Premier League

ပထမဆုံး ပြန်ကစားတဲ့ပွဲမှာဂိုးဖန်တီးနိုင်ခဲ့တဲ့ ဒီဘရိုင်းနားကို ချီးကျူးခဲ့တဲ့ ဂွါဒီယိုလာ

ပပ် ဂွါဒီယိုလာက ၅ လကြာ ဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီးနောက် တနင်္ဂနွေနေ့ညက ဟက်ဒါစ်ဖီးကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲအဖြေ ပြောင်းလဲပေးသူဖြစ်ခဲ့တဲ့ ကီဗင် ဒီဘရိုင်းနားကို ချီးကျူးခဲ့ပါတယ်။

မန်ချက်စတာစီးတီးပရိသတ်တွေဟာ ၅၇ မိနစ်မှာ ဂွါဒီယိုလာက ဘယ်လ်ဂျီယမ်ကွင်းလယ်လူကို လူစားဝင်ကစားခွင့်ပေးခဲ့ချိန်မှာ မတ်တပ်ရပ်လက်ခုပ်တီး ဂုဏ်ပြုခဲ့ပြီး ဒီဘရိုင်းနားရဲ့ နာမည်ကို ကြွေးကြော်ခဲ့ကြတာဖြစ်ပါတယ်။

ဒီဘရိုင်းနားဟာ အသင်းခေါင်းဆောင် လက်ပတ်ကို ရယူခဲ့ပြီးနောက် ၎င်းရဲ့ ပထမဆုံး ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ပွဲစဉ်ကို လှပတဲ့ ဂိုးဖန်တီးမှုနဲ့ အမှတ်တရဖြစ်စေခဲ့ပြီး ၇၄ မိနစ်မှာ မန်စီးတီးရဲ့ ၅ ဂိုးမြောက်နဲ့ နောက်ဆုံးသွင်းဂိုးကို ဒိုကု သွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာက ပွဲအပြီးမှာ ဒီဘရိုင်းနား ကွင်းထဲမှာ ပြန်လည်ပါဝင်ကစားပေးနိုင်တာ မြင်ရလို့ ဝမ်းမြောက်ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပြီး အသင်းအတွက် နိုင်ပွဲရယူပေးနိုင်တဲ့ ကစားသမားအနည်းငယ်ထဲက တစ်ဦးဖြစ်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးနည်းပြ ဒီဘရိုင်းနားအနေနဲ့ လာမယ့်အပတ်တွေအတွင်း လေ့ကျင့်ရေးမှာ ပြင်းပြင်းထန်ထန် ဆက်လက် အလုပ်ကြိုးစားသွားရမယ်လို့ ပြောကြားခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်ခဲ့တဲ့ တံကောက်ကြော ခွဲစိတ်ကုသမှုခံယူမှုအပြီး ပွဲချိန် မိနစ် ၉၀ အပြည့်ပါဝင်ကစားပေးဖို့ အဆင်သင့်မဖြစ်သေးတာဖြစ်ပါတယ်။

