Premier League

အမ်ဘာပေကို ရီးရဲလ်အစား လီဗာပူးလ်ပြောင်းအောင် စည်းရုံးနိုင်တဲ့ မက်ဆီနဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ဟာ ခီလီယန် အမ်ဘာပေကို ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ့်အစား လီဗာပူးလ်ကို ပြောင်းချင်အောင် စည်းရုံးနိုင်ဖွယ်ရှိပါတယ်။

ESPN ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပေဟာ လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အနာဂတ်ကို ဆုံးဖြတ်သွားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ လီဗာပူးလ်တို့ဟာ ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် ပြောင်းရွှေ့နိုင်ခြေအရှိဆုံးနေရာတွေဖြစ်တယ်လို့ သိရပါတယ်။

အမ်ဘာပေဟာ ဇူလိုင်လမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်ပါ တစ်နှစ်သက်တမ်းတိုးခွင့်ကို အသုံးပြုသွားဖွယ်မရှိတာကြောင့် ယခုလမှာ ဘော့စ်မန် စည်းမျဉ်းအရ အသင်းသစ်ဖြစ်လာနိုင်တဲ့အသင်းတွေနဲ့ လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်ရရှိနေပြီစြဖ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘာပေကို ခေါ်ယူဖို့ ထိပ်ဆုံးက ဦးဆောင်နေတဲ့အသင်းအဖြစ် ရှိနေခဲ့တာကြာပြီဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီတုန်းက ခေါ်ယူဖို့ နီးစပ်ခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက ပဲရစ်မှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်နဲ့ ကလော့ပ်တို့ကလည်း အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးအပေါ် စိတ်ဝင်စားမှု ရှိနေဆဲဖြစ်ပြီး ကြိုးကြာနီတွေဟာ အမ်ဘာပေရဲ့ တစ်ပတ်လုပ်ခလစာ ယူရို ၆၅၀၀၀၀ ကို ပေးချေနိုင်ဖွယ်မရှိပေမယ့်လည်း ပြင်သစ်တိုက်စစ်မှူးက လာလီဂါထက် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ပြီး မန်စီးတီးကြယ်ပွင့် ဟာလန်းနဲ့ ယှဉ်ပြိုင်သွားချင်နေတာဖြစ်ပါတယ်။

ဟာလန်းနဲ့ အမ်ဘာပေတို့ဟာ လက်ရှိ ကမ္ဘာပေါ်က အကောင်းဆုံး တိုက်စစ်မှူး ၂ ဦးလို့ သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်သာ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ရဲ့ ကြီးမားတဲ့ ယှဉ်ပြိုင်မှုမျိုးအတိုင်း ထပ်မံမြင်တွေ့ရဖွယ်ရှိနေတာဖြစ်ပါတယ်။

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ဟာ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်တို့အတွက် အသီးသီး ကစားပေးရင်း ဆယ်စုနှစ်တစ်ခုလောက်အထိ အချင်းချင်း တွန်းအားပေး ယှဉ်ပြိုင်ခဲ့ကြပြီး ၂ ဦးပေါင်း ဘလွန်ဒေါ ၁၃ ကြိမ်အထိ ဆွတ်ခူးနိုင်ခဲ့ကြတာဖြစ်ပါတယ်။

အမ်ဘာပေသာ လီဗာပူးလ်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးမှာ ကစားနေတဲ့ ဟာလန်းနဲ့ ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပြီး ပရီးမီးယားလိဂ်ဖလားအတွက် တိုက်ပွဲဝင်နေတဲ့ အသင်း ၂ သင်းကြား ယှဉ်ပြိုင်မှုအပြင် ကစားသမား ၂ ဦးကြားမှာပါ မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ခေတ်တုန်းကလိုမျိုး ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုမျိုး ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ESPN ရဲ့ ဖော်ပြချက်အရ အမ်ဘာပေရဲ့ လီဗာပူးလ်ကို ပြောင်းရွှေ့နိုင်ခြေဟာ မိုဟာမက် ဆာလားရဲ့ အနာဂတ်နဲ့ ပတ်သက်ဆက်နွယ်နေဖွယ်ရှိပြီး အီဂျစ်တိုက်စစ်မှူးကို ယခုနွေရာသီမှာ ဆော်ဒီ အာရေဗျက ပေါင်သန်း ၁၅၀ နဲ့ နှုတ်အားဖြင့် ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အနာဂတ်ကို မကြာမီမှာ ဆုံးဖြတ်ချက် ချသွားချင်နေတာကြောင့် ပြင်သစ်တိုက်စစ်မှူးအတွက် မိုဟာမက် ဆာလား ရှိနေတာက လက်ရှိအချိန်မှာ မာဆေးဆိုဒ်ကို ပြောင်းရွှေ့ဖို့အတွက် ကြီးမားတဲ့ အဟန့်အတားကြီးတစ်ခုအဖြစ် ရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ဟာ ခီလီယန္ အမ္ဘာေပကို ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕မယ့္အစား လီဗာပူးလ္ကို ေျပာင္းခ်င္ေအာင္ စည္း႐ုံးႏိုင္ဖြယ္ရွိပါတယ္။

