Carabao & FA Match Report Premier League

မရောင်ရာ ဆီလူးတဲ့ အဖြူဝတ်နဲ့ လီဗာပူးလ်ကို တာဝန်အရ ရှုံးပြန်တဲ့ အာဆင်နယ်

အာဆင်နယ်တို့အနေနဲ့ ဒီနေ့ပွဲမှာ အမေရိကန်တွေရဲ့ ပရိသတ်ချုပ်ကွက်ဖြစ်တဲ့ No More Red ဆိုပြီး ဝတ်ဖြူစင်ကြယ်ကို ဝတ်ဆင်ခဲ့သလို ရာဇဝတ်မှု ပပျောက်ရေးနဲ့ အနိုင်ကျင့် တိုက်ခိုက်ခံရခြင်းတွေကို တားဆီးရေးဆိုတဲ့ ရည်ရွယ်ချက်ကို သုံးနှစ်မြောက်အဖြစ် ထုတ်ပြခဲ့ပေမယ့် ထုံးစံအတိုင်းပဲ “မင်းတို့အသင်းက ဘာဖြစ်နေသလဲ”လို့ မေးရင်တော့ ဖြေစရာမရှိဘဲ အိမ်ကွင်းမှာ လီဗာပူးလ်ကို ရှုံးနိမ့်ခြင်းနဲ့ အဆုံးသတ်သွားခဲ့ရပြန်ပါတယ်။

ဂိုးသမား ရမ်းစ်ဒေးလ်ကို သုံးခဲ့သလို ဘယ်နောက်ခံမှာ ကီဗီယာ၊ ဘယ်တောင်ပံမှာ နယ်လ်ဆန်နဲ့ ကွင်းလယ်ဗဟိုက ဂျော်ဂျင်ညိုတို့ကလွဲရင် ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်၊ အော်ဒီဂွါဒ်၊ ဒက်ကလန် ရိုက်စ်၊ ဆာကာနဲ့ ဟာဗတ်ဇ်တို့ကို လူစုံထုတ်လာခဲ့တဲ့ အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးပေါက် ကန်ခွင့် ၁၈ ကြိမ်နဲ့ ၅ ကြိမ် ဂိုးပေါက်တည့်ခဲ့ပေမယ့် တစ်ဂိုးမှ မရဘဲ အရှက်ကွဲခဲ့ရတာပါ။

ဒီနေ့ပွဲမှာ လီဗာပူးလ်တို့ကလည်း လူစုံထုတ်လာခဲ့ပေမယ့် အဝေးကွင်းမှာတော့ အန်းဖီးလ်ကလိုမျိုး စိုးမိုးကစားနိုင်ခြင်း မရှိဘဲ အာဆင်နယ်တို့ရဲ့ အထာကို ကြည့်ပြီး Passive ကစားသွားခဲ့သလို ဆာလား မပါဝင်နိုင်ချိန်မှာ ဂက်ခ်ပိုနဲ့ အဲလီးယော့ကို ညာခြမ်းတိုက်စစ်မှာ တွဲပေးပြီး ကီဗီယာကို ဖိအားပေးနိုင်ဖို့ ကြိုးစားလာခဲ့ကြပါတယ်။

ပွဲချိန် ၂ မိနစ်မှာ နယ်လ်ဆန်က ရမ်းစ်ဒေးလ်ရဲ့ ကောင်းမွန်တိကျတဲ့ အဝေးဘောကနေ “ဒီထက် ကောင်းတာ ဘုန်းကြီးတူမပဲ ရှိတော့တယ်”ဆိုတဲ့ အခွင့်အရေးမျိုးကို ဖြုန်းတီးပစ်ခဲ့ပြီး အော်ဒီဂွါဒ်နဲ့ ဟာဗတ်ဇ်တို့ကလည်း အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့ကြသလို ဆာကာ အပါအဝင် အာဆင်နယ် တိုက်စစ်သမားတွေအနေနဲ့ လီဗာပူးလ်ဂိုးသမား အယ်လစ်ဆန်နဲ့ ချစ်ကြည်ရေးလုပ်နေခဲ့ကြတာပါ။

