Carabao & FA Match Report Premier League

ဒီဘရိုင်းနား ပြန်လာခဲ့တဲ့ မန်စီးတီးတို့ရဲ့ လွယ်ကူလွန်းနေတဲ့ ဟတ်ဒါစ်ဖီးလ်ကို နိုင်ပွဲ

မန်ချက်စတာစီးတီးတို့အတွက် Main Man ဟားလန်း မကစားနိုင်သေးပေမယ့် တိုက်စစ်ပိုင်းမှာ အယ်လ်ဗာရက်ဇ်နဲ့ ဖိုဒန်တို့က ပစ်ရက်စရာ မရှိလောက်အောင် ခြေစွမ်းပြသနေခဲ့ပြီး ဒီနေ့ပွဲမှာလည်း ဟတ်ဒါစ်ဖီးလ်ကို အိမ်ကွင်းမှာ ငါးဂိုးပြတ်နိုင်ပွဲယူခဲ့သလို လီဗာပူးလ်တို့ကို ချန်ပီယံဆုအတွက် တိုက်ခိုက်ဖို့ အဆင်သင့်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။

ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ အာကန်ဂျီ၊ ဒီယက်စ်၊ ဂွါဒီယောလ်၊ ဆာဂျီယို ဂိုမက်ဇ်၊ ကွင်းလယ်မှာ ရီကို လူးဝစ္စ၊ ကိုဗာချစ်ချ်၊ ဘော့ဘ်၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်၊ တိုက်စစ်မှာ အယ်လ်ဗာရက်ဇ်တို့ ကစားခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ပွဲချိန် ၁၈ မိနစ်မှာ အာကန်ဂျီ နာသွားခဲ့လို့ မက်သီယူးစ် နူးနက်စ်ကို ထည့်ပြီး လူးဝစ္စကို ညာခြမ်းခံစစ် ပို့ခဲ့ရပေမယ့် ပွဲကိုတော့ အေးအေးဆေးဆေးပဲ ထိန်းချုပ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် ၃၃ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ အပေးအယူလုပ်ပြီး ကိုဗာချစ်ချ်က ဧရိယာထဲကို ခင်းပေးတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ဂိုးရှေ့ ချိုးပေးရာမှာ ဖိုဒန်က ထိန်းသိမ်းပြီး ထောင့်ကျဉ်းအနေအထားကနေ အနီးကပ် အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လေးမိနစ်အကြာမှာတော့ မန်စီးတီးတို့ပဲ ဒုတိယ အနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာတောင်ပံတွဲလုံးကနေ နူးနက်စ်က ဂိုးစည်းနား မရောက်ခင်မှာ ဧရိယာထဲကို ချိုးပေးရာမှာ ရီကို လူးဝစ္စရဲ့ ကန်ချက်လွဲခဲ့တာကနေ ဂိုးရှေ့ကို ရောက်လာတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က ပိတ်သွင်းခဲ့ရာမှာ ကန်ချက်က ပျော့ခဲ့ပေမယ့် ဟတ်ဒါစ်ဖီးလ်ဂိုးသမား ဟန်ချက်ပျက်နေလို့ မကာကွယ်နိုင်ဘဲ ဂိုးပေးခဲ့ရတာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း အိမ်ရှင်တွေပဲ ဘောလုံးပိုင်ဆိုင်မှု ၈၁ ရာခိုင်နှုန်းအထိ ယူကစားခဲ့ကြပြီး ပွဲချိန် ၅၇ မိနစ်မှာ ဂရီးလစ်ရှ်နဲ့ လူးဝစ္စတို့ အင်္ဂလန်သားနှစ်ဦးအစား ဒဏ်ရာက ပြန်လာခဲ့တဲ့ ဒီဘရိုင်းနားနဲ့ ဒိုကူးတို့ ဘယ်လ်ဂျီယမ်သားနှစ်ဦးကို ထည့်သွင်းခဲ့သလို တစ်မိနစ်အကြာမှာတော့ ဘော့ဘ်ရဲ့ ကန်ချက်ကို တားဖို့ ကြိုးစားတဲ့ ဟတ်ဒါစ်ဖီးလ်နောက်ခံလူ ဂျက်ဆန်က