Premier League

ဂန်းနားတွေကို အလဲထိုးနိုင်အောင် ကလော့ပ် ဘယ်လိုဉာဏ်ကောင်းခဲ့လဲဆိုတာ ထုတ်ကြွားခဲ့တဲ့ အာနိုး

ထရင့် အလက်ဇန်းဒါး-အာနိုးက လီဗာပူးလ်ရဲ့ အာဆင်နယ်ကို အက်ဖ်အေဖလား တတိယအဆင့်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့မှုက အဓိကကစားသမားအများအပြား မပါဝင်နိုင်ခဲ့တာကြောင့် ကြီးမားတဲ့နိုင်ပွဲဖြစ်တယ်လို့ ယူဆနေပါတယ်။

လီဗာပူးလ်ဟာ ယာကုဘ် ခီဗီယောရဲ့အုန်းဂိုးနဲ့ နာကျင်အချိန်ပိုမှာ လူးဝစ္စ ဒီယက်ဇ် ကန်သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာဖြစ်ပြီး အာနိုးက တနင်္ဂနွေနေ့ အောင်ပွဲအတွက် ယာဂန် ကလော့ပ်ရဲ့ နည်းဗျူဟာကို ချီးကျူးခဲ့ပါတယ်။

အာနိုးက ပထမပိုင်းအတွင်း လီဗာပူးလ်ရဲ့ ခံစစ်ကနေ ကစားပုံက အလုပ်မဖြစ်ခဲ့ဘူးလို့ ပြောဆိုခဲ့ပြီး ကလော့ပ်က ပထမပိုင်းအပြီးမှာ ကိုယ့်အားသာချက်အတိုင်း ကစားဖို့အတွက် ဘယ်လို အားပေးခဲ့လဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ လီဗာပူးလ်နောက်ခံလူက ၎င်းတို့ဟာ ဟာဗီး အဲလီးယော့တ် ဘောလုံးရဖို့ ဒါဝင် နူးညက်ဇ်နဲ့ လူးဝစ္စ ဒီယက်ဇ်တို့ရဲ့ တိုက်စစ်က လျင်မြန်မှုကို အသုံးချဖို့အတွက် အာရုံစိုက်ခဲ့ကြတယ်လို့ ပြောကြားခဲ့ပါတယ်။

“အဲဒါက ကြီးမားတဲ့ရလဒ်ပါ။ ကျွန်တော်တို့မှာ ဒီနေ့ အဓိက ကစားသမားတွေအများအပြား ပျောက်ဆုံးနေခဲ့ပြီး အသင်းဖော်တွေက နိုင်ငံတကာပွဲသွားကစားနေကြပြီး ဗာဂျယ်လ်ကလည်း လူစာရင်ထဲ မပါနိုင်ခဲ့ဘူး။ ကျွန်တော်တို့ နောက်ကျသွင်းဂိုး ၂ ဂိုးနဲ့ အနိုင်ယူနိုင်ခဲ့တယ်။ ကျွန်တော်တို့ ပထမပိုင်းအပြီးမှာ အရာအားလုံးကို အပြောင်းအလဲ လုပ်ခဲ့ပြီး ကျွန်တော်တို့ ဘောလုံးကစားပြီး အခွင့်အရေးတွေကို ဖန်တီးခဲ့တယ်။ ကစားကွက် အပြောင်းအလဲက ကျွန်တော်တို့ကို အကျိုးသက်ရောက်မှုရှိစေခဲ့ပါတယ်။ ပထမပိုင်းတုန်းက ကျွန်တော်တို့ နည်းနည်း နုံအနေခဲ့တဲ့အချိန်တွေရှိတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ခံစစ်ကနေ ကစားရင်း အငိုက်မိသွားခဲ့ပြီး သူတို့တွေက ကျွန်တော်တို့ အမှားကနေ အခွင့်အရေးတွေရှိခဲ့တယ်။ မသေချာတဲ့ ပေးပို့မှုတွေကြောင့် ဖြစ်နိုင်ပါတယ်”

