Match Report Premier League

KDB အစွမ်းနဲ့ ငှက်ကျားကို ဘုပြီး တစ်ခါတည်း ချန်ပီယံရုပ်ပေါက်လာတဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ နယူးကာဆယ်လ်အသင်းကို အဝေးကွင်းမှာ နောက်ကနေ လိုက်ကစားရပြီးမှ နောက်ဆုံးမိနစ် Come Back နိုင်ပွဲနဲ့ သုံးမှတ်ရပြီး အမှတ်ပေးဇယားရဲ့ ဒုတိယနေရာကို တက်လှမ်းလာခဲ့သလို အာဆင်နယ်တို့ကို ချန်ပီယံအဖြစ် စိတ်ကူးယဉ်ဖို့ဆိုရင် လူအင်အား နက်ရှိုင်းမှုရှိရမှာဖြစ်ကြောင်း သင်ခန်းစာပေးသွားနိုင်ခဲ့ကြပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး လူစုံနီးပါး ထုတ်ကစားခဲ့ကြပြီး နယူးကာဆယ်လ်တို့အနေနဲ့တော့ ကွင်းလယ်မှာ ဂီမာရိုင်းစ်တစ်ယောက်ကိုပဲ အားကိုးဖို့ ရှိတာကြောင့် ကောင်တာချောင်းသွားခဲ့သလို မန်စီးတီးတို့ကတော့ ဟားလန်း မပါဝင်နိုင်ချိန်မှာ အယ်လ်ဗာရက်ဇ်ကို ဒိုကူး၊ ဖိုဒန်တို့နဲ့တွဲပြီး တိုက်စစ်ကို တည်ဆောက်လာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးခံစစ်အနေနဲ့ နယူးကာဆယ်လ်တို့ရဲ့ ဧရိယာထဲကို အလျင်အမြန် ဖိအားပေးမှုတွေနဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး တစ်ချက်ကောင်း ထိုးဖောက်မှုတွေကို ကိုင်တွယ်ဖို့ ခက်နေခဲ့သလို ရူဘင် ဒီယက်စ်နဲ့ အာကေတို့ ဗဟိုအတွဲက ဖရိုဖရဲဖြစ်နေခဲ့တာကြောင့် သူတို့တွေရဲ့ အိုးနင်းခွက်နင်းနိုင်မှုကနေ ဂိုးသမား အီဒါဆန်ပါ ဒဏ်ရာရသွားခဲ့လို့ အော်တေဂါနဲ့ စောစောစီးစီး လူစားလဲခဲ့ရတာပါ။

ပွဲချိန် ၂၆ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒိုကူးက ညာတောင်ပံကို ဖြန့်ပေးခဲ့တဲ့ ဘောလုံးကို ဝေါ်လ်ကာက ဂိုးရှေ့ကို ဖြတ်တင်ခဲ့ရာမှာ ခြေသွက်သွက်နဲ့ ပြေးထွက်နိုင်ခဲ့တဲ့ ဘာနာဒို ဆေးလ်ဗားက လေးလံတဲ့ ရှားကို အနိုင်ယူပြီး နောက်ပေါက်နဲ့ ချိတ်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၅ မိနစ်မှာတော့ နယူးကာဆယ်လ်တို့တွေ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဂီမာရိုင်းစ်က ကန်တင်ပေးခဲ့ရာမှာ ပေါတောတောနဲ့ ဘယ်ခြမ်းမှာ အကုန်စုမျောနေခဲ့တဲ့ မန်စီးတီးခံစစ်ရဲ့ ညာခြမ်းကနေ အီဆက်ခ်က သာသာယာယာပဲ ရယူသွားခဲ့ပြီး ဝေါ်လ်ကာကို တစ်ချက်ခေါက်ပြီးမှ ဂိုးသမား အော်တေဂါကို ကျော်ကန်သွားခဲ့တာပါ။

