Carabao & FA Match Report Premier League

ကလေးချင်းတော့ အေးဆေးပဲဆိုပြီး ပထမတန်းက ဝီဂန်ကို အနိုင်ရခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ အီဗန်စ်၊ ဝန်ဘစ်ဆာကာနဲ့ ဒါလော့တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ မိုင်နူး၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဂါနာချို၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နည်းပြ တန်ဟတ်အနေနဲ့ ဝေဖန်မှုတွေကို ရင်ဆိုင်နေရချိန်မှာ တူရကီနိုင်ငံ ကိုယ်စားပြု ဝါရင့်ဂိုးသမား ဘေယင်ဒါကို ပထမတန်းကလပ် ဝီဂန်နဲ့ ကန်တဲ့ ပွဲမျိုးမှာတောင် မသုံးဘူးလားလို့ မေးခွန်းထုတ်စရာလည်း ကြုံခဲ့ရပြီး အိမ်ရှင် အသင်းဘက်မှာတော့ နာမည်ရှိတဲ့ ကစားသမားဆိုလို့ စပါးစ်ခံစစ်မှူး ရိုင်ယန် ဆက်ဆီညွန်ရဲ့ အမြွှာညီအစ်ကို စတီဗင် ဆက်ဆီညွန်ပဲ ပါဝင်လာခဲ့တာပါ။

မန်ယူတို့အတွက် အဖွင့်ဂိုးကို ပွဲချိန် ၂၂ မိနစ်မှာ ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းက ဖြတ်တင်ဘောကို ဧရိယာထဲကနေ ကန်သွင်းဖို့ ကြိုးစားတာ မအောင်မြင်ခဲ့တဲ့ ခပ်ညံ့ညံ့ ရက်ရှ်ဖို့ဒ်ရဲ့ နောက်ပြန်ခင်းပေးလိုက်တဲ့ ဘောလုံးကို ဘယ်နောက်ခံလူ ဒါလော့က ဧရိယာအစပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်ယူတို့က ဝီဂန်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ကြပြီး ဒီနေ့ပွဲမှာတော့ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းနဲ့ ဂိုးပေါက်ကို ၃၃ ကြိမ် ကန်ခွင့်ရရှိခဲ့ရာမှာ တိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်က ဂိုးပေါက် ၁၄ ကြိမ်သာ တည့်ခဲ့မှုနဲ့ တစ်ယောက်မှ ဂိုးမရခဲ့တာက ပြောစရာဖြစ်ခဲ့ပြီး တန်ဟတ်နဲ့ ပရိသတ်တွေ ဆက်လက်ခေါင်းကိုက်ဖို့ပဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာတော့ မန်ယူတို့ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ဧရိယာထဲမှာ ဘရူနို ဖာနန်ဒက်စ်က ဖိန့်တာကို ဖျက်ပုံ မသေသပ်တဲ့ ဝီဂန်နောက်ခံလူ ရှောကြောင့် ပေးခဲ့ရတဲ့ ခပ်ပျော့ပျော့ ပင်နယ်တီ လက်ဆောင်ကို ပေါ်တူဂီသားက ကိုယ်တိုင်ပဲ ဘယ်ဘက်တိုင်ခြေကို သပ်သပ်ရပ်ရပ် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ နောက်ထပ် တိုက်စစ်မှူးတွေ ဂိုးမရတဲ့ ပွဲတစ်ပွဲမှာ ဝီဂန်ကို မန်ယူတို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အဝေးကွင်းမှာ ကျော်ဖြတ်ခဲ့ကြပြီး အက်ဖ်အေဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ကြပြီး လာမယ့်အဆင့်မှာတော့ အောက်တန်းအသင်းငယ်လေးတွေဖြစ်ကြတဲ့ နယူးပို့နဲ့ အိစ်လေးတို့ နှစ်သင်းထဲက အနိုင်ရတဲ့ အသင်းနဲ့ အဝေးကွင်းမှာ ဆက်လက်ကစားရမှာဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ အီဗန္စ္၊ ဝန္ဘစ္ဆာကာနဲ႔ ဒါေလာ့တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုင္ႏူး၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဂါနာခ်ိဳ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

