Premier League

စပါးစ်ကစားသမားသစ်က လူဖြည့်ရုံသက်သက်ပဲလို့ ဝေဖန်လိုက်တဲ့ ဆောင်းနက်စ်

ဂရေမီ ဆောင်းနက်စ်က တီမို ဗာနာအနေနဲ့ တော့တင်ဟမ်ဟော့စပါးမှာ အောင်မြင်မှုရရှိလိမ့်မယ်လို့ ယုံကြည်နေခြင်းမရှိဘဲ ပိုစတီကိုဂလူရဲ့ ကစားသမားသစ်ဖြစ်လာမယ့် ဂျာမန်တိုက်စစ်မှူးဟာ လူဖြည့်ရုံသက်သက်ပဲလို့ ပြောဆိုခဲ့ပါတယ်။

ဗာနာဟာ ယခုရာသီကုန်အထိ လိုက်ပ်ဇစ်ကနေ တော့တင်ဟမ်ဟော့စပါးကို အငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုခဲ့ပြီးနောက် လာမယ့်ရက်ပိုင်းအတွင်း ပရီးမီးယားလိဂ်ကို အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့လာဖို့ စီစဉ်နေတာဖြစ်ပါတယ်။ ဂျာမနီလက်ရွေးစင်တိုက်စစ်မှူးဟာ ချဲလ်ဆီးမှာ စိတ်ပျက်စရာ ၂ နှစ်တာကာလကို ဖြတ်သန်းခဲ့မှုအတွက် အင်္ဂလိပ်ပရိသတ်တွေကြား လူသိများခဲ့သူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ ပစ်မှတ်လည်း ဖြစ်ခဲ့သူ ဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးဟာ လာမယ့်နွေရာသီမှာ တီမို ဗာနာကို ပေါင် ၁၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်လည်း ရရှိမှာဖြစ်ပြီး အန်ဂီ ပိုစတီကိုဂလူဟာ အာရှဖလားပြိုင်ပွဲသွားကစားနေတဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကြောင့် တိုက်စစ်ကို အင်အားဖြည့်တင်းချင်ခဲ့တာဖြစ်ပါတယ်။

