Premier League Transfer News

ပျားတွေနဲ့ ရန်သူအဖြစ်ခံနိုင်ရင် တိုနီကို ခေါ်ဖို့လွယ်မယ့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ လက်ရှိ ဇန်နဝါရီ ဈေးကွက်မှာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦးကို ခေါ်ယူလိုနေမယ့် ဘရန့်ဖို့ဒ်အသင်းဘက်က ကျွေးခဲ့တဲ့ Hard Ball ကြောင့် အိုင်ဗန် တိုနီကို တောင်းဆိုဈေး ပေါင်သန်း ၁၀၀ ပေးပြီး ခေါ်ဖို့က ခက်နေခဲ့ပေမယ့် မျက်နှာအပျက်ခံနိုင်ရင်တော့ လွယ်ကူနိုင်တယ်လို့ သိရပါတယ်။

ဒါကတော့ တိုနီရဲ့ လာမယ့် ၂၀၂၅ နွေရာသီမှာ ကုန်ဆုံးမယ့် စာချုပ်ကြောင့်ဖြစ်ပြီး သတင်းတချို့အရတော့ ကလပ်ဘက်က သက်တမ်းတိုးခွင့်တစ်နှစ် ရှိနိုင်တယ်ဆိုပေမယ့် ကစားသမားကို စာချုပ် ၁၈ လအကျန်မှာ ခေါ်ယူမယ့်အစား အလွတ်ခေါ်ယူဖို့ နှုတ်အားဖြင့် တရားဝင် မဟုတ်ဘဲ သဘောတူညီပြီး ဘရန့်ဖို့ဒ်ကို ပြန်ဖိအားပေးရင်း ဈေးဆစ်နိုင်မယ့် အကွက်ရှိနေတာပါ။

လက်ရှိအချိန်အထိ ဘရန့်ဖို့ဒ်နဲ့ အာဆင်နယ်ကြားမှာ ဆက်ဆံရေးကောင်း ရှိနေခဲ့ပြီး ဦးစားပေး ဂိုးသမား ဒေးဗစ် ရာယာကို ပေါင်သုံးသန်းတည်းနဲ့ နွေရာသီ ဈေးကွက်မှာတုန်းက အငှားချပေးခဲ့သလို ရာသီကုန်မှာလည်း မဖြစ်မနေ ခေါ်ယူရမှာ မဟုတ်တဲ့ စာချုပ်ကြောင့် အသက်ရှူချောင်နိုင်ခဲ့တာကြောင့် သူတစ်ယောက်နဲ့တင် မျက်နှာနာစရာဖြစ်နေခဲ့ပါတယ်။

အာဆင်နယ်တို့အနေနဲ့ တိုနီနဲ့ ပေါင်းပြီး ဘရန့်ဖို့ဒ်ကို လည်ပင်းညှစ်ဖို့ ကြိုးစားခဲ့မယ်ဆိုရင်တော့ နှစ်သင်းကြားမှာ မျက်နှာပျက်စရာဖြစ်လာနိုင်ပြီး ဈေးလျှော့ကောင်း လျှော့နိုင်ပေမယ့် ဆက်ဆံရေးကတော့ ပျက်စီးသွားဖို့ ရှိနေတာကြောင့် အားမနာတမ်း လုပ်ဆောင်နိုင်မှ အလုပ်ဖြစ်မှာဖြစ်သလို အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ခြေစွမ်းကရော ယုံရပါ့မလားဆိုတာ့ မေးခွန်းကလည်း ရှိနေသေးတာပါ။

အငှားဂိုးသမား ရာယာကိုတော့ လက်ရှိအချိန်အထိ စွမ်းဆောင်ရည်တွေအရ ခေါ်ယူချင်စရာမကောင်းဘဲ ရာသီကုန်မှာ အလျှော်ဇယားခင်းရမယ့် အခြေအနေဖြစ်တာကြောင့် သူ့အတွက် ဆက်ဆံဖို့က အခက်အခဲမရှိနိုင်ပေမယ့် တိုနီရဲ့ အနာဂတ် ခြေစွမ်း၊ သွင်းဂိုးတွေနဲ့ ဘရန့်ဖို့ဒ်နဲ့ မျက်နှာပျက်ရမယ့် ကိစ္စက တန်မတန်၊ အောင်မြင်မအောင်မြင်ဆိုတာကို တွက်ချက်လုပ်ဆောင်ရမှာလည်းဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ လက္ရွိ ဇန္နဝါရီ ေဈးကြက္မွာ ထိပ္တန္းတိုက္စစ္မႉးတစ္ဦးကို ေခၚယူလိုေနမယ့္ ဘရန႔္ဖို႔ဒ္အသင္းဘက္က ေကြၽးခဲ့တဲ့ Hard Ball ေၾကာင့္ အိုင္ဗန္ တိုနီကို ေတာင္းဆိုေဈး ေပါင္သန္း ၁၀၀ ေပးၿပီး ေခၚဖို႔က ခက္ေနခဲ့ေပမယ့္ မ်က္ႏွာအပ်က္ခံႏိုင္ရင္ေတာ့ လြယ္ကူႏိုင္တယ္လို႔ သိရပါတယ္။

