Premier League

ဝီဂန်နဲ့ပွဲမှာ ရုပ်ပေါက်တဲ့ဒိုင်ဗင်ထိုးမှု ပြုလုပ်ခဲ့တယ်လို့ ဝေဖန်ခံနေရတဲ့ ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ်ဟာ ဝီဂန်အက်သလက်တစ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးကို အငြင်းပွားဖွယ်ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

ပွဲကစားချိန် ၇၂ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခြေဖျားကို ဝီဂန်ကစားသမား လီယန် ရှောက ပွတ်ကန်မိခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်က ပင်နယ်တီ ရရှိခဲ့တာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ရုပ်ရှင်ဆန်ဆန် လဲကျသွားခဲ့တာဖြစ်ပါတယ်။

ကွင်းလယ်ဒိုင် အန်သိုနီ တေလာက ပင်နယ်တီ ကန်သွင်းဖို့အတွက် သတ်မှတ်ခဲ့တာကြောင့် အများစုက အံ့အားသင့်သွားခဲ့ကြပြီး ဝီဂန်ကစားသမားတွေကလည်း အဲဒီဆုံးဖြတ်ချက်ကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပေမယ့်လည်း VAR ကြားဝင်ခြင်း မရှိတာကြောင့် ဒိုင်ရဲ့ဆုံးဖြတ်ချက်က အပြီးအပြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဖာနန်ဒက်စ်ဟာ ဂိုးဘယ်ဖက်အောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့ပြီး ဝီဂန်ဂိုးသမား ဆမ် တစ်ကယ်ကတော့ ဆန့်ကျင်ဘက်ကို ဒိုင်ဗင်ပစ်ဖမ်းခဲ့တာကြောင့် ဂိုးရရှိသွားခဲ့တာဖြစ်ပါတယ်။

ဘရူနို ဖာနန်ဒက်စ်ရဲ့ အငြင်းပွားဖွယ် ပင်နယ်တီနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က ပရိသတ်တွေက လျင်လျင်မြန်မြန်ပဲ တုံ့ပြန်ခဲ့ကြပြီး ပရိသတ်တစ်ဦးက “ဘရူနို ဖာနန်ဒက်စ်က အဲဒီလိုလုပ်နေတာတွေကို ရပ်တန့်ရမယ်။ အဆင့် ၂ ဆင့်လောက်နိမ့်တဲ့အသင်းနဲ့ပွဲမှာတောင် ပင်နယ်တီရဖို့ ဒိုင်ဗင်ထိုးနေတယ်။ ဝီဂန်အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဖာနန်ဒက်စ်နဲ့ ယူနိုက်တက်အတွက် အရှက်ရစရာကောင်းတယ်”လို့ ရေးသားခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “တော်တော် ရုပ်ပေါက်တဲ့ ဒိုင်ဗင်ထိုးမှုပါ။ သေးငယ်တဲ့ ထိတွေ့မှုလောက်ပဲဖြစ်ပြီး အပြည့်အဝ အရွယ်ရောက်ပြီးသား လူတစ်ယောက် လဲကျသွားစရာမရှိတဲ့ ဖျက်ထုတ်မှုပါ”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဝီဂန်ကို အနိုင်ရခဲ့တာကြောင့် အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီဖြစ်ပြီး နယူးပို့တ် ကောင်တီ သို့မဟုတ် အိစ်လိတ်နဲ့ တွေ့ဆုံသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဝီဂန္အက္သလက္တစ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို အျငင္းပြားဖြယ္ပင္နယ္တီကေန သြင္းယူခဲ့ပါတယ္။

ပြဲကစားခ်ိန္ ၇၂ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ေျခဖ်ားကို ဝီဂန္ကစားသမား လီယန္ ေရွာက ပြတ္ကန္မိခဲ့ၿပီးေနာက္ မန္ခ်က္စတာယူႏိုက္တက္က ပင္နယ္တီ ရရွိခဲ့တာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ေပၚတူဂီၾကယ္ပြင့္ဟာ ႐ုပ္ရွင္ဆန္ဆန္ လဲက်သြားခဲ့တာျဖစ္ပါတယ္။

ကြင္းလယ္ဒိုင္ အန္သိုနီ ေတလာက ပင္နယ္တီ ကန္သြင္းဖို႔အတြက္ သတ္မွတ္ခဲ့တာေၾကာင့္ အမ်ားစုက အံ့အားသင့္သြားခဲ့ၾကၿပီး ဝီဂန္ကစားသမားေတြကလည္း အဲဒီဆုံးျဖတ္ခ်က္ကို ဆန႔္က်င္ ဆႏၵျပခဲ့ၾကေပမယ့္လည္း VAR ၾကားဝင္ျခင္း မရွိတာေၾကာင့္ ဒိုင္ရဲ႕ဆုံးျဖတ္ခ်က္က အၿပီးအျပတ္ျဖစ္ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဖာနန္ဒက္စ္ဟာ ဂိုးဘယ္ဖက္ေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့ၿပီး ဝီဂန္ဂိုးသမား ဆမ္ တစ္ကယ္ကေတာ့ ဆန႔္က်င္ဘက္ကို ဒိုင္ဗင္ပစ္ဖမ္းခဲ့တာေၾကာင့္ ဂိုးရရွိသြားခဲ့တာျဖစ္ပါတယ္။

ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အျငင္းပြားဖြယ္ ပင္နယ္တီနဲ႔ပတ္သက္ၿပီး လူမႈကြန္ရက္ေပၚက ပရိသတ္ေတြက လ်င္လ်င္ျမန္ျမန္ပဲ တုံ႔ျပန္ခဲ့ၾကၿပီး ပရိသတ္တစ္ဦးက “ဘ႐ူႏို ဖာနန္ဒက္စ္က အဲဒီလိုလုပ္ေနတာေတြကို ရပ္တန႔္ရမယ္။ အဆင့္ ၂ ဆင့္ေလာက္နိမ့္တဲ့အသင္းနဲ႔ပြဲမွာေတာင္ ပင္နယ္တီရဖို႔ ဒိုင္ဗင္ထိုးေနတယ္။ ဝီဂန္အတြက္ စိတ္မေကာင္းျဖစ္မိတယ္။ ဖာနန္ဒက္စ္နဲ႔ ယူႏိုက္တက္အတြက္ အရွက္ရစရာေကာင္းတယ္”လို႔ ေရးသားခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ေတာ္ေတာ္ ႐ုပ္ေပါက္တဲ့ ဒိုင္ဗင္ထိုးမႈပါ။ ေသးငယ္တဲ့ ထိေတြ႕မႈေလာက္ပဲျဖစ္ၿပီး အျပည့္အဝ အ႐ြယ္ေရာက္ၿပီးသား လူတစ္ေယာက္ လဲက်သြားစရာမရွိတဲ့ ဖ်က္ထုတ္မႈပါ”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဝီဂန္ကို အႏိုင္ရခဲ့တာေၾကာင့္ အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး နယူးပို႔တ္ ေကာင္တီ သို႔မဟုတ္ အိစ္လိတ္နဲ႔ ေတြ႕ဆုံသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.