Premier League

ပွဲမတိုင်ခင် ကစားသမားတွေအပေါ် သက်ရောက်မှုရှိစေတဲ့ တစ်စုံတခုဖြစ်ခဲ့တယ်ဆိုတဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုဟာ စနေနေ့ညက ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲမတိုင်ခင်လေးမှာပဲ ချဲလ်ဆီးကစားသမားတွေအပေါ် အကျိုးသက်ရောက်မှုရှိစေခဲ့တဲ့ တစ်စုံတခုဖြစ်ပျက်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပေမယ့်လည်း ဘာကိစ္စလဲဆိုတာ ပြောပြဖို့တော့ ငြင်းဆန်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်မှာ မစ်ဒယ်ဘရော့ကို ကာရာဘောင်းဆီမီးဖိုင်နယ် ပထမအကျော့မှာ ရှုံးနိမ့်ခဲ့မှုကနေ နိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး ကိုး ပါလ်မာရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် လန်ဒန်ပြိုင်ဘက်တွေကို ၁-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေ အများအပြား ရရှိခဲ့ပေမယ့်လည်း ချဲလ်ဆီးဟာ ပထမပိုင်းပြီးဆုံးခါနီး နာကျင်အချိန်ပိုမှ ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး စတားလင်းကို ပင်နယ်တီဧရိယာထဲမှာ ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့တဲ့အတွက် ဒိုင်က ချဲလ်ဆီးကို ပင်နယ်တီကန်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

ကိုး ပါလ်မာက ပင်နယ်တီကို အမှားအယွင်းမရှိ ကန်သွင်းယူပြီး ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့်လည်း ချဲလ်ဆီးဟာ ပထမပိုင်း ၄၅ မိနစ်အတွင်း ကစားပုံက သိပ်မကောင်းခဲ့တာဖြစ်ပါတယ်။ ပိုချက်တီနိုက လက်ရှိမှာတော့ အဲဒီလို ဖြစ်နေရတာဟာ ပွဲမစတင်ခင်မှာ ၎င်းရဲ့ အသင်းအပေါ် အကျိုးသက်ရောက်မှုရှိစေခဲ့တဲ့ တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့တာကြောင့် ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး စိတ်ကျေနပ်ခဲ့လားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ ပိုချက်တီနိုက “အင်း။ ပထမပိုင်းကတော့ သိပ်မကျေနပ်ဘူးပေါ့။ ပထမပိုင်းက ကျွန်တော်တို့ တွေးထားသလို၊ စီစဉ်ထားသလို မဖြစ်ခဲ့ဘူး။ ပွဲမတိုင်ခင် တစ်ခုခုဖြစ်ခဲ့သေးတယ်။ ဒါပေမယ့် ကျွန်တော် အဲဒါကို ရှင်းပြမှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါက အသင်းကို (ပထမပိုင်းမှာ)နည်းနည်းတော့ အကျိုးသက်ရောက်မှု ရှိစေခဲ့တယ်လို့ ထင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ ဒုတိယပိုင်းကို တကယ်ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ကျွန်တော်တို့ တကယ်ကောင်းတဲ့ ဘောလုံးကစားပုံနဲ့ ကစားနိုင်ခဲ့တယ်လို့ ထင်တယ်။ မိနစ် ၃၀ လောက်အထိ ကျွန်တော်တို့ တကယ်ကောင်းခဲ့ပြီး နောက်ထပ်ဂိုးတွေ သွင်းယူနိုင်ခဲ့သင့်တယ်။ ၁ ဂိုး၊ ၂ ဂိုးလောက်ပေါ့။ ပြီးတော့ ပွဲကို ဖြတ်နိုင်ခဲ့သင့်တယ်။ ဒါပေမယ့် ပွဲက ဒီလိုမျိုး ဖြစ်နေတဲ့အချိန်မှာ ပွဲကို သတ်ပစ်လိုက်လို့မရပါဘူး။ အမြဲတမ်း နောက်ဆုံးမိနစ်အနည်းငယ်မှာ ကျွန်တော်တို့ လှုပ်ရှားမှုအချို့၊ တည်ကန်ဘောတွေ၊ အလွတ်တည်ကန်ဘောတွေ၊ ထောင့်ကန်ဘောတွေ ခွင့်ပြုခဲ့တယ်။ သူတို့တွေက ဒီအခြေအနေတွေအားလုံးမှာ ကောင်းမွန်တဲ့ အလားအလာရှိပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း ခုခံနိုင်ခဲ့ပြီး အဆုံးမှာ ကျွန်တော်တို့အတွက် နည်းနည်းတော့ ခံစားခဲ့ရတာ ကောင်းတယ်လို့ ထင်တယ်။ ဒါပေမယ့် ဒီလိုပွဲစဉ်မျိုးက ကျွန်တော်တို့ကို ကြီးထွားလာအောင်နဲ့ ကျွန်တော်တို့ လုပ်နေတဲ့ပုံစံအပေါ်မှာ ယုံကြည်မှု တည်ဆောက်နိုင်အောင် ကူညီပေးတယ်လို့ ထင်တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုဟာ စေနေန႔ညက ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ပြဲမတိုင္ခင္ေလးမွာပဲ ခ်ဲလ္ဆီးကစားသမားေတြအေပၚ အက်ိဳးသက္ေရာက္မႈရွိေစခဲ့တဲ့ တစ္စုံတခုျဖစ္ပ်က္ခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ေပမယ့္လည္း ဘာကိစၥလဲဆိုတာ ေျပာျပဖို႔ေတာ့ ျငင္းဆန္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္မွာ မစ္ဒယ္ဘေရာ့ကို ကာရာေဘာင္းဆီမီးဖိုင္နယ္ ပထမအေက်ာ့မွာ ရႈံးနိမ့္ခဲ့မႈကေန ႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး ကိုး ပါလ္မာရဲ႕ ပင္နယ္တီသြင္းဂိုးေၾကာင့္ လန္ဒန္ၿပိဳင္ဘက္ေတြကို ၁-၀ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အခြင့္အေရးေတြ အမ်ားအျပား ရရွိခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးဟာ ပထမပိုင္းၿပီးဆုံးခါနီး နာက်င္အခ်ိန္ပိုမွ ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး စတားလင္းကို ပင္နယ္တီဧရိယာထဲမွာ ဖ်က္ထုတ္ပုံၾကမ္းတမ္းခဲ့တဲ့အတြက္ ဒိုင္က ခ်ဲလ္ဆီးကို ပင္နယ္တီကန္ခြင့္ေပးခဲ့တာျဖစ္ပါတယ္။

