Premier League

စပါးစ်နဲ့ပွဲက သရဲနီတွေရဲ့စွမ်းဆောင်ရည်ကောင်းခဲ့တယ်ဆိုတာ သဘောမတူတဲ့ ရွိုင် ကီးန်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က တနင်္ဂနွေနေ့ညက တော့တင်ဟမ်ဟော့စပါးကို အိမ်ကွင်းမှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်က သရဲနီတွေရဲ့ စွမ်းဆောင်ရည်အပေါ် တန်ဟက်ရဲ့ အကဲဖြတ်မှုကို သဘောမတူဘဲ ငြင်းပယ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ရာ့စ်မွတ် ဟွိုင်လွန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ၂ ကြိမ်အထိ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ရစ်ချာလီဆန်နဲ့ ဘန်တန်ကာတို့ရဲ့ ချေပဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။

တန်ဟက်က ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်က ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး အတူတကွ တိုက်ပွဲဝင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်ခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“အရမ်းကို အရှိန်အဟုန်ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပြီး အရမ်းကောင်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ခင်ဗျား ပွဲကို ပြန်ပြီးဆန်းစစ်တဲ့အခါမှာ ကျွန်တော်တို့ နည်းနည်းတော့ စိတ်ပျက်မိခဲ့တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးတွေက မပေးသင့်ဘဲ ပေးလိုက်ရလို့ပါ။ ဒါပေမယ့် အားလုံးခြုံပြောရရင် အဆင်ပြေပါတယ်။ ကျွန်တော်တို့ ပထမပိုင်းမှာ အရမ်းကောင်းတဲ့ ၂ ဂိုး သွင်းယူခဲ့ပြီး ကျွန်တော်တို့ ခံစစ်ကို ထိုးဖောက်ခဲ့တဲ့ပုံစံကို မြင်ရတဲ့ ကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘယ်လောက်အထိ တိုက်ရိုက်ထိုးဖောက်ပြီး ကောင်းမွန်တဲ့အဆုံးသတ်တွေ ပြုလုပ်နိုင်လဲဆိုတာကို မြင်ခဲ့ရတယ်။ ဒီလောက်ကောင်းတဲ့ စွမ်းဆောင်ရည် ပြသနိုင်တဲ့အချိန်မှာ အနိုင်မရခဲ့တာက ကျွန်တော် နည်းနည်း စိတ်ပျက်မိခဲ့တယ်။ ဒါပေမယ့် ခင်ဗျား ဒီလိုမျိုး အသင်းကောင်းတဲ့ကစားရတဲ့အခါမှာ သူတို့တွေက အရမ်းကိုအန္တရာယ်ရှိပါတယ်။ ကျွန်တော်တို့ ထောင့်ကန်ဘောသွင်းဂိုးတွေမတိုင်ခင် သတိပေးချက် ရခဲ့တယ်။ ကျွန်တာ်တို့ အဲဒီလို အခြေအနေတွေမှာပိုပြီးတော့ မာမာထန်ထန်နဲ့ ရုပ်ပိုင်းဆိုင်ရာပိုအားကောင်းဖို့ လိုတယ်။ ဒုတိယဂိုးကတော့ ပုံမှန်ပါပဲ။ ကျွန်တော်တို့ ထောင့်ဖြတ် ပေးပို့မှုကို ခွင့်ပြုခဲ့တယ်။ သူတို့တွေ ကျွန်တော်တို့ တစ်သင်းလုံးကို ဖြိုခွဲခဲ့တယ်။ ဒါမျိုး နောက်ထပ်ဖြစ်လို့မရဘူး။”

အိုးထရက်ဖို့ဒ်က ဒါရိုက်တာဘောက်စ်မှာ ပွဲကို လာရောက်ကြည့်ရှုခဲ့တဲ့ ဆာဂျင်မ် ရက်ကလစ်ဖ်နဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ “အသင်းက အတူတကွ တိုက်ပွဲဝင်ခဲ့တာကို သူမြင်ခဲ့မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အသင်းက နိုင်ပွဲရဖို့ တိုက်ပွဲဝင်နေတယ်။ ကျွန်တော်တို့အသင်းဆီကနေ အရမ်းကောင်းတဲ့ ဂိုး ၂ ဂိုးဖြစ်ခဲ့ပြီး သူ ကျွန်တော်တို့ ထောင့်ကန်ဘောတွေကို ကာကွယ်ဖို့ လိုအပ်တယ်ဆိုတာကို သတိပြုမိခဲ့မှာပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရွိုင် ကီးန်က တန်ဟက်ရဲ့ အကဲဖြတ်မှုကို သဘောမတူခဲ့ဘဲ လက်ရှိ မန်ယူနိုက်တက် ကစားနေပုံကို ကြည့်ရတာ ပြင်းပြင်းထန်ထန် အလုပ်လုပ်နေပုံရတယ်လို့ ပြောဆိုခဲ့ပြီး လက်ရှိ အသင်းမှာ ပျောက်ဆုံးနေတဲ့အရာ ၃ ခုကို သတ်မှတ်ခဲ့ပါတယ်။