လိုက်ပ်ဇစ်အတွက် ယခုရာသီ ၁၄ ပွဲ ပါဝင်ကစားပေးထားရာမှာ ၂ ဂိုးသာ သွင်းယူထားနိုင်သေးတဲ့ ဗာနာကလည်း ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် ဂျာမနီ လူစာရင်းထဲမှာ တစ်နေရာရဖို့ကလည်း မရေမရာဖြစ်နေတာကြောင့် ပရီးမီးယားလိဂ်မှာ ၎င်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မယ်လို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဆောင်းနက်စ်ကတော့ ဒီအပြောင်းအရွှေ့ဟာ အလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်နေခြင်းမရှိဘဲ တီမို ဗာနာဟာ ကံကောင်းမှ ဂိုးသွင်းယူနိုင်စွမ်းရှိတဲ့ ကစားသမားလို့ ဝန်ခံပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“သူက တစ်ဂိုးသွင်းဖို့အတွက် အခွင့်အရေး ၅ ကြိမ်လောက် လိုအပ်ပါတယ်။ သူဒီကိုမလာခင်တုန်းက ကောင်းမွန်တဲ့ရာသီတစ်ရာသီပဲ ပိုင်ဆိုင်ခဲ့ဖူးတာပါ။ သူ ဂိုးရဖို့ ခက်ခဲခဲ့ပြီး ကျွန်တော်ကတော့ ဘာမှ အပြောင်းအလဲဖြစ်လာမှာမဟုတ်ဘူးလို့ပဲ ပြောရပါလိမ့်မယ်။ သူက လိုက်ပ်ဇစ်ကို ပြန်သွားခဲ့ပြီး ဒီရာသီမှာ ဘွန်ဒက်စ်လီဂါ ၈ ပွဲကစားပြီးတော့ ၂ ဂိုးသွင်းခဲ့တယ်။ သူက လူဖြည့်ရုံသက်သက်ပဲ။ သူက နောက်ထပ်လူတစ်ယောက်ရောက်လာတယ်ဆိုရုံလောက်ပဲ။ သူ အရမ်းကောင်းကောင်း လုပ်နိုင်မယ်လို့ ကျွန်တော် မထင်ဘူး။ ဒါပေမယ့် အဲဒီလို ပြောရပေမယ့်လည်း သူက ပွဲတိုင်းမှာ အခွင့်အရေး ၃ ကြိမ်၊ ၄ ကြိမ်လောက် ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူက မှန်ကန်တဲ့နေရာထဲကို ဝင်ရောက်နိုင်ပြီး လျင်မြန်လို့ပါ။ သူက တစ်နှစ်ကို ဂိုး ၃၀ ထိရနိုင်တဲ့ကစားသမားပါ။ နောက်နှစ်ကျရင်တော့ ၅ ဂိုး၊ ၆ ဂိုးလောက်ပဲ သွင်းနိုင်မယ်။ အဲဒီတော့ သူက တော်တော်ကြီးကို ကံကောင်းတဲ့သူပါ။ စပါးစ်က သူ့ကို ခေါ်ယူရလိမ့်မယ်။ နူးညက်ဇ်လည်း ဂိုးတစ်ဂိုးရဖို့ အခွင့်အရေးတွေ အများကြီးလိုအပ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သူက ငယ်သေးတော့ အဲဒါက ပြောင်းလဲသွားနိုင်တယ်။ ဗာနာကျတော့ အဲဒါက ပြောင်းလဲတော့မှာမဟုတ်ဘူး။ ဒါပေမယ့် သူက ကံကောင်းရင်ဂိုးတွေ သွင်းယူနိုင်ပါလိမ့်မယ် ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂေရမီ ေဆာင္းနက္စ္က တီမို ဗာနာအေနနဲ႔ ေတာ့တင္ဟမ္ေဟာ့စပါးမွာ ေအာင္ျမင္မႈရရွိလိမ့္မယ္လို႔ ယုံၾကည္ေနျခင္းမရွိဘဲ ပိုစတီကိုဂလူရဲ႕ ကစားသမားသစ္ျဖစ္လာမယ့္ ဂ်ာမန္တိုက္စစ္မႉးဟာ လူျဖည့္႐ုံသက္သက္ပဲလို႔ ေျပာဆိုခဲ့ပါတယ္။

ဗာနာဟာ ယခုရာသီကုန္အထိ လိုက္ပ္ဇစ္ကေန ေတာ့တင္ဟမ္ေဟာ့စပါးကို အငွားနဲ႔ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈခဲ့ၿပီးေနာက္ လာမယ့္ရက္ပိုင္းအတြင္း ပရီးမီးယားလိဂ္ကို အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕လာဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ ဂ်ာမနီလက္ေ႐ြးစင္တိုက္စစ္မႉးဟာ ခ်ဲလ္ဆီးမွာ စိတ္ပ်က္စရာ ၂ ႏွစ္တာကာလကို ျဖတ္သန္းခဲ့မႈအတြက္ အဂၤလိပ္ပရိသတ္ေတြၾကား လူသိမ်ားခဲ့သူျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပစ္မွတ္လည္း ျဖစ္ခဲ့သူ ျဖစ္ပါတယ္။

ေတာ့တင္ဟမ္ေဟာ့စပါးဟာ လာမယ့္ေႏြရာသီမွာ တီမို ဗာနာကို ေပါင္ ၁၅ သန္းနဲ႔ အၿပီးသတ္ဝယ္ယူခြင့္လည္း ရရွိမွာျဖစ္ၿပီး အန္ဂီ ပိုစတီကိုဂလူဟာ အာရွဖလားၿပိဳင္ပြဲသြားကစားေနတဲ့ အသင္းေခါင္းေဆာင္ ဆြန္ေဟာင္မင္ေၾကာင့္ တိုက္စစ္ကို အင္အားျဖည့္တင္းခ်င္ခဲ့တာျဖစ္ပါတယ္။