“သူတို့တွေက ကျွန်တော်တို့ ကွင်းဘက်ခြမ်းထိ တက်ပြီး ဖိအားပေးကစားတဲ့အသင်းဖြစ်ပြီး သူတို့တွေမှာ အဲဒီလို လုပ်နိုင်ဖို့ အင်အားရှိတယ်။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ဆက်ပြီး ကစားခဲ့တယ်။ ကျွန်တော်တို့မှာ ကိုယ်ပိုင်လက္ခဏာရှိတယ်။ ကျွန်တော်တို့ ဘောလုံးကစားချင်ပြီး ကျွန်တော်တို့မှာ ရှိနေတဲ့ တိုက်စစ်က ကစားသမားတွေရဲ့ အားသာချက်ကို အသုံးပြုခဲ့တယ်။ ဟာဗီးကို ကျွန်တော်တို့ ဘောလုံးရစေချင်ခဲ့တာ သိသာပါတယ်။ပြီးတော့ ကျွန်တော်တို့မှာ ဒါဝင်နဲ့ လူချိုတို့လို လျင်မြန်တဲ့ကစားသမားတွေလည်းရှိပါတယ်။ အဲဒီတော့ ကျွန်တော်တို့ နောက်ကနေ ဘောလုံးကစားပြီး သူတို့တွေ လိုအပ်တာတွေကိုလည်း ပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဘောလုံး အတို၊ အရှည်ရောပြီး ပေးခဲ့တယ်။ ဒါဝင်က နည်းနည်း တောင်ပံထွက်ပြီး ကိုဒီက အလယ်ကို သွားခဲ့တယ်။ အဲဒါက ကွဲပြားခြားနားမှု ပြုလုပ်နိုင်စေခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ကျွန်တော်တို့ တစ်ဦးချင်းမှာ သူတို့နောက်ခံတောင်ပံလူတွေနဲ့ ရင်ဆိုင်တဲ့အချိန် ဒါဝင်ရဲ့ မြန်နှုန်းကို အသုံးပြုနိုင်ခဲ့ပြီး သူက ကျွန်တော်တို့အတွက် ဒုတိယပိုင်းမှာ အများကြီး ဖန်တီးပေးခဲ့တယ်”

“အဲဒီလို ပြစ်ဒဏ်ဘောတွေမှာ အတွင်းထဲကို ဖြတ်တင်ပေးတဲ့သူတွေအနေနဲ့ ခင်ဗျား ပင်နယ်တီဧရိယာထဲမှာ ရုတ်ရုတ်သဲသဲဖြစ်စေချင်မှာပါ။ ခင်ဗျား တတ်နိုင်သလောက် ခက်ခဲအောင် လုပ်ချင်မှာပါ။ အဲဒီအတိုင်း စိတ်ကူးထားမှာပါ။ ခင်ဗျားရဲ့ရည်မှန်းချက်က သူတို့တွေ ဘောလုံးကို ရှင်းထုတ်ဖို့ ခက်နိုင်သလောက် ခက်ခဲအောင်လုပ်ဖို့ဖြစ်ပြီး ကျွန်တော်တို့ ကစားသမားတွေထဲက တစ်ဦး ဒါမှမဟုတ် သူတို့ထဲက ကစားသမားတစ်ဦးနဲ့ ထိပြီး ဂိုးထဲဝင်သွားနိုင်တယ်ဆိုတာကို သိပါတယ်။ ကျွန်တော်တို့ ပွဲအတွင်းမှာ တိုင်ထိတာ အကြိမ်ပေါင်းမနည်းဘူး။ အဲဒီတော့ ကျွန်တော်တို့ အခွင့်အရေးရခဲ့ပြီး ပွဲပြီးဆုံးခါနီးမှာ သူတို့ကို ဂိုးသွင်းနိုင်ခဲ့ပြီး ပွဲကို အနိုင်ရခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ထရင့္ အလက္ဇန္းဒါး-အာႏိုးက လီဗာပူးလ္ရဲ႕ အာဆင္နယ္ကို အက္ဖ္ေအဖလား တတိယအဆင့္မွာ ၂-၀ နဲ႔ အႏိုင္ရရွိခဲ့မႈက အဓိကကစားသမားအမ်ားအျပား မပါဝင္ႏိုင္ခဲ့တာေၾကာင့္ ႀကီးမားတဲ့ႏိုင္ပြဲျဖစ္တယ္လို႔ ယူဆေနပါတယ္။