အဖြုန်းတစ်လိုင်း ဟာဗတ်ဇ်က နှစ်ကြိမ်လောက် လွဲချော်ခဲ့အပြီး အလက်ဇန်းဒါး-အာနိုးလ်ဒ် ကန်ချက် ဘားထိအပြီးမှာတော့ ပထမပိုင်းက ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့သလို ဒုတိယပိုင်းမှာတော့ လီဗာပူးလ်တို့ တိုက်စစ်ပိုကစားလာနိုင်ခဲ့ကြပြီး အာဆင်နယ်တို့ကတော့ Transition and Attacking Movement အကွက်ဆန်းတွေ လုပ်ပြနေပေမယ့် ထုံးစံအတိုင်းပဲ အဆုံးသတ်ပိုင်းရောက်ရင် အဖျားရှူးသွားခဲ့ကြပါတယ်။

ပွဲချိန် ကြာလာတာနဲ့အမျှ လဒူ ဘန်ဝှိုက်ဘက်ကနေ ဂိုးပေးရဖို့တွေက တဖြည်းဖြည်း နီးလာခဲ့သလို ပွဲချိန် မိနစ် ၈၀ မှာတော့ လီဗာပူးလ်တို့ အဖွင့်ဂိုး ရသွားခဲ့ကြပြီး ဘယ်ခြမ်းက အလက်ဇန်းဒါး-အာနိုးလ်ဒ်ရဲ့ ဖရီးကစ်ကို တားဆီးဖို့ ကြိုးစားတဲ့ ကီဗီယာအနေနဲ့ မြေကြီးကနေ တစ်ပေထက်ပိုပြီး ကြွအောင် မခုန်နိုင်ခဲ့လို့ သူ့ရဲ့ ခေါင်းတိုက်ချက်က နောက်လှန်တိုက်သလိုဖြစ်ပြီး ကိုယ့်ဂိုးထဲကိုယ် အရောက်ပို့ဖြစ်ခဲ့တာပါ။

နာကျင်အချိန်ပို ၅ မိနစ်မှာတော့ ချေပဂိုးလိုချင်လို့ ဖွင့်ကစားနေတဲ့ အာဆင်နယ်တို့ကို လီဗာပူးလ်တို့ကပဲ ဒုတိယ အနိုင်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းက တန်ပြန်တိုက်စစ်ကနေ နူးညက်ဇ် ပေးတာကို ဂျိုတာက ဧရိယာညာခြမ်းကို ခင်းပေးခဲ့ရာမှာ လူးဝစ် ဒီယက်ဇ်က ပါးပါးနပ်နပ်ပဲ ထောင့်ကျဉ်းဘက်ကို အမြင့်ကန်သွင်းနိုင်ခဲ့လို့ ဂိုးသမား ရမ်းစ်ဒေးလ် ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လီဗာပူးလ်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ နိုင်ပွဲယူပြီး အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့ကြသလို နိုင်မယ်ဆိုရင် နိုင်လို့ရတဲ့ ပွဲတွေမှာ အာဆင်နယ်တို့ ဘာလို့ ရှုံးနေရတာလဲဆိုတဲ့ အကောင်းဆုံး ဥပမာအဖြစ် ဂိုးသွင်းတတ်ခြင်း လုံးဝမရှိတဲ့ တိုက်စစ်ကို တွေ့မြင်ခဲ့ရမှုနဲ့ ပရိသတ်တွေကတော့ သုံးပွဲဆက်အရှုံးကြောင့် ဆက်လက်စိတ်ပျက်ခဲ့ကြရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္တို႔အေနနဲ႔ ဒီေန႔ပြဲမွာ အေမရိကန္ေတြရဲ႕ ပရိသတ္ခ်ဳပ္ကြက္ျဖစ္တဲ့ No More Red ဆိုၿပီး ဝတ္ျဖဴစင္ၾကယ္ကို ဝတ္ဆင္ခဲ့သလို ရာဇဝတ္မႈ ပေပ်ာက္ေရးနဲ႔ အႏိုင္က်င့္ တိုက္ခိုက္ခံရျခင္းေတြကို တားဆီးေရးဆိုတဲ့ ရည္႐ြယ္ခ်က္ကို သုံးႏွစ္ေျမာက္အျဖစ္ ထုတ္ျပခဲ့ေပမယ့္ ထုံးစံအတိုင္းပဲ “မင္းတို႔အသင္းက ဘာျဖစ္ေနသလဲ”လို႔ ေမးရင္ေတာ့ ေျဖစရာမရွိဘဲ အိမ္ကြင္းမွာ လီဗာပူးလ္ကို ရႈံးနိမ့္ျခင္းနဲ႔ အဆုံးသတ္သြားခဲ့ရျပန္ပါတယ္။

