Saudi League

အသင်းအတွက် ၂ ဂိုးသွင်းယူပြီးနောက် အယ်လ်ဟီလာလ်ကို သတိပေးလိုက်တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အင်္ဂါနေ့ညက ကာရင် ဘန်ဇီးမားရဲ့ အယ်လ် အစ်တီဟတ်ကို အယ်လ်နာဆာအသင်း အနိုင်ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အယ်လ်ဟီလာလ်ကို ဆုဖလားအတွက် သတိပေးခဲ့ပါတယ်။

ပေါ်တူဂီကြယ်ပွင့်ဟာ အယ်လ်အစ်တီဟတ်ကို ၅-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ပင်နယ်တီကနေ သွင်းဂိုး ၂ ဂိုး သွင်းယူပေးခဲ့တာဖြစ်ပြီး အက်ဗ်ဒါရာဇတ် ဟမ်ဒါလာရဲ့ ၁၄ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် အယ်လ်အစ်တီဟတ်က ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပင်နယ်တီကနေတဆင့် ချေပဂိုး သွင်းယူပေးခဲ့ပြီးနောက် တာလစ္စကာက ဧည့်သည်တွေအတွက် နောက်ထပ် ဦးဆောင်ဂိုးသွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာဟာ ဒုတိယပိုင်းပွဲကစားချိန် ၆၈ မိနစ်မှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ နောက်ထပ် သွင်းဂိုးနဲ့ ဆက်လက်ဦးဆောင်နိုင်ခဲ့ပြီး ဆာဒီယို မာနေးက နောက်ထပ် သွင်းဂိုး ၂ ဂိုးကို သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက အယ်လ်အစ်တီဟတ်ကို အနိုင်ရရှိခဲ့မှုကို အင်စတာဂရမ်ပေါ်မှာ အောင်ပွဲခံခဲ့ပြီး ၎င်းရဲ့အသင်းဟာ အမှတ်ပေးဇယားဦးဆောင်သူတွေဖြစ်တဲ့ အယ်လ်ဟီလာလ်နဲ့ ၇ မှတ် ကွာဟနေပေမယ့်လည်း ဆုဖလားမျှော်လင့်ချက်အတွက် လက်လျှော့မှာမဟုတ်ဘူးဆိုတာကို “အရေးကြီးတဲ့ နိုင်ပွဲ။ ငါတို့တွေ ရပ်တန့်နေမှာမဟုတ်ဘူး”လို့ ရေးသားပြီး ပြတ်ပြတ်သားသား သတိပေးလိုက်တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၃ ခုနှစ်ကို သွင်းဂိုး ၅၃ ဂိုးနဲ့ အဆုံးသတ်နိုင်တော့မှာဖြစ်ပြီး ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ခီလီယန် အမ်ဘာပေ(၅၂ ဂိုး)၊ အာလင်း ဟာလန်း(၅၀ ဂိုး)၊ ဟာရီ ကိန်း(၅၂ ဂိုး)တို့လို ကစားသမားတွေရဲ့အထက်မှာ ဦးဆောင်နေတာ ဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ဟာရီ ကိန်းတို့ဟာ ဆောင်းရာသီအားလပ်ရက်ကို ဖြတ်သန်းနေကြတာဖြစ်တာကြောင့် ဟာလန်း တစ်ဦးတည်းသာ ၂၀၂၃ ပြက္ခဒိန်နှစ်အတွက် ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ဖို့ ရော်နယ်လ်ဒိုနဲ့ ယှဉ်ပြိုင်သူအဖြစ် ကျန်ရှိနေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နော်ဝေတိုက်စစ်မှူးဟာ ဒဏ်ရာရရှိနေတာကြောင့် အသင်းရဲ့ ပြီးခဲ့တဲ့ပွဲစဉ်တွေကို လွဲချော်ခဲ့သူဖြစ်ပြီး ဂွါဒီယိုလာအနေနဲ့ ဗုဒ္ဓဟူး၊ စနေနေ့တို့မှာ အဲဗာတန်၊ ရှက်ဖီးတို့နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွက် ဟာလန်းကို ပွဲထွက်ခွင့်ပေးမလားဆိုတာ မသေချာသေးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အဂၤါေန႔ညက ကာရင္ ဘန္ဇီးမားရဲ႕ အယ္လ္ အစ္တီဟတ္ကို အယ္လ္နာဆာအသင္း အႏိုင္ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ အယ္လ္ဟီလာလ္ကို ဆုဖလားအတြက္ သတိေပးခဲ့ပါတယ္။

