Ligue1

လီဗာပူးလ်အသင်း ပူးတွဲပိုင်ရှင်နဲ့ ဆက်ဆံရေးကို ဝန်ခံချက်ပေးခဲ့တဲ့ အမ်ဘာပေ

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေဟာ လီဘရွန် ဂျိမ်းစ်ဟာ ၎င်းအတွက် ဆက်လက်ပြီး အားကျအတုယူစရာအဖြစ် ရှိနေပြီး အန်ဘီအေကစားသမားကို ကစားသမားဘဝအတွက် အကြံဉာဏ်တွေ ပုံမှန်တောင်းခံလေ့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေနဲ့ လီဘရွန် ဂျိမ်းစ်တို့ဟာ ၂၀၁၈ ခုနှစ်ကတည်းက ရင်းနှီးမှုပိုမို ကြီးထွားလာခဲ့တာဖြစ်ပြီး အားကစားကြယ်ပွင့် ၂ ဦးဟာ နယူးယောက်မြို့က Nike ပွဲမှာ ပထမဆုံးအကြိမ် စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီနှစ်မှာ အမ်ဘာပေဟာ မိုနာကိုကနေ အငှားနဲ့ ကနဦး ပြောင်းရွှေ့ခဲ့တဲ့ ပီအက်စ်ဂျီနဲ့ အပြီးသတ် စာချုပ်ချုပ်ဆိုခဲ့ပြီး လီဘရွန်ဂျိမ်းစ်ကတော့ ကလိဗ်လန်း ကာဗာလီယာစ်နဲ့ ဒုတိယအကြိမ် ပူးပေါင်းခဲ့ပြီးနောက် အယ်လ်အေလိတ်ကာစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ အန်ဘီအေပရိသတ်ဖြစ်ပြီး လီဘရွန်ဂျိမ်းစ်က လီဗာပူးလ်ကို ပိုင်ဆိုင်တဲ့ အမေရိကန်အားကစားကုမ္ပဏီဖြစ်တဲ့ ဖန်းဝေးအားကစားအုပ်စုရဲ့ ရင်းနှီးမြှုပ်နှံသူအဖြစ်နဲ့ ဘောလုံးကို စိတ်ဝင်စားသူဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ဝန်ခံပြောဆိုချက်ဟာ လီဗာပူးလ်က အသက် ၂၅ နှစ်အရွယ်ကစားသမား ပြောင်းရွှေ့မယ့် နေရာအဖြစ် ကောလာလဟတွေကို ပိုမို အရှိန်မြင့်စေခဲ့ပေမယ့်လည်း ပီအက်စ်ဂျီက တစ်ရာသီကို ပေါင် ၈၆.၁၅ သန်းတန်ကြေးရှိတဲ့ စာချုပ်နဲ့ ပြင်သစ်တိုက်စစ်မှူးကို ပြန်လည် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်ဘောလုံးလောကရဲ့ မျက်နှာဖုံးဖြစ်ပြီး ကမ္ဘာတလွှားမှာလည်း အကြီးမားဆုံး အားကစားကြယ်ပွင့်တွေထဲက တစ်ဦးအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ အမ်ဘာပေဟာ လက်ရွေးစင်အသင်း ခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ နေမာရော မက်ဆီကိုပါ ထွက်ခွာခွင့်ပေးခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားခဲ့တဲ့ ပီအက်စ်ဂျီရဲ့ တိုက်စစ်ကိုလည်း ဦးဆောင်နေတာဖြစ်ပါတယ်။

Nike နဲ့ စပွန်ဆာ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့အချိန်ကတည်းက အမ်ဘာပေနဲ့ ဂျိမ်းစ်တို့ကြားမှာ ရင်းနှီးမှုက ကြီးထွားလာခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးဟာ Nike နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်ပါတယ်။

အမ်ဘာပေက နောက်ဆုံးမှာတော့ အန်ဘီဘေလောကမှာ အထင်ကရအဖြစ်ဆုံး ကစားသမားနဲ့ ၎င်းရဲ့ ဆက်ဆံရေးအကြောင်းကို ဖွင့်ဟခဲ့ပြီး လီဘရွန် ဂျိမ်းစ်ဟာ ၎င်းရဲ့ ကစားသမားဘဝ ဆုံးဖြတ်ချက်တွေအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိတယ်လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။

