Premier League Transfer News

အာဆင်နယ်ဖန်တွေ သွားရည်ကျအောင် ဂိုးတွေ သွင်းပြခဲ့ပြန်တဲ့ ဗလာဟိုဗစ်ချ်

အာဆင်နယ်တို့အနေနဲ့ ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်တိုက်စစ်မှူးကို ခေါ်နိုင်ခေါ်နိုင်၊ ဂျူဗင်တပ်စ်ရဲ့ ဒူရှန် ဗလာဟိုဗစ်ချ် မဟုတ်ဘူးဆိုရင် သိပ်ကို ကြီးမားတဲ့ စိတ်ပျက်စရာပဲလို့ ဆိုရလောက်အောင်ကို ဆားဘီးယားသားအနေနဲ့ မနေ့ညက ခြေစွမ်းပြသွင်းဂိုးတွေကို ပြသပြီး ဂန်းနားပရိသတ်တွေကို ဆတ်စလူးခါစေခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ ကိုယ့်အသင်းကို လာဖို့ ငြင်းဆန်ထားတဲ့ ကစားသမားမျိုးကို မကြိုက်ကြတဲ့ အသင်းတာဝန်ရှိသူတွေနဲ့ ဖန်တွေကို အစဉ်အလာဖျက်ပြီး ပြန်လှည့်ကြည့်ရလောက်အောင် ဆွဲဆောင်မှု ကြီးမားနေပြီး အာဆင်နယ်ဘက်က အလိုရှိနေတဲ့ လိုအပ်ချက်အားလုံးနဲ့ ကိုက်ညီနေတာကြောင့် အားလုံးက အသည်းအသန် တောင့်တနေခဲ့ကြတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ စီးရီးအေ အိမ်ကွင်းပွဲစဉ်မှာ ဗလာဟိုဗစ်ချ်အနေနဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဧရိယာထိပ် ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို ဒုတိယဂိုးကိုလည်း တူညီတဲ့ နေရာမှာပဲ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ လှလှပပ ဝေ့ဝိုက်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဖက်ဒါရီကို ခီယေးဆာရဲ့ တတိယဂိုးကိုပါ ထပ်ပေါင်းပြီး သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့အပြီးမှာတော့ ပရိသတ်တွေက ဆားဘီးယားသားကို အမြင့်ဆုံး ချီးကျူးခဲ့ကြပြီး သူ့ရဲ့ ဒီရာသီ စီးရီးအေ အဋ္ဌမဂိုးနဲ့ နဝမဂိုးတွေကို သွင်းယူပြီးခဲ့ချိန်မှာ အင်တာမီလန်တို့ရဲ့နောက် နှစ်မှတ်အကွာနဲ့ ဒုတိယနေရာရောက် ဂျူဗင်တပ်စ်တို့အနေနဲ့ စကူဒက်တို ဖလားကို နောက်တစ်ကြိမ် ရယူဖို့ မျှော်လင့်လာကြတာပါ။

အသင်းကို ထမ်းတင်ပေးနိုင်ခဲ့တဲ့ ဗလာဟိုဗစ်ချ်ရဲ့ စွမ်းဆောင်ရည်နဲ့ ဧရိယာအတွင်းအပြင် နေရာစုံကနေ ဂိုးသွင်းနိုင်သလို တိကျတဲ့ ပင်နယ်တီ ကန်သွင်းမှုတွေအပါအဝင် ဒီနေ့မှာတော့ ဖရီးကစ်စွမ်းရည်ကိုပါ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့အနေနဲ့ ရအောင်သာ ခေါ်ယူနိုင်ခဲ့ရင် သူတို့တွေ တောင့်တနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်မှာဖြစ်လို့ သူ့မှ မရရင် အလကားပဲလို့ သုံးသပ်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင်နယ်တို့အနေနဲ့ ဒီဆောင်းရာသီ အပြောင်းအရွှေ့မှာ ဘယ်တိုက်စစ်မှူးကို ခေါ်နိုင်ခေါ်နိုင်၊ ဂျူဗင်တပ်စ်ရဲ့ ဒူရှန် ဗလာဟိုဗစ်ခ်ျ မဟုတ်ဘူးဆိုရင် သိပ်ကို ကြီးမားတဲ့ စိတ်ပျက်စရာပဲလို့ ဆိုရလောက်အောင်ကို ဆားဘီးယားသားအနေနဲ့ မနေ့ညက ခြေစွမ်းပြသွင်းဂိုးတွေကို ပြသပြီး ဂန်းနားပရိသတ်တွေကို ဆတ်စလူးခါစေခဲ့ပါတယ်။


ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့တဲ့ ဆာဆူအိုလိုနဲ့ စီးရီးအေ အိမ်ကွင်းပွဲစဉ်မှာ ဗလာဟိုဗစ်ခ်ျအနေနဲ့ ပွဲချိန် ၁၅ မိနစ်မှာ ဧရိယာထိပ် ဘယ်ခြမ်းကနေ အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့သလို ဒုတိယဂိုးကိုလည်း တူညီတဲ့ နေရာမှာပဲ ရရှိခဲ့တဲ့ ဖရီးကစ်ကနေ လှလှပပ ဝေ့ဝိုက်ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။


အသင်းကို ထမ်းတင်ပေးနိုင်ခဲ့တဲ့ ဗလာဟိုဗစ်ခ်ျရဲ့ စွမ်းဆောင်ရည်နဲ့ ဧရိယာအတွင်းအပြင် နေရာစုံကနေ ဂိုးသွင်းနိုင်သလို တိကျတဲ့ ပင်နယ်တီ ကန်သွင်းမှုတွေအပါအဝင် ဒီနေ့မှာတော့ ဖရီးကစ်စွမ်းရည်ကိုပါ ပြသနိုင်ခဲ့တာကြောင့် အာဆင်နယ်တို့အနေနဲ့ ရအောင်သာ ခေါ်ယူနိုင်ခဲ့ရင် သူတို့တွေ တောင့်တနေတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို မျှော်လင့်နိုင်မှာဖြစ်လို့ သူ့မှ မရရင် အလကားပဲလို့ သုံးသပ်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
SPORTS A2Z.