ပွဲချိန် ၃၇ မိနစ်မှာ နယူးကာဆယ်လ်တို့ပဲ ဒုတိယဂိုးသွင်းပြီး ပွဲကို ဦးဆောင်သွားခဲ့ကြသလို ဒီဂိုးကိုတော့ စုတ်ပြတ်သတ်နေတဲ့ ရူဘင် ဒီယက်စ်ရဲ့ အမှားကနေ ပြန်ကျလာတဲ့ ဘောလုံးကို ဒန်ဘန်းက ဘယ်တောင်ပံဆီ ခင်းပေးခဲ့ရာမှာ ဂေါ်ဒန်က တောက်လျှောက်ဆွဲပြေးပြီး ပထမဂိုးက ပုံစံအတိုင်းပဲ အော်တေဂါရဲ့ အဝေးတိုင်ကို ကန်သွင်းယူနိုင်ခဲ့တာကြောင့် သူတို့ရဲ့ လူစားဝင်ဂိုးသမားကို မန်စီးတီးပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ နယူးကာဆယ်လ်တို့က မန်စီးတီးတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ ဦးဆောင်နေခဲ့ကြပြီး ဧည့်သည်တွေ ပိုဖိကစားနေခဲ့ကြသလို အိမ်ရှင်တွေရဲ့ ခံစစ်ကလည်း မာကျောခဲ့တာကြောင့် ဂိုးရဖို့ ခက်နေခဲ့တဲ့ တိုက်စစ်ကို ပြင်ဆင်ဖို့ ဂွါဒီယိုလာအနေနဲ့ ပွဲချိန် ၆၉ မိနစ်မှာ ဒဏ်ရာက သက်သာလာတဲ့ ဒီဘရိုင်းနားကို အရန်ခုံကနေ ဘာနာဒို ဆေးလ်ဗားနေရာ ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်စီးတီးတို့ သရေကျစေမယ့် ချေပဂိုးကို ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နယူးကာဆယ်လ်ကွင်းလယ် သုံးယောက်ကြားကနေ ရိုဒရီက ခင်းပေးလိုက်တဲ့‌ ဘောလုံးကို ကွင်းထဲ ရောက်လို့ ၅ မိနစ်သာ ရှိသေးတဲ့ ဒီဘရိုင်းနားက ဧရိယာအပြင်ကနေ ပေးမလိုလို ပုံစံနဲ့ ဘယ်ဘက်တိုင်ခြေကို ကန်သွင်းခဲ့ရာမှာ တိကျလှတဲ့ ကန်ချက်ကို ဂိုးသမား ဒူဘရက်ဗ်ကာ အငိုက်မိပြီး မကာကွယ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ သုံးမှတ်တန် အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒီဘရိုင်းနားကပဲ အကွက်မြင်မြင်နဲ့ ဧရိယာဘယ်ခြမ်းကို လှမ်းမ,တင်ပေးခဲ့ရာမှာ လူစားဝင်တောင်ပံသမား အော်စကာ ဘော့ဘ်က နယူးကာဆယ်လ်ခံစစ်ကြားကနေ လှပတဲ့ အထိန်းအသိမ်းနဲ့ ဆွဲထွက်ပြီး အနီးကပ်ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဒီဘရိုင်းနားအစွမ်း အံ့မခန်းနဲ့ မန်ချက်စတာစီးတီးတို့ နယူးကာဆယ်လ်ကို သုံးဂိုး-နှစ်ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံခြေစွမ်းနဲ့ ပြန်တူလာခဲ့သလို ခံစစ်က ရူဘင် ဒီယကစ်တို့ရဲ့ စုတ်ပြတ်မှုတွေကိုသာ ပြင်ဆင်နိုင်ခဲ့ရင် အကောင်းဆုံးပုံစံကို ပြန်လည်ရရှိနိုင်ပြီဖြစ်သလို ဒီနှစ်ချန်ပီယံဆုက အချိန်တန်ရင် သူတို့ အတွက်ပဲလို့‌ သုံးသပ်ရမလိုဖြစ်လာခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ နယူးကာဆယ္လ္အသင္းကို အေဝးကြင္းမွာ ေနာက္ကေန လိုက္ကစားရၿပီးမွ ေနာက္ဆုံးမိနစ္ Come Back ႏိုင္ပြဲနဲ႔ သုံးမွတ္ရၿပီး အမွတ္ေပးဇယားရဲ႕ ဒုတိယေနရာကို တက္လွမ္းလာခဲ့သလို အာဆင္နယ္တို႔ကို ခ်န္ပီယံအျဖစ္ စိတ္ကူးယဥ္ဖို႔ဆိုရင္ လူအင္အား နက္ရႈိင္းမႈရွိရမွာျဖစ္ေၾကာင္း သင္ခန္းစာေပးသြားႏိုင္ခဲ့ၾကပါတယ္။

