Premier League

မစ်ဒယ်ဘရော့တောင် မနိုင်ခဲ့တဲ့ ခြေစွမ်းကို ကာကွယ်လိုက်တဲ့ ပိုချက်တီနို

မူရီဇီယို ပိုချက်တီနိုက မစ်ဒယ်ဘရော့ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ချဲလ်ဆီးက ပိုမိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အနောက်လန်ဒန်ကလပ်အသင်းဟာ အင်္ဂါနေ့ညပွဲစဉ်မှာ ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပြီး မစ်ဒယ်ဘရော့(၆ ကြိမ်)ထက် ဂိုးသွင်းယူဖို့ ကြိုးပမ်းမှု ၁၈ ကြိမ် ရှိခဲ့တာ ဖြစ်ပေမယ့်လည်း ဟေဒန် ဟက်ခ်နီက အိမ်ရှင်တွေအတွက် ပထမပိုင်းမပြီးဆုံးခင်မှာပဲ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ကိုး ပါလ်မာဟာ ပထမပိုင်းမှာ အပိုင်ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့ပြီး ဒုတိယပိုင်းမှာ မစ်ဒယ်ဘရော့က ခံစစ်ပိုင်း ကောင်းမွန်ခဲ့တာကြောင့် ချဲလ်ဆီးတို့ အခွင့်အရေး သိပ်ဖန်တီးနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။

ဂိုးရှေ့မှာ အဆုံးသတ်နိုင်စွမ်းကင်းမဲ့နေမှုဟာ ချဲလ်ဆီးအတွက် ဒီရာသီမှာ ပြဿနာတစ်ခု ဖြစ်နေခဲ့တာဖြစ်ပြီး ပိုချက်တီနိုက ၎င်းရဲ့အသင်းဟာ ထိန်းချုပ်ထားနိုင်မှုကို ဂိုးအဖြစ် မပြောင်းလဲနိုင်မှုကို စိတ်ပျက်ခဲ့ပေမယ့် အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး တော်တော်လေး စိတ်ကျေနပ်ခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ ချဉ်းကပ်မှုက ကောင်းမွန်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော်တို့ ခံယူချက်နဲ့ပတ်သက်ပြီး ဘာမှ ပြောစရာမရှိပါဘူး။ ပထမပိုင်းမှာ ကျွန်တော်တို့ လုပ်ခဲ့တဲ့အမှားအချို့ဆိုလို့ ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ပေးခဲ့မိတာလို့ ကျွန်တော် ထင်တယ်။ ဟုတ်ပါတယ်။ သူတို့တွေက အရမ်းကို ခပ်ကြမ်းကြမ်းကစားခဲ့ပြီး တကယ်ကို ကြမ်းတမ်းခဲ့ပါတယ်။ သူတို့တွေက အကူးအပြောင်းတွေမှာ ကစားခဲ့ပြီး တန်ပြန်တိုက်စစ်ကစားခဲ့တယ်။ တကယ်ကို ခံစစ်ပိတ်ဆော့ခဲ့တယ်။ ဒီပိတ်ဆို့မှုကို ဖောက်ထွက်ဖို့ ကျွန်တော်တို့အတွက် ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးအများကြီး ရှိခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ဘူး။ ဒါက ဘောလုံးပဲ။ ဟုတ်တာပေါ့။ တကယ် စိတ်ပျက်မိပါတယ်။ ဒါပေမယ့် အဲဒါက ပထမအကျော့ပါ။ ဒီ မိနစ် ၉၀ အပြီးမှာ ကျွန်တော်တို့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ နောက်ထပ် မိနစ် ၉၀ ကစားရမှာမို့လို့ပါ။ ကျွန်တော်တို့ အကောင်းမြင်ဖို့ လိုတယ်လို့ ထင်ပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဇီယို ပိုခ်က္တီႏိုက မစ္ဒယ္ဘေရာ့ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ကာရာေဘာင္း ဆီမီးဖိုင္နယ္ ပထမအေက်ာ့ပြဲစဥ္မွာ ခ်ဲလ္ဆီးက ပိုမိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အေနာက္လန္ဒန္ကလပ္အသင္းဟာ အဂၤါေန႔ညပြဲစဥ္မွာ ေဘာလုံးပိုင္ဆိုင္မႈ ၇၂ ရာခိုင္ႏႈန္းအထိ ရွိခဲ့တာျဖစ္ၿပီး မစ္ဒယ္ဘေရာ့(၆ ႀကိမ္)ထက္ ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈ ၁၈ ႀကိမ္ ရွိခဲ့တာ ျဖစ္ေပမယ့္လည္း ေဟဒန္ ဟက္ခ္နီက အိမ္ရွင္ေတြအတြက္ ပထမပိုင္းမၿပီးဆုံးခင္မွာပဲ ဂိုးသြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ကိုး ပါလ္မာဟာ ပထမပိုင္းမွာ အပိုင္ဂိုးသြင္းခြင့္ေတြကို လြဲေခ်ာ္ခဲ့ၿပီး ဒုတိယပိုင္းမွာ မစ္ဒယ္ဘေရာ့က ခံစစ္ပိုင္း ေကာင္းမြန္ခဲ့တာေၾကာင့္ ခ်ဲလ္ဆီးတို႔ အခြင့္အေရး သိပ္ဖန္တီးႏိုင္ျခင္း မရွိခဲ့တာျဖစ္ပါတယ္။

