Premier League

ဂန်းနားတွေကို ရှင်းလင်းပြတ်သားတဲ့ သတိပေးစကား ပြောလိုက်တဲ့ ကလော့ပ်

ယာဂန် ကလော့ပ်က လီဗာပူးလ်ဟာ အက်ဖ်အေဖလား စတုတ္ထအဆင့်ကို တက်ရောက်နိုင်ဖို့အတွက် အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမှာ အရာအားလုံး ပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ယနေ့ညမှာ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် အမ်းမရိတ်စ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီနှစ်သင်းကြား လွန်ခဲ့တဲ့ ၁၅ ရက်ကမှ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အန်းဖီးမှာ ကစားခဲ့ချိန်တုန်းက ၁-၁ သရေကျခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် ဖူလ်ဟမ်နဲ့ ကစားသွားဖို့ ရှိနေပေမယ့်လည်း ယာဂန် ကလော့ပ်က ဂန်းနားတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ပေါ့ပေါ့တန်တန် သဘောထားသွားမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လူစာရင်းထဲမှာ ရှိတဲ့ ကစားသမားတွေအားလုံးက ပွဲစဉ်တွေအတွက် အဆင်သင့်ဖြစ်နေပါတယ်။ အဲဒီအတိုင်းပါပဲ။ ဒါနဲ့ပတ်သက်ပြီး သံသယဖြစ်စရာမရှိပါဘူး။ အဲဒီတော့ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက ကျွန်တော်တို့ အက်ဖ်အေဖလားပြိုင်ပွဲမှာ အဲဗာတန်နဲ့ ကစားခဲ့ရပြီး ကာတစ် ဂျုံးစ်က ဂိုးအပေါ်ထောင့်ထဲကို အပြင်းကန်သွင်းယူခဲ့တယ်။ အဲဒါက ကျွန်တော်တို့ဘဝမှာ အကောင်းဆုံးညတွေထဲက တစ်ညဖြစ်ခဲ့ပါတယ်။ အဲဗာတန်နဲ့ ကစားရတယ်။ ဒါဘီပွဲတစ်ပွဲ၊ အရမ်းငယ်ရွယ်တဲ့အသင်း။ ကျွန်တော်တို့ ဒီပွဲကို အနိုင်ရခဲ့တယ်။ အဲဒါက အရမ်းကောင်းပါတယ်။ ဒါပေမယ့် ခင်ဗျား အာဆင်နယ်နဲ့ သွားပြီး ချာတိတ်တွေနဲ့ ကစားသွားလို့ရနိုင်မလား။ အခု အာဆင်နယ်ရှိနေတဲ့ အခြေအနေမျိုးမှာ သူတို့တွေ အားလုံးပါဝင်နိုင်ပ့ါမလားဆိုရင် ဘယ်ပါနိုင်မလဲ။ ကျွန်တော်တို့က လီဗာပူးလ်ပါ။ ကျွန်တော်တို့ အဲဒီလိုမျိုး သွားကစားလို့မရဘူး။ အဲဒီလို လုပ်ဖို့လည်း မလိုပါဘူး”

