Premier League

လေ့ကျင့်ရေးကွင်းမှာ ဆန်ချိုလုပ်ခဲ့တဲ့ပထမဆုံးကိစ္စကြောင့် ဒေါသထွက်နေတဲ့ သရဲနီပရိသတ်များ

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဒေါ့မွန်လေ့ကျင့်ရေးကွင်းမှာ ဆန်ချို ပထမဆုံးလုပ်ခဲ့တဲ့အရာကို မြင်တွေ့ခဲ့ရပြီးနောက် အင်္ဂလန်တောင်ပံကစားသမားကို သေခန်းပြတ်ဖြစ်ခဲ့ကြပါတယ်။

အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ နည်းပြ အဲရစ် တန်ဟက်နဲ့ ဆက်ဆံရေး ပြိုလဲသွားခဲ့ပြီးနောက် ယခုရာသီကုန်အထိ အသင်းဟောင်း ဒေါ့မွန်ဆီကို အငှားနဲ့ ပြန်လည်ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဩဂုတ်လတုန်းက နော်တင်ဟမ် ဖောရက်စ်ကို ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အရန်ခုံကနေ လူစားဝင်ကစားပေးခဲ့ပြီးကတည်းက မကစားရတော့သူဖြစ်ပြီး လက်ရှိမှာတော့ ဂျာမနီမှာ ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းသွားတော့မှာ ဖြစ်ပါတယ်။

၂၀၁၇ ကနေ ၂၀၂၁ ခုနှစ်အထိ ကစားပေးခဲ့တဲ့ ဒေါ့မွန်ကို ပြန်လည်ပြောင်းရွှေ့ဖို့က ဂျေဒန် ဆန်ချိုအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်ခဲ့ပုံပေါ်ပြီး အင်္ဂလန်ကြယ်ပွင့်ဟာ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးနဲ့ ပထမဆုံးအကြိမ် ကစားခဲ့ချိန်တုန်းက ပိုကယ်ဖလားကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အသင်း အဝတ်လဲခန်းထဲကို ရောက်ရောက်ချင်း ပထမဆုံး ပွေ့ဖက်ခဲ့တဲ့ ကစားသမားကတော့ အသင်းခေါင်းဆောင် မာကို ရွိုက်စ်ဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ အငြင်းပွားစရာဖြစ်စေမယ့် အပြုအမူကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ကင်မရာဘက်ကို တိုက်ရိုက်လှည့်ကြည့်ပြီးနောက် မန်ချက်စတာယူနိုက်တက်ရဲ့ကစားသမား ဖြစ်နေဆဲဖြစ်ပေမယ့်လည်း ဒေါ့မွန်အသင်း တံဆိပ်ကို နမ်းရှုံ့ပြခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ မာဘယ်လာက ဒေါ့မွန်ရဲ့ ရာသီလယ် လေ့ကျင့်ရေးစခန်းကို ပူးပေါင်းသွားမယ်လို့ မျှော်လင့်ရပြီး စနေနေ့ညနေ ဒမ်စတက်နဲ့ ကစားရမယ့် ပွဲစဉ်မှာ အသင်းအတွက် ဒုတိယအကြိမ်မြောက် ပွဲဦးထွက်ပါဝင်ကစားပေးသွားဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ပရိသတ္ေတြဟာ ေဒါ့မြန္ေလ့က်င့္ေရးကြင္းမွာ ဆန္ခ်ိဳ ပထမဆုံးလုပ္ခဲ့တဲ့အရာကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ အဂၤလန္ေတာင္ပံကစားသမားကို ေသခန္းျပတ္ျဖစ္ခဲ့ၾကပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ နည္းျပ အဲရစ္ တန္ဟက္နဲ႔ ဆက္ဆံေရး ၿပိဳလဲသြားခဲ့ၿပီးေနာက္ ယခုရာသီကုန္အထိ အသင္းေဟာင္း ေဒါ့မြန္ဆီကို အငွားနဲ႔ ျပန္လည္ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ဩဂုတ္လတုန္းက ေနာ္တင္ဟမ္ ေဖာရက္စ္ကို ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အရန္ခုံကေန လူစားဝင္ကစားေပးခဲ့ၿပီးကတည္းက မကစားရေတာ့သူျဖစ္ၿပီး လက္ရွိမွာေတာ့ ဂ်ာမနီမွာ ကစားသမားဘဝကို ျပန္လည္အသက္သြင္းဖို႔ ႀကိဳးပမ္းသြားေတာ့မွာ ျဖစ္ပါတယ္။

၂၀၁၇ ကေန ၂၀၂၁ ခုႏွစ္အထိ ကစားေပးခဲ့တဲ့ ေဒါ့မြန္ကို ျပန္လည္ေျပာင္းေ႐ႊ႕ဖို႔က ေဂ်ဒန္ ဆန္ခ်ိဳအတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈျဖစ္ခဲ့ပုံေပၚၿပီး အဂၤလန္ၾကယ္ပြင့္ဟာ ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးနဲ႔ ပထမဆုံးအႀကိမ္ ကစားခဲ့ခ်ိန္တုန္းက ပိုကယ္ဖလားကိုင္ေျမႇာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္း အဝတ္လဲခန္းထဲကို ေရာက္ေရာက္ခ်င္း ပထမဆုံး ေပြ႕ဖက္ခဲ့တဲ့ ကစားသမားကေတာ့ အသင္းေခါင္းေဆာင္ မာကို ႐ြိဳက္စ္ျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ အျငင္းပြားစရာျဖစ္ေစမယ့္ အျပဳအမူကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ကင္မရာဘက္ကို တိုက္႐ိုက္လွည့္ၾကည့္ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကစားသမား ျဖစ္ေနဆဲျဖစ္ေပမယ့္လည္း ေဒါ့မြန္အသင္း တံဆိပ္ကို နမ္းရႈံ႕ျပခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ မာဘယ္လာက ေဒါ့မြန္ရဲ႕ ရာသီလယ္ ေလ့က်င့္ေရးစခန္းကို ပူးေပါင္းသြားမယ္လို႔ ေမွ်ာ္လင့္ရၿပီး စေနေန႔ညေန ဒမ္စတက္နဲ႔ ကစားရမယ့္ ပြဲစဥ္မွာ အသင္းအတြက္ ဒုတိယအႀကိမ္ေျမာက္ ပြဲဦးထြက္ပါဝင္ကစားေပးသြားဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.