Premier League

အမှတ်မရှိဘဲ တပည့်ဟောင်းတစ်ဦးကို ထပ်ခေါ်ဖို့ လုပ်နေပြန်တဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်ဟာ အရင်တုန်းက တန်ဟက်နည်းပြပေးခဲ့တဲ့ ကစားသမားတစ်ဦးနဲ့ သတင်းတွေထွက်ပေါ်နေပြီး နွေရာသီမှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီရာသီ ဂိုးရရှိဖို့အတွက် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအနည်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည်နေရတာဖြစ်ပါတယ်။ မက်တော်မီနေးက ကွင်းလယ်ကနေ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးအများဆုံး သွင်းယူပေးထားတာက မန်ယူနိုက်တက်ရဲ့ တိုက်စစ်ပြဿနာကို မီးမောင်းထိုးပြနေပြီး ရက်ရှ်ဖို့ဒ်နဲ့ ဂါနာချိုတို့က ၃ ဂိုးစီ သွင်းယူပေးထားတာဖြစ်ပါတယ်။

ရာ့စ်မွတ် ဟွိုင်လွန်းနဲ့ မာစီယယ်လ်တို့ကတော့ တစ်ဂိုးစီသာ သွင်းယူပေးထားနိုင်သေးတာ ဖြစ်ပြီး အန်တိုနီ၊ အာမက်၊ ပယ်လီစထရီတို့ကတော့ တစ်ဂိုးမှကို သွင်းယူထားနိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး ဆာဂျင်မ် ရက်ကလစ်ဖ်က အသင်းရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူခဲ့ပြီးနောက် တန်ဟက်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာလဟတွေ ဆက်လက်ထွက်ပေါ်နေတာဖြစ်ပါတယ်။

ရက်ကလစ်ဖ်နဲ့ INEOS အားကစားဒါရိုက်တာ ဆာ ဒေးဗစ် ဘရေးလ်စ်ဖို့ဒ်တို့က မန်ချက်စတာယူနိုက်တက်ရဲ့ အားကစားပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေကို တာဝန်ယူစီမံသွားမှာဖြစ်ပြီး ဂလေဇာမိသားစုထက်ပိုမိုလုပ်ပိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

တန်ဟက်ကတော့ လာမယ့်ရာသီ အိုးထရက်ဖို့ဒ်က နည်းပြခုံတန်းမှာ ဆက်ရှိနေဦးမယ်လို့ ယုံကြည်ချက်ရှိနေပြီး Mirror ရဲ့သတင်းအရ အသက် ၅၃ နှစ်အရွယ်နည်းပြဟာ အိုင်းယက်စ်ကြယ်ပွင့်ဟောင်းတစ်ဦးကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ဘရိုင်ယန် ဘရော့ဘီဟာ တန်ဟက်ရဲ့ ပစ်မှတ်စာရင်းထဲမှာ ထိပ်ဆုံးကနေ ပါဝင်နေသူဖြစ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ယခုလမှာတော့ အိုးထရက်ဖို့ဒ်ကို ရောက်ရှိလာဖွယ်မရှိသေးတာ ဖြစ်ပါတယ်။ အန်သိုနီ မာစီယယ်လ်ဟာ လာမယ့်နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာဖို့ များနေတာကြောင့် ဘရော့ဘီဟာ ဟွိုင်လွန်းကို ပွဲထွက်ခွင့်အတွက် စိန်ခေါ်မှုပေးနိုင်မယ့် ပြီးပြည့်စုံတဲ့ တိုက်စစ်မှူးအဖြစ် ရှုမြင်ခြင်းခံထားရတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားကို ပရီးမီးယားလိဂ်ကလပ်အချို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အာဆင်နယ်ကလည်း ၂၀၂၀ ခုနှစ်မှာ တန်ဟက်ရဲ့ ပွဲဦးထွက်ခွင့်ပေးခြင်းခံခဲ့ရတဲ့ ဘရော့ဘီကို စိတ်ဝင်စားကြောင်း ပြသထားတယ်လို့ သိရပါတယ်။

