La Liga

ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မက်ဒရစ်ဒါဘီမှာ နို့သီးခေါင်း ရအောင် လိမ်ဆွဲခဲ့သေးတဲ့ ရူဒီဂါ

ချဲလ်ဆီးကြယ်ပွင့်ဟောင်း အန်တိုနီယို ရူဒီဂါဟာ ဗုဒ္ဓဟူးနေ့ညက ရီးရဲလ်မက်ဒရစ်က အက်သလက်တီကို မက်ဒရစ်ကို ၅-၃ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အယ်လ်ဗာရို မိုရာတာရဲ့ နို့သီးခေါင်းကို လက်ညှိုးနဲ့ လက်မသုံးပြီး လိမ်ဆွဲခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

လာလီဂါထိပ်သီးအသင်းကြီး ၂ သင်းဟာ ဆော်ဒီအာရေဗျမှာ ကစားရမယ့် စပိန်စူပါဖလား ဗိုလ်လုပွဲအတွက် တွေ့ဆုံယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး အန်ဆယ်လော့တီရဲ့အသင်းက စုစုပေါင်း ၈ ဂိုးအထိ ရှိခဲ့တဲ့ မက်ဒရစ်ဒါဘီမှာ အနိုင်ရရှိပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီပွဲစဉ်အတွင်း ထူးဆန်းတဲ့အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပြီး ရီးရဲလ်မက်ဒရစ် နောက်ခံလူ ရူဒီဂါဟာ မိုရာတာရဲ့ နို့သီးခေါင်းကို လိမ်ဆွဲခဲ့တာကို ရုပ်သံကင်မရာတွေက အမိအရ ရိုက်ကူးနိုင်ခဲ့ပါတယ်။

ရူဒီဂါနဲ့ မိုရာတာတို့ဟာ ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ ချဲလ်ဆီးမှာ အတူတူ ကစားခဲ့ကြသူတွေဖြစ်ပြီး လက်ရှိမှာတော့ မတူညီတဲ့ လာလီဂါကလပ်အသင်း ၂ သင်းအတွက် ကစားပေးနေကြတာဖြစ်ပါတယ်။ မိုရာတာဟာ အဲဒီဖြစ်စဉ်အပြီးမှာ ရူဒီဂါကို တော်တော်ဒေါသထွက်ခဲ့ပုံပေါ်ပြီး ဂျာမန်နောက်ခံကစားသမားကို တွန်းထုတ်ခဲ့ပေမယ့်လည်း ရီးရဲလ်မက်ဒရစ် နောက်ခံလူကတော့ ရယ်မောနေခဲ့တာဖြစ်ပါတယ်။

မာရီယို ဟာမိုဆိုက အက်သလက်တီကို မက်ဒရစ်အတွက် ရီယက်ဒ်မှာ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၆ မိနစ်မှာပဲ အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ရူဒီဂါက ချေပဂိုး ပြန်လည်သွင်းယူပေးခဲ့ပြီး ဖာလန်း မန်ဒီက ရီးရဲလ်ကို ဦးဆောင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂရစ်ဇ်မန်းက ပထမပိုင်းမပြီးဆုံးခင်မှာပဲ ချေပဂိုး ပြန်လည်သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ရူဒီဂါ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် အက်သလက်တီကို မက်ဒရစ်က နောက်ထပ်တစ်ကြိမ် ထိန်းချုပ်ခွင့်ရခဲ့ပေမယ့်လည်း ကာဗာဟယ်က ၈၅ မိနစ်မှာ နောက်ကျချေပဂိုး သွင်းခဲ့တာကြောင့် နာကျင်အချိန်ပို ဆက်ကစားခဲ့ရတာဖြစ်ပါတယ်။

အက်သလက်တီကို နောက်ခံလူ စတီဖန် ဆားဗစ်က ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ပြီးနောက် ဘရာဟင် ဒီယက်ဇ်က ရီးရဲလ်မက်ဒရစ်အတွက် ပဉ္စမမြောက်ဦးဆောင်ဂိုး သွင်းယူပေးသွားခဲ့ပြီး ၅-၃ နဲ့ နိုင်ပွဲ ရရှိသွားခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ လာမယ့် ၈ ရက်အတွင်း ကိုပါဒယ်ရေး ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ထပ်မံ တွေ့ဆုံယှဉ်ပြိုင်သွားရဦးမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးၾကယ္ပြင့္ေဟာင္း အန္တိုနီယို ႐ူဒီဂါဟာ ဗုဒၶဟူးေန႔ညက ရီးရဲလ္မက္ဒရစ္က အက္သလက္တီကို မက္ဒရစ္ကို ၅-၃ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း အယ္လ္ဗာ႐ို မိုရာတာရဲ႕ ႏို႔သီးေခါင္းကို လက္ညႇိဳးနဲ႔ လက္မသုံးၿပီး လိမ္ဆြဲခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