ဒါကေတာ့ တိုနီရဲ႕ လာမယ့္ ၂၀၂၅ ေႏြရာသီမွာ ကုန္ဆုံးမယ့္ စာခ်ဳပ္ေၾကာင့္ျဖစ္ၿပီး သတင္းတခ်ိဳ႕အရေတာ့ ကလပ္ဘက္က သက္တမ္းတိုးခြင့္တစ္ႏွစ္ ရွိႏိုင္တယ္ဆိုေပမယ့္ ကစားသမားကို စာခ်ဳပ္ ၁၈ လအက်န္မွာ ေခၚယူမယ့္အစား အလြတ္ေခၚယူဖို႔ ႏႈတ္အားျဖင့္ တရားဝင္ မဟုတ္ဘဲ သေဘာတူညီၿပီး ဘရန႔္ဖို႔ဒ္ကို ျပန္ဖိအားေပးရင္း ေဈးဆစ္ႏိုင္မယ့္ အကြက္ရွိေနတာပါ။

လက္ရွိအခ်ိန္အထိ ဘရန႔္ဖို႔ဒ္နဲ႔ အာဆင္နယ္ၾကားမွာ ဆက္ဆံေရးေကာင္း ရွိေနခဲ့ၿပီး ဦးစားေပး ဂိုးသမား ေဒးဗစ္ ရာယာကို ေပါင္သုံးသန္းတည္းနဲ႔ ေႏြရာသီ ေဈးကြက္မွာတုန္းက အငွားခ်ေပးခဲ့သလို ရာသီကုန္မွာလည္း မျဖစ္မေန ေခၚယူရမွာ မဟုတ္တဲ့ စာခ်ဳပ္ေၾကာင့္ အသက္ရႉေခ်ာင္ႏိုင္ခဲ့တာေၾကာင့္ သူတစ္ေယာက္နဲ႔တင္ မ်က္ႏွာနာစရာျဖစ္ေနခဲ့ပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ တိုနီနဲ႔ ေပါင္းၿပီး ဘရန႔္ဖို႔ဒ္ကို လည္ပင္းညႇစ္ဖို႔ ႀကိဳးစားခဲ့မယ္ဆိုရင္ေတာ့ ႏွစ္သင္းၾကားမွာ မ်က္ႏွာပ်က္စရာျဖစ္လာႏိုင္ၿပီး ေဈးေလွ်ာ့ေကာင္း ေလွ်ာ့ႏိုင္ေပမယ့္ ဆက္ဆံေရးကေတာ့ ပ်က္စီးသြားဖို႔ ရွိေနတာေၾကာင့္ အားမနာတမ္း လုပ္ေဆာင္ႏိုင္မွ အလုပ္ျဖစ္မွာျဖစ္သလို အသက္ ၂၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးရဲ႕ ေျခစြမ္းကေရာ ယုံရပါ့မလားဆိုတာ့ ေမးခြန္းကလည္း ရွိေနေသးတာပါ။

အငွားဂိုးသမား ရာယာကိုေတာ့ လက္ရွိအခ်ိန္အထိ စြမ္းေဆာင္ရည္ေတြအရ ေခၚယူခ်င္စရာမေကာင္းဘဲ ရာသီကုန္မွာ အေလွ်ာ္ဇယားခင္းရမယ့္ အေျခအေနျဖစ္တာေၾကာင့္ သူ႔အတြက္ ဆက္ဆံဖို႔က အခက္အခဲမရွိႏိုင္ေပမယ့္ တိုနီရဲ႕ အနာဂတ္ ေျခစြမ္း၊ သြင္းဂိုးေတြနဲ႔ ဘရန႔္ဖို႔ဒ္နဲ႔ မ်က္ႏွာပ်က္ရမယ့္ ကိစၥက တန္မတန္၊ ေအာင္ျမင္မေအာင္ျမင္ဆိုတာကို တြက္ခ်က္လုပ္ေဆာင္ရမွာလည္းျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.