ဂိုးသမား ရမ္းစ္ေဒးလ္ကို သုံးခဲ့သလို ဘယ္ေနာက္ခံမွာ ကီဗီယာ၊ ဘယ္ေတာင္ပံမွာ နယ္လ္ဆန္နဲ႔ ကြင္းလယ္ဗဟိုက ေဂ်ာ္ဂ်င္ညိဳတို႔ကလြဲရင္ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္၊ ေအာ္ဒီဂြါဒ္၊ ဒက္ကလန္ ႐ိုက္စ္၊ ဆာကာနဲ႔ ဟာဗတ္ဇ္တို႔ကို လူစုံထုတ္လာခဲ့တဲ့ အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးေပါက္ ကန္ခြင့္ ၁၈ ႀကိမ္နဲ႔ ၅ ႀကိမ္ ဂိုးေပါက္တည့္ခဲ့ေပမယ့္ တစ္ဂိုးမွ မရဘဲ အရွက္ကြဲခဲ့ရတာပါ။

ဒီေန႔ပြဲမွာ လီဗာပူးလ္တို႔ကလည္း လူစုံထုတ္လာခဲ့ေပမယ့္ အေဝးကြင္းမွာေတာ့ အန္းဖီးလ္ကလိုမ်ိဳး စိုးမိုးကစားႏိုင္ျခင္း မရွိဘဲ အာဆင္နယ္တို႔ရဲ႕ အထာကို ၾကည့္ၿပီး Passive ကစားသြားခဲ့သလို ဆာလား မပါဝင္ႏိုင္ခ်ိန္မွာ ဂက္ခ္ပိုနဲ႔ အဲလီးေယာ့ကို ညာျခမ္းတိုက္စစ္မွာ တြဲေပးၿပီး ကီဗီယာကို ဖိအားေပးႏိုင္ဖို႔ ႀကိဳးစားလာခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၂ မိနစ္မွာ နယ္လ္ဆန္က ရမ္းစ္ေဒးလ္ရဲ႕ ေကာင္းမြန္တိက်တဲ့ အေဝးေဘာကေန “ဒီထက္ ေကာင္းတာ ဘုန္းႀကီးတူမပဲ ရွိေတာ့တယ္”ဆိုတဲ့ အခြင့္အေရးမ်ိဳးကို ျဖဳန္းတီးပစ္ခဲ့ၿပီး ေအာ္ဒီဂြါဒ္နဲ႔ ဟာဗတ္ဇ္တို႔ကလည္း အခြင့္အေရးေတြကို အသုံးမခ်ႏိုင္ခဲ့ၾကသလို ဆာကာ အပါအဝင္ အာဆင္နယ္ တိုက္စစ္သမားေတြအေနနဲ႔ လီဗာပူးလ္ဂိုးသမား အယ္လစ္ဆန္နဲ႔ ခ်စ္ၾကည္ေရးလုပ္ေနခဲ့ၾကတာပါ။

