Premier League

စီးတီးနဲ့ဘာဆာကြား ရွေးချယ်ဖို့ ချောင်ပိတ်မေးခံခဲ့ရမှုကို အဆဲလေးနဲ့ တုံ့ပြန်ခဲ့တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးနဲ့ ဘာစီလိုနာတို့ထဲက တစ်သင်းကို ရွေးချယ်ပေးဖို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ စကားလုံးတစ်လုံးတည်းနဲ့ အဖြေပေးခဲ့ပါတယ်။

တနင်္လာနေ့ညမှာ ဂွါဒီယိုလာဟာ လန်ဒန်မှာ ကျင်းပခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွက် The Best ဆုပေးပွဲမှာ ကမ္ဘာပေါ်က အကောင်းဆုံး အမျိုးသားနည်းပြဆုကို ချီးမြှင့်ခြင်းခံခဲ့ရတာဖြစ်ပြီး စပိန်လူမျိုးနည်းဟာ ပြီးခဲ့တဲ့နှစ်မှာ စီးတီးကို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို သမိုင်းဝင် ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးဟာ ဂွါဒီယိုလာ နည်းပြခဲ့တဲ့ ၇ ရာသီထဲက ၅ ရာသီမှာ ပရီးမီးယားလိဂ်ဖလား ရရှိခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်အောင်ပွဲကတော့ အသင်းသမိုင်းတလျှောက် ပထမဆုံး အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။

အသက် ၅၂ နှစ်အရွယ် နည်းပြဟာ အရင်တုန်းကလည်း ဖလား ၃ လုံးတပြိုင်နက် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပြီး ၂၀၀၈-၂၀၀၉ ရာသီတုန်းက တသက်တာအကောင်းဆုံးအသင်းလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆခံခဲ့ရတဲ့ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုရခဲ့တာဖြစ်ပါတယ်။

အဲဒီဘာစီလိုနာအသင်းထဲမှာ လီယွန်နယ် မက်ဆီ၊ ဇာဗီ၊ အင်နီယေစတာ၊ ကားလက်စ် ပူယိုးလ်တို့လို ကစားသမားတွေ ပါဝင်ခဲ့ပြီး မန်စီးတီးရဲ့ ဖလား ၃ လုံးအောင်ပွဲရအသင်းထဲမှာလည်း ဒီဘရိုင်းနား၊ ဟာလန်း၊ ရိုဒရီနဲ့ ဂျွန် စတုန်းစ်တို့လို ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာ ဆုလက်ခံရယူချိန်မှာ ပွဲတင်ဆက်သူ သီယာရီ အွန်နရီက ဖလား ၃ လုံးရခဲ့တဲ့ ဘာစီလိုနာနဲ့ မန်စီးတီး ၂ သင်းထဲက ဘယ်အသင်းက ပိုကောင်းတဲ့အသင်းလဲလို့ မေးမြန်းခဲ့တာဖြစ်ပြီး စပိန်လူမျိုးနည်းပြက အနည်းငယ် စဉ်းစားခဲ့ပြီးနောက် ခေါင်းပေါ်လက်တင်ပြီး “ဖာ့ခ်။ ကျွန်တော် မသိဘူး။ အဲဒါက ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်သူကနည်းပြလဲ(ပြိုင်ဘက်အရန်ခုံတန်းပေါ်ကသူ)ဆိုတာ ကြည့်ရပါလိမ့်မယ်။ နှစ်သင်းစလုံးက မယုံနိုင်စရာကောင်းတဲ့အသင်းတွေပါ။ ဘာစီလိုနာအသင်းက မယုံနိုင်စရာကောင်းခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့က အရမ်းကို ငယ်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအသင်း(စီးတီး)ကတော့ အင်္ဂလန်မှာ၊ ပရီးမီးယားလိဂ်မှာ တကယ်ကို ကြမ်းပြီး ပြိုင်ပွဲအများအပြားမှာ ပြိုင်ဆိုင်နိုင်စွမ်းရှိပါတယ်။ ဒီကောင်လေးတွေက တစ်ရာသီပြီး တစ်ရာသီ ဆုဖလား ၃ လုံးရပြီးတဲ့နောက် ဒီရာသီမှာတောင်မှ ဒီမှာ ရှိနေကြပါသေးတယ်။ သူတို့နဲ့ ရှိနေရတာက ဆုဖလား အနိုင်မရတာ ဒါမှမဟုတ် ရှုံးနိမ့်ရရင်တောင်မှ သူတို့နဲ့ အတူတူရှိနေရတာက ကျွန်တော့်နည်းပြဘဝမှာ ရနိုင်တဲ့ အကောင်းဆုံး ဆုပါပဲ။ ဘာဆာက ကျွန်တော့်နှလုံးသားထဲက ကလပ်ပါ။ ကျွန်တော် ဒီမှာရှိနေရတဲ့အကြောင်းအရင်းပါ။ အဲဒါက ကျွန်တော့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာဟာ မန္ခ်က္စတာစီးတီးနဲ႔ ဘာစီလိုနာတို႔ထဲက တစ္သင္းကို ေ႐ြးခ်ယ္ေပးဖို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ စကားလုံးတစ္လုံးတည္းနဲ႔ အေျဖေပးခဲ့ပါတယ္။

