Match Report Premier League

ဂိုးမသွင်းတတ်တဲ့သူတွေ ထသွင်းပြီး သရေကျခဲ့ကြတဲ့ မန်ယူနဲ့ စပါးစ်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ သူတို့ဆွဲထားတဲ့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ အီဗန်စ်၊ ဗာရွန်း၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ မိုင်နူးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် တော့တင်ဟမ်ဟော့စပါးစ်တို့ကတော့ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပက်ဒရို ပေါ်ရိုနဲ့ အူဒိုဂီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘင်တန်ကာ၊ စကစ်ပ်နဲ့ ဟွိုင်ဘယာ့ဂ်တို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဘရင်နန် ဂျွန်ဆန်၊ တီမို ဗာနာနဲ့ ရစ်ချာလစ်ဆန်တို့ကို စုဖွဲ့လာခဲ့တာပါ။

ပွဲချိန် ၃ မိနစ်မှာကတည်းက မန်ယူတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ်က ဘယ်တောင်ပံကို ခင်းပေးလိုက်တာကို ရက်ရှ်ဖို့ဒ်က ဧရိယာထဲကို ဆွဲဝင်ထိုးဖောက်ရာမှာ စပါးစ်ခံစစ်နဲ့ ငြိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ဟွိုင်လန်းက ပြန်ရပြီး ဘယ်ဘက်အပေါ်ထောင့်ထဲကို အပြင်းကျုံးကန်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ယူတို့ ဂိုးရသွားလို့ အားတက်သွားပြီး ဖိကစားခဲ့ပေမယ့် ဘောလုံးကိုင်ကစားနိုင်စွမ်း မရှိဘဲ အသင်းကြီးချင်း ယှဉ်ရင် တစ်ဆင့်နိမ့်နေတဲ့ ကွင်းလယ်ကြောင့် အိုင်းယက်စ်က နည်းစနစ်တွေကိုတောင် ယူလာလို့ မရဘဲ အညံ့ခံထားခဲ့ရတဲ့ တန်ဟတ်ရဲ့ အသင်းကို ပိုစတီကိုဂလူးရဲ့ အိမ်စာကြေတဲ့ အသင်းက တဖြည်းဖြည်း ပြန်လည်ထိန်းချုပ်လာခဲ့တာပါ။

ပွဲချိန် ၁၉ မိနစ်မှာတော့ စပါးစ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ထောင့်ကန်ဘောကို ပေါ်ရိုက ဂိုးရှေ့ကန်တင်ခဲ့ရာမှာ လူများပြီး ပွဲမစည်သလို မြေက သိပ်မကြွတဲ့ မန်ယူခံစစ်ကြားကနေ ရစ်ချာလစ်ဆန်က အနီးကပ် ခေါင်းတိုက်သွင်းပြီး အိုနာနာတို့အဖွဲ့ကို ငုတ်တုတ်မေ့စေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် မိနစ် ၄၀ မှာတော့ မန်ယူတို့ ပြန်လည်ဦးဆောင်သွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ ဘယ်လောက်မှ မကောင်းလှတဲ့ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ရဲ့ ဝမ်းတူးရိုက်ချက်ကို ဧရိယာထဲမှာ မတားဆီးနိုင်ဘဲ အတိတ်မေ့သလို ရွှေပျောက်သလိုဖြစ်နေတဲ့ ပေါ်ရိုနဲ့ ဗန်ဒဗင်တို့ကြောင့် ရက်ရှ်ဖို့ဒ်ကပဲ ညာဘက်တိုင်ခြေကို ကန်သွင်းခွင့်ရသွားခဲ့ပြီး ပထမပိုင်းမှာတော့ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၆ မိနစ်မှာတော့ စပါးစ်တို့ ဒုတိယ ချေပဂိုး ရယူသွားနိုင်ခဲ့ပြန်ပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘယ်ခြမ်းက တီမို ဗာနာက အတွင်းကို ပြန်ချိုးပေးတာကို ဘင်တန်ကာက ဧရိယာထဲကို ဆွဲဝင်ပြီး ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းခဲ့ရာမှာ အိုနာနာ ဘာမှ မတတ်နိုင်ဘဲ ဂိုးပြန်ပေးခဲ့ရတာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ စပါးစ်တို့ကတောင် အခွင့်အရေးတွေ ပိုမိုဖန်တီးနိုင်ခဲ့ပေမယ့် ကံမလိုက်ခဲ့လို့သာ ဂိုးထပ်မရခဲ့တာဖြစ်သလို မန်ယူတို့ကတော့ အမြဲတမ်း ဒီပုံစံပဲဖြစ်နေတဲ့ တိုက်စစ်နဲ့ ဒီထက် ဂိုးရဖို့နဲ့ ပွဲတစ်ပွဲကို ထိန်းချုပ်နိုင်ဖို့က ခက်နေခဲ့တာကြောင့် နှစ်သင်းစလုံးအတွက် ဖြစ်သင့်တဲ့ သရေရလဒ်နဲ့ပဲ ပွဲပြီးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ နှစ်ဂိုးစီသရေနဲ့ အမှတ်ခွဲယူခဲ့ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ သူတို႔ဆြဲထားတဲ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ အီဗန္စ္၊ ဗာ႐ြန္း၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဲရစ္ဆန္၊ မိုင္ႏူးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေတာ့တင္ဟမ္ေဟာ့စပါးစ္တို႔ကေတာ့ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ပက္ဒ႐ို ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘင္တန္ကာ၊ စကစ္ပ္နဲ႔ ဟြိဳင္ဘယာ့ဂ္တို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘရင္နန္ ဂြၽန္ဆန္၊ တီမို ဗာနာနဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို စုဖြဲ႕လာခဲ့တာပါ။

