Premier League

ပိုချက်တီနိုကို ထုတ်ပယ်မယ့်ကိစ္စနဲ့ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ ချဲလ်ဆီးရဲ့ ရပ်တည်ချက်

မူရီဆီယို ပိုချက်တီနိုဟာ စတမ်းဖို့ဒ် ဘရစ်ချ်က နည်းပြရာထူးနဲ့ပတ်သက်ပြီး သိသာထင်ရှားတဲ့ ဖိအားတွေအောက် ရောက်ရှိနေသူဖြစ်ပြီး ချဲလ်ဆီးက ၎င်းကို ထုတ်ပယ်ဖို့နဲ့ပတ်သက်ပြီး ရပ်တည်ချက်က လက်ရှိမှာ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။

စပါးစ်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ချဲလ်ဆီးကို နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၁၂ နေရာနဲ့ ရာသီပြီးဆုံးခဲ့ရပြီးနောက် အသင်းရဲ့ ကံကြမ္မာကို ပြောင်းလဲပေးဖို့ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချဲလ်ဆီးဟာ ပိုချက်တီနိုလက်အောက်မှာလည်း ဆက်လက် ရုန်းကန်ခဲ့ရပြီး ၂၀၂၃-၂၀၂၄ ရာသီ ပွဲ ၂၀ ကစားပြီးနောက် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

အဆိုးရွားဆုံးဖြစ်ခဲ့တာကတော့ အင်္ဂါနေ့ညက ချဲလ်ဆီးဟာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ်ဖြစ်တဲ့ မစ်ဒယ်ဘရော့အသင်းကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေယ့်လည်း The Telegraph ရဲ့ ဖော်ပြချက်အရ ပိုချက်တီနိုရဲ့ နည်းပြရာထူးဟာ လက်ရှိအချိန်မှာတော့ လုံခြုံစိတ်ချရသေးပြီး ချဲလ်ဆီးက ဥရောပဝင်ခွင့် ရရှိနိုင်ဖို့ အခွင့်အရေး ရှိနေသေးတာကြောင့် အာဂျင်တီးနားလူမျိုးကို အလောတကြီး ထုတ်ပယ်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းဟာ ထိပ်ဆုံး ၄ နေရာနဲ့ ၁၂ မှတ်အထိ ကွာဟနေပြီးဖြစ်ပြီး အဆင့် ၅ နေရာ သို့မဟုတ် အက်ဖ်အေဖလား ကိုင်မြှောက်နိုင်မယ်ဆိုရင် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့်တစ်နေရာ ရရှိမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ စနေနေ့မှာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို ရောက်ရှိခဲ့ပြီးဖြစ်တာကြောင့် ပြည်တွင်း ဖလားပြိုင်ပွဲတွေမှာ ဘယ်အသင်းအနိုင်ရသွားလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အဆင့် ၆ လောက်ရရင်လည်း လုံလောက်နိုင်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချဲလ်ဆီးဟာ ကာရာဘောင်းဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ မစ်ဒယ်ဘရော့ကို အနိုင်ပြန်ယူနိုင်ပြီး ဗိုလ်လုပွဲမှာ ဖူလ်ဟမ် သို့မဟုတ် လီဗာပူးလ်ကို အနိုင်ယူနိုင်မယ်ဆိုရင်တော့ အနည်းဆုံး ယူရိုပါကွန်းဖရင့်လိဂ်ပြိုင်ပွဲမှာ တစ်နေရာအာမခံချက်ရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ရှိအချိန်မှာ ချဲလ်ဆီးဟာ ဥရောပဝင်ခွင့်ရဖို့အတွက် အခွင့်အရေး ရှိနေဆဲဖြစ်တာကြောင့် ပိုချက်တီနိုရဲ့ ရာထူးက အန္တရာယ်မရှိသေးဘဲ အမှတ်ပေးဇယားအပေါ်ပိုင်းကို တက်ရောက်ဖို့ ကြိုးပမ်းနေတဲ့ ချဲလ်ဆီးအနေနဲ့ စနေနေ့မှာ ဖူလ်ဟမ်ကို အနိုင်မရခဲ့ဘူးဆိုရင်တော့ ဖိအားတွေ မြင့်တက်လာနိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္က နည္းျပရာထူးနဲ႔ပတ္သက္ၿပီး သိသာထင္ရွားတဲ့ ဖိအားေတြေအာက္ ေရာက္ရွိေနသူျဖစ္ၿပီး ခ်ဲလ္ဆီးက ၎ကို ထုတ္ပယ္ဖို႔နဲ႔ပတ္သက္ၿပီး ရပ္တည္ခ်က္က လက္ရွိမွာ ထြက္ေပၚလာခဲ့ၿပီျဖစ္ပါတယ္။

