International World Cup

ရော်နယ်လ်ဒိုကို ချန်လှပ်ခဲ့တာ နောင်တမရဘူးဆိုတဲ့ ဆန်းတို့စ်

ဖာနန်ဒို ဆန်းတို့စ်က ၂၀၂၂ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်ပွဲစဉ်တွေမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ကာကွယ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်နည်းပြဟောင်းက အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဘာနောင်တမှ မရဘူးလို့ ပြောဆိုခဲ့ပြီး အသင်းအတွက် အကောင်းဆုံးဖြစ်မယ့်အရာကို လုပ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဆန်းတို့စ်ဟာ ၁၆ သင်းရှုံးထွက်အဆင့်မှာ တောင်ကိုရီးယားကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း ရော်နယ်လ်ဒိုကို အရန်ခုံမှာ ထိုင်ခိုင်းထားခဲ့ပြီးနောက် မော်ရိုကို ကွာတားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ချန်လှပ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆုံးဖြတ်ချက်ဟာ တကမ္ဘာလုံးကို အံ့အားသင့်တုန်လှုပ်ခဲ့စေတာဖြစ်ပေမယ့်လည်း ဘက်ရှစ်တက်ရှ် နည်းပြသစ်ဖြစ်လာတဲ့ ဆန်းတို့စ်ကတော့ အမှားလုပ်ခဲ့တာမဟုတ်ဘူးလို့ နည်းပြသစ်အဖြစ် ထုတ်ဖော်မိတ်ဆက်ပွဲမှာ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အဲဒါက နည်းဗျူဟာပိုင်းနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်ပါ။ တခြား အခြေအနေမရှိပါဘူး။ မဟာဗျူဟာကျ ဆုံးဖြတ်ချက်တွေက ကျွန်တော့်အတွက်တော့ အမြဲတမ်း အရေးအကြီးဆုံးအရာပါ။ ကျွန်တော် ဒီလို ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာဖြစ်ပြီး အဲဒီဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန် ချမှတ်ခဲ့တာပါ။ ကျွန်တော်တို့သာ ကမ္ဘာ့ဖလားကနေ မထွက်ခဲ့ရဘူးဆိုရင် အဲဒါက ဘာမှ ပြဿနာရှိခဲ့မှာမဟုတ်ပါဘူး။ ၁၆ သင်းရှုံးထွက်အဆင့်မှာ သူ ပွဲထွက်ကစားရမှာမဟုတ်ဘူးလို့ ကျွန်တော် ပြောခဲ့တယ်။ သူက မပျော်မရွှင်ဖြစ်ခဲ့ပြီး အဲဒါက သာမန်ပါပဲ။ ဒါပေမယ့် အားလုံးက သူတို့ရဲ့ အမြင်ကို ပြသတဲ့ သာမန်စကားဝိုင်းပဲဖြစ်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီး အရန်ခုံကနေ ပွဲကို စတင်ရတဲ့အချိန်မှာ သူမပျော်တာလည်း သာမန်ပါပဲ။ ကျွန်တော် သူ့ကို ပွဲထွက်ကစားသမားအဖြစ်နဲ့ ကစားခိုင်းသွားမှာမဟုတ်ဘူးလို့ ပြောခဲ့တဲ့အချိန်မှာ သူက အဲဒီအကြံက ကောင်းလို့လားလို့ မေးခဲ့တယ်။ သူ မပျော်မရွှင်ဖြစ်ခဲ့တာပေ့ါ။ ဒါပေမယ့် သူ ဘယ်တုန်းကမှ မထွက်ခွာချင်ခဲ့ဘူးဆိုတာ ခင်ဗျားကို အာမခံနိုင်တယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ရောဘတ်တို မာတီနက်ဇ်လက်အောက် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ဆက်လက်ကစားပေးနေဆဲဖြစ်ပေမယ့်လည်း ဆန်းတို့စ်ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် ရာထူးကနေ နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဖာနန္ဒို ဆန္းတို႔စ္က ၂၀၂၂ ကမာၻ႔ဖလား ရႈံးထြက္အဆင့္ပြဲစဥ္ေတြမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ဖို႔ ဆုံးျဖတ္ခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို ကာကြယ္ခဲ့ပါတယ္။