“သူက ကစားသမားဘဝမှာ ကျွန်တော့်ထက် အများကြီး ပိုအဆင့်မြင့်ပြီး အားကစားလောကအပြင်ဘက် စီမံကိန်းတွေမှာလည်း ဂန္တဝင်အဖြစ်နဲ့ သူ့နေရာက အခိုင်အမာ ရရှိထားပြီးသားပါ။ ဒီလို လေးစားစရာ အရည်အသွေးတွေနဲ့လူမျိုးဆီကနေ ကျွန်တော့်ရဲ့ စီမံကိန်းတွေကို ချိန်ညှိနိုင်ဖို့နဲ့ ဒီနေ့လူငယ်တွေအတွက် အကျိုးသက်ရောက်မှုရှိနိုင်သလောက် ရှိအောင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်အရာတွေကို ဖန်တီးဖို့ အကြံဉာဏ်တောင်းခံခွင့်ရခဲ့ပါတယ်။ ဒီလိုစီမံကိန်းတွေက ကျွန်တော်နဲ့အတူ ကြီးထွားလာပြီး ကျွန်တော့်ကို ဂုဏ်ယူရစေပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ လူမှုရေးဆိုင်ရာ ကတိကဝတ်တွေကို နားလည်ပြီး စိတ်ချယုံကြည်ရတဲ့ လက်တွဲဖော်တွေနဲ့ ပြောဆိုဆွေးနွေးတွေ၊ မျှဝေမှုတွေ ပြုလုပ်နိုင်တာက ကျွန်တော့်အတွက် ပိုပြီး အရေးပါတဲ့ တန်ဖိုးထားစရာပါ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေနဲ့ ဂျိမ်းစ်တို့ဟာ ကစားသမားဘဝမှာ မတူညီတဲ့ အဆင့်မှာ ရှိနေကြသူတွေဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးက ကစားသမားဘဝ အကောင်းဆုံးအချိန်ကို ဝင်ရောက်နေချိန်မှာ လိတ်ကာစ်ဂန္တဝင်ကတော့ မဝေးလှတဲ့အချိန်မှာ ကစားသမားဘဝကနေ အနားယူဖို့ စဉ်းစားတော့မှာ ဖြစ်ပါတယ်။

ဂျိမ်းစ်ဟာ အန်ဘီအေချန်ပီယံရှစ်ကို ဆွတ်ခူးခဲ့ပြီး ပြိုင်ပွဲတလျှောက် အကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိ ရရှိခဲ့သလို အမ်ဘာပေကလည်း ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်နဲ့အတူ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တာဖြစ်ပါတယ်။

ဂျိမ်းစ်အတွက်တော့ အမ်ဘာပေဟာ အရင်းနှီးဆုံး မိတ်ဆွေအဖြစ် ဆက်ရှိနေဦးမှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးသာ လီဗာပူးလ်ကို ပြောင်းခဲ့ရင် ၎င်းရဲ့ ရှယ်ယာတန်ဖိုးက ကြီးကြီးမားမား မြင့်တက်လာမှာဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်ကလပ်အနေနဲ့ ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုအတိုင်း လိုက်ကမ်းလှမ်းဖို့ မဖြစ်နိုင်ပါဘူး။