ပြဲခ်ိန္ ၃ မိနစ္မွာကတည္းက မန္ယူတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္က ဘယ္ေတာင္ပံကို ခင္းေပးလိုက္တာကို ရက္ရွ္ဖို႔ဒ္က ဧရိယာထဲကို ဆြဲဝင္ထိုးေဖာက္ရာမွာ စပါးစ္ခံစစ္နဲ႔ ၿငိၿပီး က်န္ခဲ့တဲ့ ေဘာလုံးကို ဟြိဳင္လန္းက ျပန္ရၿပီး ဘယ္ဘက္အေပၚေထာင့္ထဲကို အျပင္းက်ဳံးကန္သြင္းခဲ့တာျဖစ္ပါတယ္။

မန္ယူတို႔ ဂိုးရသြားလို႔ အားတက္သြားၿပီး ဖိကစားခဲ့ေပမယ့္ ေဘာလုံးကိုင္ကစားႏိုင္စြမ္း မရွိဘဲ အသင္းႀကီးခ်င္း ယွဥ္ရင္ တစ္ဆင့္နိမ့္ေနတဲ့ ကြင္းလယ္ေၾကာင့္ အိုင္းယက္စ္က နည္းစနစ္ေတြကိုေတာင္ ယူလာလို႔ မရဘဲ အညံ့ခံထားခဲ့ရတဲ့ တန္ဟတ္ရဲ႕ အသင္းကို ပိုစတီကိုဂလူးရဲ႕ အိမ္စာေၾကတဲ့ အသင္းက တျဖည္းျဖည္း ျပန္လည္ထိန္းခ်ဳပ္လာခဲ့တာပါ။

ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ေထာင့္ကန္ေဘာကို ေပၚ႐ိုက ဂိုးေရွ႕ကန္တင္ခဲ့ရာမွာ လူမ်ားၿပီး ပြဲမစည္သလို ေျမက သိပ္မႂကြတဲ့ မန္ယူခံစစ္ၾကားကေန ရစ္ခ်ာလစ္ဆန္က အနီးကပ္ ေခါင္းတိုက္သြင္းၿပီး အိုနာနာတို႔အဖြဲ႕ကို ငုတ္တုတ္ေမ့ေစခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ မန္ယူတို႔ ျပန္လည္ဦးေဆာင္သြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန ဘယ္ေလာက္မွ မေကာင္းလွတဲ့ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ရဲ႕ ဝမ္းတူး႐ိုက္ခ်က္ကို ဧရိယာထဲမွာ မတားဆီးႏိုင္ဘဲ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလိုျဖစ္ေနတဲ့ ေပၚ႐ိုနဲ႔ ဗန္ဒဗင္တို႔ေၾကာင့္ ရက္ရွ္ဖို႔ဒ္ကပဲ ညာဘက္တိုင္ေျခကို ကန္သြင္းခြင့္ရသြားခဲ့ၿပီး ပထမပိုင္းမွာေတာ့ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၆ မိနစ္မွာေတာ့ စပါးစ္တို႔ ဒုတိယ ေခ်ပဂိုး ရယူသြားႏိုင္ခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘယ္ျခမ္းက တီမို ဗာနာက အတြင္းကို ျပန္ခ်ိဳးေပးတာကို ဘင္တန္ကာက ဧရိယာထဲကို ဆြဲဝင္ၿပီး ေထာင့္က်ဥ္းအေနအထားကေန အျပင္းကန္သြင္းခဲ့ရာမွာ အိုနာနာ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးျပန္ေပးခဲ့ရတာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာ စပါးစ္တို႔ကေတာင္ အခြင့္အေရးေတြ ပိုမိုဖန္တီးႏိုင္ခဲ့ေပမယ့္ ကံမလိုက္ခဲ့လို႔သာ ဂိုးထပ္မရခဲ့တာျဖစ္သလို မန္ယူတို႔ကေတာ့ အၿမဲတမ္း ဒီပုံစံပဲျဖစ္ေနတဲ့ တိုက္စစ္နဲ႔ ဒီထက္ ဂိုးရဖို႔နဲ႔ ပြဲတစ္ပြဲကို ထိန္းခ်ဳပ္ႏိုင္ဖို႔က ခက္ေနခဲ့တာေၾကာင့္ ႏွစ္သင္းစလုံးအတြက္ ျဖစ္သင့္တဲ့ သေရရလဒ္နဲ႔ပဲ ပြဲၿပီးခဲ့ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ ႏွစ္ဂိုးစီသေရနဲ႔ အမွတ္ခြဲယူခဲ့ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.