ေပၚတူဂီလက္ေ႐ြးစင္နည္းျပေဟာင္းက အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး ဘာေနာင္တမွ မရဘူးလို႔ ေျပာဆိုခဲ့ၿပီး အသင္းအတြက္ အေကာင္းဆုံးျဖစ္မယ့္အရာကို လုပ္ခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ဆန္းတို႔စ္ဟာ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေတာင္ကိုရီးယားကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း ေရာ္နယ္လ္ဒိုကို အရန္ခုံမွာ ထိုင္ခိုင္းထားခဲ့ၿပီးေနာက္ ေမာ္႐ိုကို ကြာတားဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္မွာလည္း ခ်န္လွပ္ခဲ့တာျဖစ္ပါတယ္။

အဲဒီဆုံးျဖတ္ခ်က္ဟာ တကမာၻလုံးကို အံ့အားသင့္တုန္လႈပ္ခဲ့ေစတာျဖစ္ေပမယ့္လည္း ဘက္ရွစ္တက္ရွ္ နည္းျပသစ္ျဖစ္လာတဲ့ ဆန္းတို႔စ္ကေတာ့ အမွားလုပ္ခဲ့တာမဟုတ္ဘူးလို႔ နည္းျပသစ္အျဖစ္ ထုတ္ေဖာ္မိတ္ဆက္ပြဲမွာ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အဲဒါက နည္းဗ်ဴဟာပိုင္းနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ ဆုံးျဖတ္ခ်က္ပါ။ တျခား အေျခအေနမရွိပါဘူး။ မဟာဗ်ဴဟာက် ဆုံးျဖတ္ခ်က္ေတြက ကြၽန္ေတာ့္အတြက္ေတာ့ အၿမဲတမ္း အေရးအႀကီးဆုံးအရာပါ။ ကြၽန္ေတာ္ ဒီလို ဆုံးျဖတ္ခ်က္ေတြ ခ်မွတ္ရမွာျဖစ္ၿပီး အဲဒီဆုံးျဖတ္ခ်က္ေတြကို မွန္မွန္ကန္ကန္ ခ်မွတ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔သာ ကမာၻ႔ဖလားကေန မထြက္ခဲ့ရဘူးဆိုရင္ အဲဒါက ဘာမွ ျပႆနာရွိခဲ့မွာမဟုတ္ပါဘူး။ ၁၆ သင္းရႈံးထြက္အဆင့္မွာ သူ ပြဲထြက္ကစားရမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေျပာခဲ့တယ္။ သူက မေပ်ာ္မ႐ႊင္ျဖစ္ခဲ့ၿပီး အဲဒါက သာမန္ပါပဲ။ ဒါေပမယ့္ အားလုံးက သူတို႔ရဲ႕ အျမင္ကို ျပသတဲ့ သာမန္စကားဝိုင္းပဲျဖစ္ခဲ့ပါတယ္။ ေပၚတူဂီအသင္းေခါင္းေဆာင္တစ္ေယာက္ျဖစ္ေနၿပီး အရန္ခုံကေန ပြဲကို စတင္ရတဲ့အခ်ိန္မွာ သူမေပ်ာ္တာလည္း သာမန္ပါပဲ။ ကြၽန္ေတာ္ သူ႔ကို ပြဲထြက္ကစားသမားအျဖစ္နဲ႔ ကစားခိုင္းသြားမွာမဟုတ္ဘူးလို႔ ေျပာခဲ့တဲ့အခ်ိန္မွာ သူက အဲဒီအႀကံက ေကာင္းလို႔လားလို႔ ေမးခဲ့တယ္။ သူ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့တာေပ့ါ။ ဒါေပမယ့္ သူ ဘယ္တုန္းကမွ မထြက္ခြာခ်င္ခဲ့ဘူးဆိုတာ ခင္ဗ်ားကို အာမခံႏိုင္တယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ေရာဘတ္တို မာတီနက္ဇ္လက္ေအာက္ ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ဆက္လက္ကစားေပးေနဆဲျဖစ္ေပမယ့္လည္း ဆန္းတို႔စ္ကေတာ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီးေနာက္ ရာထူးကေန ႏုတ္ထြက္သြားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.