ဒီေန႔ပြဲမွာ ႏွစ္သင္းစလုံး လူစုံနီးပါး ထုတ္ကစားခဲ့ၾကၿပီး နယူးကာဆယ္လ္တို႔အေနနဲ႔ေတာ့ ကြင္းလယ္မွာ ဂီမာ႐ိုင္းစ္တစ္ေယာက္ကိုပဲ အားကိုးဖို႔ ရွိတာေၾကာင့္ ေကာင္တာေခ်ာင္းသြားခဲ့သလို မန္စီးတီးတို႔ကေတာ့ ဟားလန္း မပါဝင္ႏိုင္ခ်ိန္မွာ အယ္လ္ဗာရက္ဇ္ကို ဒိုကူး၊ ဖိုဒန္တို႔နဲ႔တြဲၿပီး တိုက္စစ္ကို တည္ေဆာက္လာခဲ့တာျဖစ္ပါတယ္။

မန္စီးတီးခံစစ္အေနနဲ႔ နယူးကာဆယ္လ္တို႔ရဲ႕ ဧရိယာထဲကို အလ်င္အျမန္ ဖိအားေပးမႈေတြနဲ႔ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္ၿပီး တစ္ခ်က္ေကာင္း ထိုးေဖာက္မႈေတြကို ကိုင္တြယ္ဖို႔ ခက္ေနခဲ့သလို ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ ဗဟိုအတြဲက ဖ႐ိုဖရဲျဖစ္ေနခဲ့တာေၾကာင့္ သူတို႔ေတြရဲ႕ အိုးနင္းခြက္နင္းႏိုင္မႈကေန ဂိုးသမား အီဒါဆန္ပါ ဒဏ္ရာရသြားခဲ့လို႔ ေအာ္ေတဂါနဲ႔ ေစာေစာစီးစီး လူစားလဲခဲ့ရတာပါ။

ပြဲခ်ိန္ ၂၆ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒိုကူးက ညာေတာင္ပံကို ျဖန႔္ေပးခဲ့တဲ့ ေဘာလုံးကို ေဝၚလ္ကာက ဂိုးေရွ႕ကို ျဖတ္တင္ခဲ့ရာမွာ ေျခသြက္သြက္နဲ႔ ေျပးထြက္ႏိုင္ခဲ့တဲ့ ဘာနာဒို ေဆးလ္ဗားက ေလးလံတဲ့ ရွားကို အႏိုင္ယူၿပီး ေနာက္ေပါက္နဲ႔ ခ်ိတ္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၅ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ေတြ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဘ႐ူႏို ဂီမာ႐ိုင္းစ္က ကန္တင္ေပးခဲ့ရာမွာ ေပါေတာေတာနဲ႔ ဘယ္ျခမ္းမွာ အကုန္စုေမ်ာေနခဲ့တဲ့ မန္စီးတီးခံစစ္ရဲ႕ ညာျခမ္းကေန အီဆက္ခ္က သာသာယာယာပဲ ရယူသြားခဲ့ၿပီး ေဝၚလ္ကာကို တစ္ခ်က္ေခါက္ၿပီးမွ ဂိုးသမား ေအာ္ေတဂါကို ေက်ာ္ကန္သြားခဲ့တာပါ။

