Premier League

ဖူလ်ဟမ်နဲ့ပွဲအပြီး အဝတ်လဲခန်းထဲ အိပ်နေမယ့်လီဗာပူးလ်ကြယ်ပွင့်ကို ပြောပြခဲ့တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်ဟာ လီဗာပူးလ်ကြယ်ပွင့် ကော်နာ ဘရက်ဒ်လီဟာ ဖူလ်ဟမ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်းက တောက်ပတဲ့ စွမ်းဆောင်ရည်ကြောင့် အဝတ်လဲခန်းထဲမှာတောင် အိပ်မောကျနေနိုင်နေတယ်လို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးလ်ဟာ ဦးဆောင်ခံထားရာကနေ ၂-၁ နဲ့ အနိုင် ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် မိနစ် ၉၀ သာ အချိန်လိုတော့တာ ဖြစ်ပါတယ်။

လီဗာပူးလ်ဟာ ဇန်နဝါရီ ၂၄ ရက်နေ့မှာ ဆီမီးဖိုင်နယ်ပွဲစဉ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ခရာဗင် ကော့တေ့ချ်ကို ခရီးထွက်ရမှာဖြစ်ပြီး ယာဂန် ကလော့ပ်က အန်းဖီးက ပထမအကျော့အပြီးမှာ ဝမ်းမြောက်ပျော်ရွှင်နေခဲ့တာဖြစ်ပါတယ်။

“ဒုတိယပိုင်းမှာ တကယ့်ကို ဆီလျော်တဲ့ လီဗာပူးလ် စွမ်းဆောင်ရည်ဖြစ်ခဲ့ပါတယ်။ ဘရက်ဒ်လီအနေဲ့ ဒီည ကောင်းကောင်း အိပ်ပျော်ပါလိမ့်မယ်။ ကော်နာ ဘရက်ဒ်လီတစ်ယောက် အိမ်တောင် ပြန်နိုင်ပါ့မလား ကျွန်တော် မသေချာဘူး။ သူ အဝတ်လဲခန်းမှာတောင် အိပ်ပျော်သွားနိုင်ပါတယ်။ တကယ့်ကို ထူးခြားကောင်းမွန်တဲ့ခြေစွမ်းပါ။ ကောင်းလိုက်တဲ့ ကောင်လေး။ ထူးခြားဆန်းကြယ်တဲ့ စရိုက်ရှိသူပါ။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်မှုနဲ့အတူ ထိပ်တန်းအလားအလာရှိတဲ့သူပါ။ သူက မှန်ကန်တဲ့အသင်းထဲမှာ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ အားလုံး သူ့ကို ချစ်မြတ်နိုးကြလို့ပါ။ အားလုံးက သူ့ကို လေးစားကြတယ်။ အားလုံးက သူ့ကို အောင်မြင်စေချင်တယ်။ အဲဒီတော့ ဒီပွဲက ဘောလုံးပွဲစဉ်အားလုံးရဲ့ ခက်ခဲမှုတွေ အားလုံးနဲ့အတူ အရမ်းကောင်းတဲ့ပွဲဖြစ်ခဲ့တယ်”

“ကျွန်တော်တို့ သူ့ကို အခွင့်အရေးပေးနိုင်မယ့် အချိန်ကို စောင့်ဆိုင်းခဲ့တာပါ။ ဒီနေ့က သူ့အတွက် ပြင်းထန်တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ တစ်စုံယောက်က သူ့ကို သေချာ အိမ်ထိ ကားမောင်းလိုက်ပို့ပေးမယ်လို့ မျှော်လင့်ပါတယ်။ သူက အရာအားလုံးကို ပေးခဲ့တာ ကျိန်းသေတယ်။ အဲဒါကို မြင်ရတာ တကယ်ကောင်းတယ်။ သူက ဘယ်လောက်တောင် ကောင်းမွန်နေပြီးပြီလဲဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ အများကြီး လာဖို့ရှိပါသေးတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္ဟာ လီဗာပူးလ္ၾကယ္ပြင့္ ေကာ္နာ ဘရက္ဒ္လီဟာ ဖူလ္ဟမ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္းက ေတာက္ပတဲ့ စြမ္းေဆာင္ရည္ေၾကာင့္ အဝတ္လဲခန္းထဲမွာေတာင္ အိပ္ေမာက်ေနႏိုင္ေနတယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

