International

ဗင်နီးရှပ်ကိစ္စနဲ့ အာဖရိကဖလားလူစာရင်းကနေပါ အထုတ်ခံလိုက်ရတဲ့ ဆီလာ

ဂီနီယာအသင်းဟာ ဗင်နီးရှပ်စ် ဂျူနီယာရဲ့ ရှပ်ပျောက်ဆုံးမှုကြောင့် တစ်သင်းလုံးကို စွပ်စွဲခဲ့တဲ့ မော်လေး ဆီလာကို အာဖရိကဖလားလူစာရင်းကနေ ချန်လှပ်ခဲ့ပါတယ်။

အာဖရိကဖလားပြိုင်ပွဲကို ယခုနှစ် အိုင်ဗရီကို့စ်မှာ ဇန်နဝါရီ ၁၃ ရက်နေ့ကစပြီး ကျင်းပသွားမှာဖြစ်ပြီး ဂီနီယာဟာ အုပ်စု စီမှာ ကင်မရွန်း၊ ဂမ်ဘီယာ၊ လက်ရှိချန်ပီယံ ဆီနီဂေါတို့နဲ့အတူ ကျရောက်နေတာဖြစ်ပါတယ်။ ကာဘာ ဒီယာဝါရာဟာ အာဖရိကဖလားအတွက် ဂီနီယာလက်ရွေးစင် ပဏာမ ၂၅ ဦးစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပေမယ့်လည်း အကြီးမားဆုံး ပြောစရာဖြစ်ခဲ့တာကတော့ မော်လေး ဆီလာကို ချန်လှပ်ခဲ့မှုဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ လက်ရွေးစင်အသင်းအတွက် ၂၅ ကြိမ်ပါဝင်ကစားပေးခဲ့သူဖြစ်ပေမယ့်လည်း ဇွန်လက ဘရာဇီးလ်နဲ့ ကစားခဲ့တဲ့ပွဲစဉ်နောက်ပိုင်းကတည်းက လူစာရင်းထဲ ပါဝင်ခြင်းမရှိတော့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းက ဂီနီယာကို ၄-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာ ဆီလာက ဗင်နီးရှပ်စ် ဂျူနီယာနဲ့ ရှပ်ချင်းလဲခဲ့ပြီး ၎င်းတို့ ၂ ဦး တစ်ယောက်ရဲ့ ဂျာစီကို တစ်ယောက်က ကိုင်ထားတဲ့ပုံကိုတောင် လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီရှပ်ဟာ ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တဲ့နောက် ဂီနီယာ အဝတ်လဲခန်းအတွင်းမှာ အကြီးအကျယ် ပြဿနာတက်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဆီလာက ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ရှပ်ပျောက်ဆုံးသွားခဲ့မှုကြောင့် ဒေါသတကြီးနဲ့ အသင်းဖော်တွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီးနောက် နည်းပြ ဒီယာဝါရာကိုပါ လက်ညှိုးငေါက်ငေါက်ထိုးပြီး ရှပ်ကို ခိုးယူသွားတယ်လို့ စွပ်စွဲခဲ့တာဖြစ်ပါတယ်။ ဆီလာရဲ့ ဥစ္စာပျောက် ငရဲရောက်ဖြစ်နေမှုကြောင့် နည်းပြ ဒီယာဝါရာဟာ အဝတ်လဲခန်းတစ်ခန်းလုံးကို ရှာဖွေဖို့ ညွှန်ကြားခဲ့ပေမယ့်လည်း အဲဒီလို လုပ်ခဲ့တာက အခြေအနေကို ပိုပြီးတော့ ဆိုးရွားစေခဲ့တာသာ ရှိပါတယ်။

ဆီလာရဲ့ အပြုအမူနဲ့ အသင်းဖော်တွေကို စွပ်စွဲခဲ့မှုအတွက် ပြန်တောင်းပန်ဖို့ ငြင်းဆန်ခဲ့မှုကြောင့် လက်ရွေးစင်လူစာရင်းထဲကနေ ချန်လှပ်ခြင်းခံခဲ့ရပြီး အာဖရိကဖလားပြိုင်ပွဲမှာ ဂီနီယာအတွက် ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။ လီဗာပူးလ်ကွင်းလယ်ကြယ်ပွင့်ဟောင်း နာဘီ ကီးတားက ဂီနီယာလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ပြီး မကြာသေးမီက ဒဏ်ရာပြဿနာတွေ ရှိခဲ့ပေမယ့်လည်း လူစာရင်းထဲမှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဂီနီယာဟာ ကမ္ဘာ့ဘောလုံးလောကမှာ ပုံမှန်ခြေစွမ်း အပြသနိုင်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးကို ပိုင်ဆိုင်ထားပြီး ဆက်ရူ ဂီရက်ဆီဟာ ယခုရာသီ ဘွန်ဒက်စ်လီဂါမှာ စတုဂတ်အတွက် သွင်းဂိုး ၁၇ ဂိုးအထိ သွင်းယူထားတဲ့ ကစားသမားဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂီနီယာအသင္းဟာ ဗင္နီးရွပ္စ္ ဂ်ဴနီယာရဲ႕ ရွပ္ေပ်ာက္ဆုံးမႈေၾကာင့္ တစ္သင္းလုံးကို စြပ္စြဲခဲ့တဲ့ ေမာ္ေလး ဆီလာကို အာဖရိကဖလားလူစာရင္းကေန ခ်န္လွပ္ခဲ့ပါတယ္။

