Premier League

ဇန်နဝါရီစျေးကွက်မပိတ်ခင် အက်စတန်ဗီလာကြယ်ပွင့်ကို အံ့အားသင့်ဖွယ်ခေါ်ယူမယ့်ချဲလ်ဆီး

ချဲလ်ဆီးဟာ ရာသီ ဒုတိယပိုင်းအတွက် တိုက်စစ်အင်အား တိုးမြှင့်နိုင်ဖို့အတွက် အက်စတန် ဗီလာကြယ်ပွင့် ဂျွန် ဒူရန်ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ စဉ်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့အပတ်မှာ ဖူလ်ဟမ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ် ၃ ပွဲဆက်နိုင်ပွဲ ရရှိခဲ့တာဖြစ်ပေမယ့်လည်း တိုက်စစ်ပိုင်းမှာ ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေသေးတာ ဖြစ်ပါတယ်။

မူရီဆီယို ပိုချက်တီနိုရဲ့အသင်းဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့မှာ ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီး တစ်ရာသီလုံးလည်း သွင်းဂိုးတွေ ပုံမှန်သွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

နီကိုးလတ်စ် ဂျက်ဆင်က ဆီနီဂေါနဲ့အတူ အာဖရိကဖလားသွားကစားနေချိန်မှာ နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ခရစ္စတိုဖာ အန်ကွန်ကူက ဒဏ်ရာနဲ့ ရုန်းကန်နေရတာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးဟာ မကြာမီ ပထမအသင်းလေ့ကျင့်ရေးကို ပြန်လာနိုင်တော့မှာဖြစ်ပေမယ့်လည်း ချဲလ်ဆီးက အငှားနဲ့ တိုက်စစ်ပြဿနာကို ဖြေရှင်းဖို့စဉ်းစားနေတာဖြစ်ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ အဲဒီရေတိုဖြေရှင်းမှုဟာ အက်စတန် ဗီလာတိုက်စစ်မှူး ဒူရန်ဖြစ်တယ်လို့ သိရပြီး ကိုလံဘီယာတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ ချီကာဂို ဖိုင်းယားကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

ဂျွန် ဒူရန်ဟာ ယခုရာသီမှာ ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုးသွင်းယူပေးထားပေမယ့်လည်း အိုလီ ဝပ်ကင်းစ်ရဲ့ ခြေစွမ်းကောင်း ပြသနေမှုကြောင့် ပွဲထွက်ပါဝင်ကစားခွင့် မရရှိသေးတာဖြစ်ပြီး အသက် ၂၀ အရွယ်ကစားသမားဟာ စီးရီအေကလပ် အေစီမီလန်ရဲ့ စိတ်ဝင်စားမှုကိုလည်း ခံနေရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အူနိုင်း အမ်မရီရဲ့အသင်းက အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်မချင်း အက်စတန် ဗီလာကို စွန့်ခွာလို့ရနိုင်ဖွယ်မရှိဘဲ ချဲလ်ဆီးဟာ ဗစ်တာ အိုဆီမန်နဲ့ အိုင်ဗန် တိုနီတို့ကို ခေါ်ယူဖို့လည်း စဉ်းစားနေပြီး နှစ်ဦးစလုံးဟာ ဇန်နဝါရီမှာ ခေါ်ယူနိုင်ဖို့ဆိုရင် ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပေးချေဖို့ လိုအပ်မယ့် ကစားသမားတွေဖြစ်ပါတယ်။

ဘရန့်တ်ဖို့ဒ်က အိုင်ဗန် တိုနီအတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ ဝန်းကျင်သတ်မှတ်ထားပြီး ချဲလ်ဆီးအနေနဲ့ အိုဆီမန်ကို ခေါ်ယူချင်တယ်ဆိုရင်လည်း နာပိုလီနဲ့ အသစ်ချုပ်ဆိုထားတဲ့စာချုပ်သစ်ပါ စာချုပ်လျော်ကြေး ပေါင် ၁၁၂ သန်းကို ပေးချေသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ ရာသီ ဒုတိယပိုင္းအတြက္ တိုက္စစ္အင္အား တိုးျမႇင့္ႏိုင္ဖို႔အတြက္ အက္စတန္ ဗီလာၾကယ္ပြင့္ ဂြၽန္ ဒူရန္ကို အံ့အားသင့္ဖြယ္ ေခၚယူသြားဖို႔ စဥ္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့အပတ္မွာ ဖူလ္ဟမ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ ၃ ပြဲဆက္ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ေပမယ့္လည္း တိုက္စစ္ပိုင္းမွာ ေျဖရွင္းရမယ့္ ျပႆနာေတြ ရွိေနေသးတာ ျဖစ္ပါတယ္။

