La Liga

ဘာစီလိုနာအသင်းဖော်ဟောင်း အဲဗက်စ်ကို သူငယ်ချင်းကောင်းပီသစွာ ကူညီခဲ့တဲ့ နေမာ

ဒန်နီ အဲဗက်စ်ဟာ တရားဥပဒေကြောင်းအရ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဘာစီလိုနာနဲ့ ဘရာဇီးလ်အသင်းဖော်ဟောင်း နေမာဟာ ငွေကြေးအားဖြင့် အကူအညီပေးခဲ့တယ်လို့ သိရပါတယ်။

အယ်လ်ဟီလာလ်တိုက်စစ်မှူးဟာ ဒန်နီ အဲဗက်စ်ရဲ့ အမှုကိစ္စအတွက် ပေးချေစရာရှိတာတွေကို ပေးချေနိုင်ဖို့အတွက် ယူရို တစ်သိန်းခွဲအထိ လွှဲပေးပြီး အကူအညီပေးခဲ့ပြီး ဆီဗီလာနောက်ခံလူဟောင်းဟာ ဘာစီလိုနာမြို့မှာ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

အဲဗက်စ်ဟာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက ဘာစီလိုနာမြို့ထဲက နိုက်ကလပ်တစ်ခုမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးရဲ့ အတွင်းခံထဲကို လက်နဲ့ နှိုက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလား ၃ ကြိမ်အထိ အနိုင်ရရှိခဲ့တဲ့ ဘရာဇီးလ်ဝါရင့်နောက်ခံလူကတော့ နှစ်ဦးသဘောတူ ပြုမူခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အပြစ်မရှိကြောင်း သက်သေမပြသနိုင်သေးတာကြောင့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ နောက်ထပ် ရုံးချိန်းတက်ရဦးမှာ ဖြစ်ပါတယ်။

UOL ရဲ့ ဖော်ပြချက်အရ အဲဗက်စ်ရဲ့ ပိုင်ဆိုင်မှုတွေဟာ ဇနီးဟောင်းဖြစ်သူ ဒီနိုရာ ဆန်တာနဲ့ နောက်ထပ် အမှုကိစ္စတစ်ခုဖြစ်နေတာကြောင့် ထိန်းသိမ်းခံထားရတာဖြစ်ပြီး ဘရာဇီးလ်နောက်ခံလူကို ဇနီးဟောင်းက ကလေးစရိတ်ပေးဖို့ ပျက်ကွက်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဒါကြောင့် ပိုင်ဆိုင်မှုတစ်ခုမှ မရှိဖြစ်နေတဲ့ အဲဗက်စ်ကို အသင်းဖော်ဟောင်းဖြစ်သလို အခင်ဆုံး သူငယ်ချင်းလည်းဖြစ်တဲ့ နေမာက ကူညီပေးခဲ့တာဖြစ်ပြီး အသက် ၃၁ နှစ်အရွယ် တိုက်စစ်မှူးဟာ အဲဗက်စ်ကိုယ်စား စပိန်တရားရုံးကို ထိခိုက်ပျက်စီးမှုတွေအတွက် လျော့ပေါ့စေရန် လျော်ကြေး ယူရို တစ်သိန်းခွဲ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

ဒန်နီ အဲဗက်စ်ဟာ ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၄ နှစ်ကနေ ၁၅ နှစ်အထိ ချမှတ်ခံရနိုင်တဲ့ အလားအလာနဲ့ ရင်ဆိုင်နေရပေမယ့်လည်း အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း နေမာက ထိခိုက်ပျက်စီးမှုတွေအတွက် သက်သာစေမယ့် ပမာဏကို ကြားဝင်ကူညီပေးခဲ့တာကြောင့် ၉ နှစ်လောက်သာ အများဆုံး ထောင်ကျတော့မယ်လို့ သိရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒန္နီ အဲဗက္စ္ဟာ တရားဥပေဒေၾကာင္းအရ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ ဘာစီလိုနာနဲ႔ ဘရာဇီးလ္အသင္းေဖာ္ေဟာင္း ေနမာဟာ ေငြေၾကးအားျဖင့္ အကူအညီေပးခဲ့တယ္လို႔ သိရပါတယ္။