တနလၤာေန႔ညမွာ ဂြါဒီယိုလာဟာ လန္ဒန္မွာ က်င္းပခဲ့တဲ့ ၂၀၂၃ ခုႏွစ္အတြက္ The Best ဆုေပးပြဲမွာ ကမာၻေပၚက အေကာင္းဆုံး အမ်ိဳးသားနည္းျပဆုကို ခ်ီးျမႇင့္ျခင္းခံခဲ့ရတာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာ စီးတီးကို ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားနဲ႔ ခ်န္ပီယံလိဂ္ဖလားတို႔ကို သမိုင္းဝင္ ရယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးဟာ ဂြါဒီယိုလာ နည္းျပခဲ့တဲ့ ၇ ရာသီထဲက ၅ ရာသီမွာ ပရီးမီးယားလိဂ္ဖလား ရရွိခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ရာသီ ခ်န္ပီယံလိဂ္ေအာင္ပြဲကေတာ့ အသင္းသမိုင္းတေလွ်ာက္ ပထမဆုံး ေအာင္ျမင္မႈရခဲ့တာျဖစ္ပါတယ္။

အသက္ ၅၂ ႏွစ္အ႐ြယ္ နည္းျပဟာ အရင္တုန္းကလည္း ဖလား ၃ လုံးတၿပိဳင္နက္ ရရွိေအာင္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ၂၀၀၈-၂၀၀၉ ရာသီတုန္းက တသက္တာအေကာင္းဆုံးအသင္းလို႔ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆခံခဲ့ရတဲ့ ဘာစီလိုနာနဲ႔အတူ ေအာင္ျမင္မႈရခဲ့တာျဖစ္ပါတယ္။

အဲဒီဘာစီလိုနာအသင္းထဲမွာ လီယြန္နယ္ မက္ဆီ၊ ဇာဗီ၊ အင္နီေယစတာ၊ ကားလက္စ္ ပူယိုးလ္တို႔လို ကစားသမားေတြ ပါဝင္ခဲ့ၿပီး မန္စီးတီးရဲ႕ ဖလား ၃ လုံးေအာင္ပြဲရအသင္းထဲမွာလည္း ဒီဘ႐ိုင္းနား၊ ဟာလန္း၊ ႐ိုဒရီနဲ႔ ဂြၽန္ စတုန္းစ္တို႔လို ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာ ဆုလက္ခံရယူခ်ိန္မွာ ပြဲတင္ဆက္သူ သီယာရီ အြန္နရီက ဖလား ၃ လုံးရခဲ့တဲ့ ဘာစီလိုနာနဲ႔ မန္စီးတီး ၂ သင္းထဲက ဘယ္အသင္းက ပိုေကာင္းတဲ့အသင္းလဲလို႔ ေမးျမန္းခဲ့တာျဖစ္ၿပီး စပိန္လူမ်ိဳးနည္းျပက အနည္းငယ္ စဥ္းစားခဲ့ၿပီးေနာက္ ေခါင္းေပၚလက္တင္ၿပီး “ဖာ့ခ္။ ကြၽန္ေတာ္ မသိဘူး။ အဲဒါက ပြဲေကာင္းတစ္ပြဲျဖစ္ခဲ့ပါလိမ့္မယ္။ ကြၽန္ေတာ္တို႔ ဘယ္သူကနည္းျပလဲ(ၿပိဳင္ဘက္အရန္ခုံတန္းေပၚကသူ)ဆိုတာ ၾကည့္ရပါလိမ့္မယ္။ ႏွစ္သင္းစလုံးက မယုံႏိုင္စရာေကာင္းတဲ့အသင္းေတြပါ။ ဘာစီလိုနာအသင္းက မယုံႏိုင္စရာေကာင္းခဲ့တယ္။ အဲဒီတုန္းက ကြၽန္ေတာ္တို႔က အရမ္းကို ငယ္႐ြယ္ခဲ့ပါတယ္။ ဒါေပမယ့္ ဒီအသင္း(စီးတီး)ကေတာ့ အဂၤလန္မွာ၊ ပရီးမီးယားလိဂ္မွာ တကယ္ကို ၾကမ္းၿပီး ၿပိဳင္ပြဲအမ်ားအျပားမွာ ၿပိဳင္ဆိုင္ႏိုင္စြမ္းရွိပါတယ္။ ဒီေကာင္ေလးေတြက တစ္ရာသီၿပီး တစ္ရာသီ ဆုဖလား ၃ လုံးရၿပီးတဲ့ေနာက္ ဒီရာသီမွာေတာင္မွ ဒီမွာ ရွိေနၾကပါေသးတယ္။ သူတို႔နဲ႔ ရွိေနရတာက ဆုဖလား အႏိုင္မရတာ ဒါမွမဟုတ္ ရႈံးနိမ့္ရရင္ေတာင္မွ သူတို႔နဲ႔ အတူတူရွိေနရတာက ကြၽန္ေတာ့္နည္းျပဘဝမွာ ရႏိုင္တဲ့ အေကာင္းဆုံး ဆုပါပဲ။ ဘာဆာက ကြၽန္ေတာ့္ႏွလုံးသားထဲက ကလပ္ပါ။ ကြၽန္ေတာ္ ဒီမွာရွိေနရတဲ့အေၾကာင္းအရင္းပါ။ အဲဒါက ကြၽန္ေတာ့္ဘဝရဲ႕ အစိတ္အပိုင္းတစ္ခုပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.