တကယ်လို့ ဘရော့ဘီသာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖြစ်ခဲ့မယ်ဆိုရင် အိုးထရက်ဖို့ဒ်မှာ တန်ဟက်လက်အောက် အိုင်းယက်စ်မှာ ကစားခဲ့ဖူးတဲ့ စတုတ္ထမြောက်ကစားသမားဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဟာ အရင္တုန္းက တန္ဟက္နည္းျပေပးခဲ့တဲ့ ကစားသမားတစ္ဦးနဲ႔ သတင္းေတြထြက္ေပၚေနၿပီး ေႏြရာသီမွာ ေခၚယူဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဒီရာသီ ဂိုးရရွိဖို႔အတြက္ ႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္ရဲ႕ သြင္းဂိုးအနည္းဆုံးအသင္းေတြထဲက တစ္သင္းအျဖစ္ ရပ္တည္ေနရတာျဖစ္ပါတယ္။ မက္ေတာ္မီေနးက ကြင္းလယ္ကေန သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးအမ်ားဆုံး သြင္းယူေပးထားတာက မန္ယူႏိုက္တက္ရဲ႕ တိုက္စစ္ျပႆနာကို မီးေမာင္းထိုးျပေနၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ ဂါနာခ်ိဳတို႔က ၃ ဂိုးစီ သြင္းယူေပးထားတာျဖစ္ပါတယ္။

ရာ့စ္မြတ္ ဟြိဳင္လြန္းနဲ႔ မာစီယယ္လ္တို႔ကေတာ့ တစ္ဂိုးစီသာ သြင္းယူေပးထားႏိုင္ေသးတာ ျဖစ္ၿပီး အန္တိုနီ၊ အာမက္၊ ပယ္လီစထရီတို႔ကေတာ့ တစ္ဂိုးမွကို သြင္းယူထားႏိုင္ျခင္းမရွိေသးတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ လက္ရွိ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၈ ေနရာမွာ ရပ္တည္ေနၿပီး ဆာဂ်င္မ္ ရက္ကလစ္ဖ္က အသင္းရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ဝယ္ယူခဲ့ၿပီးေနာက္ တန္ဟက္ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာလဟေတြ ဆက္လက္ထြက္ေပၚေနတာျဖစ္ပါတယ္။

ရက္ကလစ္ဖ္နဲ႔ INEOS အားကစားဒါ႐ိုက္တာ ဆာ ေဒးဗစ္ ဘေရးလ္စ္ဖို႔ဒ္တို႔က မန္ခ်က္စတာယူႏိုက္တက္ရဲ႕ အားကစားပိုင္းဆိုင္ရာ လုပ္ေဆာင္မႈေတြကို တာဝန္ယူစီမံသြားမွာျဖစ္ၿပီး ဂေလဇာမိသားစုထက္ပိုမိုလုပ္ပိုင္ခြင့္ရရွိမွာ ျဖစ္ပါတယ္။

တန္ဟက္ကေတာ့ လာမယ့္ရာသီ အိုးထရက္ဖို႔ဒ္က နည္းျပခုံတန္းမွာ ဆက္ရွိေနဦးမယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး Mirror ရဲ႕သတင္းအရ အသက္ ၅၃ ႏွစ္အ႐ြယ္နည္းျပဟာ အိုင္းယက္စ္ၾကယ္ပြင့္ေဟာင္းတစ္ဦးကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ဘ႐ိုင္ယန္ ဘေရာ့ဘီဟာ တန္ဟက္ရဲ႕ ပစ္မွတ္စာရင္းထဲမွာ ထိပ္ဆုံးကေန ပါဝင္ေနသူျဖစ္ၿပီး အသင္းရဲ႕ ဘ႑ာေရးအေျခအေနေၾကာင့္ ယခုလမွာေတာ့ အိုးထရက္ဖို႔ဒ္ကို ေရာက္ရွိလာဖြယ္မရွိေသးတာ ျဖစ္ပါတယ္။ အန္သိုနီ မာစီယယ္လ္ဟာ လာမယ့္ေႏြရာသီမွာ အလြတ္နဲ႔ ထြက္ခြာဖို႔ မ်ားေနတာေၾကာင့္ ဘေရာ့ဘီဟာ ဟြိဳင္လြန္းကို ပြဲထြက္ခြင့္အတြက္ စိန္ေခၚမႈေပးႏိုင္မယ့္ ၿပီးျပည့္စုံတဲ့ တိုက္စစ္မႉးအျဖစ္ ရႈျမင္ျခင္းခံထားရတာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားကို ပရီးမီးယားလိဂ္ကလပ္အခ်ိဳ႕ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနၾကၿပီး အာဆင္နယ္ကလည္း ၂၀၂၀ ခုႏွစ္မွာ တန္ဟက္ရဲ႕ ပြဲဦးထြက္ခြင့္ေပးျခင္းခံခဲ့ရတဲ့ ဘေရာ့ဘီကို စိတ္ဝင္စားေၾကာင္း ျပသထားတယ္လို႔ သိရပါတယ္။

တကယ္လို႔ ဘေရာ့ဘီသာ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ျဖစ္ခဲ့မယ္ဆိုရင္ အိုးထရက္ဖို႔ဒ္မွာ တန္ဟက္လက္ေအာက္ အိုင္းယက္စ္မွာ ကစားခဲ့ဖူးတဲ့ စတုတၳေျမာက္ကစားသမားျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.