“ဒီလူစာရင်းထဲမှာ အရည်အသွေး၊ ထိန်းချုပ်မှု၊ ယုံကြည်မှု ကင်းမဲ့နေတယ်။ ခင်ဗျား နည်းပြ အဲဒီမှာ ပြောနေတာကို ကြားမှာပါ။ ကျွန်တော် သူပြောတာ တော်တော်များများကို သဘောမတူဘူး။ ဒါပေမယ့် အခု မန်ယူနိုက်တက်ကစားပုံကြည့်ရတာ အလုပ်ကြိုးစားနေပုံပေါ်ပါတယ်။ ကျွန်တော်တို့အားလုံး အရင်တုန်းက မန်ယူနိုက်တက်အကြောင်း ပြောခဲ့ကြတဲ့ အပြစ်ရှိခဲ့တဲ့သူတွေပါပဲ။ သူက အခုအချိန်မှာ ဖိအားအောက်မှာရှိနေတဲ့ နည်းပြဖြစ်ပေမယ့် ဒီနေ့ မန်ယူနိုက်တက်က အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားနေပါတယ်။ အဲဒါက ရုန်းကန်နေရမှုပါ။ ဒါပေမယ့်လည်း သူတို့တွေ အဲဒီကနေ တစ်ခုခု ရခဲ့ပြီး ဒီနေ့ နည်းနည်း တိုက်ပွဲဝင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ လာမယ့်ပွဲကျရင် အဲဒီတိုက်ပွဲဝင်စိတ် ရှိနေဦးမလား ကြည့်တာပေါ့”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က တနဂၤေႏြေန႔ညက ေတာ့တင္ဟမ္ေဟာ့စပါးကို အိမ္ကြင္းမွာ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္က သရဲနီေတြရဲ႕ စြမ္းေဆာင္ရည္အေပၚ တန္ဟက္ရဲ႕ အကဲျဖတ္မႈကို သေဘာမတူဘဲ ျငင္းပယ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ရာ့စ္မြတ္ ဟြိဳင္လြန္းနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ၂ ႀကိမ္အထိ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ရစ္ခ်ာလီဆန္နဲ႔ ဘန္တန္ကာတို႔ရဲ႕ ေခ်ပဂိုးေတြကို ျပန္လည္ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။

တန္ဟက္က ပြဲအၿပီးမွာ မန္ခ်က္စတာယူႏိုက္တက္က ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ ျပသႏိုင္ခဲ့ၿပီး အတူတကြ တိုက္ပြဲဝင္ခဲ့တဲ့ အသင္းတစ္သင္း ျဖစ္ခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“အရမ္းကို အရွိန္အဟုန္ျပင္းထန္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့ၿပီး အရမ္းေကာင္းတဲ့ပြဲတစ္ပြဲျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ခင္ဗ်ား ပြဲကို ျပန္ၿပီးဆန္းစစ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ နည္းနည္းေတာ့ စိတ္ပ်က္မိခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ေပးလိုက္ရတဲ့ဂိုးေတြက မေပးသင့္ဘဲ ေပးလိုက္ရလို႔ပါ။ ဒါေပမယ့္ အားလုံးၿခဳံေျပာရရင္ အဆင္ေျပပါတယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းမွာ အရမ္းေကာင္းတဲ့ ၂ ဂိုး သြင္းယူခဲ့ၿပီး ကြၽန္ေတာ္တို႔ ခံစစ္ကို ထိုးေဖာက္ခဲ့တဲ့ပုံစံကို ျမင္ရတဲ့ ေကာင္းမြန္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ဘယ္ေလာက္အထိ တိုက္႐ိုက္ထိုးေဖာက္ၿပီး ေကာင္းမြန္တဲ့အဆုံးသတ္ေတြ ျပဳလုပ္ႏိုင္လဲဆိုတာကို ျမင္ခဲ့ရတယ္။ ဒီေလာက္ေကာင္းတဲ့ စြမ္းေဆာင္ရည္ ျပသႏိုင္တဲ့အခ်ိန္မွာ အႏိုင္မရခဲ့တာက ကြၽန္ေတာ္ နည္းနည္း စိတ္ပ်က္မိခဲ့တယ္။ ဒါေပမယ့္ ခင္ဗ်ား ဒီလိုမ်ိဳး အသင္းေကာင္းတဲ့ကစားရတဲ့အခါမွာ သူတို႔ေတြက အရမ္းကိုအႏၲရာယ္ရွိပါတယ္။ ကြၽန္ေတာ္တို႔ ေထာင့္ကန္ေဘာသြင္းဂိုးေတြမတိုင္ခင္ သတိေပးခ်က္ ရခဲ့တယ္။ ကြၽန္တာ္တို႔ အဲဒီလို အေျခအေနေတြမွာပိုၿပီးေတာ့ မာမာထန္ထန္နဲ႔ ႐ုပ္ပိုင္းဆိုင္ရာပိုအားေကာင္းဖို႔ လိုတယ္။ ဒုတိယဂိုးကေတာ့ ပုံမွန္ပါပဲ။ ကြၽန္ေတာ္တို႔ ေထာင့္ျဖတ္ ေပးပို႔မႈကို ခြင့္ျပဳခဲ့တယ္။ သူတို႔ေတြ ကြၽန္ေတာ္တို႔ တစ္သင္းလုံးကို ၿဖိဳခြဲခဲ့တယ္။ ဒါမ်ိဳး ေနာက္ထပ္ျဖစ္လို႔မရဘူး။”

