Premier League

စီးတီးရဲ့အဓိကပြိုင်ဘက်တွေ ဆုဖလားရနိုင်ခြေရှိလား အဖြေပေးခဲ့တဲ့ ရိုဒရီ

မန်ချက်စတာစီးတီးကြယ်ပွင့် ရိုဒရီဟာ ရာသီတစ်ဝက်ကျိုးချိန် ရောက်ရှိလာပြီဖြစ်တာကြောင့် ပရီးမီးယားလိဂ်ဖလားနဲ့ပတ်သက်ပြီး နောက်ဆုံးခန့်မှန်းချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

အသင်းအများစုဟာ ပွဲ ၂၀ ကစားပြီးနောက် လီဗာပူးလ်က အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပြီး အက်စတန် ဗီလာ၊ မန်စီးတီး၊ အာဆင်နယ်နဲ့ စပါးစ်တို့က နောက်ကနေ အစဉ်လိုက် ရပ်တည်နေချိန်မှာ ၅ သင်းကြား ၆ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံတွေနဲ့ အာဆင်နယ်တို့ ၂ သင်းစလုံးဟာ ပြီးခဲ့တဲ့လမှာ ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး လီဗာပူးလ်နဲ့ အက်စတန် ဗီလာတို့က အဲဒီအခြေအနေကို ကောင်းကောင်း အခွင့်ကောင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂန်းနားတွေဟာ နောက်ဆုံးလိဂ်ပွဲစဉ် ၂ ပွဲကို ရှုံးနိမ့်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်ကို အက်ဖ်အေဖလားပွဲစဉ်မှာ ရှုံးနိမ့်ခဲ့မှုကြောင့် စိုးရိမ်စရာ စွမ်းဆောင်ရည်ကို ဆက်လက် မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရလဒ်ကောင်းတွေ ရယူဖို့ ရုန်းကန်နေရပေမယ့်လည်း အာတီတာရဲ့အသင်းက ပရီးမီးယားလိဂ်ဖလားအတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲဖြစ်ပြီး မြောက်လန်ဒန်ပြိုင်ဘက် စပါးစ်ကလည်း ဆုဖလားအတွက် တိုက်ပွဲဝင်နိုင်တဲ့အသင်းလို့ ရိုဒရီက ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ထိပ်တန်းအသင်းတွေက ချဲလ်ဆီး၊ စပါးစ်၊ လီဗာပူးလ်၊ အခု အက်စတန် ဗီလာပါ။ သူတို့တွေက ဆုဖလားအတွက် တိုက်ပွဲဝင်နေကြမယ်ဆိုတာ သေချာပါတယ်။ သူတို့ထဲက အများစုက ဆုဖလားအနိုင်ရဖို့ ထိုက်တန်ပါတယ်။ တခြားအသင်းတွေကတော့ မထိုက်တန်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ဘာသာ ပြန်ကြည့်ရမှာဖြစ်ပြီး ကျွန်တော်တို့ ဘယ်နေရာမှာ တိုးတက်အောင်လုပ်နိုင်မလဲ။ တခြားအသင်းတွေအကြောင်း အများကြီး မတွေးပါဘူး။ ကျွန်တော် ဒီကိုရောက်လာတဲ့ပထမဆုံးနှစ်ကတည်းက နှစ်တိုင်း မလုံလောက်ဘူးဆိုတဲ့ ခံစားချက်မျိုး ရှိခဲ့တယ်။ ခင်ဗျား အဆင့်အတန်းကို တိုးမြှင့်နေရမှာဖြစ်ပြီး ကစားသမားသစ်တွေ ရောက်လာနေတော့ ပိုလို့တောင် ကောင်းမွန်ရမှာပါ။ ကျွန်တော်တို့က ရှေ့မှာဦးဆောင်ရတာ၊ နောက်ကနေ လိုက်ရတာ အခြေအနေ ၂ ခုစလုံးကို ကျွန်တော်တို့ သိပါတယ်။ အရေးအကြီးဆုံးအရာက ကျွန်တော်တို့ဘာသာ ဆက်သွားနေဖို့နဲ့ ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်နေသူတွေကဘယ်သူတွေလဲဆိုတာကို အများကြီး မတွေးဖို့ပါ။ အားလုံးက ဆုဖလားစိန်ခေါ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲစဉ်တိုင်းရဲ့ အဆင့်အတန်းက အရမ်းမြင့်မားလို့ပါ”

