Match Report Premier League

အာချောင်တဲ့ ဇာဗီနဲ့ ဘာစီကို မူစကူဒူးပြီး ဆူပါဖလားယူခဲ့တဲ့ ဗီနီးရှပ်စ်နဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လူနင်က လွဲရင် ကစားနေကျ လူစုံထုတ်လာခဲ့ပြီး ဗီနီးရှပ်စ် ဂျူနီယာနဲ့ ဘယ်လင်ဂမ်တို့က တိုက်စစ်ကို ဦးဆောင်လာခဲ့ချိန်မှာ ဘာစီလိုနာတို့ကတော့ ပွဲစကတည်းက အနိုင်ယူမယ်ဆိုပြီး လေတိုက်ထားခဲ့တာကလဲ ခံစစ်ကို ပိုအသားပေးတဲ့ လူတွေနဲ့လားလို့ မေးစရာဖြစ်ခဲ့ရပါတယ်။

ပွဲချိန် ၇ မိနစ်မှာကတည်းက ရီးရဲလ်တို့က အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့သလို ဒီဂိုးကိုတော့ ခံစစ်က High Line ယူပြီး Pressing တက်လုပ်နေတဲ့ ဘာစီလိုနာ ကွင်းလယ်ကြားကနေ ဘယ်လင်ဂမ်က ထိုးပေးခဲ့ရာမှာ ကွင်းတစ်ဝက်လောက် အနေအထားက လွတ်ထွက်သွားခဲ့တဲ့ ဗီနီးရှပ်စ်က သာသာယာယာ ဆွဲပြေးပြီး ရှေ့တက်လာတဲ့ ဂိုးသမား ပင်ညာကိုပါ လိမ်ပြီးမှ အေးအေးဆေးဆေး ကန်သွင်းသွားခဲ့တာပါ။

သုံးမိနစ်အကြာမှာလည်း ရီးရဲလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ဇုန်က ဖရီးကစ်ကို ရူဒီဂါက ကန်တင်ပေးခဲ့ရာမှာ ပန်းထိမ်မတတ်ဘဲ ရွှေခိုးနေတဲ့ ဘာစီလိုနာခံစစ်ရဲ့ လူကျွံထောင်ချောက်ကို ရိုဒရီဂိုက ဖောက်ထွက်ပြီး ရယူခဲ့တဲ့ ဘောလုံးကို ဘယ်ခြမ်းက ဗီနီးရှပ်စ်ရဲ့ ပြေးလမ်းကြောင်းထဲ ထည့်ပေးရာမှာ လျှောထိုးပိတ်သွင်းခဲ့တာကြောင့် နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ပွဲစစချင်းမှာပဲ ရှက်ဖို့ကောင်းနေတဲ့ ဘာစီလိုနာတို့အတွက် အရှက်ပြေအောင် ကြိုးစားခဲ့ကြပေမယ့် ဖယ်ရန် တောရက်စ်က ဘားထိအောင် ကန်ခဲ့သလို လီဗန်ဒေါ့ဗ်စကီးရဲ့ ဆက်တိုက်ပိတ်သွင်းမှုကိုလည်း လူနင်က ပုတ်ထုတ်သွားခဲ့လို့ ရီးရဲလ်တို့ တောင့်ခံနိုင်ခဲ့ကြပြီး ဇာဗီရဲ့ ကစားကွက်နဲ့ နည်းစနစ်ပိုင်းကတော့ အထာမကျဘဲ အိုးနင်းခွက်နင်းဖြစ်နေခဲ့သေးတာပါ။

ပွဲချိန် ၃၃ မိနစ်မှာတော့ ဘာစီလိုနာတို့ အရှက်ပြေ ချေပဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတွဲလုံးကနေ အာလေဟန်ဒရို ဘာလ်ဒီက ဖြတ်တင်ပေးတာကို လူနင် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို လီဗန်ဒေါ့ဗ်စကီး ဧရိယာထိပ်ကနေ စိတ်ကြိုက်ကန်ခွင့်နဲ့ Volley ကန်သွင်းယူသွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၃၉ မိနစ်မှာတော့ ရီးရဲလ်တို့ပဲ ဦးဆောင်မှုကို တတိယဂိုးနဲ့ ပြန်လည်တိုးမြှင့်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချွာမင်နီရဲ့ ဖြတ်တင်ဘောကို ခေါင်းတိုက်ဖို့ ကြိုးစားတဲ့ ဗီနီးရှပ်စ်ကို အာရူဟိုက ဘောလုံးမထိဘဲ တွန်းတိုက်ချခဲ့ရာမှာ ဒိုင်လူကြီးက ပင်နယ်တီပေးခဲ့ပြီး ဒီအခွင့်အရေးကို ဗီနီးရှပ်စ်က သူ့ရဲ့ ဟက်ထရစ်အဖြစ် ဘယ်ဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ ရီးရဲလ်တို့က သုံးဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဘာစီလိုနာတို့က တိုက်စစ်ကစားဖို့အတွက် ဒီနေ့ပွဲမှာ ပါမလာသင့်တဲ့ ကပ္ပတိန်လက်ပတ်ကြီးနဲ့ ဆာဂျီ ရော်ဘတ်တို၊ ဂိုးမသွင်းတတ်ဘဲ တိုက်စစ်ကစားနေတဲ့ ဖယ်ရန် တောရက်စ်နဲ့ လူပျောက်တိုင်ရမယ့် ပက်ဒရီတို့အစား ဖာမင် လိုပက်ဇ်၊ ဂျာအို ဖဲလစ္စနဲ့ လာမင်း ယာမယ်လ်တို့ကို ထည့်ပြီး ပြောင်းလဲလာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၆၄ မိနစ်မှာ ရီးရဲလ်တို့ကပဲ စတုတ္ထဂိုး သွင်းယူသွားခဲ့ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဗယ်လ်ဗာဒီက ဘယ်ခြမ်းကို တင်ပေးလိုက်တဲ့ ဘောလုံးကို ဗီနီးရှပ်စ်က ခြေယောင်ပြပြီး ဧရိယာထဲက ဘယ်လင်ဂမ်ဆီ ချိုးပေးရာမှာ ဘာစီလိုနာခံစစ်က ဖျက်ထုတ်ဖို့ ကြိုးစားတာက ထိန်းပေးသလိုပဲ ဖြစ်သွားခဲ့ချိန်မှာ ရိုဒရီဂိုက အနီးကပ် အပိုင်ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဦးနှောက်မပါဘဲ ဗလအားကိုးပြီး ကစားနေခဲ့တဲ့ ဘာစီလိုနာခံစစ်မှူး အာရူဟို နှစ်ဝါတစ်နီနဲ့ အထုတ်ခံခဲ့ရတာကြောင့် ရီးရဲလ်တို့ တစ်ယောက်အသာနဲ့ ကစားခဲ့ကြသလို လက်ကျန်ပွဲချိန်တွေမှာ အရန်လူတွေကို ထည့်ပြီး ထိန်းကစားသွားခဲ့ပေမယ့် အခွင့်အရေးတွေကိုတော့ ထပ်မံအသုံးချနိုင်ခြင်း မရှိတော့တာကြောင့် လေးဂိုး-တစ်ဂိုးနဲ့ပဲ ပွဲပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ၂၀၂၄ ခုနှစ်အတွက် စပိန်ဆူပါဖလားကို ရီးရဲလ်မက်ဒရစ်တို့က အဓိက ပြိုင်ဘက် ဘာစီလိုနာတို့ကို နှာနုဖြတ်ရိုက်ပြီး ရယူသွားခဲ့သလို ပွဲကြိုမှာ အနိုင်ယူမယ် ဘာမယ် ညာမယ်နဲ့ အာသီးယောင်ပြီး တကယ်ကစားတော့ ခံစစ်လူစာရင်းကြီးနဲ့ ထွက်ချလာခဲ့တဲ့ ဥမမယ် စာမမြောက် ဇာဗီကို ဝါရင့်ကြီး အန်ချယ်လော့တီရဲ့ မူစကူဒူးပွဲအဖြစ်နဲ့ မြင်တွေ့ခဲ့ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လူနင္က