နည္းျပ တန္ဟတ္အေနနဲ႔ ေဝဖန္မႈေတြကို ရင္ဆိုင္ေနရခ်ိန္မွာ တူရကီႏိုင္ငံ ကိုယ္စားျပဳ ဝါရင့္ဂိုးသမား ေဘယင္ဒါကို ပထမတန္းကလပ္ ဝီဂန္နဲ႔ ကန္တဲ့ ပြဲမ်ိဳးမွာေတာင္ မသုံးဘူးလားလို႔ ေမးခြန္းထုတ္စရာလည္း ႀကဳံခဲ့ရၿပီး အိမ္ရွင္ အသင္းဘက္မွာေတာ့ နာမည္ရွိတဲ့ ကစားသမားဆိုလို႔ စပါးစ္ခံစစ္မႉး ႐ိုင္ယန္ ဆက္ဆီၫြန္ရဲ႕ အႁမႊာညီအစ္ကို စတီဗင္ ဆက္ဆီၫြန္ပဲ ပါဝင္လာခဲ့တာပါ။

မန္ယူတို႔အတြက္ အဖြင့္ဂိုးကို ပြဲခ်ိန္ ၂၂ မိနစ္မွာ ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းက ျဖတ္တင္ေဘာကို ဧရိယာထဲကေန ကန္သြင္းဖို႔ ႀကိဳးစားတာ မေအာင္ျမင္ခဲ့တဲ့ ခပ္ညံ့ညံ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေနာက္ျပန္ခင္းေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ေနာက္ခံလူ ဒါေလာ့က ဧရိယာအစပ္ကေန ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္ယူတို႔က ဝီဂန္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီေန႔ပြဲမွာေတာ့ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းနဲ႔ ဂိုးေပါက္ကို ၃၃ ႀကိမ္ ကန္ခြင့္ရရွိခဲ့ရာမွာ တိုက္စစ္မႉးေတြရဲ႕ စြမ္းေဆာင္ရည္က ဂိုးေပါက္ ၁၄ ႀကိမ္သာ တည့္ခဲ့မႈနဲ႔ တစ္ေယာက္မွ ဂိုးမရခဲ့တာက ေျပာစရာျဖစ္ခဲ့ၿပီး တန္ဟတ္နဲ႔ ပရိသတ္ေတြ ဆက္လက္ေခါင္းကိုက္ဖို႔ပဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ မန္ယူတို႔ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဧရိယာထဲမွာ ဘ႐ူႏို ဖာနန္ဒက္စ္က ဖိန႔္တာကို ဖ်က္ပုံ မေသသပ္တဲ့ ဝီဂန္ေနာက္ခံလူ ေရွာေၾကာင့္ ေပးခဲ့ရတဲ့ ခပ္ေပ်ာ့ေပ်ာ့ ပင္နယ္တီ လက္ေဆာင္ကို ေပၚတူဂီသားက ကိုယ္တိုင္ပဲ ဘယ္ဘက္တိုင္ေျခကို သပ္သပ္ရပ္ရပ္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ေနာက္ထပ္ တိုက္စစ္မႉးေတြ ဂိုးမရတဲ့ ပြဲတစ္ပြဲမွာ ဝီဂန္ကို မန္ယူတို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ အေဝးကြင္းမွာ ေက်ာ္ျဖတ္ခဲ့ၾကၿပီး အက္ဖ္ေအဖလားရဲ႕ စတုတၳအဆင့္ကို တက္ေရာက္သြားခဲ့ၾကၿပီး လာမယ့္အဆင့္မွာေတာ့ ေအာက္တန္းအသင္းငယ္ေလးေတြျဖစ္ၾကတဲ့ နယူးပို႔နဲ႔ အိစ္ေလးတို႔ ႏွစ္သင္းထဲက အႏိုင္ရတဲ့ အသင္းနဲ႔ အေဝးကြင္းမွာ ဆက္လက္ကစားရမွာျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.