ကိုယ့်ဂိုးကိုယ်သွင်းမိလို့ သုံးဂိုး-ဂိုးမရှိဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာ မန်စီးတီးတို့ပဲ စတုတ္ထ အနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကို အတိုပေးပြီး ကန်ရာမှာ ဧရိယာထဲမှာ ပြန်ရခဲ့တဲ့ ကိုဗာချစ်ချ်က အလိုက်သင့် ခင်းပေးခဲ့တဲ့ ဘောလုံးကို ဧရိယာအပြင်ကနေ ပြေးဝင်လာခဲ့တဲ့ ဖိုဒန်က ဘယ်ဘက်တိုင်ခြေကို တိတိကျကျ ကန်သွင်းယူသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၇၄ မိနစ်မှာ‌တော့ ပဉ္စမ ပွဲသိမ်းဂိုးကို မန်စီးတီးတို့ သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ် ညာခြမ်းတွဲလုံးကနေ ဘော့ဘ်နဲ့ အပေးအယူလုပ်ပြီး ဧရိယာထဲမှာ ပြန်ရခဲ့တဲ့ ဒီဘရိုင်းနားက ဂိုးရှေ့ကို အသာအယာ ပြန်မ,ပေးလိုက်တဲ့ ဘောလုံးကို ဘယ်ခြမ်းကနေ အတွင်းဝင်လာခဲ့တဲ့ ဒိုကူးက Volley ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဟတ်ဒါစ်ဖီးလ်တို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အနိုင်ရယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ကြသလို ဒဏ်ရာကနေ ပြန်လာပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဒီဘရိုင်းနား၊ ခြေစွမ်းပြပြီး ဂိုးသွင်းဆက်နေတဲ့ အယ်လ်ဗာရက်ဇ်တို့နဲ့ ဟားလန်းကိုတောင် ပရိသတ်တွေ မေ့နေကြပြီလားလို့ မေးရမလိုဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးတို႔အတြက္ Main Man ဟားလန္း မကစားႏိုင္ေသးေပမယ့္ တိုက္စစ္ပိုင္းမွာ အယ္လ္ဗာရက္ဇ္နဲ႔ ဖိုဒန္တို႔က ပစ္ရက္စရာ မရွိေလာက္ေအာင္ ေျခစြမ္းျပသေနခဲ့ၿပီး ဒီေန႔ပြဲမွာလည္း ဟတ္ဒါစ္ဖီးလ္ကို အိမ္ကြင္းမွာ ငါးဂိုးျပတ္ႏိုင္ပြဲယူခဲ့သလို လီဗာပူးလ္တို႔ကို ခ်န္ပီယံဆုအတြက္ တိုက္ခိုက္ဖို႔ အဆင္သင့္ဆိုတာကို ျပသႏိုင္ခဲ့ပါတယ္။

ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ အာကန္ဂ်ီ၊ ဒီယက္စ္၊ ဂြါဒီေယာလ္၊ ဆာဂ်ီယို ဂိုမက္ဇ္၊ ကြင္းလယ္မွာ ရီကို လူးဝစၥ၊ ကိုဗာခ်စ္ခ်္၊ ေဘာ့ဘ္၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္၊ တိုက္စစ္မွာ အယ္လ္ဗာရက္ဇ္တို႔ ကစားခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ပြဲခ်ိန္ ၁၈ မိနစ္မွာ အာကန္ဂ်ီ နာသြားခဲ့လို႔ မက္သီယူးစ္ ႏူးနက္စ္ကို ထည့္ၿပီး လူးဝစၥကို ညာျခမ္းခံစစ္ ပို႔ခဲ့ရေပမယ့္ ပြဲကိုေတာ့ ေအးေအးေဆးေဆးပဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၃၃ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန အေပးအယူလုပ္ၿပီး ကိုဗာခ်စ္ခ်္က ဧရိယာထဲကို ခင္းေပးတဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က