Premier League

ဘုန်းမောက်နဲ့လီဗာပူးလ်ပွဲကို အံ့အားသင့်ဖွယ်ဟောကိန်းထုတ်ခဲ့တဲ့ ဆပ်တန်

ဘောလုံးဝေဖန်သုံးသပ်သူ ခရစ္စ ဆပ်တန်က တနင်္ဂနွေနေ့မှာ ဘုန်းမောက် အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမယ့် လီဗာပူးလ်ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ရလဒ်ကို ဟောကိန်းထုတ်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပရီးမီးယားလိဂ်ပွဲ ၂၀ ကနေ ၄၅ မှတ် ရရှိခဲ့ပြီးနောက် အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ မန်ချက်စတာစီးတီးထက် ၂ မှတ်အသာနဲ့ ရပ်တည်နေတာဖြစ်ပေမယ့်လည်း နိုင်ငံတကာပွဲစဉ်တွေနဲ့ ဒဏ်ရာပြဿနာတွေကြောင့် အဓိကကစားသမားအချို့ကို လက်လွှတ်ထားရတာဖြစ်ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ အီဂျစ်နဲ့ အာဖရိကဖလားသွားကစားနေတဲ့ မိုဟာမက် ဆာလား၊ ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ အာနိုးတို့လို အဓိကကကစားသမားတွေမပါဝင်ဘဲ ဘုန်းမောက်ကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ဆပ်တန်က ဒီကစားသမား ၂ ဦးမပါဝင်မှုက လီဗာပူးလ်အတွက် ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာနိုင်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“မန်ချက်စတာစီးတီးက အာလင်း ဟာလန်း မပါဘဲ ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ဘယ်လိုလုပ်ခဲ့ရလဲဆိုတာ ကျွန်တော်တို့ မြင်ခဲ့တယ်။ အခု မိုဟာမက် ဆာလားမပါဘဲ ရင်ဆိုင်ဖြေရှင်းဖို့ လီဗာပူးလ် အလှည့်ကျပြီ။ လီဗာပူးလ်က ဒဏ်ရာရနေတဲ့ အာနိုး မပါဘဲလည်း ကစားသွားရမှာပါ။ အဲဒါက နောက်ထပ်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပြီး အထူးသဖြင့် ဒီလိုမျိုး အန္တရာယ်များတဲ့ပွဲအတွက်ပေ့ါ။ ကျွန်တော် လီဗာပူးလ်အနိုင်ရဖို့ မျှော်လင့်တယ်။ အာဆင်နယ် ပဲလေ့စ်ကို အနိုင်ရဖို့ မျှော်လင့်ထားသလိုပဲပေ့ါ။ ဘာလို့လဲဆိုတော့ ကျွန်တော် ဆုဖလားပြိုင်ပွဲကို ဆုံးတဲ့အထိ ဒီတိုင်း ဆက်သွားတာ မြင်ချင်လို့ဖြစ်ပြီး စီးတီးရဲ့ခြေစွမ်းကလည်း စပြီးတော့ ခြိမ်းခြောက်မှုရှိလာတဲ့ပုံပေါ်လာပြီမို့လို့ပါ။ လက်ရှိချန်ပီယံတွေက သူတို့ရဲ့ တိုက်စစ်အတွက် အားတက်စရာအဖြစ် ကီဗင် ဒီဘရိုင်းနားကို ပြန်ရခဲ့ပြီးပြီဖြစ်ပြီး သူတို့တွေ အာလန်းသာ ပြန်ကြံ့ခိုင်လာရင် နောက်ထပ် အားတက်စရာတစ်ခုဖြစ်လာဦးမှာပါ။”

ကလော့ပ်ရဲ့အသင်းအတွက် ခက်ခဲတဲ့စမ်းသပ်ချက်ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ ဆပ်တန်က အီရာအိုလာရဲ့အသင်းဟာ စပါးစ်ကို မကြာသေးမီက ရှုံးနိမ့်ခဲ့ပေမယ့်လည်း အထင်ကြီးစရာကောင်းခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

