MLS Messi

ဆွာရက်ဇ်ရောက်လာလို့ ချန်ပီယံအဖြစ် လောင်းကြေးဖွင့်ခံလိုက်ရတဲ့ အင်တာ မိုင်ယာမီ

အင်တာ မိုင်ယာမီဟာ ၂၀၂၄ ခုနှစ်မှာ မေဂျာလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် လောင်းကစားဒိုင်တွေရဲ့ ကြေးဖွင့်ခြင်းကို ခံခဲ့ရပြီး အထူးသဖြင့် လူးဝစ္စ ဆွာရက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက်ဖြစ်ပါတယ်။

ဆွာရက်ဇ်ဟာ ဒီဇင်ဘာလမှာ အင်တာမိုင်ယာမီကို အလွတ်နဲ့ ပြောင်းရွှေ့လာပြီးနောက် တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး နောက်ထပ် တစ်နှစ်သက်တမ်းတိုးခွင့်လည်း ပါဝင်တယ်လို့ သိရပါတယ်။ ဥရုဂွေး ဝါရင့်တိုက်စစ်မှူးဟာ ဘာစီလိုနာအသင်းဖော်ဟောင်းတွေဖြစ်တဲ့ လီယွန်နယ် မက်ဆီ၊ ဆာဂီယို ဘူးစကတ်၊ ယော်ဒီ အယ်လ်ဘာတို့နဲ့ ပြန်လည် ဆုံစည်းခွင့်ရခဲ့တာဖြစ်ပြီး ဒီကစားသမားတွေအားလုံးကတော့ ပြီးခဲ့တဲ့ နွေရာသီမှာ ပြောင်းရွှေ့လာခဲ့ကြတာဖြစ်ပါတယ်။

အခုဆိုရင် လူစာရင်းထဲမှာ အရည်အသွေးမြင့်ကစားသမားတွေ အများအပြားရှိနေပြီဖြစ်တာကြောင့် လောင်းကစားဒိုင်တွေက ဒေးဗစ် ဘက်ဟမ်းပူးတွဲပိုင်ဆိုင်တဲ့ အင်တာ မိုင်ယာမီအသင်းကို ၂၀၂၄ ခုနှစ်ရဲ့ မေဂျာလိဂ်ချန်ပီယံဖြစ်လာဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ကြေးဖွင့်ခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီဟာ ရာသီသစ်ကို အနိုင်ရဖို့ ဆ +၂၀၀ သတ်မှတ်ခံထားရပြီး အနောက်မှာ လော့စ် အိန်ဂျလိစ်က +၈၀၀၊ ကိုလံဘတ်စ် ခရူက +၁၂၀၀၊ စင်စင်နာတီက +၁၂၀၀ ၊ ဖီလာဒဲလ်ဖီးယား ယူနီယံက +၁၄၀၀ နဲ့ ရပ်တည်နေကြတာဖြစ်ပါတယ်။

ယခုရာသီမှာတော့ အင်တာ မိုင်ယာမီဟာ အရှေ့ပိုင်းကွန်းဖရင့်ဇုန်မှာ ၃၄ ပွဲကနေ ရမှတ် ၃၄ မှတ်နဲ့ အောက်ဆုံးက ရေတွက်ရင် အဆင့် ၂ နေရာနဲ့သာ ရာသီပြီးဆုံးခဲ့ပြီး တစ်ရာသီလုံးမှာ နိုင်ပွဲ ၉ ပွဲသာ ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီရဲ့ မှော်ဆန်တဲ့ ခြေစွမ်းကြောင့် အင်တာမိုင်ယာမီဟာ ၂၀၂၃ လိဂ်ဖလားကို အနိုင်ရပြီး အသင်းသမိုင်းကြောင်းတလျှောက် ပထမဆုံး ဆုဖလားအောင်မြင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အင္တာ မိုင္ယာမီဟာ ၂၀၂၄ ခုႏွစ္မွာ ေမဂ်ာလိဂ္ဖလားကို ဆြတ္ခူးႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ေလာင္းကစားဒိုင္ေတြရဲ႕ ေၾကးဖြင့္ျခင္းကို ခံခဲ့ရၿပီး အထူးသျဖင့္ လူးဝစၥ ဆြာရက္ဇ္ကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ျဖစ္ပါတယ္။

