Premier League

အာတီတာက ခေါင်းမာတဲ့ အာဆင်ဝင်းဂါးနဲ့တူလာပြီလို့ ပြောလိုက်တဲ့ ပေါလ် မာဆန်

ပေါလ် မာဆန်က အာတီတာရဲ့ တိုက်စစ်မှူးသစ် ခေါ်ယူဖို့ကို တွန့်ဆုတ်နေမှုဟာ ခေါင်းမာတဲ့ အာဆင်ဝင်းဂါးရဲ့ အပြောင်းအရွှေ့မူဝါဒကို အမှတ်ရစေတယ်လို့ ပြောကြားခဲ့ပါတယ်။

ဆုဖလားပြိုင်ပွဲမှာ ပြိုင်ဘက်တွေကို မယှဉ်နိုင်ခဲ့တဲ့နောက် အာဆင်နယ်ပရိသတ်တွေဟာ အသင်းအနေနဲ့ ယခုဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြဿနာတွေကို ဖြေရှင်းဖို့ ကစားသမားသစ်ခေါ်ယူသွားမယ်လို့ မျှော်လင့်ထားပေမယ့်လည်း ဘဏ္ဍာရေးအကန့်အသတ်ရှိမှုတွေကြောင့် အဲဒီလိုဖြစ်လာဖွယ်မရှိတာဖြစ်ပါတယ်။

ဂန်းနားတွေရဲ့ ထိပ်တန်းပစ်မှတ်ဟာ တိုက်စစ်မှူးသစ် ဖြစ်နိုင်ပြီး အန်ကီးတီးယားရော ဂါဘရီယဲလ် ဂျေဆူးစ်ပါ ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်နေရတာကြောင့် အိုင်ဗန် တိုနီဟာ အမ်းမရိတ်စ်ကို ပြောင်းဖို့ သတင်းတွေ အများဆုံးထွက်ပေါ်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ရဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေး တောင်းဆိုနေမှုကြောင့် လာမယ့် နွေရာသီအထိ ခေါ်ယူဖို့ စောင့်ဆိုင်းရမယ့်ပုံပေါ်နေပြီး အင်္ဂလန်တိုက်စစ်မှူးကို ခေါ်ယူလို့မရနိုင်သေးတဲ့အချိန်မှာ အာတီတာက နောက်ဆုံး ၇ ပွဲမှာ ၅ ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒီဆောင်းရာသီမှာ တခြား ရွေးချယ်စရာပစ်မှတ်တွေကို ခေါ်ယူသွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် ပေါလ် မာဆန်က စပိန်လူမျိုးနည်းပြရဲ့ ခေါင်းမာမှုကို ဂန္တဝင်နည်းပြကြီး အာဆင်ဝင်းဂါးနဲ့ နှိုင်းယှဉ်ခဲ့ပြီး ပြင်သစ်လူမျိုးနည်းပြကြီးဟာ အမ်းမရိတ်စ်က နောက်ပိုင်းနှစ်တွေမှာ အသင်းအတွက် အသည်းအသန်လိုအပ်နေခဲ့တာတောင်မှပဲ ကြီးမားတဲ့အပြောင်းအရွှေ့တွေ ပြုလုပ်ဖို့ ငြင်းဆန်ခဲ့သူဖြစ်ပါတယ်။

“သူတို့ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့နဲ့ပတ်သက်ရင် အခု သူတို့တွေ တစ်စုံတယောက်ကို ဝယ်ယူခဲ့မယ်ဆိုရင် ကျွန်တော် အံ့ဩမိမှာပါ။ သူတို့တွေ အပြောင်းအရွှေ့စျေးကွက်ထဲကို ဝင်ဖို့ အစီအစဉ်ရှိခဲ့တယ်ဆိုရင် ဘာကြောင့် ဒီလအစောပိုင်းကတည်းက မလုပ်ခဲ့သလဲ။ ဒါကြောင့်ပဲ သူတို့တွေ အိုင်ဗန်တိုနီကို ခေါ်မယ်လို့ ကျွန်တော် မထင်တာပါ။ အာတီတာရဲ့ အခု လက်ရှိ အာဆင်နယ်က အခြေအနေက ကျွန်တော့်ကို အာဆင်ဝင်းဂါးခေတ်နှောင်းပိုင်းကို အမှတ်ရစေတယ်။ အားလုံးလည်း အဲဒီအချိန်တုန်းက ဝင်းဂါးက ဗဟိုခံစစ်ကစားသမားလိုအပ်နေပေမယ့်လည်း နည်းနည်း ခေါင်းမာခဲ့ပြီး အပြောင်းအရွှေ့စျေးကွက်ထဲဝင်ဖို့ ငြင်းပယ်ခဲ့တာ သိခဲ့မှာပါ။ အာတီတာလည်း အခု အသင်းကို ဆုဖလားပြိုင်ပွဲမှာ အားတက်စရာဖြစ်စေမယ့် အထောင်တိုက်စစ်မှူးလိုအပ်နေပေမယ့် အခုအချိန်အထိ တစ်ယောက်တောင် သူခေါ်ဖို့ တွန့်ဆုတ်နေတုန်းပဲ။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေပါလ္ မာဆန္က အာတီတာရဲ႕ တိုက္စစ္မႉးသစ္ ေခၚယူဖို႔ကို တြန႔္ဆုတ္ေနမႈဟာ ေခါင္းမာတဲ့ အာဆင္ဝင္းဂါးရဲ႕ အေျပာင္းအေ႐ႊ႕မူဝါဒကို အမွတ္ရေစတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဆုဖလားၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ေတြကို မယွဥ္ႏိုင္ခဲ့တဲ့ေနာက္ အာဆင္နယ္ပရိသတ္ေတြဟာ အသင္းအေနနဲ႔ ယခုဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ျပႆနာေတြကို ေျဖရွင္းဖို႔ ကစားသမားသစ္ေခၚယူသြားမယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္လည္း ဘ႑ာေရးအကန႔္အသတ္ရွိမႈေတြေၾကာင့္ အဲဒီလိုျဖစ္လာဖြယ္မရွိတာျဖစ္ပါတယ္။

