Ligue1

လီဗာပူးလ်ကို ချစ်ပေမယ့်လည်း ပေါင်၁၀ ဘီလီယံ ဝန်ခံချက်ပြုလုပ်ခဲ့တဲ့ အမ်ဘာပေရဲ့မိခင်

လီဗာပူးလ်ဟာ အမ်ဘာပေရဲ့ မိခင်က မာဆေးဆိုဒ်ကလပ်ရဲ့ အမာခံပရိသတ်ဖြစ်ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးကို စျေးပေါပေါနဲ့ ခေါ်ယူလို့ ရနိင်မှာမဟုတ်ဘူးလို့ သတိပေးခြင်း ခံခဲ့ရပါတယ်။

အမ်ဘာပေဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်တာကြောင့် ယခုလမှာ ပြင်သစ်ပြင်ပက ကလပ်တွေနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုနိုင်နေပြီဖြစ်ပါတယ်။ ပြင်သစ်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် သတင်းတွေ အများအပြား ထွက်ပေါ်နေခဲ့ပေမယ့်လည်း လီဗာပူးလ်ကလည်း အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် အခွင့်အရေး ရှိနေတာ ဖြစ်ပါတယ်။

အမ်ဘာပေကို အလွတ်နဲ့ ခေါ်ယူနိုင်မှာဖြစ်ပေမယ့်လည်း စာချုပ်ကတော့ မယုံနိုင်လောက်အောင် စျေးကြီးမှာဖြစ်ပြီး The Telegraph ရဲ့ ဖော်ပြချက်အရ ပြင်သစ်တိုက်စစ်မှူးရဲ့ တစ်နှစ်လုပ်ခလစာဟာ အခွန်ဆောင်အပြီး ယူရို ၇၅ သန်းလောက်ဖြစ်လိမ့်မယ်လို့ သိရပါတယ်။

ဒါကြောင့် အမ်ဘာပေဟာ တစ်ပတ်လုပ်ခလစာ ပေါင် ၁.၂၄ သန်းဝန်းကျင် တောင်းဆိုထားတာဖြစ်ပြီး ပြောင်းရွှေ့ကြေးမရှိတာကြောင့် စာချုပ်လက်မှတ်ထိုးကြေးလည်း သိသိသာသာ များပြားတဲ့ပမာဏကို ပေးချေရမှာဖြစ်ပါတယ်။

အမ်ဘာပေရဲ့မိခင် ဖေဇာ လာမာရီရဲ့ နောက်ဆုံး ပြောဆိုခဲ့တဲ့ မှတ်ချက်က ပီအက်စ်ဂျီကြယ်ပွင့်ကို ခေါ်ယူဖို့ မျှော်လင့်နေတဲ့ လီဗာပူးလ်ပရိသတ်တွေအတွက် ရင်လေးစရာဖြစ်ခဲ့ပြီး သားဖြစ်သူရဲ့ အေးဂျင့်အဖြစ် ဆောင်ရွက်နေတဲ့ လာမာရီက ၂၀၂၂ ခုနှစ်တုန်းက စာချုပ်သစ် ချုပ်ဆိုချိန်တုန်းက ပီအက်စ်ဂျီဆီကနေ ငွေတွေအများကြီးရယူရတာကို အပြစ်ရှိတယ်လို့ မခံစားရဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဘာမှ အပြစ်ရှိသလို မခံစားရဘူး။ ရှက်လည်း မရှက်ပါဘူး။ ကျွန်မတို့ ၁၀ ဘီလီယံရဖို့ရှိတယ်ဆိုရင် ယူရမှာပဲလေ။ ဘာလို့လဲဆိုတော့ အဲဒါကို လိုချင်တဲ့ စနစ်ဖြစ်နေလို့ပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေရဲ့ ကိုယ်စားလှယ်တွေဟာ ညှိနှိုင်းဆွေးနွေးရာမှာ တော်တော် ခေါင်းမာတဲ့သူတွေဖြစ်ပုံပေါ်ပြီး လီဗာပူးလ်အနေနဲ့တော့ လာမာရီက အမာခံပရိသတ်ဖြစ်နေလို့ လျှော့စျေးရနိုင်မှာမဟုတ်တာ သေချာပါတယ်။ ၂၀၂၂ ခုနှစ်တုန်းက The Telegraph နဲ့ စကားပြောဆိုခဲ့ချိန်တုန်းက အမ်ဘာပေဟာ မိုနာကိုကနေ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင်တုန်းက လီဗာပူးလ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ကျွန်တော် လီဗာပူးလ်နဲ့ စကားပြောခဲ့တယ်။ ဘာလို့လဲဆိုတော့ အမေ့ရဲ့ အနှစ်သက်ဆုံးအသင်းဖြစ်နေလို့ပါ။ ကျွန်တော့်အမေက လီဗာပူးလ်ကို ချစ်မြတ်နိုးတယ်။ ဘာကြောင့်လဲ ကျွန်တော် မသိဘူး။ ခင်ဗျား သူ့ကို သွားမေးကြည့်လိုက်လေ။ လီဗာပူးလ်က အသင်းကောင်းတစ်သင်းပါ။ ကျွန်တော်တို့ သူတို့နဲ့ လွန်ခဲ့တဲ့ ၅ နှစ်လောက်က တွေ့ခဲ့ပါတယ်။ ကျွန်တော် မိုနာကိုမှာ ရှိနေတုန်းက သူတို့နဲ့ တွေ့ခဲ့တယ်။ အသင်းကြီးတစ်သင်းပါ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဟာ အမ္ဘာေပရဲ႕ မိခင္က မာေဆးဆိုဒ္ကလပ္ရဲ႕ အမာခံပရိသတ္ျဖစ္ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးကို ေစ်းေပါေပါနဲ႔ ေခၚယူလို႔ ရနိင္မွာမဟုတ္ဘူးလို႔ သတိေပးျခင္း ခံခဲ့ရပါတယ္။