အမ်ဘာပေဟာ ယခုရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီက ကြယ်ပွင့်တိုက်စစ်မှူးကို ပြန်လည်စာချုပ် ချုပ်ဆိုနိုင်ဖို့နဲ့ ရီးရဲလ်မက်ဒရစ်ဆီကနေ စိတ်ဝင်စားမှုကို ကာကွယ်နိုင်အောင် လုပ်နိုင်သမျှ အစွမ်းကုန် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပဟာ လီဘ႐ြန္ ဂ်ိမ္းစ္ဟာ ၎အတြက္ ဆက္လက္ၿပီး အားက်အတုယူစရာအျဖစ္ ရွိေနၿပီး အန္ဘီေအကစားသမားကို ကစားသမားဘဝအတြက္ အႀကံဉာဏ္ေတြ ပုံမွန္ေတာင္းခံေလ့ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အမ္ဘာေပနဲ႔ လီဘ႐ြန္ ဂ်ိမ္းစ္တို႔ဟာ ၂၀၁၈ ခုႏွစ္ကတည္းက ရင္းႏွီးမႈပိုမို ႀကီးထြားလာခဲ့တာျဖစ္ၿပီး အားကစားၾကယ္ပြင့္ ၂ ဦးဟာ နယူးေယာက္ၿမိဳ႕က Nike ပြဲမွာ ပထမဆုံးအႀကိမ္ စတင္ေတြ႕ဆုံခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီႏွစ္မွာ အမ္ဘာေပဟာ မိုနာကိုကေန အငွားနဲ႔ ကနဦး ေျပာင္းေ႐ႊ႕ခဲ့တဲ့ ပီအက္စ္ဂ်ီနဲ႔ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး လီဘ႐ြန္ဂ်ိမ္းစ္ကေတာ့ ကလိဗ္လန္း ကာဗာလီယာစ္နဲ႔ ဒုတိယအႀကိမ္ ပူးေပါင္းခဲ့ၿပီးေနာက္ အယ္လ္ေအလိတ္ကာစ္အသင္းကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ အန္ဘီေအပရိသတ္ျဖစ္ၿပီး လီဘ႐ြန္ဂ်ိမ္းစ္က လီဗာပူးလ္ကို ပိုင္ဆိုင္တဲ့ အေမရိကန္အားကစားကုမၸဏီျဖစ္တဲ့ ဖန္းေဝးအားကစားအုပ္စုရဲ႕ ရင္းႏွီးျမႇဳပ္ႏွံသူအျဖစ္နဲ႔ ေဘာလုံးကို စိတ္ဝင္စားသူျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ ဝန္ခံေျပာဆိုခ်က္ဟာ လီဗာပူးလ္က အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမား ေျပာင္းေ႐ႊ႕မယ့္ ေနရာအျဖစ္ ေကာလာလဟေတြကို ပိုမို အရွိန္ျမင့္ေစခဲ့ေပမယ့္လည္း ပီအက္စ္ဂ်ီက တစ္ရာသီကို ေပါင္ ၈၆.၁၅ သန္းတန္ေၾကးရွိတဲ့ စာခ်ဳပ္နဲ႔ ျပင္သစ္တိုက္စစ္မႉးကို ျပန္လည္ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။

အမ္ဘာေပဟာ ျပင္သစ္ေဘာလုံးေလာကရဲ႕ မ်က္ႏွာဖုံးျဖစ္ၿပီး ကမာၻတလႊားမွာလည္း အႀကီးမားဆုံး အားကစားၾကယ္ပြင့္ေတြထဲက တစ္ဦးအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။ အမ္ဘာေပဟာ လက္ေ႐ြးစင္အသင္း ေခါင္းေဆာင္အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီကုန္မွာ ေနမာေရာ မက္ဆီကိုပါ ထြက္ခြာခြင့္ေပးခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကို အသင္းမွာ ဆက္လက္ထိန္းသိမ္းထားခဲ့တဲ့ ပီအက္စ္ဂ်ီရဲ႕ တိုက္စစ္ကိုလည္း ဦးေဆာင္ေနတာျဖစ္ပါတယ္။

Nike နဲ႔ စပြန္ဆာ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့အခ်ိန္ကတည္းက အမ္ဘာေပနဲ႔ ဂ်ိမ္းစ္တို႔ၾကားမွာ ရင္းႏွီးမႈက ႀကီးထြားလာခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ Nike နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ဆက္လက္ထြက္ေပၚေနဆဲျဖစ္ပါတယ္။

အမ္ဘာေပက ေနာက္ဆုံးမွာေတာ့ အန္ဘီေဘေလာကမွာ အထင္ကရအျဖစ္ဆုံး ကစားသမားနဲ႔ ၎ရဲ႕ ဆက္ဆံေရးအေၾကာင္းကို ဖြင့္ဟခဲ့ၿပီး လီဘ႐ြန္ ဂ်ိမ္းစ္ဟာ ၎ရဲ႕ ကစားသမားဘဝ ဆုံးျဖတ္ခ်က္ေတြအေပၚမွာ ႀကီးမားတဲ့ လႊမ္းမိုးမႈရွိတယ္လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။

