Premier League

အာဖရိကဖလားအုပ်စုအဖွင့်ပွဲကို လွဲချော်ခဲ့လို့ ဝေဖန်မှုတွေကို တုံ့ပြန်လိုက်တဲ့ အိုနာနာ

မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရီ အိုနာနာက ယခုအပတ် အာဖရိကဖလား အုပ်စုအဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ပေမယ့်လည်း ကင်မရွန်းအတွက် ကစားပေးဖို့ကို အဓိကဦးစားပေးထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

ကင်မရွန်းဟာ အင်္ဂါနေ့က အုပ်စု စီ အဖွင့်ပွဲစဉ်အဖြစ် ဂီနီယာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ၁-၁ သရေကျခဲ့ပြီး အိုနာနာက လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းဖို့ နောက်ကျခဲ့ပြီးနောက် ပွဲကြည့်ပရိသတ်အဖြစ်နဲ့သာ ကြည့်ရှုခဲ့ရတာဖြစ်ပါတယ်။ အိုနာနာဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးနဲ့ အိုးထရက်ဖို့ဒ်မှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ပါဝင်ကစားပေးခဲ့ပြီးနောက် အဲဒီညနေမှာပဲ အိုင်ဗရီကို့စ်ကို ထွက်ခွာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုနာနာ စီးနင်းလာတဲ့ လေယာဉ်ဟာ ယာမူဆူခရိုမှာ မြူထူထပ်နေမှုကြောင့် အဘစ်ဂျန်မှာပဲ ဆင်းသက်ခဲ့ရပြီး ကင်မရွန်းရဲ့ အာဖရိကဖလားအဖွင့်ပွဲစဉ် ကစားမယ့်မြို့နဲ့ မိုင်ပေါင်း ၁၅၀ ကျော် ဝေးကွာတဲ့နေရာဖြစ်ပါတယ်။ အိုနာနာဟာ ပွဲချိန်မတိုင်မီ ကွင်းထဲကို ရောက်ရှိခဲ့ပေမယ့်လည်း ကင်မရွန်း လက်ရွေးစင်နည်းပြ ရီဂိုဘတ် ဆောင်းက ပွဲထွက်လူစာရင်းကို အတည်ပြုထားပြီးဖြစ်တာကြောင့် ပါဝင်ကစားခွင့် မရရှိခဲ့တာ ဖြစ်ပါတယ်။

အိုနာနာဟာ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး စိတ်ပျက်ဒေါသထွက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဂိုးသမားဟာ ကင်မရွန်းလက်ရွေးစင်အသင်းနဲ့ စောစောပူးပေါင်းရမယ့်အစား တန်ဟက်ရဲ့အသင်းနဲ့ ဆက်ရှိနေဖို့ ရွေးချယ်ခဲ့တဲ့အတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