“ဒါက ကလော့ပ်ရဲ့အသင်းအတွက် စစ်မှန်တဲ့ စမ်းသပ်မှုတစ်ခုဖြစ်လာတော့မှာပါ။ ဘုန်းမောက်က နောက်ဆုံးလိဂ်ပွဲမှာ စပါးစ်ကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း သူတို့တွေ အဲဒီပွဲကို အနိုင်ရဖို့ လုံလောက်တဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ ဘုန်းမောက်နည်းပြ အီရာအိုလာကို အစတုန်းက ကျွန်တော် နည်းနည်းသံသယဖြစ်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ ဂယ်ရီ အိုနေးလ်က နွေရာသီမှာ အထုတ်မခံရသင့်ဘဲ အထုတ်ခံခဲ့ရလို့ပါ။ ဒါပေမယ့် ရာသီကို နှေးကွေးစွာ စတင်ခဲ့ပြီးနောက် သူက နည်းပြသစ်တွေက သူတို့ရဲ့ စိတ်ကူးအတိုင်း ပုံဖော်နိုင်ဖို့ အမြဲတမ်း အချိန်ဘာကြောင့်ပေးသင့်လဲဆိုတာကို ပြသခဲ့ပါတယ်။ အဲဒီ စပါးစ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမတိုင်ခင် ဘုန်းမောက်က နောက်ဆုံး ပရီးမီးယားလိဂ် ၈ ပွဲမှာ နိုင်ပွဲ ၇ ပွဲနဲ့ သရေ ၁ ပွဲရခဲ့တယ်။ သူတို့တွေ ကောင်းကောင်း စုဖွဲ့ထားပြီး လီဗာပူးလ်ကို ဖိအားပေးဖို့ ကြံစည်နေမှာပါ။ ကျွန်တော်ကတော့ သူတို့ ဒီပွဲကနေ တစ်စုံတရာ ရသွားလိမ့်မယ်လို့ ခံစားချက်ရှိနေပါတယ်(၁-၁)”လို့ ပြောကြားခဲ့ပါတယ်။

ဘုန်းမောက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ရမှတ် ၂၅ မှတ်နဲ့ အဆင့် ၁၂ နေရာမှာရပ်တည်နေပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဘာလုံးေဝဖန္သုံးသပ္သူ ခရစၥ ဆပ္တန္က တနဂၤေႏြေန႔မွာ ဘုန္းေမာက္ အိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ လီဗာပူးလ္ရဲ႕ ပရီးမီးယားလိဂ္ပြဲစဥ္ ရလဒ္ကို ေဟာကိန္းထုတ္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ ပရီးမီးယားလိဂ္ပြဲ ၂၀ ကေန ၄၅ မွတ္ ရရွိခဲ့ၿပီးေနာက္ အမွတ္ေပးဇယားထိပ္ဆုံးေနရာမွာ မန္ခ်က္စတာစီးတီးထက္ ၂ မွတ္အသာနဲ႔ ရပ္တည္ေနတာျဖစ္ေပမယ့္လည္း ႏိုင္ငံတကာပြဲစဥ္ေတြနဲ႔ ဒဏ္ရာျပႆနာေတြေၾကာင့္ အဓိကကစားသမားအခ်ိဳ႕ကို လက္လႊတ္ထားရတာျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ အီဂ်စ္နဲ႔ အာဖရိကဖလားသြားကစားေနတဲ့ မိုဟာမက္ ဆာလား၊ ဒူးဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ အာႏိုးတို႔လို အဓိကကကစားသမားေတြမပါဝင္ဘဲ ဘုန္းေမာက္ကို ရင္ဆိုင္သြားရမွာျဖစ္ၿပီး ဆပ္တန္က ဒီကစားသမား ၂ ဦးမပါဝင္မႈက လီဗာပူးလ္အတြက္ ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္လာႏိုင္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“မန္ခ်က္စတာစီးတီးက အာလင္း ဟာလန္း မပါဘဲ ၿပီးခဲ့တဲ့ရက္သတၱပတ္အနည္းငယ္အတြင္းမွာ ဘယ္လိုလုပ္ခဲ့ရလဲဆိုတာ ကြၽန္ေတာ္တို႔ ျမင္ခဲ့တယ္။ အခု မိုဟာမက္ ဆာလားမပါဘဲ ရင္ဆိုင္ေျဖရွင္းဖို႔ လီဗာပူးလ္ အလွည့္က်ၿပီ။ လီဗာပူးလ္က ဒဏ္ရာရေနတဲ့ အာႏိုး မပါဘဲလည္း ကစားသြားရမွာပါ။ အဲဒါက ေနာက္ထပ္ႀကီးမားတဲ့ထိုးႏွက္ခ်က္ျဖစ္ၿပီး အထူးသျဖင့္ ဒီလိုမ်ိဳး အႏၲရာယ္မ်ားတဲ့ပြဲအတြက္ေပ့ါ။ ကြၽန္ေတာ္ လီဗာပူးလ္အႏိုင္ရဖို႔ ေမွ်ာ္လင့္တယ္။ အာဆင္နယ္ ပဲေလ့စ္ကို အႏိုင္ရဖို႔ ေမွ်ာ္လင့္ထားသလိုပဲေပ့ါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ ဆုဖလားၿပိဳင္ပြဲကို ဆုံးတဲ့အထိ ဒီတိုင္း ဆက္သြားတာ ျမင္ခ်င္လို႔ျဖစ္ၿပီး စီးတီးရဲ႕ေျခစြမ္းကလည္း စၿပီးေတာ့ ၿခိမ္းေျခာက္မႈရွိလာတဲ့ပုံေပၚလာၿပီမို႔လို႔ပါ။ လက္ရွိခ်န္ပီယံေတြက သူတို႔ရဲ႕ တိုက္စစ္အတြက္ အားတက္စရာအျဖစ္ ကီဗင္ ဒီဘ႐ိုင္းနားကို ျပန္ရခဲ့ၿပီးၿပီျဖစ္ၿပီး သူတို႔ေတြ အာလန္းသာ ျပန္ႀကံ့ခိုင္လာရင္ ေနာက္ထပ္ အားတက္စရာတစ္ခုျဖစ္လာဦးမွာပါ။”