“သူက ကစားသမားဘဝမွာ ကြၽန္ေတာ့္ထက္ အမ်ားႀကီး ပိုအဆင့္ျမင့္ၿပီး အားကစားေလာကအျပင္ဘက္ စီမံကိန္းေတြမွာလည္း ဂႏၲဝင္အျဖစ္နဲ႔ သူ႔ေနရာက အခိုင္အမာ ရရွိထားၿပီးသားပါ။ ဒီလို ေလးစားစရာ အရည္အေသြးေတြနဲ႔လူမ်ိဳးဆီကေန ကြၽန္ေတာ့္ရဲ႕ စီမံကိန္းေတြကို ခ်ိန္ညႇိႏိုင္ဖို႔နဲ႔ ဒီေန႔လူငယ္ေတြအတြက္ အက်ိဳးသက္ေရာက္မႈရွိႏိုင္သေလာက္ ရွိေအာင္ ကြၽန္ေတာ့္ရဲ႕ ကိုယ္ပိုင္အရာေတြကို ဖန္တီးဖို႔ အႀကံဉာဏ္ေတာင္းခံခြင့္ရခဲ့ပါတယ္။ ဒီလိုစီမံကိန္းေတြက ကြၽန္ေတာ္နဲ႔အတူ ႀကီးထြားလာၿပီး ကြၽန္ေတာ့္ကို ဂုဏ္ယူရေစပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ရဲ႕ လူမႈေရးဆိုင္ရာ ကတိကဝတ္ေတြကို နားလည္ၿပီး စိတ္ခ်ယုံၾကည္ရတဲ့ လက္တြဲေဖာ္ေတြနဲ႔ ေျပာဆိုေဆြးေႏြးေတြ၊ မွ်ေဝမႈေတြ ျပဳလုပ္ႏိုင္တာက ကြၽန္ေတာ့္အတြက္ ပိုၿပီး အေရးပါတဲ့ တန္ဖိုးထားစရာပါ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပနဲ႔ ဂ်ိမ္းစ္တို႔ဟာ ကစားသမားဘဝမွာ မတူညီတဲ့ အဆင့္မွာ ရွိေနၾကသူေတြျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးက ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ကို ဝင္ေရာက္ေနခ်ိန္မွာ လိတ္ကာစ္ဂႏၲဝင္ကေတာ့ မေဝးလွတဲ့အခ်ိန္မွာ ကစားသမားဘဝကေန အနားယူဖို႔ စဥ္းစားေတာ့မွာ ျဖစ္ပါတယ္။

ဂ်ိမ္းစ္ဟာ အန္ဘီေအခ်န္ပီယံရွစ္ကို ဆြတ္ခူးခဲ့ၿပီး ၿပိဳင္ပြဲတေလွ်ာက္ အေကာင္းဆုံးကစားသမားဆုကို ၄ ႀကိမ္အထိ ရရွိခဲ့သလို အမ္ဘာေပကလည္း ၂၀၁၈ ကမာၻ႔ဖလားမွာ ျပင္သစ္နဲ႔အတူ ကမာၻ႔ခ်န္ပီယံျဖစ္ခဲ့တာျဖစ္ပါတယ္။

ဂ်ိမ္းစ္အတြက္ေတာ့ အမ္ဘာေပဟာ အရင္းႏွီးဆုံး မိတ္ေဆြအျဖစ္ ဆက္ရွိေနဦးမွာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးသာ လီဗာပူးလ္ကို ေျပာင္းခဲ့ရင္ ၎ရဲ႕ ရွယ္ယာတန္ဖိုးက ႀကီးႀကီးမားမား ျမင့္တက္လာမွာျဖစ္ေပမယ့္လည္း ပရီးမီးယားလိဂ္ကလပ္အေနနဲ႔ ပီအက္စ္ဂ်ီရဲ႕ ကမ္းလွမ္းမႈအတိုင္း လိုက္ကမ္းလွမ္းဖို႔ မျဖစ္ႏိုင္ပါဘူး။

အမ္ဘာေပဟာ ယခုရာသီကုန္မွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီက ၾကယ္ပြင့္တိုက္စစ္မႉးကို ျပန္လည္စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ဖို႔နဲ႔ ရီးရဲလ္မက္ဒရစ္ဆီကေန စိတ္ဝင္စားမႈကို ကာကြယ္ႏိုင္ေအာင္ လုပ္ႏိုင္သမွ် အစြမ္းကုန္ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.