အာဖရိကဖလားၿပိဳင္ပြဲကို ယခုႏွစ္ အိုင္ဗရီကို႔စ္မွာ ဇန္နဝါရီ ၁၃ ရက္ေန႔ကစၿပီး က်င္းပသြားမွာျဖစ္ၿပီး ဂီနီယာဟာ အုပ္စု စီမွာ ကင္မ႐ြန္း၊ ဂမ္ဘီယာ၊ လက္ရွိခ်န္ပီယံ ဆီနီေဂါတို႔နဲ႔အတူ က်ေရာက္ေနတာျဖစ္ပါတယ္။ ကာဘာ ဒီယာဝါရာဟာ အာဖရိကဖလားအတြက္ ဂီနီယာလက္ေ႐ြးစင္ ပဏာမ ၂၅ ဦးစာရင္းကို ထုတ္ျပန္ေၾကညာခဲ့ေပမယ့္လည္း အႀကီးမားဆုံး ေျပာစရာျဖစ္ခဲ့တာကေတာ့ ေမာ္ေလး ဆီလာကို ခ်န္လွပ္ခဲ့မႈျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ လက္ေ႐ြးစင္အသင္းအတြက္ ၂၅ ႀကိမ္ပါဝင္ကစားေပးခဲ့သူျဖစ္ေပမယ့္လည္း ဇြန္လက ဘရာဇီးလ္နဲ႔ ကစားခဲ့တဲ့ပြဲစဥ္ေနာက္ပိုင္းကတည္းက လူစာရင္းထဲ ပါဝင္ျခင္းမရွိေတာ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းက ဂီနီယာကို ၄-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္အၿပီးမွာ ဆီလာက ဗင္နီးရွပ္စ္ ဂ်ဴနီယာနဲ႔ ရွပ္ခ်င္းလဲခဲ့ၿပီး ၎တို႔ ၂ ဦး တစ္ေယာက္ရဲ႕ ဂ်ာစီကို တစ္ေယာက္က ကိုင္ထားတဲ့ပုံကိုေတာင္ လူမႈကြန္ရက္ေပၚမွာ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီရွပ္ဟာ ေပ်ာက္ခ်င္းမလွ ေပ်ာက္ဆုံးသြားခဲ့တဲ့ေနာက္ ဂီနီယာ အဝတ္လဲခန္းအတြင္းမွာ အႀကီးအက်ယ္ ျပႆနာတက္ခဲ့တယ္လို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။

ဆီလာက ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ရွပ္ေပ်ာက္ဆုံးသြားခဲ့မႈေၾကာင့္ ေဒါသတႀကီးနဲ႔ အသင္းေဖာ္ေတြကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ၿပီးေနာက္ နည္းျပ ဒီယာဝါရာကိုပါ လက္ညႇိဳးေငါက္ေငါက္ထိုးၿပီး ရွပ္ကို ခိုးယူသြားတယ္လို႔ စြပ္စြဲခဲ့တာျဖစ္ပါတယ္။ ဆီလာရဲ႕ ဥစၥာေပ်ာက္ ငရဲေရာက္ျဖစ္ေနမႈေၾကာင့္ နည္းျပ ဒီယာဝါရာဟာ အဝတ္လဲခန္းတစ္ခန္းလုံးကို ရွာေဖြဖို႔ ၫႊန္ၾကားခဲ့ေပမယ့္လည္း အဲဒီလို လုပ္ခဲ့တာက အေျခအေနကို ပိုၿပီးေတာ့ ဆိုး႐ြားေစခဲ့တာသာ ရွိပါတယ္။

ဆီလာရဲ႕ အျပဳအမူနဲ႔ အသင္းေဖာ္ေတြကို စြပ္စြဲခဲ့မႈအတြက္ ျပန္ေတာင္းပန္ဖို႔ ျငင္းဆန္ခဲ့မႈေၾကာင့္ လက္ေ႐ြးစင္လူစာရင္းထဲကေန ခ်န္လွပ္ျခင္းခံခဲ့ရၿပီး အာဖရိကဖလားၿပိဳင္ပြဲမွာ ဂီနီယာအတြက္ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။ လီဗာပူးလ္ကြင္းလယ္ၾကယ္ပြင့္ေဟာင္း နာဘီ ကီးတားက ဂီနီယာလက္ေ႐ြးစင္အသင္းရဲ႕ အသင္းေခါင္းေဆာင္ျဖစ္ၿပီး မၾကာေသးမီက ဒဏ္ရာျပႆနာေတြ ရွိခဲ့ေပမယ့္လည္း လူစာရင္းထဲမွာ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဂီနီယာဟာ ကမာၻ႔ေဘာလုံးေလာကမွာ ပုံမွန္ေျခစြမ္း အျပသႏိုင္ဆုံး တိုက္စစ္မႉးေတြထဲက တစ္ဦးကို ပိုင္ဆိုင္ထားၿပီး ဆက္႐ူ ဂီရက္ဆီဟာ ယခုရာသီ ဘြန္ဒက္စ္လီဂါမွာ စတုဂတ္အတြက္ သြင္းဂိုး ၁၇ ဂိုးအထိ သြင္းယူထားတဲ့ ကစားသမားျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.