ဆြာရက္ဇ္ဟာ ဒီဇင္ဘာလမွာ အင္တာမိုင္ယာမီကို အလြတ္နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးေနာက္ တစ္ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ေနာက္ထပ္ တစ္ႏွစ္သက္တမ္းတိုးခြင့္လည္း ပါဝင္တယ္လို႔ သိရပါတယ္။ ဥ႐ုေဂြး ဝါရင့္တိုက္စစ္မႉးဟာ ဘာစီလိုနာအသင္းေဖာ္ေဟာင္းေတြျဖစ္တဲ့ လီယြန္နယ္ မက္ဆီ၊ ဆာဂီယို ဘူးစကတ္၊ ေယာ္ဒီ အယ္လ္ဘာတို႔နဲ႔ ျပန္လည္ ဆုံစည္းခြင့္ရခဲ့တာျဖစ္ၿပီး ဒီကစားသမားေတြအားလုံးကေတာ့ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ေျပာင္းေ႐ႊ႕လာခဲ့ၾကတာျဖစ္ပါတယ္။

အခုဆိုရင္ လူစာရင္းထဲမွာ အရည္အေသြးျမင့္ကစားသမားေတြ အမ်ားအျပားရွိေနၿပီျဖစ္တာေၾကာင့္ ေလာင္းကစားဒိုင္ေတြက ေဒးဗစ္ ဘက္ဟမ္းပူးတြဲပိုင္ဆိုင္တဲ့ အင္တာ မိုင္ယာမီအသင္းကို ၂၀၂၄ ခုႏွစ္ရဲ႕ ေမဂ်ာလိဂ္ခ်န္ပီယံျဖစ္လာဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ေၾကးဖြင့္ခဲ့တာျဖစ္ပါတယ္။

အင္တာမိုင္ယာမီဟာ ရာသီသစ္ကို အႏိုင္ရဖို႔ ဆ +၂၀၀ သတ္မွတ္ခံထားရၿပီး အေနာက္မွာ ေလာ့စ္ အိန္ဂ်လိစ္က +၈၀၀၊ ကိုလံဘတ္စ္ ခ႐ူက +၁၂၀၀၊ စင္စင္နာတီက +၁၂၀၀ ၊ ဖီလာဒဲလ္ဖီးယား ယူနီယံက +၁၄၀၀ နဲ႔ ရပ္တည္ေနၾကတာျဖစ္ပါတယ္။

ယခုရာသီမွာေတာ့ အင္တာ မိုင္ယာမီဟာ အေရွ႕ပိုင္းကြန္းဖရင့္ဇုန္မွာ ၃၄ ပြဲကေန ရမွတ္ ၃၄ မွတ္နဲ႔ ေအာက္ဆုံးက ေရတြက္ရင္ အဆင့္ ၂ ေနရာနဲ႔သာ ရာသီၿပီးဆုံးခဲ့ၿပီး တစ္ရာသီလုံးမွာ ႏိုင္ပြဲ ၉ ပြဲသာ ရခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း လီယြန္နယ္ မက္ဆီရဲ႕ ေမွာ္ဆန္တဲ့ ေျခစြမ္းေၾကာင့္ အင္တာမိုင္ယာမီဟာ ၂၀၂၃ လိဂ္ဖလားကို အႏိုင္ရၿပီး အသင္းသမိုင္းေၾကာင္းတေလွ်ာက္ ပထမဆုံး ဆုဖလားေအာင္ျမင္မႈကို ရရွိခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.