Ligue1

ပီအက်စ်ဂျီကို စွန့်ခွာရင် ကြီးမားတဲ့ငွေပမာဏကို လက်လွှတ်ရမှာကို သဘောတူခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေဟာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ကြီးမားတဲ့ ငွေကြေးပမာဏကို စွန့်လွှတ်ရမယ်ဆိုတာကို သဘောတူညီခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့်လည်း စာချုပ်သစ် ချုပ်ဆိုသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ အရင်ကတည်းက ပြောင်းရွှေ့ချင်နေခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေပြီး ယခုလမှာ ပြည်ပကလပ်အသင်းတွေနဲ့ အကြိုသဘောတူစာချုပ် ချုပ်ဆိုခွင့်ရရှိနေပြီဖြစ်ပါတယ်။

တူးလူးစ်ကို ပြင်သစ်စူပါဖလားပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲအပြီး စာချုပ်အခြေအနေကို မေးမြန်းခြင်းခံခဲ့ရချိန်မှာ အမ်ဘာပေက “ကျွန်တော် ဒီနှစ်အတွက်အရမ်းအရမ်းကို စိတ်အားတက်ကြွနေပါတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ နောက်ထပ် ရယူသွားရမယ့် ဆုဖလားတွေရှိပြီး ကျွန်တော်တို့ ဖလားတစ်လုံးရပြီးပါပြီ။ အဲဒီတော့ ဒါက ပြီးသွားပြီ။ အဲဒါတွေပြီးရင် ဟင့်အင်း။ ကျွန်တော့်စိတ်ကို ခုထိ မပြောင်းသေးပါဘူး။ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီနွေရာသီတုန်းက ဥက္ကဌနဲ့ ကျွန်တော် သဘောတူညီထားချက်အရ ကျွန်တော် ဆုံးဖြတ်တာက အရေးပါမှာမဟုတ်ပါဘူး။ ကျွန်တော့် သက်ဆိုင်ရာအဖွဲ့အစည်း အားလုံးကို ကာကွယ်ထားပြီး ရှေ့မှာ ရှိနေတဲ့ စိန်ခေါ်မှုတွေအတွက် အသင်းရဲ့ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းထားဖို့ စီမံထားပါတယ်။ အဲဒါက အရေးအကြီးဆုံးအရာအဖြစ် ရှိနေပါတယ်။ အဲဒီတော့ ကျွန်တော့်စာချုပ်ကိစ္စက သာမညလို့ပဲ ပြောရပါလိမ့်မယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂျာနယ်လစ် ဘန် ဂျေကော့ဘ်ရဲ့ ပြောကြားချက်အရ အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ အလွတ်နဲ့ ထွက်ခွာဖို့အတွက် ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပေါင်သန်း ၈၀ အထိ လက်လွှတ်ဖို့ သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ၎င်းရဲ့ သစ္စာစောင့်သိကြေး ဆုကြေးငွေထဲက ရာခိုင်နှုန်းတစ်ခုအထိ ရရှိထားပြီးဖြစ်ပေမယ့်လည်း ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်မှသာ ကျန်ရာခိုင်နှုန်းအားလုံးကို ရရှိမှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေကလည်း အမ်ဘာပေနဲ့ ဆွေးနွေးညှိနှိုင်းချင်တယ်ဆိုရင် ဆွေးနွေးညှိနှိုင်းနိုင်တဲ့အနေအထားမှာရှိနေပြီး လီဗာပူးလ်၊ အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့နဲ့ မကြာသေးမီက သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခီလီယန္ အမ္ဘာေပဟာ ပီအက္စ္ဂ်ီကို စြန႔္ခြာဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ႀကီးမားတဲ့ ေငြေၾကးပမာဏကို စြန႔္လႊတ္ရမယ္ဆိုတာကို သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ ပီအက္စ္ဂ်ီနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္လည္း စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားမွာမဟုတ္ဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အမ္ဘာေပဟာ အရင္ကတည္းက ေျပာင္းေ႐ႊ႕ခ်င္ေနခဲ့တဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ဆက္လက္ ထြက္ေပၚေနၿပီး ယခုလမွာ ျပည္ပကလပ္အသင္းေတြနဲ႔ အႀကိဳသေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခြင့္ရရွိေနၿပီျဖစ္ပါတယ္။