ဂန္းနားေတြရဲ႕ ထိပ္တန္းပစ္မွတ္ဟာ တိုက္စစ္မႉးသစ္ ျဖစ္ႏိုင္ၿပီး အန္ကီးတီးယားေရာ ဂါဘရီယဲလ္ ေဂ်ဆူးစ္ပါ ဂိုးသြင္းယူႏိုင္ဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ အိုင္ဗန္ တိုနီဟာ အမ္းမရိတ္စ္ကို ေျပာင္းဖို႔ သတင္းေတြ အမ်ားဆုံးထြက္ေပၚခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ရဲ႕ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကး ေတာင္းဆိုေနမႈေၾကာင့္ လာမယ့္ ေႏြရာသီအထိ ေခၚယူဖို႔ ေစာင့္ဆိုင္းရမယ့္ပုံေပၚေနၿပီး အဂၤလန္တိုက္စစ္မႉးကို ေခၚယူလို႔မရႏိုင္ေသးတဲ့အခ်ိန္မွာ အာတီတာက ေနာက္ဆုံး ၇ ပြဲမွာ ၅ ဂိုးသာ သြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဒီေဆာင္းရာသီမွာ တျခား ေ႐ြးခ်ယ္စရာပစ္မွတ္ေတြကို ေခၚယူသြားမွာမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ ေပါလ္ မာဆန္က စပိန္လူမ်ိဳးနည္းျပရဲ႕ ေခါင္းမာမႈကို ဂႏၲဝင္နည္းျပႀကီး အာဆင္ဝင္းဂါးနဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး ျပင္သစ္လူမ်ိဳးနည္းျပႀကီးဟာ အမ္းမရိတ္စ္က ေနာက္ပိုင္းႏွစ္ေတြမွာ အသင္းအတြက္ အသည္းအသန္လိုအပ္ေနခဲ့တာေတာင္မွပဲ ႀကီးမားတဲ့အေျပာင္းအေ႐ႊ႕ေတြ ျပဳလုပ္ဖို႔ ျငင္းဆန္ခဲ့သူျဖစ္ပါတယ္။

“သူတို႔ရဲ႕ ဇန္နဝါရီအေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ရင္ အခု သူတို႔ေတြ တစ္စုံတေယာက္ကို ဝယ္ယူခဲ့မယ္ဆိုရင္ ကြၽန္ေတာ္ အံ့ဩမိမွာပါ။ သူတို႔ေတြ အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲကို ဝင္ဖို႔ အစီအစဥ္ရွိခဲ့တယ္ဆိုရင္ ဘာေၾကာင့္ ဒီလအေစာပိုင္းကတည္းက မလုပ္ခဲ့သလဲ။ ဒါေၾကာင့္ပဲ သူတို႔ေတြ အိုင္ဗန္တိုနီကို ေခၚမယ္လို႔ ကြၽန္ေတာ္ မထင္တာပါ။ အာတီတာရဲ႕ အခု လက္ရွိ အာဆင္နယ္က အေျခအေနက ကြၽန္ေတာ့္ကို အာဆင္ဝင္းဂါးေခတ္ေႏွာင္းပိုင္းကို အမွတ္ရေစတယ္။ အားလုံးလည္း အဲဒီအခ်ိန္တုန္းက ဝင္းဂါးက ဗဟိုခံစစ္ကစားသမားလိုအပ္ေနေပမယ့္လည္း နည္းနည္း ေခါင္းမာခဲ့ၿပီး အေျပာင္းအေ႐ႊ႕ေစ်းကြက္ထဲဝင္ဖို႔ ျငင္းပယ္ခဲ့တာ သိခဲ့မွာပါ။ အာတီတာလည္း အခု အသင္းကို ဆုဖလားၿပိဳင္ပြဲမွာ အားတက္စရာျဖစ္ေစမယ့္ အေထာင္တိုက္စစ္မႉးလိုအပ္ေနေပမယ့္ အခုအခ်ိန္အထိ တစ္ေယာက္ေတာင္ သူေခၚဖို႔ တြန႔္ဆုတ္ေနတုန္းပဲ။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.