Premier League

ဟားလန္းကို မန္ခ်က္စတာယူႏိုက္တက္က မေခၚတာ မွန္တယ္လို႔ ကာေရဂါ ေဝဖန္

ဇန္န၀ါရီလက မထင္မွတ္ဘဲ ဘြန္ဒက္စ္လီဂါကလပ္ ေဒါ့မြန္အသင္းကို ေရာက္ရွိသြားခဲ့ၿပီး ေျခစြမ္းေကာင္းေတြကို ဆက္လက္ျပသေနတဲ့ ေနာ္ေ၀လူငယ္တိုက္စစ္မွဴး အာလင္း ဟားလန္းကို မန္ခ်က္စတာယူႏုိက္တက္ မရလိုက္တဲ့အေပၚ လီဗာပူးေနာက္ခံလူေဟာင္း ေဂ်မီ ကာေရဂါက အေကာင္းျမင္ေနပါတယ္။

ေဒါ့မြန္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဘြန္ဒက္စ္လီဂါ၊ ဂ်ာမန္ပိုကယ္ဖလားနဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ ပြဲဦးထြက္တိုင္း ဂိုးသြင္းႏိုင္တဲ့ ပထမဆံုးကစားသမားအျဖစ္ ဒီ ၁၉ ႏွစ္သားက မွတ္တမ္း၀င္သြားခဲ့သလို ခ်န္ပီယံလိဂ္မွာ အျမန္ဆံုး သြင္းဂိုး(၁၀)ဂိုးျပည့္သူလည္းျဖစ္ခဲ့တဲ့ ေျခစြမ္းက ယူႏိုက္တက္ပရိသတ္ေတြအတြက္ လြတ္တဲ့ငါး ႀကီးသလိုျဖစ္ေနခ်ိန္မွာ ကာေရဂါရဲ႕ သံုးသပ္မႈက အံ့အားသင့္စရာလည္း ျဖစ္ေနခဲ့ပါတယ္။

ဒါေပမယ့္ ကာေရဂါရဲ႕ အျမင္ဟာ ကစားသမားရဲ႕ ေျခစြမ္းကို အေျခမခံဘဲ ေအးဂ်င့္ျဖစ္သူ မီႏို ႐ိုင္ယိုလာကို အေျခခံၿပီး သုံးသပ္ထားခဲ့တာပါ။ ဟာလန္းရဲ႕ အေျပာင္းအေရႊ႕အတြက္ ယူႏိုက္တက္အသင္း အမႈေဆာင္ဒုဥကၠဌ အက္ဒ္ ၀ုဒ္၀ဒ္နဲ႔ ေအးဂ်င့္ ႐ိုင္ယိုလာတို႔ ေတြ႔ဆံုခ်ိန္မွာ ေအးဂ်င့္ဘက္က မတန္တဆ ေတာင္းဆိုခဲ့တယ္လို႔ သတင္းေတြ ထြက္ေပၚလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ကာေရဂါက ဟားလန္းကို မေခၚခဲ့တဲ့ ၀ုဒ္၀ဒ္ရဲ႕ ဆံုးျဖတ္ခ်က္ မွန္တယ္လို႔ ေျပာလိုက္တာပါ။

“ဟာလန္းကို ဆာ့လ္ဇ္ဘတ္ကေန ဘယ္အသင္းပဲေခၚေခၚ လူေတြသိထားတာက သူတို႔ေတြဟာ အံ့အားသင့္ရေလာက္တဲ့ လူငယ္ပါရမီရွင္တစ္ေယာက္အျပင္ ရြိဳင္အိုလာလို ၿမိဳ႕ထဲမွာ ဆပ္ကပ္ျပမယ့္ လူတစ္ေယာက္ကိုပါ ဖိတ္ေခၚသလို ျဖစ္ေနမယ္ဆိုတဲ့ အခ်က္ပါပဲ။ တကယ္လို႔ ဟားလန္းသာ တျခားလူတစ္ေယာက္ကို ေအးဂ်င့္အျဖစ္ လက္တြဲထားမယ္ဆိုရင္ေတာ့ မန္ခ်က္စတာယူႏိုက္တက္ကို သူေရာက္ေကာင္းေရာက္ႏိုင္ပါတယ္”လို႔ ကာေရဂါက ေ၀ဖန္သြားခဲ့ပါတယ္။