လီဗာပူးလ္ဟာ ယာကုဘ္ ခီဗီေယာရဲ႕အုန္းဂိုးနဲ႔ နာက်င္အခ်ိန္ပိုမွာ လူးဝစၥ ဒီယက္ဇ္ ကန္သြင္းယူခဲ့တဲ့ သြင္းဂိုးေတြေၾကာင့္ အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္လွမ္းသြားႏိုင္ခဲ့တာျဖစ္ၿပီး အာႏိုးက တနဂၤေႏြေန႔ ေအာင္ပြဲအတြက္ ယာဂန္ ကေလာ့ပ္ရဲ႕ နည္းဗ်ဴဟာကို ခ်ီးက်ဴးခဲ့ပါတယ္။

အာႏိုးက ပထမပိုင္းအတြင္း လီဗာပူးလ္ရဲ႕ ခံစစ္ကေန ကစားပုံက အလုပ္မျဖစ္ခဲ့ဘူးလို႔ ေျပာဆိုခဲ့ၿပီး ကေလာ့ပ္က ပထမပိုင္းအၿပီးမွာ ကိုယ့္အားသာခ်က္အတိုင္း ကစားဖို႔အတြက္ ဘယ္လို အားေပးခဲ့လဲဆိုတာကို ရွင္းျပခဲ့ပါတယ္။ လီဗာပူးလ္ေနာက္ခံလူက ၎တို႔ဟာ ဟာဗီး အဲလီးေယာ့တ္ ေဘာလုံးရဖို႔ ဒါဝင္ ႏူးညက္ဇ္နဲ႔ လူးဝစၥ ဒီယက္ဇ္တို႔ရဲ႕ တိုက္စစ္က လ်င္ျမန္မႈကို အသုံးခ်ဖို႔အတြက္ အာ႐ုံစိုက္ခဲ့ၾကတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“အဲဒါက ႀကီးမားတဲ့ရလဒ္ပါ။ ကြၽန္ေတာ္တို႔မွာ ဒီေန႔ အဓိက ကစားသမားေတြအမ်ားအျပား ေပ်ာက္ဆုံးေနခဲ့ၿပီး အသင္းေဖာ္ေတြက ႏိုင္ငံတကာပြဲသြားကစားေနၾကၿပီး ဗာဂ်ယ္လ္ကလည္း လူစာရင္ထဲ မပါႏိုင္ခဲ့ဘူး။ ကြၽန္ေတာ္တို႔ ေနာက္က်သြင္းဂိုး ၂ ဂိုးနဲ႔ အႏိုင္ယူႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ပထမပိုင္းအၿပီးမွာ အရာအားလုံးကို အေျပာင္းအလဲ လုပ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ ေဘာလုံးကစားၿပီး အခြင့္အေရးေတြကို ဖန္တီးခဲ့တယ္။ ကစားကြက္ အေျပာင္းအလဲက ကြၽန္ေတာ္တို႔ကို အက်ိဳးသက္ေရာက္မႈရွိေစခဲ့ပါတယ္။ ပထမပိုင္းတုန္းက ကြၽန္ေတာ္တို႔ နည္းနည္း ႏုံအေနခဲ့တဲ့အခ်ိန္ေတြရွိတယ္လို႔ ထင္ပါတယ္။ ကြၽန္ေတာ္တို႔ ခံစစ္ကေန ကစားရင္း အငိုက္မိသြားခဲ့ၿပီး သူတို႔ေတြက ကြၽန္ေတာ္တို႔ အမွားကေန အခြင့္အေရးေတြရွိခဲ့တယ္။ မေသခ်ာတဲ့ ေပးပို႔မႈေတြေၾကာင့္ ျဖစ္ႏိုင္ပါတယ္”