“ကျွန်တော့်မှာ ပြောစရာအများကြီးရှိပေမယ့် ကျွန်တော် ဒီမှာမပြောနိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က ပြိုင်ပွဲထဲမှာ ရှိနေလို့ပါ။ အရေးအကြီးဆုံးအရာက စည်းလုံးမှုပါ။ ကျွန်တော်တို့ ဒီကို အနိုင်ယူဖို့ လာတာပါ။ ပရိသတ်တွေကို ကောင်းတဲ့အချိန်ရော ဆိုးတဲ့အချိန်မှာပါ ကျွန်တော်တို့ကို အားပေးဖို့ တောင်းဆိုပါတယ်။ ကျွန်တော်က ခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်လို့ ကျွန်တော် တာဝန်ယူပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် ဒီမှာရှိနေတာပါ။ ကျွန်တော် လူတွေကို အသက်အငယ်ဆုံးကစားသမားတွေကို ပြစ်တင်မဝေဖန်စေချင်ဘူး။ လူတွေ ကျွန်တော့်ကို ဝေဖန်ပြစ်တင်ကြပါစေ။ ကျွန်တော်ကတော့ အသားကျနေပါပြီ။ ကျွန်တော့်နိုင်ငံအတွက် ကောင်းတဲ့အရာတွေကို လုပ်သွားမှာပါ။အဲဒါက ကျွန်တော့် အဖေနဲ့ အမေတို့ထဲက ဘယ်သူ့ကို ရွေးချယ်မလဲဆိုသလိုမျိုးပါ။ ဒါပေမယ့် ကျွန်တော့် နိုင်ငံက ပထမဆုံးဖြစ်ပြီးအဲဒါကြောင့်ပဲ ဒီမှာ ရှိနေတာပါ။ ကျွန်တော်တို့ အတူတူရှိနေပါတယ်။ ကျွန်တော့် နိုင်ငံ၊ ကျွန်တော့်ရဲ့ အာဖရိကတိုက်ကို ကိုယ်စားပြုဖို့ ကျွန်တော် ဒီမှာရှိနေတာ။ ကျွန်တော့်နိုင်ငံနဲ့အတူ ဒီမှာရှိနေရတာ ကျွန်တော့်အတွက် ကြီးမားတဲ့ဂုဏ်ယူစရာပါ။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်တုန်းက ကျွန်တော်တို့ရှေ့ကလူတွေ ဒီမှာ ထူးခြားဆန်းကြယ်တဲ့အရာကို လုပ်ခဲ့တယ်။ ဒီလှပတဲ့နိုင်ငံကို ကိုယ်စားပြုပြီး လာကစားရတာက အရေးအကြီးဆုံးအရာပါ။ ကျွန်တော့်ပွဲကစားချိန်နဲ့ပတ်သက်ပြီးတော့ နည်းပြကပဲ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီကို ဘယ်သူ ကစားရတယ်ဆိုတာထက် အနိုင်ရဖို့ လာခဲ့တာပါ။ ကျွန်တော်တို့မှာ အရမ်းကောင်းတဲ့ဂိုးသမားတွေရှိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

အန်ဒရီ အိုနာနာဟာ ကင်မရွန်းရဲ့အုပ်စုအဖွင့်ပွဲစဉ်ကို အချိန်မီ ရောက်ရှိခဲ့ပေမယ့်လည်း လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာကြောင့် ဒေါသထွက်ခဲ့ပြီး ဆီနီဂေါကြယ်ပွင့်ဟောင်း အယ်လ် ဟာဂျီ ဂျုဖ်က ဖျောင်းဖျခဲ့ရပါတယ်။

