Bundesliga
ပရီးမီးယားလိဂ်ပြောင်းဖို့ အေးဂျင့် ရှာနေတဲ့ ကင်းမစ်ချ်
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ချ်ဟာ ပရီးမီးယားလိဂ်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အေးဂျင့်နဲ့ စကားပြောဆိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ၂၀၁၅ ခုနှစ် နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကမ္ဘာ့ဘောလုံးလောကမှာ ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။
မူလက ညာနောက်ခံနေရာမှာ ကစားခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ကင်းမစ်ချ်ရဲ့ နေရာစုံကစားနိုင်စွမ်းက ဘိုင်ယန်မြူးနစ်အတွက် ကောင်းကောင်း အကျိုးပြုနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၆ ရာသီထဲက ၄ ရာသီမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ် သို့မဟုတ် ၁၀ ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ကင်းမစ်ချ်ဟာ ဟန်ဆီ ဖလစ်လက်ထက် ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့အသင်းအတွက် အဓိကအစိတ်အပိုင်းလည်း ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဘဲ အသင်းပြောင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ကင်းမစ်ချ် ပြောင်းရွှေ့ချင်နေတဲ့ နေရာကတော့ ပရီးမီးယားလိဂ်ဖြစ်ပြီး BILD သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ ဇန်နဝါရီအပြောင်းအရွှေ့စျေးကွက်မဖွင့်ခင် အေးဂျင့်ငှားရမ်းဖို့အတွက် စုံစမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။
“ဂျိုရွှာ ကင်းမစ်ချ်က အေးဂျင့်ငှားဖို့ လိုက်မေးနေတယ်။ ကင်းမစ်ချ်က အေးဂျင့်မရှိတဲ့ တစ်ဦးတည်းသော ဘိုင်ယန်မြူးနစ်ကစားသမားပါ။ ကွင်းလယ်ကစားသမားရဲ့ လက်ရှိစာချုပ်က ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး သူက ထိပ်တန်းလစာရနေတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။အခု သူတို့(ဘိုင်ယန်နဲ့ကင်းမစ်ချ်)တို့ စာချုပ်သစ်အကြောင်း ပြောရတော့မယ်။ အသင်းကတော့ လက်ရှိ စွမ်းဆောင်ရည်နဲ့ဆိုရင် လစာပိုမရနိုင်ဘူးလို့ ပြောနေတယ်။ အေးဂျင့်ငှားတာက ကစားသမားအနေနဲ့ ပြည်ပကို ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်ဆိုတာကို ညွှန်ပြနေတာပါ။”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။
ဂျိုရွှာ ကင်းမစ်ချ်ကို ခေါ်ယူနိုင်ခြေရှိတဲ့ အသင်းကတော့ မန်ချက်စတာစီးတီးဖြစ်ပြီး ဂွါဒီယိုလာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်း အသက် ၂၈ နှစ်အရွယ်ကစားသမားက ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပြောင်းလဲအသုံးပြုခံခဲ့ရတာဖြစ်ပါတယ်။
Football Transfer ရဲ့ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဒီကလန် ရိုက်ကို မခေါ်ယူခင် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ခေါ်ယူချင်ခဲ့တယ်လို့ သိရပြီး ကင်းမစ်ချ်ရဲ့ အနာဂတ်ဟာ တူဟယ်ရဲ့လက်အောက်မှာ မရေမရာဖြစ်နေတာကြောင့် ဇန်နဝါရီမှာ အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့အတွက် လမ်းစဖြစ်လာနိုင်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျိုရွှာ ကင်းမစ်ခ်ျဟာ ပရီးမီးယားလိဂ်ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အေးဂျင့်နဲ့ စကားပြောဆိုနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မူလက ညာနောက်ခံနေရာမှာ ကစားခဲ့တဲ့ ကွင်းလယ်ခံစစ်ကစားသမား ကင်းမစ်ခ်ျရဲ့ နေရာစုံကစားနိုင်စွမ်းက ဘိုင်ယန်မြူးနစ်အတွက် ကောင်းကောင်း အကျိုးပြုနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ ၆ ရာသီထဲက ၄ ရာသီမှာ ဂိုးဖန်တီးမှု ၁၀ ကြိမ် သို့မဟုတ် ၁၀ ကြိမ်နဲ့အထက် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
ကင်းမစ်ခ်ျဟာ ဟန်ဆီ ဖလစ်လက်ထက် ၂၀၂၀ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရခဲ့တဲ့အသင်းအတွက် အဓိကအစိတ်အပိုင်းလည်း ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ အသင်းနဲ့ စာချုပ်သစ် မချုပ်ဘဲ အသင်းပြောင်းဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ကင်းမစ်ခ်ျ ပြောင်းရွှေ့ချင်နေတဲ့ နေရာကတော့ ပရီးမီးယားလိဂ်ဖြစ်ပြီး BILD သတင်းထောက် ခရစ်ရှန် ဖော့ခ်ရဲ့ အဆိုအရ ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မဖွင့်ခင် အေးဂျင့်ငှားရမ်းဖို့အတွက် စုံစမ်းမေးမြန်းနေတယ်လို့ သိရပါတယ်။
ဂျိုရွှာ ကင်းမစ်ခ်ျကို ခေါ်ယူနိုင်ခြေရှိတဲ့ အသင်းကတော့ မန်ချက်စတာစီးတီးဖြစ်ပြီး ဂွါဒီယိုလာ ဘိုင်ယန်မြူးနစ်ကို ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်း အသက် ၂၈ နှစ်အရွယ်ကစားသမားက ကွင်းလယ်ခံစစ်ကစားသမားအဖြစ် ပြောင်းလဲအသုံးပြုခံခဲ့ရတာဖြစ်ပါတယ်။
Football Transfer ရဲ့ဖော်ပြချက်အရ မန်ချက်စတာစီးတီးဟာ အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဒီကလန် ရိုက်ကို မခေါ်ယူခင် ဘိုင်ယန်မြူးနစ်ကြယ်ပွင့်ကို ခေါ်ယူချင်ခဲ့တယ်လို့ သိရပြီး ကင်းမစ်ခ်ျရဲ့ အနာဂတ်ဟာ တူဟယ်ရဲ့လက်အောက်မှာ မရေမရာဖြစ်နေတာကြောင့် ဇန်နဝါရီမှာ အစ်တီဟတ်ကို ပြောင်းရွှေ့ဖို့အတွက် လမ်းစဖြစ်လာနိုင်ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.