Ligue1

အသင်းသစ်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တဲ့ အမ်ဘာပေ

ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် နွေရာသီမှာ ခီလီယန် အမ်ဘာပေကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်တယ်လို့ ပြင်သစ်က သတင်းတွေအရ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဇူလိုင်လမှာ အလွတ်နဲ့ ထွက်ခွာခွင့်ရရှိတော့မှာဖြစ်တာကြောင့် စိတ်ကျေနပ်တဲ့ ဘယ်အသင်းနဲ့မဆို လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရှိနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ခေါ်ယူဖို့ ရေပန်းအစားဆုံးဖြစ်နေခဲ့တာဖြစ်ပါတယ်။

ဆန်တီ အူဝါနာနဲ့ ဆီဘက်စတီယန် ဒန်းနစ်တို့ရဲ့ သတင်းပေးပို့မှုအရ အမ်ဘာပေဟာ လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးဖို့အတွက် သဘောတူညီမှုပေးလိုက်ပြီဖြစ်တယ်လို့ သိရပြီး ဒီသဘောတူညီမှုနဲ့ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်တွေတော့ မသိရသေးဘူးလို့ သိရပါတယ်။

စပိန်က သတင်းဌာနကြီးတွေကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး ဘာမှ ရေးသားတာမျိုး မရှိသေးတာကို သတိပြုမိပြီး လွန်ခဲ့တဲ့ ၁၂ နာရီလောက်က မက်ဒရစ်မှာ နောက်ဆုံးထွက်ပေါ်ခဲ့တဲ့သတင်းက အမ်ဘာပေအတွက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ခြင်းမရှိဘူးဆိုတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့စျေးကွက်တွေတုန်းကလောက် ခေါ်ယူဖို့အတွက် အရေးတကြီးဖြစ်မနေခဲ့ဘဲ ဇန်နဝါရီစျေးကွက်ဖွင့်လှစ်ပြီးတာ ၈ ရက်သာ ရှိသေးပေမယ့်လည်း ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ကွဲလွဲနေတဲ့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ ေႏြရာသီမွာ ခီလီယန္ အမ္ဘာေပကို ေခၚယူဖို႔အတြက္ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္တယ္လို႔ ျပင္သစ္က သတင္းေတြအရ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ဇူလိုင္လမွာ အလြတ္နဲ႔ ထြက္ခြာခြင့္ရရွိေတာ့မွာျဖစ္တာေၾကာင့္ စိတ္ေက်နပ္တဲ့ ဘယ္အသင္းနဲ႔မဆို လြတ္လြတ္လပ္လပ္ ေဆြးေႏြးခြင့္ရရွိေနၿပီျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္က အမ္ဘာေပကို ေခၚယူဖို႔ ေရပန္းအစားဆုံးျဖစ္ေနခဲ့တာျဖစ္ပါတယ္။

ဆန္တီ အူဝါနာနဲ႔ ဆီဘက္စတီယန္ ဒန္းနစ္တို႔ရဲ႕ သတင္းေပးပို႔မႈအရ အမ္ဘာေပဟာ လာမယ့္ရာသီ ရီးရဲလ္မက္ဒရစ္အတြက္ ကစားေပးဖို႔အတြက္ သေဘာတူညီမႈေပးလိုက္ၿပီျဖစ္တယ္လို႔ သိရၿပီး ဒီသေဘာတူညီမႈနဲ႔ပတ္သက္ၿပီး ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြေတာ့ မသိရေသးဘူးလို႔ သိရပါတယ္။

စပိန္က သတင္းဌာနႀကီးေတြကေတာ့ ဒီသတင္းနဲ႔ပတ္သက္ၿပီး ဘာမွ ေရးသားတာမ်ိဳး မရွိေသးတာကို သတိျပဳမိၿပီး လြန္ခဲ့တဲ့ ၁၂ နာရီေလာက္က မက္ဒရစ္မွာ ေနာက္ဆုံးထြက္ေပၚခဲ့တဲ့သတင္းက အမ္ဘာေပအတြက္ ကမ္းလွမ္းမႈ ျပဳလုပ္ခဲ့ျခင္းမရွိဘူးဆိုတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပကို ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ေစ်းကြက္ေတြတုန္းကေလာက္ ေခၚယူဖို႔အတြက္ အေရးတႀကီးျဖစ္မေနခဲ့ဘဲ ဇန္နဝါရီေစ်းကြက္ဖြင့္လွစ္ၿပီးတာ ၈ ရက္သာ ရွိေသးေပမယ့္လည္း ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ အေျပာင္းအေ႐ႊ႕ကိစၥနဲ႔ပတ္သက္ၿပီး ကြဲလြဲေနတဲ့ သတင္းေတြ ဆက္တိုက္ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.