ေပၚတူဂီၾကယ္ပြင့္ဟာ အယ္လ္အစ္တီဟတ္ကို ၅-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ပင္နယ္တီကေန သြင္းဂိုး ၂ ဂိုး သြင္းယူေပးခဲ့တာျဖစ္ၿပီး အက္ဗ္ဒါရာဇတ္ ဟမ္ဒါလာရဲ႕ ၁၄ မိနစ္မွာ သြင္းယူခဲ့တဲ့ဂိုးေၾကာင့္ အယ္လ္အစ္တီဟတ္က ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ခရစၥတီယာႏို ေရာ္နယ္လ္ဒိုက ပင္နယ္တီကေနတဆင့္ ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ တာလစၥကာက ဧည့္သည္ေတြအတြက္ ေနာက္ထပ္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့တာေၾကာင့္ ပထမပိုင္းအၿပီးမွာ ၂-၁ နဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ ၆၈ မိနစ္မွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ေနာက္ထပ္ သြင္းဂိုးနဲ႔ ဆက္လက္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဆာဒီယို မာေနးက ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးကို သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုက အယ္လ္အစ္တီဟတ္ကို အႏိုင္ရရွိခဲ့မႈကို အင္စတာဂရမ္ေပၚမွာ ေအာင္ပြဲခံခဲ့ၿပီး ၎ရဲ႕အသင္းဟာ အမွတ္ေပးဇယားဦးေဆာင္သူေတြျဖစ္တဲ့ အယ္လ္ဟီလာလ္နဲ႔ ၇ မွတ္ ကြာဟေနေပမယ့္လည္း ဆုဖလားေမွ်ာ္လင့္ခ်က္အတြက္ လက္ေလွ်ာ့မွာမဟုတ္ဘူးဆိုတာကို “အေရးႀကီးတဲ့ ႏိုင္ပြဲ။ ငါတို႔ေတြ ရပ္တန႔္ေနမွာမဟုတ္ဘူး”လို႔ ေရးသားၿပီး ျပတ္ျပတ္သားသား သတိေပးလိုက္တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၂၃ ခုႏွစ္ကို သြင္းဂိုး ၅၃ ဂိုးနဲ႔ အဆုံးသတ္ႏိုင္ေတာ့မွာျဖစ္ၿပီး ဂိုးသြင္းအမ်ားဆုံးကစားသမားစာရင္းမွာ ခီလီယန္ အမ္ဘာေပ(၅၂ ဂိုး)၊ အာလင္း ဟာလန္း(၅၀ ဂိုး)၊ ဟာရီ ကိန္း(၅၂ ဂိုး)တို႔လို ကစားသမားေတြရဲ႕အထက္မွာ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

အမ္ဘာေပနဲ႔ ဟာရီ ကိန္းတို႔ဟာ ေဆာင္းရာသီအားလပ္ရက္ကို ျဖတ္သန္းေနၾကတာျဖစ္တာေၾကာင့္ ဟာလန္း တစ္ဦးတည္းသာ ၂၀၂၃ ျပကၡဒိန္ႏွစ္အတြက္ ထိပ္တန္းဂိုးသြင္းရွင္ျဖစ္ဖို႔ ေရာ္နယ္လ္ဒိုနဲ႔ ယွဥ္ၿပိဳင္သူအျဖစ္ က်န္ရွိေနတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေနာ္ေဝတိုက္စစ္မႉးဟာ ဒဏ္ရာရရွိေနတာေၾကာင့္ အသင္းရဲ႕ ၿပီးခဲ့တဲ့ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့သူျဖစ္ၿပီး ဂြါဒီယိုလာအေနနဲ႔ ဗုဒၶဟူး၊ စေနေန႔တို႔မွာ အဲဗာတန္၊ ရွက္ဖီးတို႔နဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲစဥ္ေတြအတြက္ ဟာလန္းကို ပြဲထြက္ခြင့္ေပးမလားဆိုတာ မေသခ်ာေသးပါဘူး။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.