Premier League

လီဗာပူးလ်နဲ့အာဆင်နယ်တို့ပွဲမှာ ဒိုင်တွေအမှားလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ ဟောင်းဝပ်ဝက်ဘ်

ဒိုင်လူကြီးအဖွဲ့ချုပ်ဥက္ကဌ ဟောင်းဝပ်ဝက်ဘ်က လီဗာပူးလ်ဟာ ပြီးခဲ့တဲ့လက အန်းဖီးမှာ ကစားခဲ့တဲ့ပွဲစဉ်အတွင်း မာတင် အော်ဒီဂွါဒ်ရဲ့ လက်ထိဘောကြောင့် ပင်နယ်တီ ရခဲ့သင့်တယ်လို့ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ဟာ ဘောလုံးကို လက်နဲ့ ရှင်းရှင်းလင်းလင်း ထိသွားခဲ့ပေမယ့်လည်း ဒိုင်လူကြီး ခရစ္စ ကက်ဗနာက VAR နဲ့ ပြန်လည်စစ်ဆေးခဲ့ပြီးနောက် ပင်နယ်တီမပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ ကြီးကြီးမားမား အငြင်းပွားစရာကိစ္စ ဖြစ်ခဲ့တာကြောင့် လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ပင်နယ်တီ ပေးခဲ့သင့်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း အော်ဒီဂွါကတော့ ခြေချော်လဲပြီး လက်ထောက်လိုက်ချိန်မှာ ဘောလုံးကို ထိမိသွားတာလို့ ကာကွယ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

The Match Officials Mic’d Up show မှာ အော်ဒီဂွါဒ် ခြေချော်လဲသွားခဲ့တာကြောင့် ပင်နယ်တီ မပေးဖို့ ဆုံးဖြတ်ခဲ့တဲ့ VAR ရဲ့ အသံဖိုင်ကို ပြန်လည်ဖွင့်ပြခဲ့ပေမယ့်လည်း အများစုကတော့ အာဆင်နယ်အသင်းခေါင်းဆောင်ဟာ ချော်လဲရောထိုင် ဘောလုံးကို လက်နဲ့တမင်ပုတ်ခဲ့တာလို့ ထင်မြင်ခဲ့ကြပါတယ်။

“ဒီကိစ္စက ကျွန်တော်တို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့တဲ့ကိစ္စတစ်ခုလို့ ကျွန်တော် ထင်တယ်။ သူက ဘောလုံးဆီ လက်ကို ပြန်ပို့ခဲ့ပြီး ကြီးမားတဲ့ အခွင့်ကောင်းကို ရယူခဲ့တယ်။ နောက်ပိုင်းမှာ ကျွန်တော်တို့ ပြန်ရခဲ့တဲ့ တုံ့ပြန်မှုအားလုံးက ပင်နယ်တီကို မျှော်လင့်ခဲ့ကြတာဖြစ်ပြီး ကျွန်တော်လည်း သဘောတူပါတယ်။”လို့ ဟောင်းဝပ် ဝက်ဘ်က ပြောကြားခဲ့ပါတယ်။

အာဆင်နယ်နဲ့ လီဗာပူးလ်တို့ပွဲက ဆုံးဖြတ်ချက်ဟာ ကြီးမားတဲ့ အမှားအယွင်းတစ်ခု ဖြစ်ခဲ့ပုံပေါ်ပြီး ဟောင်းဝပ် ဝက်ဘ်က သောကြာနေ့ညက ဘန်လေနဲ့ပွဲမှာ လူတန်ရဲ့ နောက်ကျချေပဂိုးဟာ ခွင့်ပြုပေးဖို့ ထိုက်တန်ခဲ့တယ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။

အက်ဖ်အေရဲ့ လက်ထိပြစ်ဒဏ်ဘောနဲ့ပတ်သက်ပြီး ပြိုင်ပွဲဥပဒေများဆိုင်ရာ လက်စွဲစာအုပ်မှာ “ကစားသမားသည် ဘောလုံးကို ရည်ရွယ်ချက်ရှိရှိ သူ၏ လက်၊ လက်မောင်းတို့နဲ့ ထိမိပါက ဥပမာအားဖြင့် ဘောလုံးဆီကို လက်က ရွေ့လျားသွားခဲ့လျှင် ပြစ်မှုမြောက်ပါတယ်။ ခန္ဓာကိုယ်ကို သာမန်မဟုတ်ဘဲ ပိုမိုကြီးမားအောင် ပြုလုပ်ထားတဲ့အချိန်မှာ လက်၊ လက်မောင်းတို့နဲ့ ထိမိလျှင် ပြစ်မှုမြောက်ပါတယ်။ ကစားသမားဟာ သူတို့ရဲ့ လက်၊ လက်မောင်းက အချို့အခြေအနေအတွက် ခန္ဓာကိုယ်လှုပ်ရှားမှု အကျိုးဆက်ကြောင့်မဟုတ်ဘဲ ခန္ဓာကိုယ်ကို သဘာဝအတိုင်းမဟုတ်ဘဲ ပိုမိုကြီးမားအောင် ပြုလုပ်ထားတယ်လို့ ယူဆခြင်းခံရမည်။ အဲဒီလို အနေအထားမှာ လက်၊ လက်မောင်းကို ဘောလုံးထိမှန်လျှင် ပြစ်ဒဏ်ပေးခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်”လို့ ဖော်ပြထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒိုင္လူႀကီးအဖြဲ႕ခ်ဳပ္ဥကၠဌ ေဟာင္းဝပ္ဝက္ဘ္က လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့လက အန္းဖီးမွာ ကစားခဲ့တဲ့ပြဲစဥ္အတြင္း မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ လက္ထိေဘာေၾကာင့္ ပင္နယ္တီ ရခဲ့သင့္တယ္လို႔ ဝန္ခံခဲ့ပါတယ္။

အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ဟာ ေဘာလုံးကို လက္နဲ႔ ရွင္းရွင္းလင္းလင္း ထိသြားခဲ့ေပမယ့္လည္း ဒိုင္လူႀကီး ခရစၥ ကက္ဗနာက VAR နဲ႔ ျပန္လည္စစ္ေဆးခဲ့ၿပီးေနာက္ ပင္နယ္တီမေပးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ ႀကီးႀကီးမားမား အျငင္းပြားစရာကိစၥ ျဖစ္ခဲ့တာေၾကာင့္ လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က ပင္နယ္တီ ေပးခဲ့သင့္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း ေအာ္ဒီဂြါကေတာ့ ေျခေခ်ာ္လဲၿပီး လက္ေထာက္လိုက္ခ်ိန္မွာ ေဘာလုံးကို ထိမိသြားတာလို႔ ကာကြယ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

The Match Officials Mic’d Up show မွာ ေအာ္ဒီဂြါဒ္ ေျခေခ်ာ္လဲသြားခဲ့တာေၾကာင့္ ပင္နယ္တီ မေပးဖို႔ ဆုံးျဖတ္ခဲ့တဲ့ VAR ရဲ႕ အသံဖိုင္ကို ျပန္လည္ဖြင့္ျပခဲ့ေပမယ့္လည္း အမ်ားစုကေတာ့ အာဆင္နယ္အသင္းေခါင္းေဆာင္ဟာ ေခ်ာ္လဲေရာထိုင္ ေဘာလုံးကို လက္နဲ႔တမင္ပုတ္ခဲ့တာလို႔ ထင္ျမင္ခဲ့ၾကပါတယ္။

“ဒီကိစၥက ကြၽန္ေတာ္တို႔ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္ မခ်မွတ္ႏိုင္ခဲ့တဲ့ကိစၥတစ္ခုလို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ေဘာလုံးဆီ လက္ကို ျပန္ပို႔ခဲ့ၿပီး ႀကီးမားတဲ့ အခြင့္ေကာင္းကို ရယူခဲ့တယ္။ ေနာက္ပိုင္းမွာ ကြၽန္ေတာ္တို႔ ျပန္ရခဲ့တဲ့ တုံ႔ျပန္မႈအားလုံးက ပင္နယ္တီကို ေမွ်ာ္လင့္ခဲ့ၾကတာျဖစ္ၿပီး ကြၽန္ေတာ္လည္း သေဘာတူပါတယ္။”လို႔ ေဟာင္းဝပ္ ဝက္ဘ္က ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔ပြဲက ဆုံးျဖတ္ခ်က္ဟာ ႀကီးမားတဲ့ အမွားအယြင္းတစ္ခု ျဖစ္ခဲ့ပုံေပၚၿပီး ေဟာင္းဝပ္ ဝက္ဘ္က ေသာၾကာေန႔ညက ဘန္ေလနဲ႔ပြဲမွာ လူတန္ရဲ႕ ေနာက္က်ေခ်ပဂိုးဟာ ခြင့္ျပဳေပးဖို႔ ထိုက္တန္ခဲ့တယ္လို႔ ရွင္းရွင္းလင္းလင္း ေျပာၾကားခဲ့ပါတယ္။

အက္ဖ္ေအရဲ႕ လက္ထိျပစ္ဒဏ္ေဘာနဲ႔ပတ္သက္ၿပီး ၿပိဳင္ပြဲဥပေဒမ်ားဆိုင္ရာ လက္စြဲစာအုပ္မွာ “ကစားသမားသည္ ေဘာလုံးကို ရည္႐ြယ္ခ်က္ရွိရွိ သူ၏ လက္၊ လက္ေမာင္းတို႔နဲ႔ ထိမိပါက ဥပမာအားျဖင့္ ေဘာလုံးဆီကို လက္က ေ႐ြ႕လ်ားသြားခဲ့လွ်င္ ျပစ္မႈေျမာက္ပါတယ္။ ခႏၶာကိုယ္ကို သာမန္မဟုတ္ဘဲ ပိုမိုႀကီးမားေအာင္ ျပဳလုပ္ထားတဲ့အခ်ိန္မွာ လက္၊ လက္ေမာင္းတို႔နဲ႔ ထိမိလွ်င္ ျပစ္မႈေျမာက္ပါတယ္။ ကစားသမားဟာ သူတို႔ရဲ႕ လက္၊ လက္ေမာင္းက အခ်ိဳ႕အေျခအေနအတြက္ ခႏၶာကိုယ္လႈပ္ရွားမႈ အက်ိဳးဆက္ေၾကာင့္မဟုတ္ဘဲ ခႏၶာကိုယ္ကို သဘာဝအတိုင္းမဟုတ္ဘဲ ပိုမိုႀကီးမားေအာင္ ျပဳလုပ္ထားတယ္လို႔ ယူဆျခင္းခံရမည္။ အဲဒီလို အေနအထားမွာ လက္၊ လက္ေမာင္းကို ေဘာလုံးထိမွန္လွ်င္ ျပစ္ဒဏ္ေပးခံရႏိုင္တဲ့ အႏၲရာယ္ရွိပါတယ္”လို႔ ေဖာ္ျပထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.