ဟက်ဒါစ်ဖီးကို ၅-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဂွါဒီယိုလာက “အဲဒါက တကယ်တကယ်ကို ကောင်းမွန်ပါတယ်။ အခု ကျွန်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သလိုပဲ သူက လေ့ကျင့်ရေး အစီအစဉ်တွေတစ်ခုပြီးတစ်ခု လုပ်ဖို့ လိုပါတယ်။ ပွဲကစားတာထက်တောင် ပိုပါတယ်။ သူက မိနစ် ၉၀ လောက် ကစားဖို့အတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ပါတယ်။ နယူးကာဆယ်က နောက်ထပ် အခွင့်အရေးရှိနေတယ်။ အဲဒီတော့ ကျွန်တော်တို့ ဒီ ၂ ပတ်ကို အဘူ ဒါဘီမှာ ကောင်းမွန်တဲ့ လေ့ကျင့်ရေးအစီအစဉ်အချို့ ပြုလုပ်သွားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့ သူ ပြန်ကစားပေးနိုင်လို့ မယုံနိုင်လောက်အောင် ဝမ်းမြောက်မိပါတယ်။ ကီဗင်က ပွဲစဉ်တွေကို အနိုင်ရအောင် ကူညီပေးနိုင်ပြီး အဲဒီလို လုပ်နိုင်တဲ့ ကစားသမားက ကမ္ဘာပေါ်က အနည်းငယ်ပဲရှိပါတယ်။ ဘောလုံးကောင်းကောင်း ကစားနိုင်တဲ့ ကစာသးမားတွေ အများကြီးရှိပေမယ့် အဲဒီထဲက အနည်းငယ်သောပမာဏကသာ နိုင်ပွဲတွေရရှိအောင် ကူညီပေးနိုင်တာပါ။ ကီဗင်၊ ဟာလန်း ဒီကောင်လေးတွေက နိုင်ပွဲတွေကို ရယူပေးနိုင်တယ်။ ဖီးလ်(ဖိုဒန်)လည်း အတူတူပဲ။ အဲဒါကြောင့်ပဲ ကာလရှည် ဒဏ်ရာရခဲ့ပြီးနောက် သူ ပြန်ပါလာနိုင်တာက တကယ်ကို အရေးကြီးခဲ့တာပါ။ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ကီဗင်က လူတွေ သူ့ကို ဘယ်လောက်ချစ်လဲဆိုတာကို ခံစားမိခဲ့မယ်ဆိုတာ ကျွန်တော် သေချာတယ်။ လူတွေက သူ့ကို ဘယ်လောက်တောင် ချစ်လဲ။ ဒီလို အပြန်အလှန် လေးစားမှုတွေက ထာဝရရှိနေပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ပပ္ ဂြါဒီယိုလာက ၅ လၾကာ ဒဏ္ရာေၾကာင့္ အသင္းရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ တနဂၤေႏြေန႔ညက ဟက္ဒါစ္ဖီးကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ပြဲအေျဖ ေျပာင္းလဲေပးသူျဖစ္ခဲ့တဲ့ ကီဗင္ ဒီဘ႐ိုင္းနားကို ခ်ီးက်ဴးခဲ့ပါတယ္။

မန္ခ်က္စတာစီးတီးပရိသတ္ေတြဟာ ၅၇ မိနစ္မွာ ဂြါဒီယိုလာက ဘယ္လ္ဂ်ီယမ္ကြင္းလယ္လူကို လူစားဝင္ကစားခြင့္ေပးခဲ့ခ်ိန္မွာ မတ္တပ္ရပ္လက္ခုပ္တီး ဂုဏ္ျပဳခဲ့ၿပီး ဒီဘ႐ိုင္းနားရဲ႕ နာမည္ကို ေႂကြးေၾကာ္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီဘ႐ိုင္းနားဟာ အသင္းေခါင္းေဆာင္ လက္ပတ္ကို ရယူခဲ့ၿပီးေနာက္ ၎ရဲ႕ ပထမဆုံး ျပန္လည္ပါဝင္ကစားေပးခဲ့တဲ့ပြဲစဥ္ကို လွပတဲ့ ဂိုးဖန္တီးမႈနဲ႔ အမွတ္တရျဖစ္ေစခဲ့ၿပီး ၇၄ မိနစ္မွာ မန္စီးတီးရဲ႕ ၅ ဂိုးေျမာက္နဲ႔ ေနာက္ဆုံးသြင္းဂိုးကို ဒိုကု သြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာက ပြဲအၿပီးမွာ ဒီဘ႐ိုင္းနား ကြင္းထဲမွာ ျပန္လည္ပါဝင္ကစားေပးႏိုင္တာ ျမင္ရလို႔ ဝမ္းေျမာက္ေပ်ာ္႐ႊင္မိတယ္လို႔ ေျပာၾကားခဲ့ၿပီး အသင္းအတြက္ ႏိုင္ပြဲရယူေပးႏိုင္တဲ့ ကစားသမားအနည္းငယ္ထဲက တစ္ဦးျဖစ္ခဲ့တယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္စီးတီးနည္းျပ ဒီဘ႐ိုင္းနားအေနနဲ႔ လာမယ့္အပတ္ေတြအတြင္း ေလ့က်င့္ေရးမွာ ျပင္းျပင္းထန္ထန္ ဆက္လက္ အလုပ္ႀကိဳးစားသြားရမယ္လို႔ ေျပာၾကားခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ၂၀၂၃ ခုႏွစ္အတြင္း ျပဳလုပ္ခဲ့တဲ့ တံေကာက္ေၾကာ ခြဲစိတ္ကုသမႈခံယူမႈအၿပီး ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္ပါဝင္ကစားေပးဖို႔ အဆင္သင့္မျဖစ္ေသးတာျဖစ္ပါတယ္။