မူရီဆီယို ပိုခ်က္တီႏိုရဲ႕အသင္းဟာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ခ်န္ပီယံရွစ္ကလပ္ မစ္ဒယ္ဘေရာ့ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး တစ္ရာသီလုံးလည္း သြင္းဂိုးေတြ ပုံမွန္သြင္းယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

နီကိုးလတ္စ္ ဂ်က္ဆင္က ဆီနီေဂါနဲ႔အတူ အာဖရိကဖလားသြားကစားေနခ်ိန္မွာ ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ခရစၥတိုဖာ အန္ကြန္ကူက ဒဏ္ရာနဲ႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးဟာ မၾကာမီ ပထမအသင္းေလ့က်င့္ေရးကို ျပန္လာႏိုင္ေတာ့မွာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးက အငွားနဲ႔ တိုက္စစ္ျပႆနာကို ေျဖရွင္းဖို႔စဥ္းစားေနတာျဖစ္ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ အဲဒီေရတိုေျဖရွင္းမႈဟာ အက္စတန္ ဗီလာတိုက္စစ္မႉး ဒူရန္ျဖစ္တယ္လို႔ သိရၿပီး ကိုလံဘီယာတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ ခ်ီကာဂို ဖိုင္းယားကေန ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ပါတယ္။

ဂြၽန္ ဒူရန္ဟာ ယခုရာသီမွာ ပရီးမီးယားလိဂ္သြင္းဂိုး ၂ ဂိုးသြင္းယူေပးထားေပမယ့္လည္း အိုလီ ဝပ္ကင္းစ္ရဲ႕ ေျခစြမ္းေကာင္း ျပသေနမႈေၾကာင့္ ပြဲထြက္ပါဝင္ကစားခြင့္ မရရွိေသးတာျဖစ္ၿပီး အသက္ ၂၀ အ႐ြယ္ကစားသမားဟာ စီးရီေအကလပ္ ေအစီမီလန္ရဲ႕ စိတ္ဝင္စားမႈကိုလည္း ခံေနရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အူႏိုင္း အမ္မရီရဲ႕အသင္းက အစားထိုးေခၚယူမႈ မျပဳလုပ္ႏိုင္မခ်င္း အက္စတန္ ဗီလာကို စြန႔္ခြာလို႔ရႏိုင္ဖြယ္မရွိဘဲ ခ်ဲလ္ဆီးဟာ ဗစ္တာ အိုဆီမန္နဲ႔ အိုင္ဗန္ တိုနီတို႔ကို ေခၚယူဖို႔လည္း စဥ္းစားေနၿပီး ႏွစ္ဦးစလုံးဟာ ဇန္နဝါရီမွာ ေခၚယူႏိုင္ဖို႔ဆိုရင္ ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးေပးေခ်ဖို႔ လိုအပ္မယ့္ ကစားသမားေတြျဖစ္ပါတယ္။

ဘရန႔္တ္ဖို႔ဒ္က အိုင္ဗန္ တိုနီအတြက္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၁၀၀ ဝန္းက်င္သတ္မွတ္ထားၿပီး ခ်ဲလ္ဆီးအေနနဲ႔ အိုဆီမန္ကို ေခၚယူခ်င္တယ္ဆိုရင္လည္း နာပိုလီနဲ႔ အသစ္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္သစ္ပါ စာခ်ဳပ္ေလ်ာ္ေၾကး ေပါင္ ၁၁၂ သန္းကို ေပးေခ်သြားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.