Premier League

ဒဏ်ရာထပ်ရသွားခဲ့တဲ့ ဟာလန်း ပြန်ကစားပေးမယ့်အချိန်ကို အသိပေးခဲ့တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေချိန်မှာ ဒဏ်ရာထပ်မံရရှိခဲ့ပြီးနောက် လာမယ့်လမတိုင်ခင်အထိ ပြန်ကစားပေးနိုင်ဦးမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ဒီဇင်ဘာလလယ်ကတည်းက ခြေထောက်ဒဏ်ရာကြောင့် အနားယူနေခဲ့ရသူဖြစ်ပြီး ကလပ်ကမ္ဘာ့ဖလားအောင်ပွဲအပါအဝင် နောက်ဆုံးကစားခဲ့တဲ့ မန်စီးတီးရဲ့ ပွဲစဉ် ၈ ပွဲအထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးဂိုးသွင်းစက်ဟာ ပြီးခဲ့တဲ့အပတ်က လေ့ကျင့်ရေး ပြန်ဆင်းခဲ့တာကြောင့် ပရိသတ်တွေက စနေနေ့ညနေ နယူးကာဆယ်နဲ့ ကစားရမယ့် ပွဲစဉ်အမီ ပြန်လည်ပါဝင်ကစားပေးနိုင်တော့မယ်လို့ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂွါဒီယိုလာက ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဟာလန်း ပြန်လည်ပါဝင်ကစားပေးနိုင်ခြေမရှိဘူးလို့ ငြင်းပယ်ခဲ့ပေမယ့်လည်း ဒီဘရိုင်းနားကတော့ ပွဲထွက်ပါဝင်လာနိုင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်လူမျိုးနည်းပြက နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ နောက်ထပ် ၃ ပွဲလောက်အထိ ဆက်လက်လွဲချော်နိုင်တယ်လို့ ထုတ်ဖော်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီလကုန်မှာ သူ အဆင်သင့်ဖြစ်နေလောက်မယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ မျှော်မှန်းထားတာထက်တော့ နည်းနည်းနောက်ကျမှာပါ။ အဲဒါက အရိုးထိသွားတာပါ။ အဲဒီဒဏ်ရာက နည်းနည်း အချိန်လိုတယ်။ ကျွန်တော်တို့ သူ့ကို လွမ်းဆွတ်နေပါပြီ။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးရဲ့ ဇန်နဝါရီလအတွင်း ကစားဖို့ ကျန်ရှိနေသေးတဲ့ပွဲကတော့ နယူးကာဆယ်၊ အက်ဖ်အေဖလားစတုတ္ထအဆင့်အဖြစ် စပါးစ်၊ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတဲ့ ဘန်လေတို့နဲ့ ပွဲစဉ်တွေဖြစ်ပါတယ်။ ဟာလန်းအပြင် ဂျွန် စတုန်းစ်ကလည်း စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် ယနေ့ညပွဲစဥ်ကို လွဲချော်မှာဖြစ်ပေမယ့်လည်း နာမကျန်းဖြစ်နေခဲ့တဲ့ ဂရီးလစ်ရှ်ကတော့ ပြန်ပါလာမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက မန္ခ်က္စတာစီးတီးၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းက ဒဏ္ရာကေန ျပန္လည္သက္သာလာဖို႔ လုပ္ေဆာင္ေနခ်ိန္မွာ ဒဏ္ရာထပ္မံရရွိခဲ့ၿပီးေနာက္ လာမယ့္လမတိုင္ခင္အထိ ျပန္ကစားေပးႏိုင္ဦးမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ဒီဇင္ဘာလလယ္ကတည္းက ေျခေထာက္ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရသူျဖစ္ၿပီး ကလပ္ကမာၻ႔ဖလားေအာင္ပြဲအပါအဝင္ ေနာက္ဆုံးကစားခဲ့တဲ့ မန္စီးတီးရဲ႕ ပြဲစဥ္ ၈ ပြဲအထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ မန္စီးတီးဂိုးသြင္းစက္ဟာ ၿပီးခဲ့တဲ့အပတ္က ေလ့က်င့္ေရး ျပန္ဆင္းခဲ့တာေၾကာင့္ ပရိသတ္ေတြက စေနေန႔ညေန နယူးကာဆယ္နဲ႔ ကစားရမယ့္ ပြဲစဥ္အမီ ျပန္လည္ပါဝင္ကစားေပးႏိုင္ေတာ့မယ္လို႔ ေမွ်ာ္လင့္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂြါဒီယိုလာက ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ဟာလန္း ျပန္လည္ပါဝင္ကစားေပးႏိုင္ေျခမရွိဘူးလို႔ ျငင္းပယ္ခဲ့ေပမယ့္လည္း ဒီဘ႐ိုင္းနားကေတာ့ ပြဲထြက္ပါဝင္လာႏိုင္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ စပိန္လူမ်ိဳးနည္းျပက ေနာ္ေဝလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ေနာက္ထပ္ ၃ ပြဲေလာက္အထိ ဆက္လက္လြဲေခ်ာ္ႏိုင္တယ္လို႔ ထုတ္ေဖာ္ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။

“ဒီလကုန္မွာ သူ အဆင္သင့္ျဖစ္ေနေလာက္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔ ေမွ်ာ္မွန္းထားတာထက္ေတာ့ နည္းနည္းေနာက္က်မွာပါ။ အဲဒါက အ႐ိုးထိသြားတာပါ။ အဲဒီဒဏ္ရာက နည္းနည္း အခ်ိန္လိုတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို လြမ္းဆြတ္ေနပါၿပီ။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးရဲ႕ ဇန္နဝါရီလအတြင္း ကစားဖို႔ က်န္ရွိေနေသးတဲ့ပြဲကေတာ့ နယူးကာဆယ္၊ အက္ဖ္ေအဖလားစတုတၳအဆင့္အျဖစ္ စပါးစ္၊ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတဲ့ ဘန္ေလတို႔နဲ႔ ပြဲစဥ္ေတြျဖစ္ပါတယ္။ ဟာလန္းအျပင္ ဂြၽန္ စတုန္းစ္ကလည္း စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ ယေန႔ညပြဲစဥ္ကို လြဲေခ်ာ္မွာျဖစ္ေပမယ့္လည္း နာမက်န္းျဖစ္ေနခဲ့တဲ့ ဂရီးလစ္ရွ္ကေတာ့ ျပန္ပါလာမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.