အိုနာနာဟာ ဂီနီယာနဲ့ပွဲစဉ်အတွက် မိုင်ပေါင်း ၅၀၀၀ ကျော် ခရီးထွက်ခွာခဲ့ရတာဖြစ်ပြီး ဂီနီယာနဲ့ပွဲမတိုင်ခင် ဂျုဖ်နဲ့ စကားပြောဆိုနေတဲ့ ဗီဒီယိုဖိုင်ထဲမှာ မန်ချက်စတာယူနိုက်တက်ဂိုးသမားဟာ တော်တော်လေးစိတ်ပျက်နေပြီး “လူစာရင်းထဲတောင် ပါခွင့်မရဘူးဆိုရင် ကျွန်တော် ဘာကြောင့် ဒီကို ပရိုက်ဗိတ်ဂျက်နဲ့ လာခဲ့ရတာလဲ။”လို့ အော်ဟစ်နေခဲ့တာကို ကြားခဲ့ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂိုးသမား အန္ဒရီ အိုနာနာက ယခုအပတ္ အာဖရိကဖလား အုပ္စုအဖြင့္ပြဲစဥ္ကို လြဲေခ်ာ္ခဲ့ေပမယ့္လည္း ကင္မ႐ြန္းအတြက္ ကစားေပးဖို႔ကို အဓိကဦးစားေပးထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ကင္မ႐ြန္းဟာ အဂၤါေန႔က အုပ္စု စီ အဖြင့္ပြဲစဥ္အျဖစ္ ဂီနီယာနဲ႔ ကစားခဲ့တဲ့ပြဲစဥ္မွာ ၁-၁ သေရက်ခဲ့ၿပီး အိုနာနာက လက္ေ႐ြးစင္အသင္းနဲ႔ ပူးေပါင္းဖို႔ ေနာက္က်ခဲ့ၿပီးေနာက္ ပြဲၾကည့္ပရိသတ္အျဖစ္နဲ႔သာ ၾကည့္ရႈခဲ့ရတာျဖစ္ပါတယ္။ အိုနာနာဟာ တနဂၤေႏြေန႔က ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ အိုးထရက္ဖို႔ဒ္မွာ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ အဲဒီညေနမွာပဲ အိုင္ဗရီကို႔စ္ကို ထြက္ခြာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုနာနာ စီးနင္းလာတဲ့ ေလယာဥ္ဟာ ယာမူဆူခ႐ိုမွာ ျမဴထူထပ္ေနမႈေၾကာင့္ အဘစ္ဂ်န္မွာပဲ ဆင္းသက္ခဲ့ရၿပီး ကင္မ႐ြန္းရဲ႕ အာဖရိကဖလားအဖြင့္ပြဲစဥ္ ကစားမယ့္ၿမိဳ႕နဲ႔ မိုင္ေပါင္း ၁၅၀ ေက်ာ္ ေဝးကြာတဲ့ေနရာျဖစ္ပါတယ္။ အိုနာနာဟာ ပြဲခ်ိန္မတိုင္မီ ကြင္းထဲကို ေရာက္ရွိခဲ့ေပမယ့္လည္း ကင္မ႐ြန္း လက္ေ႐ြးစင္နည္းျပ ရီဂိုဘတ္ ေဆာင္းက ပြဲထြက္လူစာရင္းကို အတည္ျပဳထားၿပီးျဖစ္တာေၾကာင့္ ပါဝင္ကစားခြင့္ မရရွိခဲ့တာ ျဖစ္ပါတယ္။

အိုနာနာဟာ အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး စိတ္ပ်က္ေဒါသထြက္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဟာ ကင္မ႐ြန္းလက္ေ႐ြးစင္အသင္းနဲ႔ ေစာေစာပူးေပါင္းရမယ့္အစား တန္ဟက္ရဲ႕အသင္းနဲ႔ ဆက္ရွိေနဖို႔ ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