ရိုဒရီက အခု ပြောဆိုခဲ့တဲ့ အသင်းတွေထဲက တစ်သင်းချင်းစီနဲ့ပတ်သက်ပြီးလည်း ဟောကိန်းထုတ်ခဲ့ပြီး လီဗာပူးလ်နဲ့ အာဆင်နယ်တို့ဟာ စီးတီးရဲ့ ပြည်တွင်းမှာ လွှမ်းမိုးနိုင်စွမ်းကို စိန်ခေါ်နိုင်ခြေ အရှိဆုံးအသင်းတွေလို့ ပြောကြားခဲ့ပါတယ်။
“ခင်ဗျား ကျွန်တော့်ကိုသာ မေးရင် ကျွန်တော်တို့ရဲ့ အစစ်အမှန် စိန်ခေါ်သူတွေက လီဗာပူးလ်ပါ။ ဘာလို့လဲဆိုတော့ သူတို့တွေမှာ ပြီးခဲ့တဲ့နှစ်တွေတုန်းက ဆုဖလားအနိုင်ရဖူးတဲ့အတွေ့အကြုံရှိလို့ပါ။ အာဆင်နယ်ကလည်း သူတို့တွေလုပ်နိုင်တဲ့ အဆင့်အတန်းကို မနှစ်က ပြသခဲ့ပြီး ဒီနှစ်မှာလည်း သူတို့တွေက မနှစ်တုန်းက မရှိခဲ့တဲ့ အတွေ့အကြုံတွေရှိနေပါပြီ။ ဗီလာကလည်း ခင်ဗျားကို သူတို့တွေ အခု ဘယ်လောက်အထိ ကြီးမားလာပြီလဲဆိုတာကို ပြသနေတယ်။ သူတို့တွေ ကစားနေတဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ ရည်မှန်းချက်ကို ခင်ဗျားမြင်နိုင်ပါတယ်။ ခင်ဗျားသာ ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် ထိန်းသိမ်းရမှာဆိုရင် လွယ်ကူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ စပါးစ်ကလည်း ကောင်းမွန်တဲ့အဆင့်အတန်းမှာ ကစားနေတယ်။ အသင်းအများအပြားနဲ့ပတ်သက်ပြီး ခင်ဗျားကို ကောင်းမွန်တဲ့အရာတွေကို ကျွန်တော် ပြောပြနိုင်တယ်။ ဒါပေမယ့် ကျွန်တော်ကတော့ မန်စီးတီးအသင်းထဲမှာပဲ ရှိနေဖို့ ရွေးချယ်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ႐ိုဒရီဟာ ရာသီတစ္ဝက္က်ိဳးခ်ိန္ ေရာက္ရွိလာၿပီျဖစ္တာေၾကာင့္ ပရီးမီးယားလိဂ္ဖလားနဲ႔ပတ္သက္ၿပီး ေနာက္ဆုံးခန႔္မွန္းခ်က္ကို ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

အသင္းအမ်ားစုဟာ ပြဲ ၂၀ ကစားၿပီးေနာက္ လီဗာပူးလ္က အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနၿပီး အက္စတန္ ဗီလာ၊ မန္စီးတီး၊ အာဆင္နယ္နဲ႔ စပါးစ္တို႔က ေနာက္ကေန အစဥ္လိုက္ ရပ္တည္ေနခ်ိန္မွာ ၅ သင္းၾကား ၆ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။