ကိုး ပါလ္မာက ပင္နယ္တီကို အမွားအယြင္းမရွိ ကန္သြင္းယူၿပီး ခ်ဲလ္ဆီးအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ေပမယ့္လည္း ခ်ဲလ္ဆီးဟာ ပထမပိုင္း ၄၅ မိနစ္အတြင္း ကစားပုံက သိပ္မေကာင္းခဲ့တာျဖစ္ပါတယ္။ ပိုခ်က္တီႏိုက လက္ရွိမွာေတာ့ အဲဒီလို ျဖစ္ေနရတာဟာ ပြဲမစတင္ခင္မွာ ၎ရဲ႕ အသင္းအေပၚ အက်ိဳးသက္ေရာက္မႈရွိေစခဲ့တဲ့ တစ္စုံတစ္ခု ျဖစ္ပ်က္ခဲ့တာေၾကာင့္ ျဖစ္တယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ပြဲၿပီးသတင္းစာရွင္းလင္းပြဲမွာ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး စိတ္ေက်နပ္ခဲ့လားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ ပိုခ်က္တီႏိုက “အင္း။ ပထမပိုင္းကေတာ့ သိပ္မေက်နပ္ဘူးေပါ့။ ပထမပိုင္းက ကြၽန္ေတာ္တို႔ ေတြးထားသလို၊ စီစဥ္ထားသလို မျဖစ္ခဲ့ဘူး။ ပြဲမတိုင္ခင္ တစ္ခုခုျဖစ္ခဲ့ေသးတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒါကို ရွင္းျပမွာမဟုတ္ဘူး။ ဒါေပမယ့္ အဲဒါက အသင္းကို (ပထမပိုင္းမွာ)နည္းနည္းေတာ့ အက်ိဳးသက္ေရာက္မႈ ရွိေစခဲ့တယ္လို႔ ထင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒုတိယပိုင္းကို တကယ္ေကာင္းေကာင္း စတင္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ တကယ္ေကာင္းတဲ့ ေဘာလုံးကစားပုံနဲ႔ ကစားႏိုင္ခဲ့တယ္လို႔ ထင္တယ္။ မိနစ္ ၃၀ ေလာက္အထိ ကြၽန္ေတာ္တို႔ တကယ္ေကာင္းခဲ့ၿပီး ေနာက္ထပ္ဂိုးေတြ သြင္းယူႏိုင္ခဲ့သင့္တယ္။ ၁ ဂိုး၊ ၂ ဂိုးေလာက္ေပါ့။ ၿပီးေတာ့ ပြဲကို ျဖတ္ႏိုင္ခဲ့သင့္တယ္။ ဒါေပမယ့္ ပြဲက ဒီလိုမ်ိဳး ျဖစ္ေနတဲ့အခ်ိန္မွာ ပြဲကို သတ္ပစ္လိုက္လို႔မရပါဘူး။ အၿမဲတမ္း ေနာက္ဆုံးမိနစ္အနည္းငယ္မွာ ကြၽန္ေတာ္တို႔ လႈပ္ရွားမႈအခ်ိဳ႕၊ တည္ကန္ေဘာေတြ၊ အလြတ္တည္ကန္ေဘာေတြ၊ ေထာင့္ကန္ေဘာေတြ ခြင့္ျပဳခဲ့တယ္။ သူတို႔ေတြက ဒီအေျခအေနေတြအားလုံးမွာ ေကာင္းမြန္တဲ့ အလားအလာရွိပါတယ္။ ကြၽန္ေတာ္တို႔ ေကာင္းေကာင္း ခုခံႏိုင္ခဲ့ၿပီး အဆုံးမွာ ကြၽန္ေတာ္တို႔အတြက္ နည္းနည္းေတာ့ ခံစားခဲ့ရတာ ေကာင္းတယ္လို႔ ထင္တယ္။ ဒါေပမယ့္ ဒီလိုပြဲစဥ္မ်ိဳးက ကြၽန္ေတာ္တို႔ကို ႀကီးထြားလာေအာင္နဲ႔ ကြၽန္ေတာ္တို႔ လုပ္ေနတဲ့ပုံစံအေပၚမွာ ယုံၾကည္မႈ တည္ေဆာက္ႏိုင္ေအာင္ ကူညီေပးတယ္လို႔ ထင္တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.