ESPN ရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာေပဟာ လာမယ့္ ရက္သတၱပတ္အနည္းငယ္အတြင္း အနာဂတ္ကို ဆုံးျဖတ္သြားမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ လီဗာပူးလ္တို႔ဟာ ျပင္သစ္လက္ေ႐ြးစင္ၾကယ္ပြင့္ ေျပာင္းေ႐ႊ႕ႏိုင္ေျခအရွိဆုံးေနရာေတြျဖစ္တယ္လို႔ သိရပါတယ္။

အမ္ဘာေပဟာ ဇူလိုင္လမွာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး စာခ်ဳပ္ပါ တစ္ႏွစ္သက္တမ္းတိုးခြင့္ကို အသုံးျပဳသြားဖြယ္မရွိတာေၾကာင့္ ယခုလမွာ ေဘာ့စ္မန္ စည္းမ်ဥ္းအရ အသင္းသစ္ျဖစ္လာႏိုင္တဲ့အသင္းေတြနဲ႔ လြတ္လြတ္လပ္လပ္ ေဆြးေႏြးခြင့္ရရွိေနၿပီျစဖ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အမ္ဘာေပကို ေခၚယူဖို႔ ထိပ္ဆုံးက ဦးေဆာင္ေနတဲ့အသင္းအျဖစ္ ရွိေနခဲ့တာၾကာၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ေႏြရာသီတုန္းက ေခၚယူဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက ပဲရစ္မွာ ဆက္ေနဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္နဲ႔ ကေလာ့ပ္တို႔ကလည္း အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးအေပၚ စိတ္ဝင္စားမႈ ရွိေနဆဲျဖစ္ၿပီး ႀကိဳးၾကာနီေတြဟာ အမ္ဘာေပရဲ႕ တစ္ပတ္လုပ္ခလစာ ယူ႐ို ၆၅၀၀၀၀ ကို ေပးေခ်ႏိုင္ဖြယ္မရွိေပမယ့္လည္း ျပင္သစ္တိုက္စစ္မႉးက လာလီဂါထက္ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ၿပီး မန္စီးတီးၾကယ္ပြင့္ ဟာလန္းနဲ႔ ယွဥ္ၿပိဳင္သြားခ်င္ေနတာျဖစ္ပါတယ္။

ဟာလန္းနဲ႔ အမ္ဘာေပတို႔ဟာ လက္ရွိ ကမာၻေပၚက အေကာင္းဆုံး တိုက္စစ္မႉး ၂ ဦးလို႔ သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္သာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ရဲ႕ ႀကီးမားတဲ့ ယွဥ္ၿပိဳင္မႈမ်ိဳးအတိုင္း ထပ္မံျမင္ေတြ႕ရဖြယ္ရွိေနတာျဖစ္ပါတယ္။

မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ဟာ ဘာစီလိုနာ၊ ရီးရဲလ္မက္ဒရစ္တို႔အတြက္ အသီးသီး ကစားေပးရင္း ဆယ္စုႏွစ္တစ္ခုေလာက္အထိ အခ်င္းခ်င္း တြန္းအားေပး ယွဥ္ၿပိဳင္ခဲ့ၾကၿပီး ၂ ဦးေပါင္း ဘလြန္ေဒါ ၁၃ ႀကိမ္အထိ ဆြတ္ခူးႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

အမ္ဘာေပသာ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ခဲ့မယ္ဆိုရင္ မန္ခ်က္စတာစီးတီးမွာ ကစားေနတဲ့ ဟာလန္းနဲ႔ ယွဥ္ၿပိဳင္ခြင့္ရရွိမွာျဖစ္ၿပီး ပရီးမီးယားလိဂ္ဖလားအတြက္ တိုက္ပြဲဝင္ေနတဲ့ အသင္း ၂ သင္းၾကား ယွဥ္ၿပိဳင္မႈအျပင္ ကစားသမား ၂ ဦးၾကားမွာပါ မက္ဆီနဲ႔ ေရာ္နယ္လ္ဒိုတို႔ေခတ္တုန္းကလိုမ်ိဳး ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈမ်ိဳး ဖန္တီးႏိုင္မွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ESPN ရဲ႕ ေဖာ္ျပခ်က္အရ အမ္ဘာေပရဲ႕ လီဗာပူးလ္ကို ေျပာင္းေ႐ႊ႕ႏိုင္ေျခဟာ မိုဟာမက္ ဆာလားရဲ႕ အနာဂတ္နဲ႔ ပတ္သက္ဆက္ႏြယ္ေနဖြယ္ရွိၿပီး အီဂ်စ္တိုက္စစ္မႉးကို ယခုေႏြရာသီမွာ ေဆာ္ဒီ အာေရဗ်က ေပါင္သန္း ၁၅၀ နဲ႔ ႏႈတ္အားျဖင့္ ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ အနာဂတ္ကို မၾကာမီမွာ ဆုံးျဖတ္ခ်က္ ခ်သြားခ်င္ေနတာေၾကာင့္ ျပင္သစ္တိုက္စစ္မႉးအတြက္ မိုဟာမက္ ဆာလား ရွိေနတာက လက္ရွိအခ်ိန္မွာ မာေဆးဆိုဒ္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ ႀကီးမားတဲ့ အဟန႔္အတားႀကီးတစ္ခုအျဖစ္ ရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.