La Liga

အဓိကပြိုင်ဘက် ရီးရဲလ်ကို နိုင်အောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ ဇာဗီရဲ့အနာဂတ်ကို အဖြေပေးခဲ့တဲ့ ဒေကို

ဘာစီလိုနာဟာ တနင်္ဂနွေနေ့ညက လာလီဂါအဓိကပြိုင်ဘက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ရာမှာ ၄-၁ နဲ့ အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီရာသီမှာ ကိုယ်ပိုင်ဝိသေသနဲ့ ကစားပြဖို့ ရုန်းကန်နေခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ အယ်လ်ကလက်စီကို ပွဲစဉ်ရလဒ်ဟာ အကြပ်အတည်းတွေကြားက အသင်းကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ပရိသတ်တွေကြားမှာ နည်းပြ ဇာဗီကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုမှုတွေ ရှိလာနေပြီဖြစ်ပြီး ဘာစီလိုနာမှာ ကြီးမားတဲ့ အားနည်းချက်ရှိတဲ့လက္ခဏာမျိုး ပြသခဲ့တဲ့ ဘယ်လိုနည်းပြမှ ကြာကြာမခံခဲ့ပေမယ့် ဘာစီလိုနာဂန္တဝင်ကတော့ အဲဒီလိုမဟုတ်တဲ့ပုံပေါ်ပါတယ်။

ဘာစီလိုနာအားကစားဒါရိုက်တာ ဒေကိုက ဇာဗီဟာ တနင်္ဂနွေနေ့ည ရီးရဲလ်မက်ဒရစ်ကို အရှက်ရဖွယ် ရှုံးနိမ့်ခဲ့ပြီးနောက်မှာ အသင်းဘုတ်အဖွဲ့ရဲ့ အပြည့်အဝ အားပေးထောက်ခံမှုကို ရရှိနေသေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဇာဗီက ဆော်ဒီ အာရေဗျမှာ ခါးသီးပြိုင်ဘက်တွေရဲ့ လွယ်လင့်တကူ အနိုင်ယူခံခဲ့ရပြီးနောက် ပရိသတ်တွေကို တောင်းပန်ခဲ့တာဖြစ်ပေမယ့်လည်း ဒေကိုက ဒီရှုံးပွဲဟာ စပိန်လူမျိုးနည်းပြရဲ့ အနာဂတ်ကို ဘာမှ အကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

“ခက်ခဲတဲ့ရှုံးပွဲတစ်ပွဲပါ။ အဲဒီထက်ပိုဆိုးတာက ကျွန်တော်တို့ တိုက်ပွဲမဝင်နိုင်ခဲ့ဘူး။ ကျွန်တော်တို့ ဆက်သွားရမှာဖြစ်ပြီး ဖလားနဲ့ပတ်သက်ပြီး စဉ်းစားရမှာပါ။ ဇာဗီနဲ့ပတ်သက်တဲ့ မေးခွန်းတွေက အဓိပ္ပာယ်မရှိပါဘူး။ နည်းပြက အားလုံးရဲ့ ယုံကြည်မှုကို ဆက်ရနေဦးမှာပါ။ သူ့ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ဒီရှုံးပွဲက ဘာကိုမှ ပြောင်းလဲစေမှာမဟုတ်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာဟာ တနဂၤေႏြေန႔ညက လာလီဂါအဓိကၿပိဳင္ဘက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို စပိန္စူပါဖလား ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ ၄-၁ နဲ႔ အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ပါတယ္။

ဘာစီလိုနာဟာ ဒီရာသီမွာ ကိုယ္ပိုင္ဝိေသသနဲ႔ ကစားျပဖို႔ ႐ုန္းကန္ေနခဲ့ရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ အယ္လ္ကလက္စီကို ပြဲစဥ္ရလဒ္ဟာ အၾကပ္အတည္းေတြၾကားက အသင္းကို အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ ပရိသတ္ေတြၾကားမွာ နည္းျပ ဇာဗီကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုမႈေတြ ရွိလာေနၿပီျဖစ္ၿပီး ဘာစီလိုနာမွာ ႀကီးမားတဲ့ အားနည္းခ်က္ရွိတဲ့လကၡဏာမ်ိဳး ျပသခဲ့တဲ့ ဘယ္လိုနည္းျပမွ ၾကာၾကာမခံခဲ့ေပမယ့္ ဘာစီလိုနာဂႏၲဝင္ကေတာ့ အဲဒီလိုမဟုတ္တဲ့ပုံေပၚပါတယ္။

ဘာစီလိုနာအားကစားဒါ႐ိုက္တာ ေဒကိုက ဇာဗီဟာ တနဂၤေႏြေန႔ည ရီးရဲလ္မက္ဒရစ္ကို အရွက္ရဖြယ္ ရႈံးနိမ့္ခဲ့ၿပီးေနာက္မွာ အသင္းဘုတ္အဖြဲ႕ရဲ႕ အျပည့္အဝ အားေပးေထာက္ခံမႈကို ရရွိေနေသးတယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဇာဗီက ေဆာ္ဒီ အာေရဗ်မွာ ခါးသီးၿပိဳင္ဘက္ေတြရဲ႕ လြယ္လင့္တကူ အႏိုင္ယူခံခဲ့ရၿပီးေနာက္ ပရိသတ္ေတြကို ေတာင္းပန္ခဲ့တာျဖစ္ေပမယ့္လည္း ေဒကိုက ဒီရႈံးပြဲဟာ စပိန္လူမ်ိဳးနည္းျပရဲ႕ အနာဂတ္ကို ဘာမွ အက်ိဳးသက္ေရာက္မႈရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

“ခက္ခဲတဲ့ရႈံးပြဲတစ္ပြဲပါ။ အဲဒီထက္ပိုဆိုးတာက ကြၽန္ေတာ္တို႔ တိုက္ပြဲမဝင္ႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ဆက္သြားရမွာျဖစ္ၿပီး ဖလားနဲ႔ပတ္သက္ၿပီး စဥ္းစားရမွာပါ။ ဇာဗီနဲ႔ပတ္သက္တဲ့ ေမးခြန္းေတြက အဓိပၸာယ္မရွိပါဘူး။ နည္းျပက အားလုံးရဲ႕ ယုံၾကည္မႈကို ဆက္ရေနဦးမွာပါ။ သူ႔ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး ဒီရႈံးပြဲက ဘာကိုမွ ေျပာင္းလဲေစမွာမဟုတ္ပါဘူး။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.