အိုးထရက္ဖို႔ဒ္က ဒါ႐ိုက္တာေဘာက္စ္မွာ ပြဲကို လာေရာက္ၾကည့္ရႈခဲ့တဲ့ ဆာဂ်င္မ္ ရက္ကလစ္ဖ္နဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ “အသင္းက အတူတကြ တိုက္ပြဲဝင္ခဲ့တာကို သူျမင္ခဲ့မယ္လို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္တယ္။ အသင္းက ႏိုင္ပြဲရဖို႔ တိုက္ပြဲဝင္ေနတယ္။ ကြၽန္ေတာ္တို႔အသင္းဆီကေန အရမ္းေကာင္းတဲ့ ဂိုး ၂ ဂိုးျဖစ္ခဲ့ၿပီး သူ ကြၽန္ေတာ္တို႔ ေထာင့္ကန္ေဘာေတြကို ကာကြယ္ဖို႔ လိုအပ္တယ္ဆိုတာကို သတိျပဳမိခဲ့မွာပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ႐ြိဳင္ ကီးန္က တန္ဟက္ရဲ႕ အကဲျဖတ္မႈကို သေဘာမတူခဲ့ဘဲ လက္ရွိ မန္ယူႏိုက္တက္ ကစားေနပုံကို ၾကည့္ရတာ ျပင္းျပင္းထန္ထန္ အလုပ္လုပ္ေနပုံရတယ္လို႔ ေျပာဆိုခဲ့ၿပီး လက္ရွိ အသင္းမွာ ေပ်ာက္ဆုံးေနတဲ့အရာ ၃ ခုကို သတ္မွတ္ခဲ့ပါတယ္။

“ဒီလူစာရင္းထဲမွာ အရည္အေသြး၊ ထိန္းခ်ဳပ္မႈ၊ ယုံၾကည္မႈ ကင္းမဲ့ေနတယ္။ ခင္ဗ်ား နည္းျပ အဲဒီမွာ ေျပာေနတာကို ၾကားမွာပါ။ ကြၽန္ေတာ္ သူေျပာတာ ေတာ္ေတာ္မ်ားမ်ားကို သေဘာမတူဘူး။ ဒါေပမယ့္ အခု မန္ယူႏိုက္တက္ကစားပုံၾကည့္ရတာ အလုပ္ႀကိဳးစားေနပုံေပၚပါတယ္။ ကြၽန္ေတာ္တို႔အားလုံး အရင္တုန္းက မန္ယူႏိုက္တက္အေၾကာင္း ေျပာခဲ့ၾကတဲ့ အျပစ္ရွိခဲ့တဲ့သူေတြပါပဲ။ သူက အခုအခ်ိန္မွာ ဖိအားေအာက္မွာရွိေနတဲ့ နည္းျပျဖစ္ေပမယ့္ ဒီေန႔ မန္ယူႏိုက္တက္က အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးစားေနပါတယ္။ အဲဒါက ႐ုန္းကန္ေနရမႈပါ။ ဒါေပမယ့္လည္း သူတို႔ေတြ အဲဒီကေန တစ္ခုခု ရခဲ့ၿပီး ဒီေန႔ နည္းနည္း တိုက္ပြဲဝင္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ လာမယ့္ပြဲက်ရင္ အဲဒီတိုက္ပြဲဝင္စိတ္ ရွိေနဦးမလား ၾကည့္တာေပါ့”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.