လက္ရွိ ခ်န္ပီယံေတြနဲ႔ အာဆင္နယ္တို႔ ၂ သင္းစလုံးဟာ ၿပီးခဲ့တဲ့လမွာ ခက္ခဲတဲ့အခ်ိန္ေတြကို ျဖတ္သန္းခဲ့ရၿပီး လီဗာပူးလ္နဲ႔ အက္စတန္ ဗီလာတို႔က အဲဒီအေျခအေနကို ေကာင္းေကာင္း အခြင့္ေကာင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေနာက္ဆုံးလိဂ္ပြဲစဥ္ ၂ ပြဲကို ရႈံးနိမ့္ခဲ့ၿပီး ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္ကို အက္ဖ္ေအဖလားပြဲစဥ္မွာ ရႈံးနိမ့္ခဲ့မႈေၾကာင့္ စိုးရိမ္စရာ စြမ္းေဆာင္ရည္ကို ဆက္လက္ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ရလဒ္ေကာင္းေတြ ရယူဖို႔ ႐ုန္းကန္ေနရေပမယ့္လည္း အာတီတာရဲ႕အသင္းက ပရီးမီးယားလိဂ္ဖလားအတြက္ ဆက္လက္ တိုက္ပြဲဝင္ေနဆဲျဖစ္ၿပီး ေျမာက္လန္ဒန္ၿပိဳင္ဘက္ စပါးစ္ကလည္း ဆုဖလားအတြက္ တိုက္ပြဲဝင္ႏိုင္တဲ့အသင္းလို႔ ႐ိုဒရီက ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ ရင္ဆိုင္ေနရတဲ့ ထိပ္တန္းအသင္းေတြက ခ်ဲလ္ဆီး၊ စပါးစ္၊ လီဗာပူးလ္၊ အခု အက္စတန္ ဗီလာပါ။ သူတို႔ေတြက ဆုဖလားအတြက္ တိုက္ပြဲဝင္ေနၾကမယ္ဆိုတာ ေသခ်ာပါတယ္။ သူတို႔ထဲက အမ်ားစုက ဆုဖလားအႏိုင္ရဖို႔ ထိုက္တန္ပါတယ္။ တျခားအသင္းေတြကေတာ့ မထိုက္တန္ပါဘူး။ ကြၽန္ေတာ္တို႔ ကိုယ့္ဘာသာ ျပန္ၾကည့္ရမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ဘယ္ေနရာမွာ တိုးတက္ေအာင္လုပ္ႏိုင္မလဲ။ တျခားအသင္းေတြအေၾကာင္း အမ်ားႀကီး မေတြးပါဘူး။ ကြၽန္ေတာ္ ဒီကိုေရာက္လာတဲ့ပထမဆုံးႏွစ္ကတည္းက ႏွစ္တိုင္း မလုံေလာက္ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ရွိခဲ့တယ္။ ခင္ဗ်ား အဆင့္အတန္းကို တိုးျမႇင့္ေနရမွာျဖစ္ၿပီး ကစားသမားသစ္ေတြ ေရာက္လာေနေတာ့ ပိုလို႔ေတာင္ ေကာင္းမြန္ရမွာပါ။ ကြၽန္ေတာ္တို႔က ေရွ႕မွာဦးေဆာင္ရတာ၊ ေနာက္ကေန လိုက္ရတာ အေျခအေန ၂ ခုစလုံးကို ကြၽန္ေတာ္တို႔ သိပါတယ္။ အေရးအႀကီးဆုံးအရာက ကြၽန္ေတာ္တို႔ဘာသာ ဆက္သြားေနဖို႔နဲ႔ ကြၽန္ေတာ္တို႔နဲ႔ ယွဥ္ၿပိဳင္ေနသူေတြကဘယ္သူေတြလဲဆိုတာကို အမ်ားႀကီး မေတြးဖို႔ပါ။ အားလုံးက ဆုဖလားစိန္ေခၚႏိုင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ ပြဲစဥ္တိုင္းရဲ႕ အဆင့္အတန္းက အရမ္းျမင့္မားလို႔ပါ”

႐ိုဒရီက အခု ေျပာဆိုခဲ့တဲ့ အသင္းေတြထဲက တစ္သင္းခ်င္းစီနဲ႔ပတ္သက္ၿပီးလည္း ေဟာကိန္းထုတ္ခဲ့ၿပီး လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ဟာ စီးတီးရဲ႕ ျပည္တြင္းမွာ လႊမ္းမိုးႏိုင္စြမ္းကို စိန္ေခၚႏိုင္ေျခ အရွိဆုံးအသင္းေတြလို႔ ေျပာၾကားခဲ့ပါတယ္။
“ခင္ဗ်ား ကြၽန္ေတာ့္ကိုသာ ေမးရင္ ကြၽန္ေတာ္တို႔ရဲ႕ အစစ္အမွန္ စိန္ေခၚသူေတြက လီဗာပူးလ္ပါ။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြမွာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက ဆုဖလားအႏိုင္ရဖူးတဲ့အေတြ႕အႀကဳံရွိလို႔ပါ။ အာဆင္နယ္ကလည္း သူတို႔ေတြလုပ္ႏိုင္တဲ့ အဆင့္အတန္းကို မႏွစ္က ျပသခဲ့ၿပီး ဒီႏွစ္မွာလည္း သူတို႔ေတြက မႏွစ္တုန္းက မရွိခဲ့တဲ့ အေတြ႕အႀကဳံေတြရွိေနပါၿပီ။ ဗီလာကလည္း ခင္ဗ်ားကို သူတို႔ေတြ အခု ဘယ္ေလာက္အထိ ႀကီးမားလာၿပီလဲဆိုတာကို ျပသေနတယ္။ သူတို႔ေတြ ကစားေနတဲ့ ကိုယ္ရည္ကိုယ္ေသြးနဲ႔ ရည္မွန္းခ်က္ကို ခင္ဗ်ားျမင္ႏိုင္ပါတယ္။ ခင္ဗ်ားသာ ခ်န္ပီယံဘြဲ႕ကို ပထမဆုံးအႀကိမ္ ထိန္းသိမ္းရမွာဆိုရင္ လြယ္ကူမွာမဟုတ္ပါဘူး။ ဒါေပမယ့္ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ စပါးစ္ကလည္း ေကာင္းမြန္တဲ့အဆင့္အတန္းမွာ ကစားေနတယ္။ အသင္းအမ်ားအျပားနဲ႔ပတ္သက္ၿပီး ခင္ဗ်ားကို ေကာင္းမြန္တဲ့အရာေတြကို ကြၽန္ေတာ္ ေျပာျပႏိုင္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ မန္စီးတီးအသင္းထဲမွာပဲ ရွိေနဖို႔ ေ႐ြးခ်ယ္မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.