Bundesliga

ပွဲဦးထွက်ဂိုးဖန်တီးမှုနဲ့ တန်ဟက်ရဲ့ ကတုံးကို ထုံးသုတ်လိုက်တဲ့ ဆန်ချို

ဂျေဒန် ဆန်ချိုဟာ ဒေါ့မွန်အသင်းအတွက် ဒုတိယအကြိမ်မြောက် ပွဲဦးထွက် ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်မှာ ချက်ချင်းအကျိုးသက်ရောက်မှု ပြသခဲ့ပြီး ဒမ်စတက်နဲ့ပွဲစဉ်မှာ မာကို ရွိုက်စ်အတွက် ဂိုးဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်မှာ နည်းပြ အဲရစ် တန်ဟက်နဲ့ ပြဿနာတက်ခဲ့ပြီးနောက် လူစာရင်းထဲကနေ ထုတ်ပယ်ခြင်းခံခဲ့ရမှုကြောင့် ဘောလုံးနဲ့ ဝေးကွာနေခဲ့ရတဲ့ ဆန်ချိုဟာ ယခုရာသီကုန်အထိ ဒေ့ါမွန်ကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့တာစြဖ်ပါတယ်။

အသက် ၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့ပြီး မာဘယ်လာ လေ့ကျင့်ရေးစခန်းမှာ အသင်းဖော်တွေနဲ့ လေ့ကျင့်ခဲ့ပြီးနောက် အရန်လူစာရင်းထဲမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းမှာ ဒေ့ါမွန်က ဒမ်စတက်ကို ၁-၀ နဲ့ ဦးဆောင်နေချိန်မှာ လူစားဝင်ကစားခွင့် ရရှိခဲ့ပေမယ့်လည်း အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုး ရရှိအောင် ၎င်းရဲ့ အရည်အသွေးတွေကို ပြသခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ညာတောင်ပံတကြောကို ဆွဲပြေးလာခဲ့ပြီးနောက် အသင်းခေါင်းဆောင် မာကို ရွိုက်စ်ကို ခင်းပေးခဲ့ရာမှာ ဒေါ့မွန်ကွင်းလယ်လူက အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့တာဖြစ်ပြီး အသင်းဖော်ဟောင်း ၂ ဦးဟာ ၃ နှစ်နီးပါး ကွဲကွာခဲ့ပြီးနောက် ပြန်လည်ဆုံတွေ့ချိန်မှာလည်း အတွဲမိနေသေးတာဖြစ်ပါတယ်။

ယူဆွတ်ဖ မူကိုကိုက အီဒင် တာဇစ်ရဲ့အသင်းအတွက် တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံ သွင်းယူပေးခဲ့ပြီး ဆောင်းရာသီ အားလပ်ရက်အပြီး ပထမဆုံး ပြန်ကစားခဲ့တဲ့ပွဲစဉ်မှာ အားကောင်းတဲ့စတင်မှု ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အတွက် ပါဝင်ကစားမပေးမီ ပထမပိုင်းအပြီး ဥမင်လျှောက်လမ်းထဲဆင်းပြီး အဝတ်လဲခန်းထဲကို အသွားမှာ ပရိသတ်တစ်ဦးဆီကနေ “အဲရစ် တန်ဟက်က မင်းနဲ့ စကားပြောချင်နေတယ်။ သောက်ပျင်းကောင်”လို့ လှောင်ပြောင်ခြင်းကို ခံခဲ့ရသေးတာဖြစ်ပါတယ်။