လြဲရင္ ကစားေနက် လူစုံထုတ္လာခဲ့ၿပီး ဗီနီးရွပ္စ္ ဂ်ဴနီယာနဲ႔ ဘယ္လင္ဂမ္တို႔က တိုက္စစ္ကို ဦးေဆာင္လာခဲ့ခ်ိန္မွာ ဘာစီလိုနာတို႔ကေတာ့ ပြဲစကတည္းက အႏိုင္ယူမယ္ဆိုၿပီး ေလတိုက္ထားခဲ့တာကလဲ ခံစစ္ကို ပိုအသားေပးတဲ့ လူေတြနဲ႔လားလို႔ ေမးစရာျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ရီးရဲလ္တို႔က အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့သလို ဒီဂိုးကိုေတာ့ ခံစစ္က High Line ယူၿပီး Pressing တက္လုပ္ေနတဲ့ ဘာစီလိုနာ ကြင္းလယ္ၾကားကေန ဘယ္လင္ဂမ္က ထိုးေပးခဲ့ရာမွာ ကြင္းတစ္ဝက္ေလာက္ အေနအထားက လြတ္ထြက္သြားခဲ့တဲ့ ဗီနီးရွပ္စ္က သာသာယာယာ ဆြဲေျပးၿပီး ေရွ႕တက္လာတဲ့ ဂိုးသမား ပင္ညာကိုပါ လိမ္ၿပီးမွ ေအးေအးေဆးေဆး ကန္သြင္းသြားခဲ့တာပါ။

သုံးမိနစ္အၾကာမွာလည္း ရီးရဲလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ဇုန္က ဖရီးကစ္ကို ႐ူဒီဂါက ကန္တင္ေပးခဲ့ရာမွာ ပန္းထိမ္မတတ္ဘဲ ေ႐ႊခိုးေနတဲ့ ဘာစီလိုနာခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ႐ိုဒရီဂိုက ေဖာက္ထြက္ၿပီး ရယူခဲ့တဲ့ ေဘာလုံးကို ဘယ္ျခမ္းက ဗီနီးရွပ္စ္ရဲ႕ ေျပးလမ္းေၾကာင္းထဲ ထည့္ေပးရာမွာ ေလွ်ာထိုးပိတ္သြင္းခဲ့တာေၾကာင့္ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ပြဲစစခ်င္းမွာပဲ ရွက္ဖို႔ေကာင္းေနတဲ့ ဘာစီလိုနာတို႔အတြက္ အရွက္ေျပေအာင္ ႀကိဳးစားခဲ့ၾကေပမယ့္ ဖယ္ရန္ ေတာရက္စ္က ဘားထိေအာင္ ကန္ခဲ့သလို လီဗန္ေဒါ့ဗ္စကီးရဲ႕ ဆက္တိုက္ပိတ္သြင္းမႈကိုလည္း လူနင္က ပုတ္ထုတ္သြားခဲ့လို႔ ရီးရဲလ္တို႔ ေတာင့္ခံႏိုင္ခဲ့ၾကၿပီး ဇာဗီရဲ႕ ကစားကြက္နဲ႔ နည္းစနစ္ပိုင္းကေတာ့ အထာမက်ဘဲ အိုးနင္းခြက္နင္းျဖစ္ေနခဲ့ေသးတာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ အရွက္ေျပ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရယူႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတြဲလုံးကေန အာေလဟန္ဒ႐ို ဘာလ္ဒီက ျဖတ္တင္ေပးတာကို လူနင္ ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို လီဗန္ေဒါ့ဗ္စကီး ဧရိယာထိပ္ကေန စိတ္ႀကိဳက္ကန္ခြင့္နဲ႔ Volley ကန္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ရီးရဲလ္တို႔ပဲ ဦးေဆာင္မႈကို တတိယဂိုးနဲ႔ ျပန္လည္တိုးျမႇင့္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခြၽာမင္နီရဲ႕ ျဖတ္တင္ေဘာကို ေခါင္းတိုက္ဖို႔ ႀကိဳးစားတဲ့ ဗီနီးရွပ္စ္ကို အာ႐ူဟိုက ေဘာလုံးမထိဘဲ တြန္းတိုက္ခ်ခဲ့ရာမွာ ဒိုင္လူႀကီးက ပင္နယ္တီေပးခဲ့ၿပီး ဒီအခြင့္အေရးကို ဗီနီးရွပ္စ္က သူ႔ရဲ႕ ဟက္ထရစ္အျဖစ္ ဘယ္ဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာ ရီးရဲလ္တို႔က သုံးဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဘာစီလိုနာတို႔က တိုက္စစ္ကစားဖို႔အတြက္ ဒီေန႔ပြဲမွာ ပါမလာသင့္တဲ့ ကပၸတိန္လက္ပတ္ႀကီးနဲ႔ ဆာဂ်ီ ေရာ္ဘတ္တို၊ ဂိုးမသြင္းတတ္ဘဲ တိုက္စစ္ကစားေနတဲ့ ဖယ္ရန္ ေတာရက္စ္နဲ႔ လူေပ်ာက္တိုင္ရမယ့္ ပက္ဒရီတို႔အစား ဖာမင္ လိုပက္ဇ္၊ ဂ်ာအို ဖဲလစၥနဲ႔ လာမင္း ယာမယ္လ္တို႔ကို ထည့္ၿပီး ေျပာင္းလဲလာခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၆၄ မိနစ္မွာ ရီးရဲလ္တို႔ကပဲ စတုတၳဂိုး သြင္းယူသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဗယ္လ္ဗာဒီက ဘယ္ျခမ္းကို တင္ေပးလိုက္တဲ့ ေဘာလုံးကို ဗီနီးရွပ္စ္က ေျခေယာင္ျပၿပီး ဧရိယာထဲက ဘယ္လင္ဂမ္ဆီ ခ်ိဳးေပးရာမွာ ဘာစီလိုနာခံစစ္က ဖ်က္ထုတ္ဖို႔ ႀကိဳးစားတာက ထိန္းေပးသလိုပဲ ျဖစ္သြားခဲ့ခ်ိန္မွာ ႐ိုဒရီဂိုက အနီးကပ္ အပိုင္ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဦးေႏွာက္မပါဘဲ ဗလအားကိုးၿပီး ကစားေနခဲ့တဲ့ ဘာစီလိုနာခံစစ္မႉး အာ႐ူဟို ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံခဲ့ရတာေၾကာင့္ ရီးရဲလ္တို႔ တစ္ေယာက္အသာနဲ႔ ကစားခဲ့ၾကသလို လက္က်န္ပြဲခ်ိန္ေတြမွာ အရန္လူေတြကို ထည့္ၿပီး ထိန္းကစားသြားခဲ့ေပမယ့္ အခြင့္အေရးေတြကိုေတာ့ ထပ္မံအသုံးခ်ႏိုင္ျခင္း မရွိေတာ့တာေၾကာင့္ ေလးဂိုး-တစ္ဂိုးနဲ႔ပဲ ပြဲၿပီးဆုံးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ၂၀၂၄ ခုႏွစ္အတြက္ စပိန္ဆူပါဖလားကို ရီးရဲလ္မက္ဒရစ္တို႔က အဓိက ၿပိဳင္ဘက္ ဘာစီလိုနာတို႔ကို ႏွာႏုျဖတ္႐ိုက္ၿပီး ရယူသြားခဲ့သလို ပြဲႀကိဳမွာ အႏိုင္ယူမယ္ ဘာမယ္ ညာမယ္နဲ႔ အာသီးေယာင္ၿပီး တကယ္ကစားေတာ့ ခံစစ္လူစာရင္းႀကီးနဲ႔ ထြက္ခ်လာခဲ့တဲ့ ဥမမယ္ စာမေျမာက္ ဇာဗီကို ဝါရင့္ႀကီး အန္ခ်ယ္ေလာ့တီရဲ႕ မူစကူဒူးပြဲအျဖစ္နဲ႔ ျမင္ေတြ႕ခဲ့ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.