“ကြၽန္ေတာ့္မွာ ေျပာစရာအမ်ားႀကီးရွိေပမယ့္ ကြၽန္ေတာ္ ဒီမွာမေျပာႏိုင္ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ၿပိဳင္ပြဲထဲမွာ ရွိေနလို႔ပါ။ အေရးအႀကီးဆုံးအရာက စည္းလုံးမႈပါ။ ကြၽန္ေတာ္တို႔ ဒီကို အႏိုင္ယူဖို႔ လာတာပါ။ ပရိသတ္ေတြကို ေကာင္းတဲ့အခ်ိန္ေရာ ဆိုးတဲ့အခ်ိန္မွာပါ ကြၽန္ေတာ္တို႔ကို အားေပးဖို႔ ေတာင္းဆိုပါတယ္။ ကြၽန္ေတာ္က ေခါင္းေဆာင္ေတြထဲက တစ္ဦးျဖစ္လို႔ ကြၽန္ေတာ္ တာဝန္ယူပါတယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ ဒီမွာရွိေနတာပါ။ ကြၽန္ေတာ္ လူေတြကို အသက္အငယ္ဆုံးကစားသမားေတြကို ျပစ္တင္မေဝဖန္ေစခ်င္ဘူး။ လူေတြ ကြၽန္ေတာ့္ကို ေဝဖန္ျပစ္တင္ၾကပါေစ။ ကြၽန္ေတာ္ကေတာ့ အသားက်ေနပါၿပီ။ ကြၽန္ေတာ့္ႏိုင္ငံအတြက္ ေကာင္းတဲ့အရာေတြကို လုပ္သြားမွာပါ။အဲဒါက ကြၽန္ေတာ့္ အေဖနဲ႔ အေမတို႔ထဲက ဘယ္သူ႔ကို ေ႐ြးခ်ယ္မလဲဆိုသလိုမ်ိဳးပါ။ ဒါေပမယ့္ ကြၽန္ေတာ့္ ႏိုင္ငံက ပထမဆုံးျဖစ္ၿပီးအဲဒါေၾကာင့္ပဲ ဒီမွာ ရွိေနတာပါ။ ကြၽန္ေတာ္တို႔ အတူတူရွိေနပါတယ္။ ကြၽန္ေတာ့္ ႏိုင္ငံ၊ ကြၽန္ေတာ့္ရဲ႕ အာဖရိကတိုက္ကို ကိုယ္စားျပဳဖို႔ ကြၽန္ေတာ္ ဒီမွာရွိေနတာ။ ကြၽန္ေတာ့္ႏိုင္ငံနဲ႔အတူ ဒီမွာရွိေနရတာ ကြၽန္ေတာ့္အတြက္ ႀကီးမားတဲ့ဂုဏ္ယူစရာပါ။ လြန္ခဲ့တဲ့ ႏွစ္ ၄၀ ေလာက္တုန္းက ကြၽန္ေတာ္တို႔ေရွ႕ကလူေတြ ဒီမွာ ထူးျခားဆန္းၾကယ္တဲ့အရာကို လုပ္ခဲ့တယ္။ ဒီလွပတဲ့ႏိုင္ငံကို ကိုယ္စားျပဳၿပီး လာကစားရတာက အေရးအႀကီးဆုံးအရာပါ။ ကြၽန္ေတာ့္ပြဲကစားခ်ိန္နဲ႔ပတ္သက္ၿပီးေတာ့ နည္းျပကပဲ ဆုံးျဖတ္ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဒီကို ဘယ္သူ ကစားရတယ္ဆိုတာထက္ အႏိုင္ရဖို႔ လာခဲ့တာပါ။ ကြၽန္ေတာ္တို႔မွာ အရမ္းေကာင္းတဲ့ဂိုးသမားေတြရွိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

အန္ဒရီ အိုနာနာဟာ ကင္မ႐ြန္းရဲ႕အုပ္စုအဖြင့္ပြဲစဥ္ကို အခ်ိန္မီ ေရာက္ရွိခဲ့ေပမယ့္လည္း လူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာေၾကာင့္ ေဒါသထြက္ခဲ့ၿပီး ဆီနီေဂါၾကယ္ပြင့္ေဟာင္း အယ္လ္ ဟာဂ်ီ ဂ်ဳဖ္က ေဖ်ာင္းဖ်ခဲ့ရပါတယ္။

အိုနာနာဟာ ဂီနီယာနဲ႔ပြဲစဥ္အတြက္ မိုင္ေပါင္း ၅၀၀၀ ေက်ာ္ ခရီးထြက္ခြာခဲ့ရတာျဖစ္ၿပီး ဂီနီယာနဲ႔ပြဲမတိုင္ခင္ ဂ်ဳဖ္နဲ႔ စကားေျပာဆိုေနတဲ့ ဗီဒီယိုဖိုင္ထဲမွာ မန္ခ်က္စတာယူႏိုက္တက္ဂိုးသမားဟာ ေတာ္ေတာ္ေလးစိတ္ပ်က္ေနၿပီး “လူစာရင္းထဲေတာင္ ပါခြင့္မရဘူးဆိုရင္ ကြၽန္ေတာ္ ဘာေၾကာင့္ ဒီကို ပ႐ိုက္ဗိတ္ဂ်က္နဲ႔ လာခဲ့ရတာလဲ။”လို႔ ေအာ္ဟစ္ေနခဲ့တာကို ၾကားခဲ့ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.