အယ္လ္ဟီလာလ္တိုက္စစ္မႉးဟာ ဒန္နီ အဲဗက္စ္ရဲ႕ အမႈကိစၥအတြက္ ေပးေခ်စရာရွိတာေတြကို ေပးေခ်ႏိုင္ဖို႔အတြက္ ယူ႐ို တစ္သိန္းခြဲအထိ လႊဲေပးၿပီး အကူအညီေပးခဲ့ၿပီး ဆီဗီလာေနာက္ခံလူေဟာင္းဟာ ဘာစီလိုနာၿမိဳ႕မွာ တရားရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။

အဲဗက္စ္ဟာ လိင္ပိုင္းဆိုင္ရာ ေႏွာင့္ယွက္ေစာ္ကားမႈနဲ႔ တရားစြဲဆိုခံထားရတာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ ဒီဇင္ဘာလက ဘာစီလိုနာၿမိဳ႕ထဲက ႏိုက္ကလပ္တစ္ခုမွာ အသက္ ၂၃ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦးရဲ႕ အတြင္းခံထဲကို လက္နဲ႔ ႏႈိက္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္ဖလား ၃ ႀကိမ္အထိ အႏိုင္ရရွိခဲ့တဲ့ ဘရာဇီးလ္ဝါရင့္ေနာက္ခံလူကေတာ့ ႏွစ္ဦးသေဘာတူ ျပဳမူခဲ့တာျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး အျပစ္မရွိေၾကာင္း သက္ေသမျပသႏိုင္ေသးတာေၾကာင့္ ၂၀၂၄ ခုႏွစ္ ေဖေဖာ္ဝါရီလမွာ ေနာက္ထပ္ ႐ုံးခ်ိန္းတက္ရဦးမွာ ျဖစ္ပါတယ္။

UOL ရဲ႕ ေဖာ္ျပခ်က္အရ အဲဗက္စ္ရဲ႕ ပိုင္ဆိုင္မႈေတြဟာ ဇနီးေဟာင္းျဖစ္သူ ဒီႏိုရာ ဆန္တာနဲ႔ ေနာက္ထပ္ အမႈကိစၥတစ္ခုျဖစ္ေနတာေၾကာင့္ ထိန္းသိမ္းခံထားရတာျဖစ္ၿပီး ဘရာဇီးလ္ေနာက္ခံလူကို ဇနီးေဟာင္းက ကေလးစရိတ္ေပးဖို႔ ပ်က္ကြက္မႈနဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။

ဒါေၾကာင့္ ပိုင္ဆိုင္မႈတစ္ခုမွ မရွိျဖစ္ေနတဲ့ အဲဗက္စ္ကို အသင္းေဖာ္ေဟာင္းျဖစ္သလို အခင္ဆုံး သူငယ္ခ်င္းလည္းျဖစ္တဲ့ ေနမာက ကူညီေပးခဲ့တာျဖစ္ၿပီး အသက္ ၃၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အဲဗက္စ္ကိုယ္စား စပိန္တရား႐ုံးကို ထိခိုက္ပ်က္စီးမႈေတြအတြက္ ေလ်ာ့ေပါ့ေစရန္ ေလ်ာ္ေၾကး ယူ႐ို တစ္သိန္းခြဲ လႊဲေျပာင္းေပးခဲ့တာျဖစ္ပါတယ္။

ဒန္နီ အဲဗက္စ္ဟာ ျပစ္မႈထင္ရွားခဲ့မယ္ဆိုရင္ ေထာင္ဒဏ္ ၄ ႏွစ္ကေန ၁၅ ႏွစ္အထိ ခ်မွတ္ခံရႏိုင္တဲ့ အလားအလာနဲ႔ ရင္ဆိုင္ေနရေပမယ့္လည္း အထက္မွာ ေဖာ္ျပခဲ့တဲ့အတိုင္း ေနမာက ထိခိုက္ပ်က္စီးမႈေတြအတြက္ သက္သာေစမယ့္ ပမာဏကို ၾကားဝင္ကူညီေပးခဲ့တာေၾကာင့္ ၉ ႏွစ္ေလာက္သာ အမ်ားဆုံး ေထာင္က်ေတာ့မယ္လို႔ သိရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.