ပြဲခ်ိန္ ၃၇ မိနစ္မွာ နယူးကာဆယ္လ္တို႔ပဲ ဒုတိယဂိုးသြင္းၿပီး ပြဲကို ဦးေဆာင္သြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ စုတ္ျပတ္သတ္ေနတဲ့ ႐ူဘင္ ဒီယက္စ္ရဲ႕ အမွားကေန ျပန္က်လာတဲ့ ေဘာလုံးကို ဒန္ဘန္းက ဘယ္ေတာင္ပံဆီ ခင္းေပးခဲ့ရာမွာ ေဂၚဒန္က ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ပထမဂိုးက ပုံစံအတိုင္းပဲ ေအာ္ေတဂါရဲ႕ အေဝးတိုင္ကို ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ သူတို႔ရဲ႕ လူစားဝင္ဂိုးသမားကို မန္စီးတီးပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ နယူးကာဆယ္လ္တို႔က မန္စီးတီးတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဧည့္သည္ေတြ ပိုဖိကစားေနခဲ့ၾကသလို အိမ္ရွင္ေတြရဲ႕ ခံစစ္ကလည္း မာေက်ာခဲ့တာေၾကာင့္ ဂိုးရဖို႔ ခက္ေနခဲ့တဲ့ တိုက္စစ္ကို ျပင္ဆင္ဖို႔ ဂြါဒီယိုလာအေနနဲ႔ ပြဲခ်ိန္ ၆၉ မိနစ္မွာ ဒဏ္ရာက သက္သာလာတဲ့ ဒီဘ႐ိုင္းနားကို အရန္ခုံကေန ဘာနာဒို ေဆးလ္ဗားေနရာ ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ မန္စီးတီးတို႔ သေရက်ေစမယ့္ ေခ်ပဂိုးကို ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ နယူးကာဆယ္လ္ကြင္းလယ္ သုံးေယာက္ၾကားကေန ႐ိုဒရီက ခင္းေပးလိုက္တဲ့‌ ေဘာလုံးကို ကြင္းထဲ ေရာက္လို႔ ၅ မိနစ္သာ ရွိေသးတဲ့ ဒီဘ႐ိုင္းနားက ဧရိယာအျပင္ကေန ေပးမလိုလို ပုံစံနဲ႔ ဘယ္ဘက္တိုင္ေျခကို ကန္သြင္းခဲ့ရာမွာ တိက်လွတဲ့ ကန္ခ်က္ကို ဂိုးသမား ဒူဘရက္ဗ္ကာ အငိုက္မိၿပီး မကာကြယ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ သုံးမွတ္တန္ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒီဘ႐ိုင္းနားကပဲ အကြက္ျမင္ျမင္နဲ႔ ဧရိယာဘယ္ျခမ္းကို လွမ္းမ,တင္ေပးခဲ့ရာမွာ လူစားဝင္ေတာင္ပံသမား ေအာ္စကာ ေဘာ့ဘ္က နယူးကာဆယ္လ္ခံစစ္ၾကားကေန လွပတဲ့ အထိန္းအသိမ္းနဲ႔ ဆြဲထြက္ၿပီး အနီးကပ္ကန္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဒီဘ႐ိုင္းနားအစြမ္း အံ့မခန္းနဲ႔ မန္ခ်က္စတာစီးတီးတို႔ နယူးကာဆယ္လ္ကို သုံးဂိုး-ႏွစ္ဂိုးနဲ႔ အႏိုင္ရၿပီး ခ်န္ပီယံေျခစြမ္းနဲ႔ ျပန္တူလာခဲ့သလို ခံစစ္က ႐ူဘင္ ဒီယကစ္တို႔ရဲ႕ စုတ္ျပတ္မႈေတြကိုသာ ျပင္ဆင္ႏိုင္ခဲ့ရင္ အေကာင္းဆုံးပုံစံကို ျပန္လည္ရရွိႏိုင္ၿပီျဖစ္သလို ဒီႏွစ္ခ်န္ပီယံဆုက အခ်ိန္တန္ရင္ သူတို႔ အတြက္ပဲလို႔‌ သုံးသပ္ရမလိုျဖစ္လာခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.