အမ္ဘာေပဟာ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အလြတ္နဲ႔ ထြက္ခြာခြင့္ရရွိေတာ့မွာျဖစ္တာေၾကာင့္ ယခုလမွာ ျပင္သစ္ျပင္ပက ကလပ္ေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ေနၿပီျဖစ္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ သတင္းေတြ အမ်ားအျပား ထြက္ေပၚေနခဲ့ေပမယ့္လည္း လီဗာပူးလ္ကလည္း အမ္ဘာေပကို ေခၚယူႏိုင္ဖို႔အတြက္ အခြင့္အေရး ရွိေနတာ ျဖစ္ပါတယ္။

အမ္ဘာေပကို အလြတ္နဲ႔ ေခၚယူႏိုင္မွာျဖစ္ေပမယ့္လည္း စာခ်ဳပ္ကေတာ့ မယုံႏိုင္ေလာက္ေအာင္ ေစ်းႀကီးမွာျဖစ္ၿပီး The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ျပင္သစ္တိုက္စစ္မႉးရဲ႕ တစ္ႏွစ္လုပ္ခလစာဟာ အခြန္ေဆာင္အၿပီး ယူ႐ို ၇၅ သန္းေလာက္ျဖစ္လိမ့္မယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ အမ္ဘာေပဟာ တစ္ပတ္လုပ္ခလစာ ေပါင္ ၁.၂၄ သန္းဝန္းက်င္ ေတာင္းဆိုထားတာျဖစ္ၿပီး ေျပာင္းေ႐ႊ႕ေၾကးမရွိတာေၾကာင့္ စာခ်ဳပ္လက္မွတ္ထိုးေၾကးလည္း သိသိသာသာ မ်ားျပားတဲ့ပမာဏကို ေပးေခ်ရမွာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕မိခင္ ေဖဇာ လာမာရီရဲ႕ ေနာက္ဆုံး ေျပာဆိုခဲ့တဲ့ မွတ္ခ်က္က ပီအက္စ္ဂ်ီၾကယ္ပြင့္ကို ေခၚယူဖို႔ ေမွ်ာ္လင့္ေနတဲ့ လီဗာပူးလ္ပရိသတ္ေတြအတြက္ ရင္ေလးစရာျဖစ္ခဲ့ၿပီး သားျဖစ္သူရဲ႕ ေအးဂ်င့္အျဖစ္ ေဆာင္႐ြက္ေနတဲ့ လာမာရီက ၂၀၂၂ ခုႏွစ္တုန္းက စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခ်ိန္တုန္းက ပီအက္စ္ဂ်ီဆီကေန ေငြေတြအမ်ားႀကီးရယူရတာကို အျပစ္ရွိတယ္လို႔ မခံစားရဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဘာမွ အျပစ္ရွိသလို မခံစားရဘူး။ ရွက္လည္း မရွက္ပါဘူး။ ကြၽန္မတို႔ ၁၀ ဘီလီယံရဖို႔ရွိတယ္ဆိုရင္ ယူရမွာပဲေလ။ ဘာလို႔လဲဆိုေတာ့ အဲဒါကို လိုခ်င္တဲ့ စနစ္ျဖစ္ေနလို႔ပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပရဲ႕ ကိုယ္စားလွယ္ေတြဟာ ညႇိႏႈိင္းေဆြးေႏြးရာမွာ ေတာ္ေတာ္ ေခါင္းမာတဲ့သူေတြျဖစ္ပုံေပၚၿပီး လီဗာပူးလ္အေနနဲ႔ေတာ့ လာမာရီက အမာခံပရိသတ္ျဖစ္ေနလို႔ ေလွ်ာ့ေစ်းရႏိုင္မွာမဟုတ္တာ ေသခ်ာပါတယ္။ ၂၀၂၂ ခုႏွစ္တုန္းက The Telegraph နဲ႔ စကားေျပာဆိုခဲ့ခ်ိန္တုန္းက အမ္ဘာေပဟာ မိုနာကိုကေန ပီအက္စ္ဂ်ီကို မေျပာင္းေ႐ႊ႕ခင္တုန္းက လီဗာပူးလ္နဲ႔ ေဆြးေႏြးညႇိႏႈိင္းမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ ဝန္ခံေျပာၾကားခဲ့ပါတယ္။

“ကြၽန္ေတာ္ လီဗာပူးလ္နဲ႔ စကားေျပာခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ အေမ့ရဲ႕ အႏွစ္သက္ဆုံးအသင္းျဖစ္ေနလို႔ပါ။ ကြၽန္ေတာ့္အေမက လီဗာပူးလ္ကို ခ်စ္ျမတ္ႏိုးတယ္။ ဘာေၾကာင့္လဲ ကြၽန္ေတာ္ မသိဘူး။ ခင္ဗ်ား သူ႔ကို သြားေမးၾကည့္လိုက္ေလ။ လီဗာပူးလ္က အသင္းေကာင္းတစ္သင္းပါ။ ကြၽန္ေတာ္တို႔ သူတို႔နဲ႔ လြန္ခဲ့တဲ့ ၅ ႏွစ္ေလာက္က ေတြ႕ခဲ့ပါတယ္။ ကြၽန္ေတာ္ မိုနာကိုမွာ ရွိေနတုန္းက သူတို႔နဲ႔ ေတြ႕ခဲ့တယ္။ အသင္းႀကီးတစ္သင္းပါ”လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.