လီဗာပူးလ္ဟာ ဦးေဆာင္ခံထားရာကေန ၂-၁ နဲ႔ အႏိုင္ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ဖို႔အတြက္ မိနစ္ ၉၀ သာ အခ်ိန္လိုေတာ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ဟာ ဇန္နဝါရီ ၂၄ ရက္ေန႔မွာ ဆီမီးဖိုင္နယ္ပြဲစဥ္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ခရာဗင္ ေကာ့ေတ့ခ်္ကို ခရီးထြက္ရမွာျဖစ္ၿပီး ယာဂန္ ကေလာ့ပ္က အန္းဖီးက ပထမအေက်ာ့အၿပီးမွာ ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနခဲ့တာျဖစ္ပါတယ္။

“ဒုတိယပိုင္းမွာ တကယ့္ကို ဆီေလ်ာ္တဲ့ လီဗာပူးလ္ စြမ္းေဆာင္ရည္ျဖစ္ခဲ့ပါတယ္။ ဘရက္ဒ္လီအေနဲ႔ ဒီည ေကာင္းေကာင္း အိပ္ေပ်ာ္ပါလိမ့္မယ္။ ေကာ္နာ ဘရက္ဒ္လီတစ္ေယာက္ အိမ္ေတာင္ ျပန္ႏိုင္ပါ့မလား ကြၽန္ေတာ္ မေသခ်ာဘူး။ သူ အဝတ္လဲခန္းမွာေတာင္ အိပ္ေပ်ာ္သြားႏိုင္ပါတယ္။ တကယ့္ကို ထူးျခားေကာင္းမြန္တဲ့ေျခစြမ္းပါ။ ေကာင္းလိုက္တဲ့ ေကာင္ေလး။ ထူးျခားဆန္းၾကယ္တဲ့ စ႐ိုက္ရွိသူပါ။ ဉာဏ္ရည္ဉာဏ္ေသြးထက္ျမက္မႈနဲ႔အတူ ထိပ္တန္းအလားအလာရွိတဲ့သူပါ။ သူက မွန္ကန္တဲ့အသင္းထဲမွာ ရွိေနပါတယ္။ ဘာလို႔လဲဆိုေတာ့ အားလုံး သူ႔ကို ခ်စ္ျမတ္ႏိုးၾကလို႔ပါ။ အားလုံးက သူ႔ကို ေလးစားၾကတယ္။ အားလုံးက သူ႔ကို ေအာင္ျမင္ေစခ်င္တယ္။ အဲဒီေတာ့ ဒီပြဲက ေဘာလုံးပြဲစဥ္အားလုံးရဲ႕ ခက္ခဲမႈေတြ အားလုံးနဲ႔အတူ အရမ္းေကာင္းတဲ့ပြဲျဖစ္ခဲ့တယ္”

“ကြၽန္ေတာ္တို႔ သူ႔ကို အခြင့္အေရးေပးႏိုင္မယ့္ အခ်ိန္ကို ေစာင့္ဆိုင္းခဲ့တာပါ။ ဒီေန႔က သူ႔အတြက္ ျပင္းထန္တဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။ တစ္စုံေယာက္က သူ႔ကို ေသခ်ာ အိမ္ထိ ကားေမာင္းလိုက္ပို႔ေပးမယ္လို႔ ေမွ်ာ္လင့္ပါတယ္။ သူက အရာအားလုံးကို ေပးခဲ့တာ က်ိန္းေသတယ္။ အဲဒါကို ျမင္ရတာ တကယ္ေကာင္းတယ္။ သူက ဘယ္ေလာက္ေတာင္ ေကာင္းမြန္ေနၿပီးၿပီလဲဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။ အမ်ားႀကီး လာဖို႔ရွိပါေသးတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.