Premier League

ဒီဘရိုင်းနားကယ်တင်ပေးခဲ့တဲ့ပွဲစဉ်အပြီး ပရိသတ်တွေကြား ပျံ့နှံ့ခဲ့တဲ့ ဟာလန်းရဲ့ တုံ့ပြန်မှု

အာလင်း ဟာလန်းဟာ နယူးကာဆယ်နဲ့ပွဲမှာ မန်စီးတီးကို မယုံနိုင်ဖွယ် ပြန်လာနိုင်အောင် ဦးဆောင်ပေးခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားကို ကြည့်ရှုခဲ့ပြီးနောက် လူမှုကွန်ရက်ပေါ်မှာ လူပြောများစေမယ့်အရာကို ပြုလုပ်ခဲ့ပါတယ်။

မန်စီးတီးဟာ ဘာနာဒို ဆေးလ်ဗားရဲ့ အလွန်ကောင်းမွန်တဲ့ ဖနောင့်ပေါက်ချက်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့်လည်း ပထမပိုင်းအပြီး အလက်ဇန်းဒါး အီဆက်ခ်နဲ့ အန်သိုနီ ဂေါ်ဒွန်တို့ရဲ့ သွင်းဂိုးတွေကို ပြန်လည်ခွင့်ပြုခဲ့ရပြီးနောက် ၂-၁ နဲ့ ရှုံးနိမ့်နေတာဖြစ်ပါတယ်။

ဂွါဒီယိုလာက မကြာသေးမီကမှ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတဲ့ ဒီဘရိုင်းနားကို ထည့်သွင်းကစားစေခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ဩဂုတ်လနောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာပဲ ကန်သွင်းယူနေကျ ပုံစံအတိုင်းပဲ ကိုက် ၂၀ အကွာကနေ ဂိုးအောက်ထောင့်ထဲကို အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပြီး ပြီးတဲ့နောက် နာကျင်အချိန်ပိုမှာ နော်ဝေလူငယ်ကြယ်ပွင့် အော်စကာ ဘော့ဘ် ဂိုးသွင်းယူနိုင်အောင် လက်ဖျားခါရလောက်တဲ့ ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်မှု ပြန်လည်ရရှိဖို့ လုပ်ဆောင်နေတဲ့ ဟာလန်းဟာ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ခဲ့တဲ့ လူစာရင်းထဲ မပါဝင်ခဲ့ဘဲ အိမ်ကနေသာ မန်စီးတီးပွဲစဉ်ကို ကြည့်ရှုအားပေးနေခဲ့တာဖြစ်ပြီး အင်စတာဂရမ်ပေါ်ကနေ ပရိသတ်တွေကို ဖျော်ဖြေမှုပေးနိုင်တဲ့ ပို့စ်တွေ တင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ ပွဲအပြီး မြင်ကွင်းကို တင်ခဲ့ပြီး ရူးသွပ်လောက်စရာ ၂၁ မိနစ်ပွဲကစားချိန်ကို ပါဝင်ကစားပေးခဲ့တဲ့ ဒီဘရိုင်းနားရဲ့ ဦးခေါင်းပေါ်မှာ သရဖူတပ်ထားပြီး အသင်းဖော်ကို ချီးကျူးခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာတော့ စိတ်အားထက်သန်စွာနဲ့ အောင်ပွဲခံနေတဲ့ ပုံစံကို တင်ခဲ့ပြီး သူ့အနေနဲ့ “shot”တစ်ခွက်လောက် သောက်ဖို့ လိုအပ်တယ်လို့ ဟာသဖောက်ခဲ့ပေမယ့် အရက်အစား နွားနို့ပဲ သောက်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္းဟာ နယူးကာဆယ္နဲ႔ပြဲမွာ မန္စီးတီးကို မယုံႏိုင္ဖြယ္ ျပန္လာႏိုင္ေအာင္ ဦးေဆာင္ေပးခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားကို ၾကည့္ရႈခဲ့ၿပီးေနာက္ လူမႈကြန္ရက္ေပၚမွာ လူေျပာမ်ားေစမယ့္အရာကို ျပဳလုပ္ခဲ့ပါတယ္။

မန္စီးတီးဟာ ဘာနာဒို ေဆးလ္ဗားရဲ႕ အလြန္ေကာင္းမြန္တဲ့ ဖေနာင့္ေပါက္ခ်က္နဲ႔ ဦးေဆာင္ႏိုင္ခဲ့ေပမယ့္လည္း ပထမပိုင္းအၿပီး အလက္ဇန္းဒါး အီဆက္ခ္နဲ႔ အန္သိုနီ ေဂၚဒြန္တို႔ရဲ႕ သြင္းဂိုးေတြကို ျပန္လည္ခြင့္ျပဳခဲ့ရၿပီးေနာက္ ၂-၁ နဲ႔ ရႈံးနိမ့္ေနတာျဖစ္ပါတယ္။

ဂြါဒီယိုလာက မၾကာေသးမီကမွ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာတဲ့ ဒီဘ႐ိုင္းနားကို ထည့္သြင္းကစားေစခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ဩဂုတ္လေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားဟာ သိပ္မၾကာခင္ မိနစ္ပိုင္းအတြင္းမွာပဲ ကန္သြင္းယူေနက် ပုံစံအတိုင္းပဲ ကိုက္ ၂၀ အကြာကေန ဂိုးေအာက္ေထာင့္ထဲကို အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ၿပီး ၿပီးတဲ့ေနာက္ နာက်င္အခ်ိန္ပိုမွာ ေနာ္ေဝလူငယ္ၾကယ္ပြင့္ ေအာ္စကာ ေဘာ့ဘ္ ဂိုးသြင္းယူႏိုင္ေအာင္ လက္ဖ်ားခါရေလာက္တဲ့ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။

ႀကံ့ခိုင္မႈ ျပန္လည္ရရွိဖို႔ လုပ္ေဆာင္ေနတဲ့ ဟာလန္းဟာ စိန္႔ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ခဲ့တဲ့ လူစာရင္းထဲ မပါဝင္ခဲ့ဘဲ အိမ္ကေနသာ မန္စီးတီးပြဲစဥ္ကို ၾကည့္ရႈအားေပးေနခဲ့တာျဖစ္ၿပီး အင္စတာဂရမ္ေပၚကေန ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေပးႏိုင္တဲ့ ပို႔စ္ေတြ တင္ခဲ့တာျဖစ္ပါတယ္။

ပထမဆုံးအေနနဲ႔ ပြဲအၿပီး ျမင္ကြင္းကို တင္ခဲ့ၿပီး ႐ူးသြပ္ေလာက္စရာ ၂၁ မိနစ္ပြဲကစားခ်ိန္ကို ပါဝင္ကစားေပးခဲ့တဲ့ ဒီဘ႐ိုင္းနားရဲ႕ ဦးေခါင္းေပၚမွာ သရဖူတပ္ထားၿပီး အသင္းေဖာ္ကို ခ်ီးက်ဴးခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာေတာ့ စိတ္အားထက္သန္စြာနဲ႔ ေအာင္ပြဲခံေနတဲ့ ပုံစံကို တင္ခဲ့ၿပီး သူ႔အေနနဲ႔ “shot”တစ္ခြက္ေလာက္ ေသာက္ဖို႔ လိုအပ္တယ္လို႔ ဟာသေဖာက္ခဲ့ေပမယ့္ အရက္အစား ႏြားႏို႔ပဲ ေသာက္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.