လာလီဂါထိပ္သီးအသင္းႀကီး ၂ သင္းဟာ ေဆာ္ဒီအာေရဗ်မွာ ကစားရမယ့္ စပိန္စူပါဖလား ဗိုလ္လုပြဲအတြက္ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ၾကတာျဖစ္ၿပီး အန္ဆယ္ေလာ့တီရဲ႕အသင္းက စုစုေပါင္း ၈ ဂိုးအထိ ရွိခဲ့တဲ့ မက္ဒရစ္ဒါဘီမွာ အႏိုင္ရရွိၿပီး ဗိုလ္လုပြဲတက္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီပြဲစဥ္အတြင္း ထူးဆန္းတဲ့အခိုက္အတန႔္တစ္ခု ျဖစ္ခဲ့ၿပီး ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ႐ူဒီဂါဟာ မိုရာတာရဲ႕ ႏို႔သီးေခါင္းကို လိမ္ဆြဲခဲ့တာကို ႐ုပ္သံကင္မရာေတြက အမိအရ ႐ိုက္ကူးႏိုင္ခဲ့ပါတယ္။

႐ူဒီဂါနဲ႔ မိုရာတာတို႔ဟာ ၂၀၁၇ ခုႏွစ္ကေန ၂၀၂၀ ခုႏွစ္အထိ ခ်ဲလ္ဆီးမွာ အတူတူ ကစားခဲ့ၾကသူေတြျဖစ္ၿပီး လက္ရွိမွာေတာ့ မတူညီတဲ့ လာလီဂါကလပ္အသင္း ၂ သင္းအတြက္ ကစားေပးေနၾကတာျဖစ္ပါတယ္။ မိုရာတာဟာ အဲဒီျဖစ္စဥ္အၿပီးမွာ ႐ူဒီဂါကို ေတာ္ေတာ္ေဒါသထြက္ခဲ့ပုံေပၚၿပီး ဂ်ာမန္ေနာက္ခံကစားသမားကို တြန္းထုတ္ခဲ့ေပမယ့္လည္း ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူကေတာ့ ရယ္ေမာေနခဲ့တာျဖစ္ပါတယ္။

မာရီယို ဟာမိုဆိုက အက္သလက္တီကို မက္ဒရစ္အတြက္ ရီယက္ဒ္မွာ ကစားခဲ့တဲ့ပြဲစဥ္ ပထမပိုင္း ၆ မိနစ္မွာပဲ အဖြင့္ဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ ႐ူဒီဂါက ေခ်ပဂိုး ျပန္လည္သြင္းယူေပးခဲ့ၿပီး ဖာလန္း မန္ဒီက ရီးရဲလ္ကို ဦးေဆာင္ဂိုးသြင္းေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂရစ္ဇ္မန္းက ပထမပိုင္းမၿပီးဆုံးခင္မွာပဲ ေခ်ပဂိုး ျပန္လည္သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ႐ူဒီဂါ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ အက္သလက္တီကို မက္ဒရစ္က ေနာက္ထပ္တစ္ႀကိမ္ ထိန္းခ်ဳပ္ခြင့္ရခဲ့ေပမယ့္လည္း ကာဗာဟယ္က ၈၅ မိနစ္မွာ ေနာက္က်ေခ်ပဂိုး သြင္းခဲ့တာေၾကာင့္ နာက်င္အခ်ိန္ပို ဆက္ကစားခဲ့ရတာျဖစ္ပါတယ္။

အက္သလက္တီကို ေနာက္ခံလူ စတီဖန္ ဆားဗစ္က ကိုယ့္ဂိုးကိုယ္သြင္းယူမိခဲ့ၿပီးေနာက္ ဘရာဟင္ ဒီယက္ဇ္က ရီးရဲလ္မက္ဒရစ္အတြက္ ပၪၥမေျမာက္ဦးေဆာင္ဂိုး သြင္းယူေပးသြားခဲ့ၿပီး ၅-၃ နဲ႔ ႏိုင္ပြဲ ရရွိသြားခဲ့တာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ဟာ လာမယ့္ ၈ ရက္အတြင္း ကိုပါဒယ္ေရး ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ထပ္မံ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရဦးမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.