La Liga

ဗင်နီးရှပ်စ်ထက်တောင် ရှယ်ကောင်းနေတယ်လို့ ချီးကျူးခံခဲ့ရတဲ့ ဘာဆာလူငယ်လေး

ဘာစီလိုနာပရိသတ်တွေဟာ ကြာသပတေးနေ့ညက အိုဆာဆူနာကို ၂-၀ နဲ့ အနိုင်ရရှိအောင် အံ့အားသင့်ဖွယ် စွမ်းဆောင်ရည် ပြသခဲ့တဲ့ လာမိုင်း ယာမယ်ကို ချီးကျူးခဲ့ကြပါတယ်။

ယာမယ်ဟာ စံချိန်တွေကို ဆက်လက် ရိုက်ချိုးနေပြီး ဘာစီလိုနာအသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက်မှာလည်း နောက်ထပ်တစ်ကြိမ် စံချိန်တစ်ခုကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။ စပိန်တောင်ပံကစားသမားဟာ ပင်နယ်တီဧရိယာထဲမှာ ကောင်းမွန်တဲ့ ကန်ချက်နဲ့အတူ ယခုရာသီ ပြိုင်ပွဲစုံ ၂၅ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ရှိလာစေမယ့် သွင်းဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ်ကစားသမားဟာ စပိန်စူပါဖလားပြိုင်ပွဲသမိုင်းမှာ အသက်အငယ်ဆုံး ပွဲဦးထွက်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပြီး အဲဒါက ကြာသပတေးနေ့ညမှာ ယာမယ်ရဲ့ အထင်ကြီးစရာအကောင်းဆုံးစွမ်းဆောင်ရည်ရဲ့ တစ်စိတ်တပိုင်းသာမဟုတ်ခဲ့တာဖြစ်ပါတယ်။

ယာမယ်ဟာ ရာဖင်ညာ ဒဏ်ရာရရှိသွားခဲ့ပြီးနောက် ၄၂ မိနစ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပြီး အဓိကကျတဲ့ ပေးပို့မှုတစ်ကြိမ်ပြုလုပ်ပြီး အဝေးကန်တင်ပေးပို့မှုနဲ့ အသင်းဖော်ဆီ ကွက်တိပေးပို့ခဲ့တာဖြစ်ပါတယ်။

ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ၅၉ မိနစ်မှာ ဂန်ဒိုဝမ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဇာဗီရဲ့အသင်းဟာ ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

ယာမယ်ဟာ အိုဆာဆူနာကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ ဗိုလ်လုပွဲမှာလည်း ဒီလိုမျိုး စွမ်းဆောင်ရည်မျိုး ပြသပြီး နောက်ထပ် သွင်းဂိုးတွေ သွင်းယူသွားဖို့ မျှော်မှန်းထားလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ မျှော်လင့်ထားတယ်လို့ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာရဲ့အသက်အငယ်ဆုံးလူငယ်ကစားသမားဟာ ပရိသတ်တွေဆီကနေ ချီးကျူးမှုတွေ ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဗင်နီးရှပ်စ် ဂျူနီယာထက်တောင် ကောင်းသေးတယ်လို့ ပြောကြားခြင်းခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာပရိသတ္ေတြဟာ ၾကာသပေတးေန႔ညက အိုဆာဆူနာကို ၂-၀ နဲ႔ အႏိုင္ရရွိေအာင္ အံ့အားသင့္ဖြယ္ စြမ္းေဆာင္ရည္ ျပသခဲ့တဲ့ လာမိုင္း ယာမယ္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။

ယာမယ္ဟာ စံခ်ိန္ေတြကို ဆက္လက္ ႐ိုက္ခ်ိဳးေနၿပီး ဘာစီလိုနာအသင္းအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီးေနာက္မွာလည္း ေနာက္ထပ္တစ္ႀကိမ္ စံခ်ိန္တစ္ခုကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။ စပိန္ေတာင္ပံကစားသမားဟာ ပင္နယ္တီဧရိယာထဲမွာ ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔အတူ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၅ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ရွိလာေစမယ့္ သြင္းဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

အသက္ ၁၆ ႏွစ္အ႐ြယ္ကစားသမားဟာ စပိန္စူပါဖလားၿပိဳင္ပြဲသမိုင္းမွာ အသက္အငယ္ဆုံး ပြဲဦးထြက္မွာ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ကစားသမားျဖစ္လာခဲ့ၿပီး အဲဒါက ၾကာသပေတးေန႔ညမွာ ယာမယ္ရဲ႕ အထင္ႀကီးစရာအေကာင္းဆုံးစြမ္းေဆာင္ရည္ရဲ႕ တစ္စိတ္တပိုင္းသာမဟုတ္ခဲ့တာျဖစ္ပါတယ္။

ယာမယ္ဟာ ရာဖင္ညာ ဒဏ္ရာရရွိသြားခဲ့ၿပီးေနာက္ ၄၂ မိနစ္မွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ၿပီး အဓိကက်တဲ့ ေပးပို႔မႈတစ္ႀကိမ္ျပဳလုပ္ၿပီး အေဝးကန္တင္ေပးပို႔မႈနဲ႔ အသင္းေဖာ္ဆီ ကြက္တိေပးပို႔ခဲ့တာျဖစ္ပါတယ္။

ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးဟာ ၅၉ မိနစ္မွာ ဂန္ဒိုဝမ္ရဲ႕ အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေနတဆင့္ ဘာစီလိုနာအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး ဇာဗီရဲ႕အသင္းဟာ ဗိုလ္လုပြဲမွာ ရီးရဲလ္မက္ဒရစ္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

ယာမယ္ဟာ အိုဆာဆူနာကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဗိုလ္လုပြဲမွာလည္း ဒီလိုမ်ိဳး စြမ္းေဆာင္ရည္မ်ိဳး ျပသၿပီး ေနာက္ထပ္ သြင္းဂိုးေတြ သြင္းယူသြားဖို႔ ေမွ်ာ္မွန္းထားလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ေမွ်ာ္လင့္ထားတယ္လို႔ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕အသက္အငယ္ဆုံးလူငယ္ကစားသမားဟာ ပရိသတ္ေတြဆီကေန ခ်ီးက်ဴးမႈေတြ ခံခဲ့ရၿပီး ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဗင္နီးရွပ္စ္ ဂ်ဴနီယာထက္ေတာင္ ေကာင္းေသးတယ္လို႔ ေျပာၾကားျခင္းခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.