အျဖဳန္းတစ္လိုင္း ဟာဗတ္ဇ္က ႏွစ္ႀကိမ္ေလာက္ လြဲေခ်ာ္ခဲ့အၿပီး အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ကန္ခ်က္ ဘားထိအၿပီးမွာေတာ့ ပထမပိုင္းက ဂိုးမရွိသေရနဲ႔ ၿပီးဆုံးခဲ့သလို ဒုတိယပိုင္းမွာေတာ့ လီဗာပူးလ္တို႔ တိုက္စစ္ပိုကစားလာႏိုင္ခဲ့ၾကၿပီး အာဆင္နယ္တို႔ကေတာ့ Transition and Attacking Movement အကြက္ဆန္းေတြ လုပ္ျပေနေပမယ့္ ထုံးစံအတိုင္းပဲ အဆုံးသတ္ပိုင္းေရာက္ရင္ အဖ်ားရႉးသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၾကာလာတာနဲ႔အမွ် လဒူ ဘန္ဝႈိက္ဘက္ကေန ဂိုးေပးရဖို႔ေတြက တျဖည္းျဖည္း နီးလာခဲ့သလို ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ လီဗာပူးလ္တို႔ အဖြင့္ဂိုး ရသြားခဲ့ၾကၿပီး ဘယ္ျခမ္းက အလက္ဇန္းဒါး-အာႏိုးလ္ဒ္ရဲ႕ ဖရီးကစ္ကို တားဆီးဖို႔ ႀကိဳးစားတဲ့ ကီဗီယာအေနနဲ႔ ေျမႀကီးကေန တစ္ေပထက္ပိုၿပီး ႂကြေအာင္ မခုန္ႏိုင္ခဲ့လို႔ သူ႔ရဲ႕ ေခါင္းတိုက္ခ်က္က ေနာက္လွန္တိုက္သလိုျဖစ္ၿပီး ကိုယ့္ဂိုးထဲကိုယ္ အေရာက္ပို႔ျဖစ္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ၅ မိနစ္မွာေတာ့ ေခ်ပဂိုးလိုခ်င္လို႔ ဖြင့္ကစားေနတဲ့ အာဆင္နယ္တို႔ကို လီဗာပူးလ္တို႔ကပဲ ဒုတိယ အႏိုင္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းက တန္ျပန္တိုက္စစ္ကေန ႏူးညက္ဇ္ ေပးတာကို ဂ်ိဳတာက ဧရိယာညာျခမ္းကို ခင္းေပးခဲ့ရာမွာ လူးဝစ္ ဒီယက္ဇ္က ပါးပါးနပ္နပ္ပဲ ေထာင့္က်ဥ္းဘက္ကို အျမင့္ကန္သြင္းႏိုင္ခဲ့လို႔ ဂိုးသမား ရမ္းစ္ေဒးလ္ ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လီဗာပူးလ္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ႏိုင္ပြဲယူၿပီး အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္သြားခဲ့ၾကသလို ႏိုင္မယ္ဆိုရင္ ႏိုင္လို႔ရတဲ့ ပြဲေတြမွာ အာဆင္နယ္တို႔ ဘာလို႔ ရႈံးေနရတာလဲဆိုတဲ့ အေကာင္းဆုံး ဥပမာအျဖစ္ ဂိုးသြင္းတတ္ျခင္း လုံးဝမရွိတဲ့ တိုက္စစ္ကို ေတြ႕ျမင္ခဲ့ရမႈနဲ႔ ပရိသတ္ေတြကေတာ့ သုံးပြဲဆက္အရႈံးေၾကာင့္ ဆက္လက္စိတ္ပ်က္ခဲ့ၾကရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.