ဂိုးေရွ႕မွာ အဆုံးသတ္ႏိုင္စြမ္းကင္းမဲ့ေနမႈဟာ ခ်ဲလ္ဆီးအတြက္ ဒီရာသီမွာ ျပႆနာတစ္ခု ျဖစ္ေနခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏိုက ၎ရဲ႕အသင္းဟာ ထိန္းခ်ဳပ္ထားႏိုင္မႈကို ဂိုးအျဖစ္ မေျပာင္းလဲႏိုင္မႈကို စိတ္ပ်က္ခဲ့ေပမယ့္ အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေတာ္ေတာ္ေလး စိတ္ေက်နပ္ခဲ့တာျဖစ္ပါတယ္။

“ဒီေန႔ ခ်ဥ္းကပ္မႈက ေကာင္းမြန္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္တို႔ ခံယူခ်က္နဲ႔ပတ္သက္ၿပီး ဘာမွ ေျပာစရာမရွိပါဘူး။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ လုပ္ခဲ့တဲ့အမွားအခ်ိဳ႕ဆိုလို႔ ဂိုးသြင္းႏိုင္မယ့္ အခြင့္အေရးေတြ ေပးခဲ့မိတာလို႔ ကြၽန္ေတာ္ ထင္တယ္။ ဟုတ္ပါတယ္။ သူတို႔ေတြက အရမ္းကို ခပ္ၾကမ္းၾကမ္းကစားခဲ့ၿပီး တကယ္ကို ၾကမ္းတမ္းခဲ့ပါတယ္။ သူတို႔ေတြက အကူးအေျပာင္းေတြမွာ ကစားခဲ့ၿပီး တန္ျပန္တိုက္စစ္ကစားခဲ့တယ္။ တကယ္ကို ခံစစ္ပိတ္ေဆာ့ခဲ့တယ္။ ဒီပိတ္ဆို႔မႈကို ေဖာက္ထြက္ဖို႔ ကြၽန္ေတာ္တို႔အတြက္ ခက္ခဲခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ အခြင့္အေရးအမ်ားႀကီး ရွိခဲ့ၿပီး ဂိုးမသြင္းႏိုင္ခဲ့ဘူး။ ဒါက ေဘာလုံးပဲ။ ဟုတ္တာေပါ့။ တကယ္ စိတ္ပ်က္မိပါတယ္။ ဒါေပမယ့္ အဲဒါက ပထမအေက်ာ့ပါ။ ဒီ မိနစ္ ၉၀ အၿပီးမွာ ကြၽန္ေတာ္တို႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ေနာက္ထပ္ မိနစ္ ၉၀ ကစားရမွာမို႔လို႔ပါ။ ကြၽန္ေတာ္တို႔ အေကာင္းျမင္ဖို႔ လိုတယ္လို႔ ထင္ပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.