“ဟုတ်ပါတယ်။ ဒီပွဲအပြီး ၃ ရက်မှာ နောက်ထပ်တစ်ပွဲရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ ၁၃ ရက်အတွင်း ၅ ပွဲကစားရတဲ့အချိန်ကာလကို ကျော်ဖြတ်ခဲ့တာပါ။ ဘယ်သူကမှက ကျွန်တော်တို့ကို ခင်ဗျား ဘယ်လိုခံစားရလဲလို့ မမေးဘူး။ ကျွန်တော်တို့ ဒီတိုင်း ကျော်ဖြတ်ခဲ့ပြီး ကျွန်တော်တို့ အနိုင်ယူရပါမယ်။ အခု ကျွန်တော်တို့ ၃ ရက်အတွင်း ၂ ပွဲကစားရတော့ ဘယ်မှာ ပြဿနာရှိလို့လဲဆိုတဲ့ပုံံစံမျိုးဖြစ်နေပါပြီ။ ဒါက ကျွန်တော်တို့ ဘဝပဲ။ ဒါက ကောင်လေးတွေရဲ့ဘဝပဲ။ ကျွန်တော်တို့ ဒါကို ကျော်ဖြတ်နိုင်အောင် လုပ်ရမယ်။ ဒါပေမယ့် ၆ ရက် ပွဲမကစားခဲ့ရတဲ့နောက် ကစားသမားတွေကို ဗုဒ္ဓဟူးနေ့ပွဲအတွက် တနင်္ဂနွေနေ့မှာ အနားပေးလို့မရပါဘူး။ နောက်ထပ် ကစားရမယ့် ပရီးမီးယားလိဂ်ပွဲက ၁၆ ရက်အတွင်းမှာဆိုတော့ ကျိန်းသေပေါက်မရပါဘူး။ ဒါက အဓိပ္ပာယ်မရှိပါဘူး။ စည်းချက်ကလည်း အရေးကြီးတဲ့အရာပါ။ အဲဒီတော့ အာဆင်နယ်နဲ့ပွဲမှာ ကျွန်တော်တို့ ရှိသမျှ အကုန်လုံးပေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ တွေ့ရပါလိမ့်မယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယာဂန္ ကေလာ့ပ္က လီဗာပူးလ္ဟာ အက္ဖ္ေအဖလား စတုတၳအဆင့္ကို တက္ေရာက္ႏိုင္ဖို႔အတြက္ အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမွာ အရာအားလုံး ေပးသြားဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ယေန႔ညမွာ အက္ဖ္ေအဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ အမ္းမရိတ္စ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒီႏွစ္သင္းၾကား လြန္ခဲ့တဲ့ ၁၅ ရက္ကမွ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ အန္းဖီးမွာ ကစားခဲ့ခ်ိန္တုန္းက ၁-၁ သေရက်ခဲ့တာျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့အျဖစ္ ဖူလ္ဟမ္နဲ႔ ကစားသြားဖို႔ ရွိေနေပမယ့္လည္း ယာဂန္ ကေလာ့ပ္က ဂန္းနားေတြနဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္ကို ေပါ့ေပါ့တန္တန္ သေဘာထားသြားမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“လူစာရင္းထဲမွာ ရွိတဲ့ ကစားသမားေတြအားလုံးက ပြဲစဥ္ေတြအတြက္ အဆင္သင့္ျဖစ္ေနပါတယ္။ အဲဒီအတိုင္းပါပဲ။ ဒါနဲ႔ပတ္သက္ၿပီး သံသယျဖစ္စရာမရွိပါဘူး။ အဲဒီေတာ့ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက ကြၽန္ေတာ္တို႔ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာ အဲဗာတန္နဲ႔ ကစားခဲ့ရၿပီး ကာတစ္ ဂ်ဳံးစ္က ဂိုးအေပၚေထာင့္ထဲကို အျပင္းကန္သြင္းယူခဲ့တယ္။ အဲဒါက ကြၽန္ေတာ္တို႔ဘဝမွာ အေကာင္းဆုံးညေတြထဲက တစ္ညျဖစ္ခဲ့ပါတယ္။ အဲဗာတန္နဲ႔ ကစားရတယ္။ ဒါဘီပြဲတစ္ပြဲ၊ အရမ္းငယ္႐ြယ္တဲ့အသင္း။ ကြၽန္ေတာ္တို႔ ဒီပြဲကို အႏိုင္ရခဲ့တယ္။ အဲဒါက အရမ္းေကာင္းပါတယ္။ ဒါေပမယ့္ ခင္ဗ်ား အာဆင္နယ္နဲ႔ သြားၿပီး ခ်ာတိတ္ေတြနဲ႔ ကစားသြားလို႔ရႏိုင္မလား။ အခု အာဆင္နယ္ရွိေနတဲ့ အေျခအေနမ်ိဳးမွာ သူတို႔ေတြ အားလုံးပါဝင္ႏိုင္ပ့ါမလားဆိုရင္ ဘယ္ပါႏိုင္မလဲ။ ကြၽန္ေတာ္တို႔က လီဗာပူးလ္ပါ။ ကြၽန္ေတာ္တို႔ အဲဒီလိုမ်ိဳး သြားကစားလို႔မရဘူး။ အဲဒီလို လုပ္ဖို႔လည္း မလိုပါဘူး”

“ဟုတ္ပါတယ္။ ဒီပြဲအၿပီး ၃ ရက္မွာ ေနာက္ထပ္တစ္ပြဲရွိတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ၁၃ ရက္အတြင္း ၅ ပြဲကစားရတဲ့အခ်ိန္ကာလကို ေက်ာ္ျဖတ္ခဲ့တာပါ။ ဘယ္သူကမွက ကြၽန္ေတာ္တို႔ကို ခင္ဗ်ား ဘယ္လိုခံစားရလဲလို႔ မေမးဘူး။ ကြၽန္ေတာ္တို႔ ဒီတိုင္း ေက်ာ္ျဖတ္ခဲ့ၿပီး ကြၽန္ေတာ္တို႔ အႏိုင္ယူရပါမယ္။ အခု ကြၽန္ေတာ္တို႔ ၃ ရက္အတြင္း ၂ ပြဲကစားရေတာ့ ဘယ္မွာ ျပႆနာရွိလို႔လဲဆိုတဲ့ပုံံစံမ်ိဳးျဖစ္ေနပါၿပီ။ ဒါက ကြၽန္ေတာ္တို႔ ဘဝပဲ။ ဒါက ေကာင္ေလးေတြရဲ႕ဘဝပဲ။ ကြၽန္ေတာ္တို႔ ဒါကို ေက်ာ္ျဖတ္ႏိုင္ေအာင္ လုပ္ရမယ္။ ဒါေပမယ့္ ၆ ရက္ ပြဲမကစားခဲ့ရတဲ့ေနာက္ ကစားသမားေတြကို ဗုဒၶဟူးေန႔ပြဲအတြက္ တနဂၤေႏြေန႔မွာ အနားေပးလို႔မရပါဘူး။ ေနာက္ထပ္ ကစားရမယ့္ ပရီးမီးယားလိဂ္ပြဲက ၁၆ ရက္အတြင္းမွာဆိုေတာ့ က်ိန္းေသေပါက္မရပါဘူး။ ဒါက အဓိပၸာယ္မရွိပါဘူး။ စည္းခ်က္ကလည္း အေရးႀကီးတဲ့အရာပါ။ အဲဒီေတာ့ အာဆင္နယ္နဲ႔ပြဲမွာ ကြၽန္ေတာ္တို႔ ရွိသမွ် အကုန္လုံးေပးသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ ေတြ႕ရပါလိမ့္မယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.