တူးလူးစ္ကို ျပင္သစ္စူပါဖလားပြဲစဥ္မွာ ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲအၿပီး စာခ်ဳပ္အေျခအေနကို ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အမ္ဘာေပက “ကြၽန္ေတာ္ ဒီႏွစ္အတြက္အရမ္းအရမ္းကို စိတ္အားတက္ႂကြေနပါတယ္။ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ကြၽန္ေတာ္တို႔ ေနာက္ထပ္ ရယူသြားရမယ့္ ဆုဖလားေတြရွိၿပီး ကြၽန္ေတာ္တို႔ ဖလားတစ္လုံးရၿပီးပါၿပီ။ အဲဒီေတာ့ ဒါက ၿပီးသြားၿပီ။ အဲဒါေတြၿပီးရင္ ဟင့္အင္း။ ကြၽန္ေတာ့္စိတ္ကို ခုထိ မေျပာင္းေသးပါဘူး။ ဒါေပမယ့္ ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ျဖစ္ ဒီေႏြရာသီတုန္းက ဥကၠဌနဲ႔ ကြၽန္ေတာ္ သေဘာတူညီထားခ်က္အရ ကြၽန္ေတာ္ ဆုံးျဖတ္တာက အေရးပါမွာမဟုတ္ပါဘူး။ ကြၽန္ေတာ့္ သက္ဆိုင္ရာအဖြဲ႕အစည္း အားလုံးကို ကာကြယ္ထားၿပီး ေရွ႕မွာ ရွိေနတဲ့ စိန္ေခၚမႈေတြအတြက္ အသင္းရဲ႕ တည္ၿငိမ္ေအးခ်မ္းမႈကို ထိန္းသိမ္းထားဖို႔ စီမံထားပါတယ္။ အဲဒါက အေရးအႀကီးဆုံးအရာအျဖစ္ ရွိေနပါတယ္။ အဲဒီေတာ့ ကြၽန္ေတာ့္စာခ်ဳပ္ကိစၥက သာမညလို႔ပဲ ေျပာရပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဂ်ာနယ္လစ္ ဘန္ ေဂ်ေကာ့ဘ္ရဲ႕ ေျပာၾကားခ်က္အရ အမ္ဘာေပဟာ ပီအက္စ္ဂ်ီကေန အလြတ္နဲ႔ ထြက္ခြာဖို႔အတြက္ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ေပါင္သန္း ၈၀ အထိ လက္လႊတ္ဖို႔ သေဘာတူညီခဲ့တယ္လို႔ သိရပါတယ္။ ျပင္သစ္လက္ေ႐ြးစင္တိုက္စစ္မႉးဟာ ၎ရဲ႕ သစၥာေစာင့္သိေၾကး ဆုေၾကးေငြထဲက ရာခိုင္ႏႈန္းတစ္ခုအထိ ရရွိထားၿပီးျဖစ္ေပမယ့္လည္း ပီအက္စ္ဂ်ီမွာ ဆက္ေနဖို႔ ဆုံးျဖတ္မွသာ က်န္ရာခိုင္ႏႈန္းအားလုံးကို ရရွိမွာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ကလပ္အသင္းေတြကလည္း အမ္ဘာေပနဲ႔ ေဆြးေႏြးညႇိႏႈိင္းခ်င္တယ္ဆိုရင္ ေဆြးေႏြးညႇိႏႈိင္းႏိုင္တဲ့အေနအထားမွာရွိေနၿပီး လီဗာပူးလ္၊ အာဆင္နယ္၊ မန္ခ်က္စတာစီးတီးတို႔နဲ႔ မၾကာေသးမီက သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.