ဆန်ချိုက ပရိသတ် ဘာပြောလဲဆိုတာကို သေချာမကြားလိုက်ရပေမယ့်လည်း အပြုံးနဲ့ ပြန်လည် တုံ့ပြန်ခဲ့ပြီး အခုဆိုရင်တော့ အာဏာပြချင်စိတ်တစ်ခုတည်းနဲ့ အသင်းအတွက် အကူအညီဖြစ်စေမယ့် ကစားသမားကို ချောင်ထိုးပြီး ကန်ထုတ်ခဲ့တဲ့ အဲရစ် တန်ဟက်တစ်ယောက်တော့ ကတုံးပေါ်  ထုံးဝိုင်းခံလိုက်ရသလို ခံစားနေရလောက်ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဂ်ဒန္ ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ ပြဲဦးထြက္ ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္မွာ ခ်က္ခ်င္းအက်ိဳးသက္ေရာက္မႈ ျပသခဲ့ၿပီး ဒမ္စတက္နဲ႔ပြဲစဥ္မွာ မာကို ႐ြိဳက္စ္အတြက္ ဂိုးဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္မွာ နည္းျပ အဲရစ္ တန္ဟက္နဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ လူစာရင္းထဲကေန ထုတ္ပယ္ျခင္းခံခဲ့ရမႈေၾကာင့္ ေဘာလုံးနဲ႔ ေဝးကြာေနခဲ့ရတဲ့ ဆန္ခ်ိဳဟာ ယခုရာသီကုန္အထိ ေဒ့ါမြန္ကို အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့တာျစဖ္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမားဟာ ေက်ာနံပါတ္ ၁၀ ကို ဝတ္ဆင္ခဲ့ၿပီး မာဘယ္လာ ေလ့က်င့္ေရးစခန္းမွာ အသင္းေဖာ္ေတြနဲ႔ ေလ့က်င့္ခဲ့ၿပီးေနာက္ အရန္လူစာရင္းထဲမွာ ပါဝင္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းမွာ ေဒ့ါမြန္က ဒမ္စတက္ကို ၁-၀ နဲ႔ ဦးေဆာင္ေနခ်ိန္မွာ လူစားဝင္ကစားခြင့္ ရရွိခဲ့ေပမယ့္လည္း အသင္းအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုး ရရွိေအာင္ ၎ရဲ႕ အရည္အေသြးေတြကို ျပသခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ညာေတာင္ပံတေၾကာကို ဆြဲေျပးလာခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ မာကို ႐ြိဳက္စ္ကို ခင္းေပးခဲ့ရာမွာ ေဒါ့မြန္ကြင္းလယ္လူက အမွားအယြင္းမရွိ အဆုံးသတ္ႏိုင္ခဲ့တာျဖစ္ၿပီး အသင္းေဖာ္ေဟာင္း ၂ ဦးဟာ ၃ ႏွစ္နီးပါး ကြဲကြာခဲ့ၿပီးေနာက္ ျပန္လည္ဆုံေတြ႕ခ်ိန္မွာလည္း အတြဲမိေနေသးတာျဖစ္ပါတယ္။

ယူဆြတ္ဖ မူကိုကိုက အီဒင္ တာဇစ္ရဲ႕အသင္းအတြက္ တတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံ သြင္းယူေပးခဲ့ၿပီး ေဆာင္းရာသီ အားလပ္ရက္အၿပီး ပထမဆုံး ျပန္ကစားခဲ့တဲ့ပြဲစဥ္မွာ အားေကာင္းတဲ့စတင္မႈ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ေဒါ့မြန္အတြက္ ပါဝင္ကစားမေပးမီ ပထမပိုင္းအၿပီး ဥမင္ေလွ်ာက္လမ္းထဲဆင္းၿပီး အဝတ္လဲခန္းထဲကို အသြားမွာ ပရိသတ္တစ္ဦးဆီကေန “အဲရစ္ တန္ဟက္က မင္းနဲ႔ စကားေျပာခ်င္ေနတယ္။ ေသာက္ပ်င္းေကာင္”လို႔ ေလွာင္ေျပာင္ျခင္းကို ခံခဲ့ရေသးတာျဖစ္ပါတယ္။

ဆန္ခ်ိဳက ပရိသတ္ ဘာေျပာလဲဆိုတာကို ေသခ်ာမၾကားလိုက္ရေပမယ့္လည္း အၿပဳံးနဲ႔ ျပန္လည္ တုံ႔ျပန္ခဲ့ၿပီး အခုဆိုရင္ေတာ့ အာဏာျပခ်င္စိတ္တစ္ခုတည္းနဲ႔ အသင္းအတြက္ အကူအညီျဖစ္ေစမယ့္ ကစားသမားကို ေခ်ာင္ထိုးၿပီး ကန္ထုတ္ခဲ့တဲ့ အဲရစ္ တန္ဟက္တစ္ေယာက္ေတာ့ ကတုံးေပၚ  ထုံးဝိုင္းခံလိုက္ရသလို ခံစားေနရေလာက္ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.