ကေလာ့ပ္ရဲ႕အသင္းအတြက္ ခက္ခဲတဲ့စမ္းသပ္ခ်က္ျဖစ္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တဲ့ ဆပ္တန္က အီရာအိုလာရဲ႕အသင္းဟာ စပါးစ္ကို မၾကာေသးမီက ရႈံးနိမ့္ခဲ့ေပမယ့္လည္း အထင္ႀကီးစရာေကာင္းခဲ့တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

“ဒါက ကေလာ့ပ္ရဲ႕အသင္းအတြက္ စစ္မွန္တဲ့ စမ္းသပ္မႈတစ္ခုျဖစ္လာေတာ့မွာပါ။ ဘုန္းေမာက္က ေနာက္ဆုံးလိဂ္ပြဲမွာ စပါးစ္ကို ရႈံးနိမ့္ခဲ့ေပမယ့္လည္း သူတို႔ေတြ အဲဒီပြဲကို အႏိုင္ရဖို႔ လုံေလာက္တဲ့ ဖန္တီးမႈေတြ ျပဳလုပ္ႏိုင္ခဲ့တယ္။ ဘုန္းေမာက္နည္းျပ အီရာအိုလာကို အစတုန္းက ကြၽန္ေတာ္ နည္းနည္းသံသယျဖစ္မိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ဂယ္ရီ အိုေနးလ္က ေႏြရာသီမွာ အထုတ္မခံရသင့္ဘဲ အထုတ္ခံခဲ့ရလို႔ပါ။ ဒါေပမယ့္ ရာသီကို ေႏွးေကြးစြာ စတင္ခဲ့ၿပီးေနာက္ သူက နည္းျပသစ္ေတြက သူတို႔ရဲ႕ စိတ္ကူးအတိုင္း ပုံေဖာ္ႏိုင္ဖို႔ အၿမဲတမ္း အခ်ိန္ဘာေၾကာင့္ေပးသင့္လဲဆိုတာကို ျပသခဲ့ပါတယ္။ အဲဒီ စပါးစ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမတိုင္ခင္ ဘုန္းေမာက္က ေနာက္ဆုံး ပရီးမီးယားလိဂ္ ၈ ပြဲမွာ ႏိုင္ပြဲ ၇ ပြဲနဲ႔ သေရ ၁ ပြဲရခဲ့တယ္။ သူတို႔ေတြ ေကာင္းေကာင္း စုဖြဲ႕ထားၿပီး လီဗာပူးလ္ကို ဖိအားေပးဖို႔ ႀကံစည္ေနမွာပါ။ ကြၽန္ေတာ္ကေတာ့ သူတို႔ ဒီပြဲကေန တစ္စုံတရာ ရသြားလိမ့္မယ္လို႔ ခံစားခ်က္ရွိေနပါတယ္(၁-၁)”လို႔ ေျပာၾကားခဲ့ပါတယ္။

ဘုန္းေမာက္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားမွာ ရမွတ္ ၂၅ မွတ္နဲ႔ အဆင့္ ၁၂ ေနရာမွာရပ္တည္ေနေပမယ့္လည္း ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ၄ ပြဲအထိ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.