La Liga

ဘာစီလိုနာရဲ့ စိန်ခေါ်နိုင်စွမ်းနဲ့ပတ်သက်ပြီး အံ့အားသင့်ဖွယ်မှတ်ချက်ပေးလိုက်တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်ဟာ လက်ရှိအချိန်မှာ ပြိုင်ပွဲစုံမှာ တော်တော်လေး အခြေအနေကောင်းနေပြီး လာလီဂါမှာ အဆင့် ၁၊ ချန်ပီယံလိဂ်၊ ကိုပါဒယ်ရေး၊ စပိန်စူပါဖလားပြိုင်ပွဲတို့မှာလည်း ပါဝင်ယှဉ်ပြိုင်နေဆဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အနေနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက လုပ်နိုင်ခဲ့သလိုမျိုး ဆုဖလား ၃ လုံးတပြိုင်နက် ဆွတ်ခူးဖို့ကတော့ လွယ်ကူမှာမဟုတ်ဘဲ အန်ဆယ်လော့တီက ပြီးခဲ့တဲ့လတွေမှာ ရုန်းကန်ခဲ့ရတဲ့ ဘာစီလိုနာက အားကောင်းတဲ့စိန်ခေါ်သူဖြစ်လာလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“ဘာစီလိုနာက ကောင်းကောင်း လုပ်နိုင်နေတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေက လာလီဂါ၊ ချန်ပီယံလိဂ်၊ စူပါဖလားနဲ့ ကိုပါဒယ်ရေးတို့မှာ တိုက်ပွဲဝင်နေတယ်။ သူများကို သုံးသပ်ရတာ ကျွန်တော် မကြိုက်ပေမယ့် သူတို့ကတွေက ဆုဖလားအားလုံးအတွက် တိုက်ပွဲဝင်မယ်ဆိုတာတော့ ကျွန်တော် သေချာပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ဟာ လာမယ့်အပတ် ဆီမီးဖိုင်နယ်ပွဲစဉ်တွေမှာ ကိုယ်စီနိုင်ပွဲ ရယူနိုင်ခဲ့မယ်ဆိုရင် စပိန်စူပါဖလားဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်သွားကြရတော့မှာဖြစ်ပြီး အဲဒီအတိုင်းသာဖြစ်ခဲ့မယ်ဆိုရင် ရီယက်ဒ်မှာ အနိုင်ရတဲ့သူက ဒီရာသီကုန်အထိ လာလီဂါမှာပါ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းသွားနိုင်မှာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ စပိန်စူပါဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး ဇာဗီရဲ့ ဘာစီလိုနာက ယနေ့ညမှာ ဘာဘာစထရိုနဲ့ ကိုပါဒယ်ရေး ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားပြီးနောက် လာမယ့် ကြာသပတေးနေ့ညမှာ အိုဆာဆူနာနဲ့ စပိန်စူပါဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ကတော့ စနေနေ့ညက အရန်ဒီနာကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီးနောက် ကိုပါဒယ်ရေး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး လာမယ့်ဗုဒ္ဓဟူးနေ့ညမှာ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် အက်သလက်တီကို မက်ဒရစ်နဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရီးရဲလ္မက္ဒရစ္ဟာ လက္ရွိအခ်ိန္မွာ ၿပိဳင္ပြဲစုံမွာ ေတာ္ေတာ္ေလး အေျခအေနေကာင္းေနၿပီး လာလီဂါမွာ အဆင့္ ၁၊ ခ်န္ပီယံလိဂ္၊ ကိုပါဒယ္ေရး၊ စပိန္စူပါဖလားၿပိဳင္ပြဲတို႔မွာလည္း ပါဝင္ယွဥ္ၿပိဳင္ေနဆဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရီးရဲလ္မက္ဒရစ္အေနနဲ႔ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက လုပ္ႏိုင္ခဲ့သလိုမ်ိဳး ဆုဖလား ၃ လုံးတၿပိဳင္နက္ ဆြတ္ခူးဖို႔ကေတာ့ လြယ္ကူမွာမဟုတ္ဘဲ အန္ဆယ္ေလာ့တီက ၿပီးခဲ့တဲ့လေတြမွာ ႐ုန္းကန္ခဲ့ရတဲ့ ဘာစီလိုနာက အားေကာင္းတဲ့စိန္ေခၚသူျဖစ္လာလိမ့္မယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“ဘာစီလိုနာက ေကာင္းေကာင္း လုပ္ႏိုင္ေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြက လာလီဂါ၊ ခ်န္ပီယံလိဂ္၊ စူပါဖလားနဲ႔ ကိုပါဒယ္ေရးတို႔မွာ တိုက္ပြဲဝင္ေနတယ္။ သူမ်ားကို သုံးသပ္ရတာ ကြၽန္ေတာ္ မႀကိဳက္ေပမယ့္ သူတို႔ကေတြက ဆုဖလားအားလုံးအတြက္ တိုက္ပြဲဝင္မယ္ဆိုတာေတာ့ ကြၽန္ေတာ္ ေသခ်ာပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔ဟာ လာမယ့္အပတ္ ဆီမီးဖိုင္နယ္ပြဲစဥ္ေတြမွာ ကိုယ္စီႏိုင္ပြဲ ရယူႏိုင္ခဲ့မယ္ဆိုရင္ စပိန္စူပါဖလားဗိုလ္လုပြဲမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကရေတာ့မွာျဖစ္ၿပီး အဲဒီအတိုင္းသာျဖစ္ခဲ့မယ္ဆိုရင္ ရီယက္ဒ္မွာ အႏိုင္ရတဲ့သူက ဒီရာသီကုန္အထိ လာလီဂါမွာပါ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းသြားႏိုင္မွာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ စပိန္စူပါဖလားၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ဇာဗီရဲ႕ ဘာစီလိုနာက ယေန႔ညမွာ ဘာဘာစထ႐ိုနဲ႔ ကိုပါဒယ္ေရး ၃၂ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ကစားၿပီးေနာက္ လာမယ့္ ၾကာသပေတးေန႔ညမွာ အိုဆာဆူနာနဲ႔ စပိန္စူပါဖလား ဆီမီးဖိုင္နယ္ပြဲစဥ္ကို ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ကေတာ့ စေနေန႔ညက အရန္ဒီနာကို ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီးေနာက္ ကိုပါဒယ္ေရး ၁၆ သင္းရႈံးထြက္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး လာမယ့္ဗုဒၶဟူးေန႔ညမွာ စပိန္စူပါဖလားဆီမီးဖိုင္နယ္ပြဲစဥ္အျဖစ္ အက္သလက္တီကို မက္ဒရစ္နဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.