ဟက္ဒါစ္ဖီးကို ၅-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ ဂြါဒီယိုလာက “အဲဒါက တကယ္တကယ္ကို ေကာင္းမြန္ပါတယ္။ အခု ကြၽန္ေတာ္ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့သလိုပဲ သူက ေလ့က်င့္ေရး အစီအစဥ္ေတြတစ္ခုၿပီးတစ္ခု လုပ္ဖို႔ လိုပါတယ္။ ပြဲကစားတာထက္ေတာင္ ပိုပါတယ္။ သူက မိနစ္ ၉၀ ေလာက္ ကစားဖို႔အတြက္ အဆင္သင့္မျဖစ္ေသးဘူးလို႔ ထင္ပါတယ္။ နယူးကာဆယ္က ေနာက္ထပ္ အခြင့္အေရးရွိေနတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒီ ၂ ပတ္ကို အဘူ ဒါဘီမွာ ေကာင္းမြန္တဲ့ ေလ့က်င့္ေရးအစီအစဥ္အခ်ိဳ႕ ျပဳလုပ္သြားမွာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူ ျပန္ကစားေပးႏိုင္လို႔ မယုံႏိုင္ေလာက္ေအာင္ ဝမ္းေျမာက္မိပါတယ္။ ကီဗင္က ပြဲစဥ္ေတြကို အႏိုင္ရေအာင္ ကူညီေပးႏိုင္ၿပီး အဲဒီလို လုပ္ႏိုင္တဲ့ ကစားသမားက ကမာၻေပၚက အနည္းငယ္ပဲရွိပါတယ္။ ေဘာလုံးေကာင္းေကာင္း ကစားႏိုင္တဲ့ ကစာသးမားေတြ အမ်ားႀကီးရွိေပမယ့္ အဲဒီထဲက အနည္းငယ္ေသာပမာဏကသာ ႏိုင္ပြဲေတြရရွိေအာင္ ကူညီေပးႏိုင္တာပါ။ ကီဗင္၊ ဟာလန္း ဒီေကာင္ေလးေတြက ႏိုင္ပြဲေတြကို ရယူေပးႏိုင္တယ္။ ဖီးလ္(ဖိုဒန္)လည္း အတူတူပဲ။ အဲဒါေၾကာင့္ပဲ ကာလရွည္ ဒဏ္ရာရခဲ့ၿပီးေနာက္ သူ ျပန္ပါလာႏိုင္တာက တကယ္ကို အေရးႀကီးခဲ့တာပါ။ ေနာက္ဆုံးကစားခဲ့တဲ့ပြဲမွာ ကီဗင္က လူေတြ သူ႔ကို ဘယ္ေလာက္ခ်စ္လဲဆိုတာကို ခံစားမိခဲ့မယ္ဆိုတာ ကြၽန္ေတာ္ ေသခ်ာတယ္။ လူေတြက သူ႔ကို ဘယ္ေလာက္ေတာင္ ခ်စ္လဲ။ ဒီလို အျပန္အလွန္ ေလးစားမႈေတြက ထာဝရရွိေနပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.