လိုက္ပ္ဇစ္အတြက္ ယခုရာသီ ၁၄ ပြဲ ပါဝင္ကစားေပးထားရာမွာ ၂ ဂိုးသာ သြင္းယူထားႏိုင္ေသးတဲ့ ဗာနာကလည္း ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲအတြက္ ဂ်ာမနီ လူစာရင္းထဲမွာ တစ္ေနရာရဖို႔ကလည္း မေရမရာျဖစ္ေနတာေၾကာင့္ ပရီးမီးယားလိဂ္မွာ ၎ရဲ႕ ကံၾကမၼာကို ေျပာင္းလဲႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဆာင္းနက္စ္ကေတာ့ ဒီအေျပာင္းအေ႐ႊ႕ဟာ အလုပ္ျဖစ္လိမ့္မယ္လို႔ ယုံၾကည္ေနျခင္းမရွိဘဲ တီမို ဗာနာဟာ ကံေကာင္းမွ ဂိုးသြင္းယူႏိုင္စြမ္းရွိတဲ့ ကစားသမားလို႔ ဝန္ခံေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“သူက တစ္ဂိုးသြင္းဖို႔အတြက္ အခြင့္အေရး ၅ ႀကိမ္ေလာက္ လိုအပ္ပါတယ္။ သူဒီကိုမလာခင္တုန္းက ေကာင္းမြန္တဲ့ရာသီတစ္ရာသီပဲ ပိုင္ဆိုင္ခဲ့ဖူးတာပါ။ သူ ဂိုးရဖို႔ ခက္ခဲခဲ့ၿပီး ကြၽန္ေတာ္ကေတာ့ ဘာမွ အေျပာင္းအလဲျဖစ္လာမွာမဟုတ္ဘူးလို႔ပဲ ေျပာရပါလိမ့္မယ္။ သူက လိုက္ပ္ဇစ္ကို ျပန္သြားခဲ့ၿပီး ဒီရာသီမွာ ဘြန္ဒက္စ္လီဂါ ၈ ပြဲကစားၿပီးေတာ့ ၂ ဂိုးသြင္းခဲ့တယ္။ သူက လူျဖည့္႐ုံသက္သက္ပဲ။ သူက ေနာက္ထပ္လူတစ္ေယာက္ေရာက္လာတယ္ဆို႐ုံေလာက္ပဲ။ သူ အရမ္းေကာင္းေကာင္း လုပ္ႏိုင္မယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။ ဒါေပမယ့္ အဲဒီလို ေျပာရေပမယ့္လည္း သူက ပြဲတိုင္းမွာ အခြင့္အေရး ၃ ႀကိမ္၊ ၄ ႀကိမ္ေလာက္ ရလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ သူက မွန္ကန္တဲ့ေနရာထဲကို ဝင္ေရာက္ႏိုင္ၿပီး လ်င္ျမန္လို႔ပါ။ သူက တစ္ႏွစ္ကို ဂိုး ၃၀ ထိရႏိုင္တဲ့ကစားသမားပါ။ ေနာက္ႏွစ္က်ရင္ေတာ့ ၅ ဂိုး၊ ၆ ဂိုးေလာက္ပဲ သြင္းႏိုင္မယ္။ အဲဒီေတာ့ သူက ေတာ္ေတာ္ႀကီးကို ကံေကာင္းတဲ့သူပါ။ စပါးစ္က သူ႔ကို ေခၚယူရလိမ့္မယ္။ ႏူးညက္ဇ္လည္း ဂိုးတစ္ဂိုးရဖို႔ အခြင့္အေရးေတြ အမ်ားႀကီးလိုအပ္တဲ့ အမ်ိဳးအစားထဲမွာ ပါဝင္ပါတယ္။ ဒါေပမယ့္ သူက ငယ္ေသးေတာ့ အဲဒါက ေျပာင္းလဲသြားႏိုင္တယ္။ ဗာနာက်ေတာ့ အဲဒါက ေျပာင္းလဲေတာ့မွာမဟုတ္ဘူး။ ဒါေပမယ့္ သူက ကံေကာင္းရင္ဂိုးေတြ သြင္းယူႏိုင္ပါလိမ့္မယ္ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.