စပါးစ္နည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ခ်ဲလ္ဆီးကို နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အဆင့္ ၁၂ ေနရာနဲ႔ ရာသီၿပီးဆုံးခဲ့ရၿပီးေနာက္ အသင္းရဲ႕ ကံၾကမၼာကို ေျပာင္းလဲေပးဖို႔ တာဝန္ယူခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ခ်ဲလ္ဆီးဟာ ပိုခ်က္တီႏိုလက္ေအာက္မွာလည္း ဆက္လက္ ႐ုန္းကန္ခဲ့ရၿပီး ၂၀၂၃-၂၀၂၄ ရာသီ ပြဲ ၂၀ ကစားၿပီးေနာက္ အမွတ္ေပးဇယား အဆင့္ ၁၀ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

အဆိုး႐ြားဆုံးျဖစ္ခဲ့တာကေတာ့ အဂၤါေန႔ညက ခ်ဲလ္ဆီးဟာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ခ်န္ပီယံရွစ္ကလပ္ျဖစ္တဲ့ မစ္ဒယ္ဘေရာ့အသင္းကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပယ့္လည္း The Telegraph ရဲ႕ ေဖာ္ျပခ်က္အရ ပိုခ်က္တီႏိုရဲ႕ နည္းျပရာထူးဟာ လက္ရွိအခ်ိန္မွာေတာ့ လုံၿခဳံစိတ္ခ်ရေသးၿပီး ခ်ဲလ္ဆီးက ဥေရာပဝင္ခြင့္ ရရွိႏိုင္ဖို႔ အခြင့္အေရး ရွိေနေသးတာေၾကာင့္ အာဂ်င္တီးနားလူမ်ိဳးကို အေလာတႀကီး ထုတ္ပယ္သြားမွာမဟုတ္ဘူးလို႔ သိရပါတယ္။

အေနာက္လန္ဒန္ကလပ္အသင္းဟာ ထိပ္ဆုံး ၄ ေနရာနဲ႔ ၁၂ မွတ္အထိ ကြာဟေနၿပီးျဖစ္ၿပီး အဆင့္ ၅ ေနရာ သို႔မဟုတ္ အက္ဖ္ေအဖလား ကိုင္ေျမႇာက္ႏိုင္မယ္ဆိုရင္ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ ဝင္ခြင့္တစ္ေနရာ ရရွိမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ စေနေန႔မွာ အက္ဖ္ေအဖလား စတုတၳအဆင့္ကို ေရာက္ရွိခဲ့ၿပီးျဖစ္တာေၾကာင့္ ျပည္တြင္း ဖလားၿပိဳင္ပြဲေတြမွာ ဘယ္အသင္းအႏိုင္ရသြားလဲဆိုတဲ့အေပၚမွာ မူတည္ၿပီး အဆင့္ ၆ ေလာက္ရရင္လည္း လုံေလာက္ႏိုင္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ဲလ္ဆီးဟာ ကာရာေဘာင္းဖလားၿပိဳင္ပြဲ ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့မွာ မစ္ဒယ္ဘေရာ့ကို အႏိုင္ျပန္ယူႏိုင္ၿပီး ဗိုလ္လုပြဲမွာ ဖူလ္ဟမ္ သို႔မဟုတ္ လီဗာပူးလ္ကို အႏိုင္ယူႏိုင္မယ္ဆိုရင္ေတာ့ အနည္းဆုံး ယူ႐ိုပါကြန္းဖရင့္လိဂ္ၿပိဳင္ပြဲမွာ တစ္ေနရာအာမခံခ်က္ရရွိမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္ရွိအခ်ိန္မွာ ခ်ဲလ္ဆီးဟာ ဥေရာပဝင္ခြင့္ရဖို႔အတြက္ အခြင့္အေရး ရွိေနဆဲျဖစ္တာေၾကာင့္ ပိုခ်က္တီႏိုရဲ႕ ရာထူးက အႏၲရာယ္မရွိေသးဘဲ အမွတ္ေပးဇယားအေပၚပိုင္းကို တက္ေရာက္ဖို႔ ႀကိဳးပမ္းေနတဲ့ ခ်ဲလ္ဆီးအေနနဲ႔ စေနေန႔မွာ ဖူလ္ဟမ္ကို အႏိုင္မရခဲ့ဘူးဆိုရင္ေတာ့ ဖိအားေတြ ျမင့္တက္လာႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.