“သူတို႔ေတြက ကြၽန္ေတာ္တို႔ ကြင္းဘက္ျခမ္းထိ တက္ၿပီး ဖိအားေပးကစားတဲ့အသင္းျဖစ္ၿပီး သူတို႔ေတြမွာ အဲဒီလို လုပ္ႏိုင္ဖို႔ အင္အားရွိတယ္။ ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံအတိုင္း ဆက္ၿပီး ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔မွာ ကိုယ္ပိုင္လကၡဏာရွိတယ္။ ကြၽန္ေတာ္တို႔ ေဘာလုံးကစားခ်င္ၿပီး ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ တိုက္စစ္က ကစားသမားေတြရဲ႕ အားသာခ်က္ကို အသုံးျပဳခဲ့တယ္။ ဟာဗီးကို ကြၽန္ေတာ္တို႔ ေဘာလုံးရေစခ်င္ခဲ့တာ သိသာပါတယ္။ၿပီးေတာ့ ကြၽန္ေတာ္တို႔မွာ ဒါဝင္နဲ႔ လူခ်ိဳတို႔လို လ်င္ျမန္တဲ့ကစားသမားေတြလည္းရွိပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ေနာက္ကေန ေဘာလုံးကစားၿပီး သူတို႔ေတြ လိုအပ္တာေတြကိုလည္း ေပးႏိုင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ေဘာလုံး အတို၊ အရွည္ေရာၿပီး ေပးခဲ့တယ္။ ဒါဝင္က နည္းနည္း ေတာင္ပံထြက္ၿပီး ကိုဒီက အလယ္ကို သြားခဲ့တယ္။ အဲဒါက ကြဲျပားျခားနားမႈ ျပဳလုပ္ႏိုင္ေစခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္။ကြၽန္ေတာ္တို႔ တစ္ဦးခ်င္းမွာ သူတို႔ေနာက္ခံေတာင္ပံလူေတြနဲ႔ ရင္ဆိုင္တဲ့အခ်ိန္ ဒါဝင္ရဲ႕ ျမန္ႏႈန္းကို အသုံးျပဳႏိုင္ခဲ့ၿပီး သူက ကြၽန္ေတာ္တို႔အတြက္ ဒုတိယပိုင္းမွာ အမ်ားႀကီး ဖန္တီးေပးခဲ့တယ္”

“အဲဒီလို ျပစ္ဒဏ္ေဘာေတြမွာ အတြင္းထဲကို ျဖတ္တင္ေပးတဲ့သူေတြအေနနဲ႔ ခင္ဗ်ား ပင္နယ္တီဧရိယာထဲမွာ ႐ုတ္႐ုတ္သဲသဲျဖစ္ေစခ်င္မွာပါ။ ခင္ဗ်ား တတ္ႏိုင္သေလာက္ ခက္ခဲေအာင္ လုပ္ခ်င္မွာပါ။ အဲဒီအတိုင္း စိတ္ကူးထားမွာပါ။ ခင္ဗ်ားရဲ႕ရည္မွန္းခ်က္က သူတို႔ေတြ ေဘာလုံးကို ရွင္းထုတ္ဖို႔ ခက္ႏိုင္သေလာက္ ခက္ခဲေအာင္လုပ္ဖို႔ျဖစ္ၿပီး ကြၽန္ေတာ္တို႔ ကစားသမားေတြထဲက တစ္ဦး ဒါမွမဟုတ္ သူတို႔ထဲက ကစားသမားတစ္ဦးနဲ႔ ထိၿပီး ဂိုးထဲဝင္သြားႏိုင္တယ္ဆိုတာကို သိပါတယ္။ ကြၽန္ေတာ္တို႔ ပြဲအတြင္းမွာ တိုင္ထိတာ အႀကိမ္ေပါင္းမနည္းဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အခြင့္အေရးရခဲ့ၿပီး ပြဲၿပီးဆုံးခါနီးမွာ သူတို႔ကို ဂိုးသြင္းႏိုင္ခဲ့ၿပီး ပြဲကို အႏိုင္ရခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.