြီး ပြေးလွှားတဲ့ပုံစံပေါ့။ ဒါပေမယ့် သူက အနာဂတ်မှာ အသားကျအောင် လုပ်နိုင်တဲ့ ကစားသမားတွေထဲက တစ်ဦးလည်း ဟုတ်ပါတယ်။ သူ့ရုပ်ပိုင်းဆိုင်ရာနဲ့ မြန်နှုန်းကို စပြီး ဆုံးရှုံးလာရတဲ့အချိန်မှာ သူက ကွင်းလယ်မှာ ကစားနိုင်ဦးမယ်ဆိုတာ ကျွန်တော် သံသယမရှိပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖာဘရီဂတ္စ္က ကီဗင္ ဒီဘ႐ိုင္းနားဟာ ဒဏ္ရာေၾကာင့္ ကာလရွည္ အနားယူၿပီး ျပန္လည္ပါဝင္ကစားေပးႏိုင္ခဲ့ၿပီးေနာက္ မန္စီးတီးအတြက္ ကစားသမားသစ္ေခၚယူမႈလိုပဲ ျဖစ္ေနတယ္လို႔ ယုံၾကည္ေနပါတယ္။

ဒီဘ႐ိုင္းနားဟာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ ကြန္ျမဴနတီဒိုင္းလုပြဲကတည္းက တံေကာက္ေၾကာဒဏ္ရာေၾကာင့္ လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ရာသီတစ္ဝက္ေလာက္အထိ အနားယူခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၿပီးခဲ့တဲ့အပတ္မွာ မန္ခ်က္စတာစီးတီးအတြက္ ျပန္လည္ပါဝင္ကစားေပးခဲ့ၿပီး နယူးကာဆယ္ကို အံ့အားသင့္ဖြယ္ ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တဲ့ပြဲစဥ္မွာ အဓိကက်တဲ့ အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးဟာ လက္ရွိမွာေတာ့ ဒီဘ႐ိုင္းနားအေနနဲ႔ ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိဖို႔အတြက္ ဆက္လက္လုပ္ေဆာင္သြားဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ပရီးမိးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက လီဗာပူးလ္ကို အမီလိုက္ဖို႔ ႀကိဳးပမ္းရာမွာ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္က အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေနတာျဖစ္ပါတယ္။

ဖာဘရီဂတ္စ္က ဒီဘ႐ိုင္းနားဟာ အေရးႀကီးတဲ့ အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ႏိုင္လိမ့္မယ္လို႔ လုံးဝ ယုံၾကည္ေနၿပီး ကမာၻ႔ဖလားခ်န္ပီယံေဟာင္းက ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ဖိနပ္အသစ္ရထားတဲ့ ကေလးတစ္ေယာက္လိုမ်ိဳး ျဖစ္ေနလိမ့္မယ္လို႔ ခန႔္မွန္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဂႏၲဝင္က ကာလရွည္ၾကာ အနားယူခဲ့ရတဲ့ ဒီဘ႐ိုင္းနားကို အဆင္သင့္မျဖစ္မီ အလ်င္စလို ျပန္လည္အသုံးမျပဳဖို႔အတြက္ ဂြါဒီယိုလာကို သတိေပးေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကီဗင္က အခုအခ်ိန္မွာ ခင္ဗ်ားရဲ႕ မိဘေတြ ခင္ဗ်ားကို ဝတ္စုံအသစ္ ဖိနပ္အသစ္ ေပးတဲ့အခါမွာ ေပ်ာ္႐ႊင္ျမဴးတူးေနတဲ့ ကေလးငယ္တစ္ေယာက္လိုမ်ိဳး ျဖစ္ေနပါတယ္။ သူ အရမ္းစိတ္လႈပ္ရွားေနခဲ့တယ္။ သူ အသက္ဝင္ေနတယ္။ သူ မိနစ္ ၂၀ ေလာက္ပဲ ကစားခဲ့တယ္။ သူ ဆာေလာင္မႈေတြ အမ်ားႀကီးနဲ႔ ဝင္ကစားခဲ့တယ္။ အခု သူက မိနစ္ ၉၀ ၿပီး ၉၀ စ ကစားဖို႔ ဘယ္လိုလုပ္သြားမလဲဆိုတာကိုပဲ ၾကည့္ရေတာ့မယ္။ ဒါက သူတို႔ေတြ စီမံခန႔္ခြဲရမယ့္ တစ္ခုတည္းေသာ အရာပါ။ သူတို႔ေတြက လူစာရင္းထဲမွာ ဖိအားေတြ ရွိမေနတာ အရမ္းကို ကံေကာင္းပါတယ္”

“သူတို႔ေတြ သူ မပါဘဲ ဒီရာသီမွာ ေကာင္းေကာင္း လုပ္ႏိုင္ခဲ့ပါတယ္။ သူတို႔ေတြက ၿပိဳင္ပြဲတိုင္းမွာ ထိပ္ဆုံးေနရာမွာ ရွိေနခဲ့တယ္။ အဲဒီေတာ့ သူတို႔ေတြ သူ႔ကို ျဖည္းျဖည္းခ်င္း စီမံခန႔္ခြဲသြားလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ အထူးသျဖင့္ ကီဗင္ေပါ့။ သူ ျပန္လာပါလိမ့္မယ္။ သူ႔အေၾကာင္း ကြၽန္ေတာ္သိတယ္။ သူ ကစားတဲ့ပုံစံကိုလည္း သိတယ္။ ႐ုပ္ပိုင္းဆိုင္ရာကစားတတ္တဲ့ပုံစံေပါ့။ သူ ေဘာလုံးရတဲ့အခါမွာ သူ စၿပီး ေျပးလႊားတဲ့ပုံစံေပါ့။ ဒါေပမယ့္ သူက အနာဂတ္မွာ အသားက်ေအာင္ လုပ္ႏိုင္တဲ့ ကစားသမားေတြထဲက တစ္ဦးလည္း ဟုတ္ပါတယ္။ သူ႔႐ုပ္ပိုင္းဆိုင္ရာနဲ႔ ျမန္ႏႈန္းကို စၿပီး ဆုံးရႈံးလာရတဲ့အခ်ိန္မွာ သူက ကြင္းလယ္မွာ ကစားႏိုင္ဦးမယ္ဆိုတာ ကြၽန္ေတာ္ သံသယမရွိပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.