အဂၤလန္ႏိုင္ငံ လိဒ္စ္ၿမဳိ႕မွာ ဖခင္ျဖစ္သူ အယ္လ္ဖင္း ဟားလန္းကစားေနစဥ္က ေမြးဖြားခဲ့သူျဖစ္တဲ့ အာလင္း ဟားလန္းဟာ ေမြးဖြားရာ အဂၤလန္ေျမကိုေတာ့ ေလာေလာဆယ္ ေရာက္ရွိဦးမွာ မဟုတ္ဘဲ ၾသစႀတီးယားေျမကေန အိမ္နီးခ်င္း ဂ်ာမန္ေျမက ေဒါ့မြန္အသင္းနဲ႔အတူ (၇)ပြဲကစား၊ (၁၁)ဂိုးသြင္းယူထားေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: ဇန်နဝါရီလက မထင်မှတ်ဘဲ ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းကို ရောက်ရှိသွားခဲ့ပြီး ခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနေတဲ့ နော်ဝေလူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းကို မန်ချက်စတာယူနိုက်တက် မရလိုက်တဲ့အပေါ် လီဗာပူးနောက်ခံလူဟောင်း ဂျေမီ ကာရေဂါက အကောင်းမြင်နေပါတယ်။

ဒေါ့မွန်အသင်းရဲ့ သမိုင်းတစ်လျှောက် ဘွန်ဒက်စ်လီဂါ၊ ဂျာမန်ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပွဲဦးထွက်တိုင်း ဂိုးသွင်းနိုင်တဲ့ ပထမဆုံးကစားသမားအဖြစ် ဒီ ၁၉ နှစ်သားက မှတ်တမ်းဝင်သွားခဲ့သလို ချန်ပီယံလိဂ်မှာ အမြန်ဆုံး သွင်းဂိုး(၁၀)ဂိုးပြည့်သူလည်းဖြစ်ခဲ့တဲ့ ခြေစွမ်းက ယူနိုက်တက်ပရိသတ်တွေအတွက် လွတ်တဲ့ငါး ကြီးသလိုဖြစ်နေချိန်မှာ ကာရေဂါရဲ့ သုံးသပ်မှုက အံ့အားသင့်စရာလည်း ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် ကာရေဂါရဲ့ အမြင်ဟာ ကစားသမားရဲ့ ခြေစွမ်းကို အခြေမခံဘဲ အေးဂျင့်ဖြစ်သူ မီနို ရိုင်ယိုလာကို အခြေခံပြီး သုံးသပ်ထားခဲ့တာပါ။ ဟာလန်းရဲ့ အပြောင်းအရွှေ့အတွက် ယူနိုက်တက်အသင်း အမှုဆောင်ဒုဥက္ကဌ အက်ဒ် ဝုဒ်ဝဒ်နဲ့ အေးဂျင့် ရိုင်ယိုလာတို့ တွေ့ဆုံချိန်မှာ အေးဂျင့်ဘက်က မတန်တဆ တောင်းဆိုခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ကာရေဂါက ဟားလန်းကို မခေါ်ခဲ့တဲ့ ဝုဒ်ဝဒ်ရဲ့ ဆုံးဖြတ်ချက် မှန်တယ်လို့ ပြောလိုက်တာပါ။

“ဟာလန်းကို ဆာ့လ်ဇ်ဘတ်ကနေ ဘယ်အသင်းပဲခေါ်ခေါ် လူတွေသိထားတာက သူတို့တွေဟာ အံ့အားသင့်ရလောက်တဲ့ လူငယ်ပါရမီရှင်တစ်ယောက်အပြင် ရွိုင်အိုလာလို မြို့ထဲမှာ ဆပ်ကပ်ပြမယ့် လူတစ်ယောက်ကိုပါ ဖိတ်ခေါ်သလို ဖြစ်နေမယ်ဆိုတဲ့ အချက်ပါပဲ။ တကယ်လို့ ဟားလန်းသာ တခြားလူတစ်ယောက်ကို အေးဂျင့်အဖြစ် လက်တွဲထားမယ်ဆိုရင်တော့ မန်ချက်စတာယူနိုက်တက်ကို သူရောက်ကောင်းရောက်နိုင်ပါတယ်”လို့ ကာရေဂါက ဝေဖန်သွားခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ လိဒ်စ်မြို့မှာ ဖခင်ဖြစ်သူ အယ်လ်ဖင်း ဟားလန်းကစားနေစဉ်က မွေးဖွားခဲ့သူဖြစ်တဲ့ အာလင်း ဟားလန်းဟာ မွေးဖွားရာ အင်္ဂလန်မြေကိုတော့ လောလောဆယ် ရောက်ရှိဦးမှာ မဟုတ်ဘဲ သြစတြီးယားမြေကနေ အိမ်နီးချင်း ဂျာမန်မြေက ဒေါ့မွန်အသင်းနဲ့အတူ (၇)ပွဲကစား၊ (၁၁)ဂိုးသွင်းယူထားကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.