ဂိုးေရွ႕ ခ်ိဳးေပးရာမွာ ဖိုဒန္က ထိန္းသိမ္းၿပီး ေထာင့္က်ဥ္းအေနအထားကေန အနီးကပ္ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ေလးမိနစ္အၾကာမွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ အႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေတာင္ပံတြဲလုံးကေန ႏူးနက္စ္က ဂိုးစည္းနား မေရာက္ခင္မွာ ဧရိယာထဲကို ခ်ိဳးေပးရာမွာ ရီကို လူးဝစၥရဲ႕ ကန္ခ်က္လြဲခဲ့တာကေန ဂိုးေရွ႕ကို ေရာက္လာတဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က ပိတ္သြင္းခဲ့ရာမွာ ကန္ခ်က္က ေပ်ာ့ခဲ့ေပမယ့္ ဟတ္ဒါစ္ဖီးလ္ဂိုးသမား ဟန္ခ်က္ပ်က္ေနလို႔ မကာကြယ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာလည္း အိမ္ရွင္ေတြပဲ ေဘာလုံးပိုင္ဆိုင္မႈ ၈၁ ရာခိုင္ႏႈန္းအထိ ယူကစားခဲ့ၾကၿပီး ပြဲခ်ိန္ ၅၇ မိနစ္မွာ ဂရီးလစ္ရွ္နဲ႔ လူးဝစၥတို႔ အဂၤလန္သားႏွစ္ဦးအစား ဒဏ္ရာက ျပန္လာခဲ့တဲ့ ဒီဘ႐ိုင္းနားနဲ႔ ဒိုကူးတို႔ ဘယ္လ္ဂ်ီယမ္သားႏွစ္ဦးကို ထည့္သြင္းခဲ့သလို တစ္မိနစ္အၾကာမွာေတာ့ ေဘာ့ဘ္ရဲ႕ ကန္ခ်က္ကို တားဖို႔ ႀကိဳးစားတဲ့ ဟတ္ဒါစ္ဖီးလ္ေနာက္ခံလူ ဂ်က္ဆန္က ကိုယ့္ဂိုးကိုယ္သြင္းမိလို႔ သုံးဂိုး-ဂိုးမရွိျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာ မန္စီးတီးတို႔ပဲ စတုတၳ အႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကို အတိုေပးၿပီး ကန္ရာမွာ ဧရိယာထဲမွာ ျပန္ရခဲ့တဲ့ ကိုဗာခ်စ္ခ်္က အလိုက္သင့္ ခင္းေပးခဲ့တဲ့ ေဘာလုံးကို ဧရိယာအျပင္ကေန ေျပးဝင္လာခဲ့တဲ့ ဖိုဒန္က ဘယ္ဘက္တိုင္ေျခကို တိတိက်က် ကန္သြင္းယူသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၇၄ မိနစ္မွာ‌ေတာ့ ပၪၥမ ပြဲသိမ္းဂိုးကို မန္စီးတီးတို႔ သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ ညာျခမ္းတြဲလုံးကေန ေဘာ့ဘ္နဲ႔ အေပးအယူလုပ္ၿပီး ဧရိယာထဲမွာ ျပန္ရခဲ့တဲ့ ဒီဘ႐ိုင္းနားက ဂိုးေရွ႕ကို အသာအယာ ျပန္မ,ေပးလိုက္တဲ့ ေဘာလုံးကို ဘယ္ျခမ္းကေန အတြင္းဝင္လာခဲ့တဲ့ ဒိုကူးက Volley ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဟတ္ဒါစ္ဖီးလ္တို႔ကို ငါးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရယူၿပီး အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္သြားခဲ့ၾကသလို ဒဏ္ရာကေန ျပန္လာၿပီး တစ္ဂိုးဖန္တီးေပးခဲ့တဲ့ ဒီဘ႐ိုင္းနား၊ ေျခစြမ္းျပၿပီး ဂိုးသြင္းဆက္ေနတဲ့ အယ္လ္ဗာရက္ဇ္တို႔နဲ႔ ဟားလန္းကိုေတာင္ ပရိသတ္ေတြ ေမ့ေနၾကၿပီလားလို႔ ေမးရမလိုျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.